အသက် ၃နှစ်မှ ၅နှစ်အရွယ်ကလေးတွေအတွက် ကျန်းမာသော အစားအစာ အုပ်စု (၅)မျိုး

0
93

အသက် ၃နှစ်မှ ၅နှစ် မူကြိုအရွယ် ကလေးတွေဟာ ကျန်းမာသော အစားအစာ အုပ်စု ၅မျိုးဖြစ်သော ဟင်းသီးဟင်းရွက်၊ သစ်သီးများ၊ အသား၊ နှံစားသီးနှံများ၊ နို့ထွက်ပစ္စည်းနှင့် ပရိုတိန်းများကို စားသုံးဖို့လိုအပ်ပါတယ်။ ကျန်းမာသော အစားအစာတွေမှာ ကလေးတွေရဲ့ ကြီးထွားမှု၊ ဖွံ့ဖြိုးတိုးတတ်မှုနှင့် လေ့လာမှုအတွက် အရေးပါသော အာဟာရများ ရှိပါတယ်။

မေမေတို့ကလေးဟာ ဆား၊ သကြား၊ ပြည့်ဝဆီ မြင့်မားသော အစားအစာတွေ၊ အာဟာရနှင့် အမျှင်ဓါတ်နည်းတဲ့ အစားအစာတွေ၊ သကြားတွေအများကြီးပါပြီး ကဖိန်းဓါတ်ပါတဲ့ အချိုရည်တွေကို ရှောင်ဖို့လိုအပ်ပါတယ်။

ကလေးတွေအတွက် ကျန်းမာတဲ့ အစားအစာက ဘာလဲ?

မူကြိုအရွယ်ကလေးတွေအတွက် ကျန်းမာတဲ့အစားအစာမှာ ကျန်းမာတဲ့ အစားအစာအုပ်စုငါးမျိုးကနေ လတ်ဆတ်တဲ့ အစားအစာမျိုးစုံပါဝင်ပါတယ်။

ဟင်းသီးဟင်းရွက်များ

သစ်သီးများ

နှံစားသီးနှံများ

အဆီနည်းတဲ့ နို့ထွက်ပစ္စည်းများ

ပရိုတိန်း

အစားအစာအုပ်စုတစ်ခုစီမှာ သင့်ကလေးရဲ့ ခန္ဓာကိုယ်ကြီးထွားဖို့၊ စနစ်တကျအလုပ်လုပ်ဖို့ လိုအပ်တဲ့ အာဟာရမျိုးစုံပါရှိပါတယ်။ ဒါ့ကြောင့် အစားအစာအုပ်စု ငါးစုမှ အစားအစာအမျိုးမျိုးကို ကျွန်မတို့ စားသုံးဖို့လိုအပ်ပါတယ်။

သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ

သစ်သီးနှင့် ဟင်းသီးဟင်းရွက်များဟာ ကလေးအား စွမ်းအင်၊ ဗီတာမင်၊ အင်တီ-အောက်ဆီဒင့်များ၊ အမျှင်ဓါတ်နှင့် ရေကို ပေးစွမ်းပါတယ်။ သူတို့က ကလေးတွေကို နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာ ကဲ့သို့သော ရောဂါတွေအပါအဝင် နောက်ပိုင်း ရောဂါတွေမှ ကာကွယ်ပေးပါတယ်။

နေ့စဉ် အစားအစာနှင့် သရေစာတိုင်းမှာ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေကို ရွေးချယ်ဖို့ ကလေးအား တိုက်တွန်းပါ။ အညစ်အကြေး (သို့) ဓါတုပစ္စည်းများကို ဖယ်ရှားဖို့ သစ်သီးတွေကို ဆေးကြောပြီးမှ ကျွေးပါ။ မေမေတို့ကလေးဟာ အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေ စားတာနှင့် ပတ်သတ်ပြီး ဇီဇာကြောင်ပုံရပါက သူဘယ်တော့မှ အသီးအရွက်တွေကို နှစ်သက်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် မေမေတို့က သူ့တို့ရှေ့မှာ စားပြပေးရပါမယ်။ မေမေတို့စားတာတွေ့ရင် သူတို့လည်း စမ်းစားကြည့်နိုင်ပါတယ်။

ကောက်ပဲသီးနှံ အစားအစာများ

ကောက်ပဲသီးနှံ အစားအစာများမှာ ဆန်၊ ပြောင်း၊ အုတ်ဂျုံ၊ မုယောစပါး၊ ပေါင်မုန့်၊ ပါစတာ၊ ခေါက်ဆွဲနှင့် မနက်စာစီရီရယ် တို့ပါဝင်ပါတယ်။ ဒီအစားအစာများက ကလေးအား ကြီးထွားဖို့၊ ဖွံ့ဖြိုးဖို့နှင့် သင်ယူဖို့ လိုအပ်တဲ့ စွမ်းအင်တွေကို ပေးပါတယ်။

wholegrain ပါစတာနှင့် ပေါင်မုန့်ကဲ့သို့သော glycaemic index နိမ့်တဲ့ ကောက်ပဲသီးနှံ အစားအစာများက သင့်ကလေးအတွက် ရေရှည်စွမ်းအင်ကို ပေးစွမ်းနိုင်ပြီး ဗိုက်ကြာကြာပြည့်စေနိုင်မှာ ဖြစ်ပါတယ်။

နို့နှင့် အခြားနို့ထွက်ပစ္စည်းများ

နို့ထွက်ပစ္စည်းရဲ့ အဓိကအစားအစာတွေက နို့၊ ဒိန်ခဲနှင့် ဒိန်ချဉ်တို့ဖြစ်ပါတယ်။ ဒီအစားအစာတွေမှာ ပရိုတိန်းနှင့် ကယ်လစီယမ်ဓါတ်များစွာ ပါဝင်ပါတယ်။ မေမေတို့ကလေးအား နေ့စဉ် နို့အမျိုးမျိုး စားသုံးဖို့ ကြိုးစားပေးပါ။ ဥပမာ-နွားနို့၊ ဒိန်ခဲချပ်များ (သို့) ဒိန်ချဉ်။ မေမေတို့ကလေးဟာ အသက် ၂နှစ်ပြည့်တာနဲ့ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေကို စကျွေးနိုင်ပါပြီ။

ပရိုတိန်း

ပရိုတိန်းကြွယ်ဝတဲ့ အစားအစာများမှာ အဆီနည်းသော အသားများ၊ ငါး၊ ကြက်သား၊ ဥ၊ ပဲအမျိုးမျိုး၊ တို့ဖူးနှင့် အခွံမာသီးတွေ ပါဝင်ပါတယ်။ ဒီအစားအစာများက သင့်ကလေးရဲ့ ကြီးထွားမှုနှင့် ကြွက်သားဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။

ဒီအစားအစာများမှာ သံဓါတ်၊ ဇင့်၊ ဗီတာမင် ဘီ12 ၊အိုမီဂါ ၃ ဖက်တီး အက်ဆစ်များ ကဲ့သို့သော သတ္တုဓါတ်များနှင့် အသုံးဝင်ဗီတာမင်များလည်း ပါဝင်ပါတယ်။ အနီရောင်အသားနှင့် အဆီငါးတွေမှ သံဓါတ်နှင့် အိုမီဂါ ၃ဖက်တီးအက်ဆစ်များက သင့်ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် သင်ယူခြင်းအတွက် အရေးပါပါတယ်။ အစားအစာတိုင်းနှင့် သရေစာတိုင်းမှာ အစားအစာအုပ်စုအမျိုးမျိုးကို အနည်းငယ်စီ ပါဝင်အောင် ကြိုးစားပါ။

ကျန်းမာသော သောက်စရာများ- ရေ

ရေက ကလေးတွေအတွက် အကျန်းမာဆုံး သောက်စရာဖြစ်ပါတယ်။ ဒါက အကုန်အကျလည်း မရှိပါဘူး။ tap water အများစုက သွားတွေ ခိုင်ခံ့စေဖို့အတွက် ဖရိုရိုက်ပါဝင်ပါတယ်။

ရှောင်ရှားရမယ့် အစားအသောက်များ

မေမေတို့ကလေးဟာ တခါတရံ အစားအစာတွေကို ရှောင်ရှားသင့်ပါတယ်။ ဒီအစားအစာတွေမှာ အာလူးကြော်၊ ဒင်းဆမ်း၊ ဘာဂါ၊ ပီဇာ၊ အကြွပ်ကြော်တွေကဲ့သို့သော fast food နဲ့ junk food တွေပါဝင်ပါတယ်။ ၎င်းတို့မှာ ကိတ်မုန့်များ၊ ချောကလက်၊ ကွက်ကီးများ၊ ဘီစကစ်၊ ဒိုးနပ်နှင့် pastries များလည်း ပါဝင်ပါတယ်။ ဒီအစားအစာတွေမှာ အမျှင်ဓါတ်နှင့် အာဟာရဓါတ်နည်းပြီး ဆား၊ ပြည့်ဝဆီနှင့် သကြားဓါတ်မြင့်မားပါတယ်။ ဒီအစားအစာများကို အလွန်အကျွံစားခြင်းက ကလေးဘဝမှာ အဝလွန်တာနှင့် ဆီးချိုအမျိုးအစား ၂ကဲ့သို့သော အခြေအနေများကို ပိုမြင့်တတ်စေနိုင်ပါတယ်။

မေမေတို့ကလေးဟာ အသီးဖျော်ရည်၊ စွမ်းအားဖြည့်အချိုရည်၊ အချိုရည်နှင့် ပြုပြင်ထားတဲ့ နို့ကဲ့သို့သော အချိုရည်များကို ရှောင်သင့်ပါတယ်။ အချိုရည်များမှာ အာဟာရနည်းပြီး သကြားမြင့်မားပါတယ်။ သူတို့က ကိုယ်အလေးချိန်တိုးတာ၊ အဝလွန်တာနှင့် သွားယိုယွင်းပျက်စီးတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီအချိုရည်များက ကလးကို ဗိုက်ပြည့်စေပြီး ကျန်းမာတဲ့ အစားအစာတွေအတွက် ဆာလောင်မှုနည်းစေပါတယ်။ သူတို့ငယ်ရွယ်တဲ့ အချိန်မှာ ဒီအချိုရည်တွေကို သောက်သုံးမယ်ဆိုရင် ရာသက်ပန် မကျန်းမာတဲ့ အလေ့အထကို စတင်နိုင်ပါတယ်။

ကဖိန်းဓါတ်ပါတဲ့ အချိုရည်နှင့် အစားအစာများကို ကလေးအား မကျွေးပါနဲ့။ ကဖိန်းက ခန္ဓာကိုယ်ကို ကယ်လစီယမ် ကောင်းစွာ စုပ်ယူမှုမှ တားဆီးတာကြောင့် ဖြစ်ပါတယ်။ ကဖိန်းဓါတ်က စွမ်းအင်အတုကို ပေးတဲ့ လှုံ့ဆော်မှု တစ်ခုသာ ဖြစ်ပါတယ်။ ဒီအစားအသောက်များမှာ ကော်ဖီ၊ လက်ဖက်ရည် ၊ စွမ်းအားဖြည့်အချိုရည်နှင့်် ချောကလက်တို့ ပါဝင်ပါတယ်။

သရေစာနှင့် အချိုပွဲများအတွက် ကျန်းမာသော နည်းလမ်းများ

ကလေးကို သရေစာကျွေးတာက ကောင်းပါတယ်၊ ဒါပေမယ့် ကျန်းမာဖို့ လိုအပ်ပါတယ်။
အစာစားပြီးနောက် အချိုပွဲအတွက်လည်း အလားတူဖြစ်ပါတယ်။ သစ်သီးစိတ်တွေ၊ ဒိန်ချဉ်တွေက အကျန်းမာဆုံး ရွေးချယ်စရာဖြစ်ပါတယ်။ မွေးနေ့လို နေ့မျိုးမှာ တစ်ခုခုလုပ်ကျွေးချင်တယ်ဆိုရင် ကိတ်မုန့်၊ ချောကလက်တွေအစား ငှက်ပျောသီးပေါင်မုန့် ကဲ့သို့သော အစားအစာတွေ လုပ်ကျွေးပါ။

Chit_MayMay

LM_Nandar

Source-raisingchildren

LEAVE A REPLY

Please enter your comment!
Please enter your name here