အသက် ၃၅နှစ်ကျော်မှ ပထမကလေးယူဖို့ စဉ်းစားနေသူတွေအတွက် အဖြစ်အများဆုံး အန္တရာယ်များနှင့် ဘယ်လိုလျှော့ချမလဲဆိုတဲ့ နည်းလမ်းလေးတွေ

0
53
- Advertisement -

ကိုယ်ဝန်ဆောင်တဲ့အခါ အမျိုးသမီးတစ်ယောက်အတွက် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ခုလုံးကို ကောင်းကောင်းပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ယနေ့ခေတ်မှာ အမျိုးသမီးတွေဟာ ဘဝမှာအရင်ဆုံးပြီးပြည့်စုံပြီဆိုမှ ပထမဆုံး ကလေးကို ယူဖို့ ရွေးချယ်ကြပါတယ်။ 1973 မှာ အမျိုးသမီး 1000 မှာ 1.7ခန့်ဟာ အသက် 35နှင့် 39ကြးမှ ပထမဆုံးကလေးယူကြပြီး 2012 မှာ အမျိုးသမီး 1000မှာ 11ယောက်ခန့်ဟာ ဒီတူညီတဲ့အသက်အရွယ်အုပ်စုမှာပဲ ပထမဆုံးကလေးကို မွေးဖွားကြတယ်လို့ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ ကိန်းဂဏ္ဍန်းများကို CDC ကတင်ပြခဲ့ပါတယ်။ ဘဝမှာနောက်ကျပြီးမှ ပထမဆုံးအကြိမ် ကိုယ်ဝန်ရခြင်းဟာ အသက်40နှင့် အသက်ပိုကြီးသူအမျိုးသမီးတွေမှာ အဓိကပိုဖြစ်လာပါတယ်။
အသက်ကြီးမှ ပထမဆုံးအကြိမ်မိခင်ဖြစ်သူတွေဟာ အန္တရာယ်ပိုမိုမြင့်မားလိမ့်မယ်ဆိုတာ လူတိုင်းသိကြပါတယ်။

နောက်ကျမှ ကိုယ်ဝန်ဆောင်မှုနှင့်အတူ ဆက်စပ်နေတဲ့ အန္တရာယ်များ
အသက် 35နှစ်ကျော်ပြီးမှကလေးမွေးဖို့ ရွေးချယ်တဲ့ အမျိုးသမီးအများစုဟာ ကျန်းမာစွာ ကိုယ်ဝန်ဆောင်ခြင်း ဖြစ်ပေမယ့်လည်း အသက်ကြီးသူဖြစ်တာကြောင့် အချို့သော ခက်ခဲတဲ့ ပြဿနာများကို ရင်ဆိုင်ရနိုင်ပါတယ်။
၁။ အသက် 30ကျော်နှင့် အသက်ပိုကြီးသူ အမျိုးသမီးတွေအတွက် ကိုယ်ဝန်ရဖို့ ပိုခက်ခဲပါလိမ့်မယ်။ အမျိုးသမီးတစ်ဦးဟာ အသက်ကြီးသွားတာကြောင့် မျိုးဥထွက်နှုန်းဟာ စတင်ပြီး လျော့နည်းလာပါတယ်။ ဒါ့ကြောင့် သူမဟာ ကိုယ်ဝန်ဆောင်ဖို့ ပိုအချိန်ယူရနိုင်ပါတယ်။
၂။ ကိုယ်ဝန်ဆီးချိုရောဂါရဲ့ အန္တရာယ်ဟာ ဒီအသက်အရွယ်အုပ်စုမှာ ပိုမိုမြင့်မားပါတယ်။ ကိုယ်ဝန်ဆီးချိုရောဂါဟာ များသောအားဖြင့် မီးဖွားပြီးနောက် ပျောက်တတ်စေမယ့် လမစေ့ဘဲ ကလေးမွေးဖွားမှု အန္တရာယ်နှင့် တခြားနောက်ဆက်တွဲဆိုးကျိုးများကို တိုးစေပါလိမ့်မယ်။
၃။ ကလေး ပေါင်မပြည့်ဘဲမွေးဖွားမှု အန္တရာယ်လည်း ပိုမိုမြင့်မားပါတယ်။

၄။ 35နှစ်ကျော်တဲ့ အမျိုးသမီးတွေဟာ Down syndrome ရောဂါ သို့မဟုတ် တခြား မျိုးရိုးဗီဇပုံမှန်မဟုတ်တဲ့ ကလေးတွေကို မွေးဖွားဖို့ ပိုများပါတယ်။
၅။ ဒီအသက်အရွယ်အုပ်စုမှာ အမျိုးသမီးတွေဟာ ကိုယ်ဝန်ပျက်ကျမှု အန္တရာယ် ပိုမိုမြင့်မားပါတယ်။

- Advertisement -

အမျိုးသမီးတစ်ယောက်အတွက် နောက်ကျမှ ကျန်းမာတဲ့ ကိုယ်ဝန်ရဖို့ ဘာတွေပြုလုပ်နိုင်လဲ?
အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းနဲ့ ကိုယ်ဝန်စယူဖို့ ပြင်ဆင်နေလျှင် အထက်မှာဖော်ပြထားတဲ့ ပြဿနာများရဲ့ အခွင့်အလမ်းကို လျှော့ချနိုင်ပါတယ်။ သင်ဘာလုပ်နိုင်သလဲ?
၁။ ကိုယ်ဝန်ဆောင်ဖို့ မကြိုးစားခင်မှာ သင့်ကျန်းမာရေး ကောင်း/မကောင်းကို သေချာစေဖို့ ဆရာဝန်နှင့် တိုင်ပင်ပါ။ ဆရာဝန်က ကိုယ်ဝန်ဆောင်ဖို့ ရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေ စိစစ်စမ်းသပ်ပေးပါလိမ့်မယ်။ သင့်မှာ ရောဂါတစ်ခုခုရှိပါက ထိုအကြောင်းကို ဆရာဝန်ကို ပြောပြရပါမယ်။

၂။ သင်နှင့် သင့်ကလေးကျန်းမာရေးအတွက် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ရက်ချိန်းအတိုင်း ကိုယ်ဝန်ပုံမှန်ပြသခြင်း ပြုလုပ်ပါ။ သင့်မှာ ကိုယ်ဝန်နှင့် ပတ်သက်ပြီး တခြားရောဂါလက္ခဏာတွေ/စိုးရိမ်ပူပန်မှုတွေ ရှိပါက ဆရာဝန်နှင့် သေချာဆွေးနွေးပါ။
၃။ လက်ဆတ်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များနှင့်အတူ ကျန်းမာတဲ့ အစားအသောက်များကို စားပါ။ သင့်မှာ ကိုယ်ဝန်ဆောင် multivitamin လိုအပ်လျှင် သင့်ကျန်းမာရေး စောင့်ရှောက်မှုပေးသူကို မေးပါ။
၄။ ကိုယ်အလေးချိန်နည်းတဲ့ အမျိုးသမီးတွေနဲ့ အဝလွန်တဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်နှင့်ပတ်သတ်တဲ့ အန္တရာယ်တွေ ပိုမိုမြင့်မားတာကြောင့် ကိုယ်ဝန်မဆောင်ခင်နှင့် ကိုယ်ဝန်ဆောင်ကာလအတွင်း ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
၅။ ကိုယ်ဝန်မဆောင်ခင်နှင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ သင့်အတွက် ဘယ်လေ့ကျင့်ခန်းအမျိုးအစားက ဘေးကင်းလုံခြုံပြီး အကျိုးရရှိစေမလဲဆိုတာ ဆရာဝန်ကို မေးပါ။
၆။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ဆေးရွက်ကြီး၊ ဆေးလိပ်၊ အရက်နှင့် အခြားအန္တရာယ်ရှိတဲ့ဓါတ်ပစ္စည်းများကို ရှောင်ရှားသင့်တယ်ဆိုတာ ပြောဖို့တောင် မလိုပါဘူး။ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ထိတွေ့မှုကို ကန့်သတ်ဖို့ ပြုလုပ်ပေးသင့်ပါတယ်။

အသက် ၃၀ကျော်မှ ပထမဆုံးအကြိမ် ကလေးမွေးဖွားဖို့ စီစဉ်နေတယ်ဆိုရင် စိုးရိမ်ပူပန်မှုအချို့က ရှောင်လွှဲလို့မရပါဘူး။ ဒါက ပုံမှန်ပါပဲ။ ကိုယ်ဝန်ဆောင်စဉ်နဲ့ ကိုယ်ဝန်ဆောင်ပြီးနောက် ကျန်းမာစွာနေဖို့နှင့် သင့်ကလေး ကျန်းမာနေစေဖို့ ဆရာဝန်ရဲ့ အကြံပေးချက်များကို လိုက်နာပါ။

Lifestyle_Myanmar

LM_Nandar

Chit_MayMay

Zawgyi Font

အသက္ ၃၅ႏွစ္ေက်ာ္မွ ပထမကေလးယူဖို႔ စဥ္းစားေနသူေတြအတြက္ အျဖစ္အမ်ားဆုံး အႏၲရာယ္မ်ားႏွင့္ ဘယ္လိုေလွ်ာ့ခ်မလဲဆိုတဲ့ နည္းလမ္းေလးေတြ

ကိုယ္ဝန္ေဆာင္တဲ့အခါ အမ်ိဳးသမီးတစ္ေယာက္အတြက္ ႐ုပ္ပိုင္းဆိုင္ရာႏွင့္ စိတ္ပိုင္းဆိုင္ရာ ႏွစ္ခုလုံးကို ေကာင္းေကာင္းျပင္ဆင္ဖို႔ လိုအပ္ပါတယ္။ ယေန႔ေခတ္မွာ အမ်ိဳးသမီးေတြဟာ ဘဝမွာအရင္ဆုံးၿပီးျပည့္စုံၿပီဆိုမွ ပထမဆုံး ကေလးကို ယူဖို႔ ေ႐ြးခ်ယ္ၾကပါတယ္။ 1973 မွာ အမ်ိဳးသမီး 1000 မွာ 1.7ခန႔္ဟာ အသက္ 35ႏွင့္ 39ၾကးမွ ပထမဆုံးကေလးယူၾကၿပီး 2012 မွာ အမ်ိဳးသမီး 1000မွာ 11ေယာက္ခန႔္ဟာ ဒီတူညီတဲ့အသက္အ႐ြယ္အုပ္စုမွာပဲ ပထမဆုံးကေလးကို ေမြးဖြားၾကတယ္လို႔ အလြန္စိတ္ဝင္စားစရာေကာင္းတဲ့ ကိန္းဂ႑န္းမ်ားကို CDC ကတင္ျပခဲ့ပါတယ္။ ဘဝမွာေနာက္က်ၿပီးမွ ပထမဆုံးအႀကိမ္ ကိုယ္ဝန္ရျခင္းဟာ အသက္40ႏွင့္ အသက္ပိုႀကီးသူအမ်ိဳးသမီးေတြမွာ အဓိကပိုျဖစ္လာပါတယ္။
အသက္ႀကီးမွ ပထမဆုံးအႀကိမ္မိခင္ျဖစ္သူေတြဟာ အႏၲရာယ္ပိုမိုျမင့္မားလိမ့္မယ္ဆိုတာ လူတိုင္းသိၾကပါတယ္။

ေနာက္က်မွ ကိုယ္ဝန္ေဆာင္မႈႏွင့္အတူ ဆက္စပ္ေနတဲ့ အႏၲရာယ္မ်ား
အသက္ 35ႏွစ္ေက်ာ္ၿပီးမွကေလးေမြးဖို႔ ေ႐ြးခ်ယ္တဲ့ အမ်ိဳးသမီးအမ်ားစုဟာ က်န္းမာစြာ ကိုယ္ဝန္ေဆာင္ျခင္း ျဖစ္ေပမယ့္လည္း အသက္ႀကီးသူျဖစ္တာေၾကာင့္ အခ်ိဳ႕ေသာ ခက္ခဲတဲ့ ျပႆနာမ်ားကို ရင္ဆိုင္ရႏိုင္ပါတယ္။
၁။ အသက္ 30ေက်ာ္ႏွင့္ အသက္ပိုႀကီးသူ အမ်ိဳးသမီးေတြအတြက္ ကိုယ္ဝန္ရဖို႔ ပိုခက္ခဲပါလိမ့္မယ္။ အမ်ိဳးသမီးတစ္ဦးဟာ အသက္ႀကီးသြားတာေၾကာင့္ မ်ိဳးဥထြက္ႏႈန္းဟာ စတင္ၿပီး ေလ်ာ့နည္းလာပါတယ္။ ဒါ့ေၾကာင့္ သူမဟာ ကိုယ္ဝန္ေဆာင္ဖို႔ ပိုအခ်ိန္ယူရႏိုင္ပါတယ္။
၂။ ကိုယ္ဝန္ဆီးခ်ိဳေရာဂါရဲ႕ အႏၲရာယ္ဟာ ဒီအသက္အ႐ြယ္အုပ္စုမွာ ပိုမိုျမင့္မားပါတယ္။ ကိုယ္ဝန္ဆီးခ်ိဳေရာဂါဟာ မ်ားေသာအားျဖင့္ မီးဖြားၿပီးေနာက္ ေပ်ာက္တတ္ေစမယ့္ လမေစ့ဘဲ ကေလးေမြးဖြားမႈ အႏၲရာယ္ႏွင့္ တျခားေနာက္ဆက္တြဲဆိုးက်ိဳးမ်ားကို တိုးေစပါလိမ့္မယ္။
၃။ ကေလး ေပါင္မျပည့္ဘဲေမြးဖြားမႈ အႏၲရာယ္လည္း ပိုမိုျမင့္မားပါတယ္။

၄။ 35ႏွစ္ေက်ာ္တဲ့ အမ်ိဳးသမီးေတြဟာ Down syndrome ေရာဂါ သို႔မဟုတ္ တျခား မ်ိဳး႐ိုးဗီဇပုံမွန္မဟုတ္တဲ့ ကေလးေတြကို ေမြးဖြားဖို႔ ပိုမ်ားပါတယ္။
၅။ ဒီအသက္အ႐ြယ္အုပ္စုမွာ အမ်ိဳးသမီးေတြဟာ ကိုယ္ဝန္ပ်က္က်မႈ အႏၲရာယ္ ပိုမိုျမင့္မားပါတယ္။

အမ်ိဳးသမီးတစ္ေယာက္အတြက္ ေနာက္က်မွ က်န္းမာတဲ့ ကိုယ္ဝန္ရဖို႔ ဘာေတြျပဳလုပ္ႏိုင္လဲ?
အမ်ိဳးသမီးေတြဟာ ကိုယ္ဝန္ေဆာင္ေနစဥ္အတြင္းနဲ႔ ကိုယ္ဝန္စယူဖို႔ ျပင္ဆင္ေနလွ်င္ အထက္မွာေဖာ္ျပထားတဲ့ ျပႆနာမ်ားရဲ႕ အခြင့္အလမ္းကို ေလွ်ာ့ခ်ႏိုင္ပါတယ္။ သင္ဘာလုပ္ႏိုင္သလဲ?
၁။ ကိုယ္ဝန္ေဆာင္ဖို႔ မႀကိဳးစားခင္မွာ သင့္က်န္းမာေရး ေကာင္း/မေကာင္းကို ေသခ်ာေစဖို႔ ဆရာဝန္ႏွင့္ တိုင္ပင္ပါ။ ဆရာဝန္က ကိုယ္ဝန္ေဆာင္ဖို႔ ႐ုပ္ပိုင္းဆိုင္ရာျပင္ဆင္မႈေတြ စိစစ္စမ္းသပ္ေပးပါလိမ့္မယ္။ သင့္မွာ ေရာဂါတစ္ခုခုရွိပါက ထိုအေၾကာင္းကို ဆရာဝန္ကို ေျပာျပရပါမယ္။

၂။ သင္ႏွင့္ သင့္ကေလးက်န္းမာေရးအတြက္ ကိုယ္ဝန္ေဆာင္စဥ္ကာလအတြင္း ရက္ခ်ိန္းအတိုင္း ကိုယ္ဝန္ပုံမွန္ျပသျခင္း ျပဳလုပ္ပါ။ သင့္မွာ ကိုယ္ဝန္ႏွင့္ ပတ္သက္ၿပီး တျခားေရာဂါလကၡဏာေတြ/စိုးရိမ္ပူပန္မႈေတြ ရွိပါက ဆရာဝန္ႏွင့္ ေသခ်ာေဆြးေႏြးပါ။
၃။ လက္ဆတ္တဲ့ အသီးအႏွံ၊ ဟင္းသီးဟင္း႐ြက္မ်ားႏွင့္အတူ က်န္းမာတဲ့ အစားအေသာက္မ်ားကို စားပါ။ သင့္မွာ ကိုယ္ဝန္ေဆာင္ multivitamin လိုအပ္လွ်င္ သင့္က်န္းမာေရး ေစာင့္ေရွာက္မႈေပးသူကို ေမးပါ။
၄။ ကိုယ္အေလးခ်ိန္နည္းတဲ့ အမ်ိဳးသမီးေတြနဲ႔ အဝလြန္တဲ့ အမ်ိဳးသမီးေတြဟာ ကိုယ္ဝန္ေဆာင္ႏွင့္ပတ္သတ္တဲ့ အႏၲရာယ္ေတြ ပိုမိုျမင့္မားတာေၾကာင့္ ကိုယ္ဝန္မေဆာင္ခင္ႏွင့္ ကိုယ္ဝန္ေဆာင္ကာလအတြင္း က်န္းမာတဲ့ ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းပါ။
၅။ ကိုယ္ဝန္မေဆာင္ခင္ႏွင့္ ကိုယ္ဝန္ေဆာင္စဥ္အတြင္း ေလ့က်င့္ခန္း မွန္မွန္လုပ္ပါ။ သင့္အတြက္ ဘယ္ေလ့က်င့္ခန္းအမ်ိဳးအစားက ေဘးကင္းလုံၿခဳံၿပီး အက်ိဳးရရွိေစမလဲဆိုတာ ဆရာဝန္ကို ေမးပါ။
၆။ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြဟာ ေဆး႐ြက္ႀကီး၊ ေဆးလိပ္၊ အရက္ႏွင့္ အျခားအႏၲရာယ္ရွိတဲ့ဓါတ္ပစၥည္းမ်ားကို ေရွာင္ရွားသင့္တယ္ဆိုတာ ေျပာဖို႔ေတာင္ မလိုပါဘူး။ သဘာဝပတ္ဝန္းက်င္ညစ္ညမ္းမႈႏွင့္ ထိေတြ႕မႈကို ကန႔္သတ္ဖို႔ ျပဳလုပ္ေပးသင့္ပါတယ္။

အသက္ ၃၀ေက်ာ္မွ ပထမဆုံးအႀကိမ္ ကေလးေမြးဖြားဖို႔ စီစဥ္ေနတယ္ဆိုရင္ စိုးရိမ္ပူပန္မႈအခ်ိဳ႕က ေရွာင္လႊဲလို႔မရပါဘူး။ ဒါက ပုံမွန္ပါပဲ။ ကိုယ္ဝန္ေဆာင္စဥ္နဲ႔ ကိုယ္ဝန္ေဆာင္ၿပီးေနာက္ က်န္းမာစြာေနဖို႔ႏွင့္ သင့္ကေလး က်န္းမာေနေစဖို႔ ဆရာဝန္ရဲ႕ အႀကံေပးခ်က္မ်ားကို လိုက္နာပါ။

Lifestyle_Myanmar

LM_Nandar

Chit_MayMay

LEAVE A REPLY

Please enter your comment!
Please enter your name here