အသက် ၃နှစ်မှ ၅နှစ်ကြား ကလေးတွေအတွက် ဂိမ်းများ

0
194
- Advertisement -

မေမေတို့ရေ့… ဒီလို ပြည်တွင်း ဗိုင်းရပ်စ်ကူးစက်မှုတွေရှိနေချိန်မှာ ကလေးတွေကို အိမ်ထဲမှာပဲ ထားပေးဖို့ လိုပါတယ်နော်။ ကလေးတွေ အိမ်ထဲမှာ နေရတာ ကြာလာတဲ့အခါ ပျင်းလာပါလိမ့်မယ်။ ဒါ့ကြောင့် မေမေတို့ကလေးတွေ အိမ်ထဲမှာ မပျင်းရလေအောင် ဒီဆောင်းပါးလေးကနေ ကလေးတွေရဲ့ ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုကို အားပေးတဲ့ ပျော်စရာဂိမ်းလေးတွေကို မျှဝေပေးပါမယ်။

သုံးနှစ်အရွယ်လေးတွေဟာ ကလေးပိစိလေးတွေ မဟုတ်တောပါဘူး။ သူတို့ဟာ စွမ်းရည်အသစ်တွေနဲ့ ကျွမ်းကျင်မှုအသစ်တွေကို စတင်တီထွင်လာကြပါပြီ။ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့အာရုံတွေ ရင့်ကျက်လာပြီး သူတို့ရဲ့ တီထွင်ဖန်တီးမှုက ပြဿနာတွေကို ဖြေရှင်းဖို့ သုံးနိုင်တဲ့ ကိရိယာတစ်ခု ဖြစ်လာပါတယ်။

ကလေးဘဝဟာ ကလေးငယ်တွေအတွက် အဆက်မပြတ်ကြီးထွားမှု အဆင့်တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ၃နှစ်မှ ၄နှစ်အကြား ကလေးငယ်တွေဟာ သူတို့ပတ်ဝန်းကျင်ရှိ ကမ္ဘာနဲ့ ပိုပြီး ပွင့်ပွင့်လင်းလင်း ဆက်ဆံလာကြပါတယ်။ သူတို့ဟာ ဗဟုသုတအသစ်တွေ၊ မသေချာ၊ မရေရာမှုတွေ ကြုံတွေ့ရပြီး ရုပ်ပိုင်းဆိုင်ရာနဲ့ သိမြင်မှုစွမ်းရည်တွေ ရရှိပါတယ်။

ကစားတာက သင့်ကလေးအား အားသာချက်တွေ များစွာပေးနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် မေမေတို့ကလေးအတွက် ရင့်ကျက်မှုနဲ့ ဖွံ့ဖြိုးတိုးတတ်မှုကို ကူညီဖို့ ပျော်စရာလှုပ်ရှားမှုတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

၁။ တူတူပုန်းတမ်း

ကလေးအားလုံးနီးပါးက ဒီဂိမ်းကို နှစ်သက်ကြပါတယ်။ ဒီအသက်အရွယ်မှာ ကလေးတွေဟာ သူတို့ရဲ့ space အမြင် စတင်ဖွံ့ဖြိုးလာပါပြီ။ ဒီဂိမ်းမှာ လူနှစ်ယောက် (သို့) ဒီထက်မက ပါဝင်တာကြောင့် လူမှုဆက်ဆံရေးကိုလည်း အားပေးပါတယ်။ အိမ်ထဲမှာပဲ ဆော့လိုရမယ့် ဂိမ်းဖြစ်ပါတယ်နော်။ ဒီလှုပ်ရှားမှုက သင်ကလေးအား ဘယ်နေရာမှာ ပုန်းရမယ်၊ ဘယ်နေရာမှာ ရှာရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချဖို့ လိုအပ်ပါတယ်။ဒါက သူတို့ရဲ့ မဟာဗျူဟာ ဖန်တီးနိုင်စွမ်းကို တိုးတတ်စေပါတယ်။

၂။ Simon say

အသက် သုံး,လေး,ငါးနှစ် ကလေးတွေအတွက် တခြားဂိမ်းများစွာလိုပဲ ဒီလှုပ်ရှားမှုက စည်းမျဉ်းတွေကို လိုက်နာခြင်းနဲ့ အခြားသူတွေရဲ့ တောင်းဆိုချက်တွေကိုအဓိပ္ပာယ်ကောက်ခြင်းအပေါ် အဓိကထားပါတယ်။ တစ်နည်းအားဖြင့်ဆိုသော် ဒါက သင့်ကလေးရဲ့ preschool years အတွက် အရမ်းကောင်းတဲ့ ပြင်ဆင်မှုဖြစ်ပါတယ်။ သင့်ကလေးရဲ့ ဖွံ့ဖြိုးဆဲ အခြားစွမ်းရည်တစ်ခုဖြစ်သော ဘာသာစကားကို လှုံ့ဆော်ပေးတဲ့ ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဂိမ်းအကြောင်းနည်းနည်းပြောပြချင်ပါတယ်။

ဒီဂိမ်းမှာ ကစားသမား (၃)ဦးနဲ့အထက် ပါဝင်ပါတယ်။ ကစားသမားတစ်ဦးက ‘ဆိုင်မွန်’ဖြစ်ပြီး အခြားကစားသမားတွေကို (ဥပမာ- ခုန်ပါ၊ ထိုင်ချပါ၊ လက်ကိုမြှောက်ပါ၊ ခြေထောက်တစ်ဖက်ပေါ်မှာ မတ်တပ်ရပ်ပါ စသဖြင့်) ရိုးရှင်းတဲ့ အမိန့် ပေးရပါတယ်။ အခြားကစားသမားတွေက ဆိုင်မွန်ပြောတဲ့ အမိန့်တွေကိုသာ နားထောင်ပြီး နာခံရပါတယ်။ ‘ဆိုင်မွန်’ပြောတဲ့ အမိန့်ကို လိုက်ပြီး မလုပ်နိုင်တဲ့ ကလေးဟာ ရမှတ်ဆုံးရှုံးပါတယ်။ ရမှတ်အများဆုံးရသူက အနိုင်ရပါတယ်။ Simon says ကစားနည်းက ကလေးရဲ့ နားထောင်မှု၊ လူမှုရေးကျွမ်းကျင်မှုနဲ့ အဓိပ္ပာယ်ကောက်ယူမှု Skill တွေကို တိုးတတ်စေပါတယ်။

၃။ ဇာတ်ကောင်နေရာ သရုပ်ဆောင်ခြင််း

သရုပ်ဆောင်ခြင်းက သင့်ကလေးရဲ့ ဖွံ့ဖြိုးတိုးတတ်မှုကို လှုံ့ဆော်ဖို့ အလွန်ထိရောက်တဲ့ နည်းလမ်းများဖြစ်ပါတယ်။ ဆရာ၊ ဆရာဝန်၊ ရဲအရာရှိစသဖြင့် ကစားခြင်းက ကလေးတွေအား သူတို့ကို စောင့်ကြိုနေတဲ့ လောကကြီးအကြောင်းကို စတင်နားလည်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဇာတ်ကောင် သရုပ်ဆောင်ကစားနည်းက ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို လှုံ့ဆော်ပေးပါတယ်။ ရွယ်တူချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေး၊ သူတို့ရဲ့ ဘာသာစကားအသုံးပြုမှုကို တိုးတတ်စေပါတယ်။ ကလေးတွေဟာ သူတို့အကြိုက်ဆုံးစာအုပ်၊ တီဗီအစီအစဉ်၊ ရုပ်ရှင်တွေမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်နိုင်ပါတယ်။

၄။ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်မြှင့်တင်ပေးဖို့အတွက် ဂိမ်းများ

ဘဝရဲ့ ဒီအဆင့်မှာ သင့်ကလေးတွေအား သူတို့ရဲ့စိတ်ခံစားမှုတွေကို ခွဲခြားသိမြင်ဖို့ စတင်သင်ကြားပေးတာ အကောင်းဆုံးဖြစ်ပါတယ်။ ယုတ္တိနည်းအရ ဒါကို အောင်မြင်ဖို့ အကောင်းဆုံးနည်းလမ်းက ဂိမ်းတွေနဲ့ အားသာချက်ကို ရယူခြင်းဖြစ််ပါတယ်။ အောက်ဖော်ပြပါဥပမာက ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဖွံ့ဖြိုးစေတဲ့ လုပ်ဆောင်မှု ဥပမာတစ်ခုဖြစ်ပါတယ်။

  • မတူကွဲပြားတဲ့ စိတ်ခံစားမှုအခြေအနေတွေကို ကိုယ်စားပြုတဲ့ မျက်နှာပုံစံတွေဖြင့် ပိုစတာဘုတ် (သို့) စာရွက်တွေကို သုံးပြီး သင်္ကေတများ ဖန်တီးပါ။ (ဥပမာ- ပျော်နေတဲ့ ပုံ၊ ဝမ်းနည်းပုံ၊ ဒေါသထွက်ပုံ၊ ကြောက်နေတဲ့ပုံစသဖြင့်)
  • ပြီးနောက် သူတို့အကြိုက်ဆုံးကာတွန်း ဗီဒီယိုတွေပြပါ ၊ ကာတွန်းရုပ်ပုံတွေ ပြပါ။ အချို့သော ဇာတ်ကောင်တွေရဲ့ ခံစားချက်ကို ကိုယ်စားပြုတယ်လို့ သူယုံကြည်တဲ့ ဘယ်မျက်နှာကိုမဆို ကလေးအား ညွှန်ပြခိုင်းပါ။
  • ဂိမ်းကို ပိုပြီး ပျော်စရာကောင်းအောင် ကလေးများစွာနဲ့ အတူတူကစားစေပါ။ ကစားသမားတစ်ယောက်ချင်းစီရဲ့ မှန်ကန်တဲ့ ထင်မြင်ချက်တွေကို သင်ရနိုင်ပါတယ်။ ရလဒ်က အရေးမကြီးသော်လည်း ကလေးတွေ အာရုံစူးစိုက်ဖို့ လှုံ့ဆော်ပါလိမ့်မယ်။

Chit_MayMay

LM_Nandar

Source-youaremom

Chit Maymayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here