အသက် (၆)လအရွယ် ကလေးတွေအတွက် ဂိမ်းနှင့် လှုပ်ရှားမှုများ

0
472
- Advertisement -

အသက် ၆လအရွယ်မှာ မေမေတို့ကလေးဟာ မိုင်တိုင်များစွာကို ရောက်ရှိနေပါလိမ့်မယ်။ ၆လအရွယ်ဆိုရင် ဘေဘီလေးတွေကို အနှစ်တိုက်ထားတဲ့ အစားအစာတွေ ကျွေးလို့ရနေပြီဖြစ်သလို၊ သူတို့နာမည်ခေါ်တဲ့အခါ ပြန်တုံ့ပြန်တာတို့၊ မှန်ထဲက သူတို့ရဲ့ပုံရိပ်ကို အသိအမှတ်ပြုတာတို့ စတဲ့တိုးတတ်မှုလေးတွေ ရှိလာပါပြီ။ မွေးကင်းစကလေးငယ်ရဲ့ သိမြင်မှုနှင့် ရုပ်ပိုင်းဆိုင်ရာစွမ်းရည်တွေ ရရှိတဲ့ အချိန်လည်း ဖြစ်ပါတယ်။
မေမေတို့ရဲ့ ၆လကလေးငယ်ရဲ့ ဖွံ့ဖြိုးတိုးတတ်မှုကို အထောက်အကူပြုဖို့ ဂိမ်းနှင့် လှုပ်ရှားမှုလေးတွေကို စာရင်းပြုစုထားပါတယ်။ ဒီလှုပ်ရှားမှုတွေက မေမေတို့ ကလေးကို အလုပ်များစေပြီး ကျန်းမာသော ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်ပါတယ်။

၁။ စောင်တစ်ထည်နဲ့ တူတူရေ..ဝါးဆော့နည်း

ဒီကစားနည်းအတွက် စောင်တစ်ထည် လိုအပ်ပါမယ်နော်။ ဒီဂိမ်းလေးကတော့ ၆လအရွယ်ကလေးတွေအတွက် ပျော်စရာကောင်းစေမယ့် ဂိမ်းတစ်ခုပါ။ မေမေတို့ခေါင်းပေါ်မှာ စောင်ကိုအုပ်ပြီး “တူ…ဝါး”လုပ်ပေးပါ။ ပထမပိုင်းမှာ ကလေးက စိတ်ရှုပ်ထွေးပုံရသော်လည်း ခဏခဏလုပ်ရင် သူတို့ဟာ မကြာခင်မှာ ဂိမ်းကိုနားလည်ပြီး သူတို့ကိုယ်တိုင် စောင်ကို ဆွဲချပါလိမ့်မယ်။ ဒီကစားနည်းက နားထောင်ခြင်းစွမ်းရည်၊ အမြင်- အကြားအာရုံ၊ ညှိနှိုင်းဆောင်ရွက်မှုနှင့် ယေဘုယျသိချင်စိတ်တွေ တိုးတတ်လာပါလိမ့်မယ်။

၂။ ရေထဲမှာ ထိုင်ခိုင်းပါ

ဘေဘီလေးတွေဟာ အသက် ၆လအရွယ်ရောက်ပြီဆိုရင် ပံ့ပိုးပေးစရာမလိုဘဲ ထိုင်နိုင်နေပါပြီ။ ရေချိုးချိန်အတွင်းမှာ ထိုင်ပေးထားတာကြောင့် နောက်ကျောကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။ ရေချိုးကန်ထဲမှာ ဘေဘီလေးကို ထိုင်ခိုင်းပြီး သူ့ဘေးနားမှာ အရုပ်တစ်ချို့ထားပါ။ ကလေးကို ရေထဲက အရုပ်တစ်ရုပ်ကို လှမ်းယူခိုင်းပါ။ ထပ်ခါတလဲလဲ လုပ်ခိုင်းပါ။ ကလေးက ဒီအပြုအမှုကို ဆက်လုပ်လာပါလိိမ့်မယ်။

ကလေးငယ်တွေဟာ ရေနှင့် ကစားရတာကို နှစ်သက်လာပြီး ဒီလှုပ်ရှားမှုက သူတို့ရဲ့နောက်ကျောကို သန်မာတိုးတတ်စေဖို့ နည်းလမ်းကောင်းဖြစ်ပါတယ်။ ကြွက်သားတွေကို သန်မာစေပြီး ကိုယ်ကာယကျွမ်းကျင်မှုတွေ တိုးတတ်စေပါတယ်။

၃။ ကလေးကဗျာတေးနှင့်အတူ လက်ခုပ်တီးခြင်း

ကလေးကဗျာလေးတွေ ဆိုပြပြီး လက်ခုပ်တီးပေးရင် ကလေးတွေ အရမ်းသဘောကျပါတယ်။ ကဗျာတစ်ပုဒ်ကို ဆိုပြရင်း ကလေးလက်နှစ်ဖက်ကို ကိုင်ပြီး လက်ခုပ်တီးခိုင်းပါ။ ခဏခဏ လေ့ကျင့်ပေးတာများရင် ကလေးလုပ်တတ်သွားပါလိမ့်မယ်။ ဒီလှုပ်ရှားမှုက အခြေခံအသံ၊ လှုပ်ရှားမှု ညှိနှိုင်းခြင်းနှင့် လူမှုရေးကျွမ်းကျင်မှုတို့ကို တိုးတတ်စေပါတယ်။

၄။ ပူဖောင်းလေးတွေနဲ့ ဆော့ခြင်း

ဒီအရာက ကလေးရဲ့ဖွံ့ဖြိုးဆဲ အမြင်အာရုံအတွက် ရိုးရှင်းသော အာရုံခံကစားနည်းဖြစ်ပါတယ်။ ကလေးနားမှာ ပူပေါင်းလေးတွေ မှုတ်ပြီး လက်နှင့် လိုက်ဖမ်းပြပါ။ မကြာခင်မှာ ကလေးက စမ်းကြည့်ဖို့ လက်ကိုဆန့်တန်းပါလိမ့်မယ်။ ဒီလှုပ်ရှားမှုက အရာဝတ္တုတွေကို ခြေရာခံခြင်း၊ အမြင်အာရုံ တိုးတတ်မှုနှင့် အမြင်အာရုံ-ကြွက်သားညှိနှိုင်းမှုတွေ တိုးတတ်စေပါတယ်။

၅။ ဘလော့တုံးတွေ ဆင့်စီခြင်း

ဒီကစားနည်းအတွက် ရောင်စုံဘလော့တုံးလေးတွေ လိုအပ်ပါတယ်။ ၆လအရွယ်မှာ အရာဝတ္တုတွေကို ဆုပ်ကိုင်နိုင်စွမ်းရှိလာပါပြီ။ အရာင်စုံဘလော့တုံးတွေနဲ့ ကစားခြင်းက လက်ချောင်းကြွက်သားလေးတွေကို လေ့ကျင့်ခန်းလုပ်ပေးတဲ့ နည်းလည်းဖြစ်ပါတယ်။ ကလေးအားထိုင်ခိုင်းပြီး ရောင်စုံဘလော့တုံးလေးတွေ ဆင့်စီတာ သင်ပေးပါ။ ဘေဘီလေးတွေဟာ မှန်မှန်ကန်ကန် ဆင့်နိုင်ဦးမှာ မဟုတ်သေးပေမယ့် အရောင်အသွေးစုံတဲ့ ဘလော့တုံးလေးကို သူတို့ စိတ်ဝင်စားပါလိမ့်မယ်။ လက်ကြွက်သားလေးတွေရဲ့ ညှိနှိုင်းဆောင်ရွက်မှု၊ ဆုပ်ကိုင်နိုင်စွမ်း၊ လက်နှင့်မျက်စိ ညှိနှိုင်းမှုတွေ တိုးတတ်စေပါတယ်။

၆။ ပုံပြင် ဖတ်ပြခြင်း

ရောင်စုံရုပ်ပုံလေးတွေနဲ့ ကလေးပုံပြင်စာအုပ်လိုအပ်ပါတယ်။ ၆လအရွယ်ကလေးတွေဟာ စကားလုံးလေးတွေကို နားမလည်နိုင်သေးသော်လည်း ရောင်စုံသရုပ်ဖော်ပုံလေးတွေကို နှစ်သက်ကြပါလိမ့်မယ်။ ပုံပြင်ဖတ်ရှုခြင်းအချိန်က အရောင်တွေနဲ့ ဆန့်ကျင်ဘက်ပုံစံတွေကို ပိုစိတ်ဝင်စားစေပါတယ်။ ပုံပြင်ဖတ်ပြတဲ့အခါ ရုပ်ပုံလေးတွေကို ထောက်ပြပြီး ဒါဘာပုံဆိုတာကို ပြောပြပါ။ တစ်ခါတစ်ရံမှာ ကလေးတွေဟာ သူတို့ကြားသောစကားလုံးတွေကို တီးတိုးပြောဆိုဖို့ ကြိုးစားတတ်ပါတယ်။ ထိုသို့ပြုလုပ်တဲ့အခါ မေးခွန်းတစ်ခု (သို့) ချီးမွမ်းစကားအနည်းငယ်ဖြင့် တုံ့ပြန်ပေးပါ။ ပက်တန်တွေရဲ့ အခြေခံကို နားလည်ခြင်း၊ အမြင်အာရုံဆိုင်ရာ ကျွမ်းကျင်မှုနှင့် နားထောင်ခြင်းစွမ်းရည်တို့ကို တိုးတတ်စေပါတယ်။

၇။ ခုန်ဆွခုန်ဆွ လုပ်ခိုင်းခြင်း

ကလေးရဲ့ ခြေထောက်လေးတွေ သန်မာအောင်လေ့ကျင့်ပေးတဲ့ ကစားနည်းလည်းဖြစ်ပါတယ်။ ကလေးကို ချိုင်းအောက်ကနေကိုင်ထားပြီး သူ့ခြေထောက်လေးတွေကို ခုန်ခိုင်းပါ။ အောက်မှာ မွေ့ယာကဲ့သို့သော ပျော့ပျောင်းတဲ့ မျက်နှာပြင်ရှိရပါမယ်။ သူတို့ကို မတ်တပ်ရပ်ပေးတာနဲ့ ခုန်ပါလိမ့်မယ်။ ဒါက သူတို့ရဲ့ ခြေထောက်ကြွက်သားတွေကို သန်မာစေပါတယ်။ အခြေခံဟန်ချက်ညီမှု စွမ်းရည်နှင့် ရွေ့လျားမှုနှုန်းကို တိုးတတ်စေပါတယ်။

၈။ ကစားစရာတွေကို ရွေ့လျားခြင်း

မှောက်ခုံမှောက်ပြီးတွားသွားခြင်း ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုအတွက် ကူညီပေးပါတယ်။ ကလေးကို မှောက်ခုံမှောက်ပေးထားပြီး သူ့ရှေ့မှာ ကစားစရာတွေ ချပေးထားပါ။ ကလေးက ကစားစရာကို ဆုပ်ကိုင်ဖို့ ကြိုးစားလာတဲ့အထိ အရုပ်ကို သူတို့ပတ်ပတ်လည်မှာ ရွေ့ပေးပါ။ ဘေဘီလေးတွေက ၆လအရွယ်ဆိုရင် လှိမ့်နိုင်ပြီဖြစ်တာကြောင့် သူတို့ဟာ ကစားစရာကိုရဖို့ ဒီကျွမ်းကျင်မှုကို သုံးပါလိမ့်မယ်။

ဒီလှုပ်ရှားမှုက အမြင်အာရုံ- လှုပ်ရှားမှု coordination၊ လက်ရဲ့ ကျွမ်းကျင်မှုနှင့် သန်မာမှုကို တိုးတတ်စေပါတယ်။

Chit_MayMay

LM_Nandar

Source-momjunction.

LEAVE A REPLY

Please enter your comment!
Please enter your name here