အသက် ၉လမှ ၁၂လအထိ ကလေးငယ်တွေအတွက် အချိုပွဲများ

0
1549
- Advertisement -

မေမေတို့ရေ့… အသက် ၉လမှ ၁၂လကြား ကလေးငယ်တွေအတွက် အချိုပွဲချက်ပြုတ်နည်းတစ်ချို့ကို မျှဝေပေးချင်ပါတယ်။ အဲဒါတွေလုပ်ဖို့အတွက် အချိန်အများကြီးမပေးရပါဘူး။ ကလေးတွေအတွက် ချိုမြိန်တဲ့အရသာကို ဦးစားပေးပါ။ ဘာကြောင့်လဲဆိုတော့ ချိုမြိန်မှုက အသက် ၈လအထိ သူတို့ရဲ့တစ်ခုတည်းသော အစားအစာဖြစ်တဲ့ မိခင်နို့ကို အမှတ်ရစေတာကြောင့်ပါ။ ယေဘုယျအားဖြင့် လူအများစုက အချိုအရသာကို ပိုကြိုက်ကြပါတယ်။ ဒါ့ကြောင့် အသီးအနှံတွေနဲ့ ပြုလုပ်ထားတဲ့ အချိုပွဲမုန့်တွေနဲ့ မစ်ရှိတ်တွေလိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်နိုင်ပါတယ်။ ကလေးရဲ့ ပထမလအနည်းငယ်အတွင်းမှာ အရသာဂလင်းတွေက အရမ်းထိခိုက်လွယ်တာကြောင့် ချဉ်တဲ့အရသာတွေကို ငြင်းပယ်ကြပါတယ်။ ဒါက သူတို့ရှင်သန်မှုဗီဇရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဒါ့ကြောင့် မေမေတို့ကလေးလေး ကြိုက်နှစ်သက်လိမ့်မယ့် အချိုပွဲချက်ပြုတ်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ပန်းသီးနဲ့ ကီဝီသီး

ကလေးတွေအတွက် အကြံပြုထားတဲ့ ပထမဆုံး အသီးအနှံကတော့ ပန်းသီးပါ။ သစ်တော်သီး (သို့) ကီဝီသီးကဲ့သို့သော အခြားအသီးအနှံတွေနဲ့ ရောစပ်ပါ၊

ပါဝင်ပစ္စည်း

  • အခွံခွာထားတဲ့ ကီဝီသီး ၁/၄
  • အခွံခွာထားတဲ့ ပန်းသီး ၁/၄

ကီဝီသီးကို Blenderဖြင့်မွှေပါ။ အစေ့တွေအားလုံးကို ထုတ်ယူဖို့အတွက် ဆန်ခါဖြင့်စစ်ပါ။ ပန်းသီးကို ထည့်မွှေပြီး အားလုံးကို ရောလိုက်ပါ။ ပန်းသီးရဲ့ အကျိုးကျေးဇူးတွေကို ကောင်းကောင်းသိမှာပါ။ အဆီနဲ့ ပရိုတင်းအနည်းငယ်သာ ရှိပေမယ့် ပိုတတ်စီယမ်ကဲ့သို့သော သတ္တုဓါတ်များစွာကို ပံ့ပိုးပေးထားပါတယ်။ ပန်းသီးက ဗီတာမင်များစွာကို ပေးစွမ်းနိုင်ပြီး အစာကြေလွယ်ကာ အမျှင်ဓါတ်များစွာပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

၂။ အသီးအနှံတွေနဲ့ ဒိန်ချဉ်

ဒိန်ချဉ်က အစာကြေလွယ်တာကြောင့် အသက် ၉လမှ ၁၂လရှိ ကလေးတွေအတွက် အကောင်းဆုံး အစားအစာတစ်ခုဖြစ်ပါတယ်။ မျိုချလို့လည်းလွယ်ပါတယ်။ လူကြီးတွေစားတဲ့ ဒိန်ချဉ်ကို မစားကြတာကြောင့် ကလေးတွေအတွက် သင့်လျော်တဲ့ ဒိန်ချဉ်ကို အမြဲရွေးချယ်သင့်ပါတယ်၊။ သစ်တော်သီး၊ ငှက်ပျောသီး (သို့) ပန်းသီးတို့လို အသီးအနှံတွေနဲ့ ပေါင်းစပ်ပြီးကျွေးတာက ကလေးအား မျှတတဲ့ အစားအစာကို ပေးစွမ်းဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပန်းသီး ၁၀၀ ဂရမ်
  • ကလေးအတွက် သီးသန့် ဒိန်ချဉ်
  • ယို ၂ဇွန်း

ပန်းသီးကို ရေဆေး၊ အခွံနွှာပြီး အတုံးသေးသေးလေးတွေ လှီးထားပါ။ ပန်းသီးအပိုင်းအစတွေကို Blender ထဲသို့ ယို၊ ဒိန်ချဉ်နှင့်အတူ ထည့်ပါ။

၃။ Quinoa နှင့် ငှက်ပျောသီးအနှစ်

ဒါကတော့ ကျွန်မတို့ ကလေးတွေအတွက် အာဟာရအရှိဆုံး သရေစာတစ်ခုဖြစ်ပါတယ်။ Quinoa ဆိုတာ Chenopodium Quinoa အပင်မှ ရရှိပြီး ကမ္ဘာတဝန်းမှာ ထမင်းအစားထိုးအနေနဲ့ စားသုံးကြပါတယ်။ Quinoa မှာ အံ့သြဖွယ်ဂုဏ်သတ္တိများရှိပါတယ်။ အာဟာရပြည့်ဝပြီး ကယ်လိုရီနည်းပါတယ်။ bio-active substances တွေပါဝင်ပါတယ်၊ အမျှင်ဓါတ်များစွာကို ထောက်ပံ့ပေးပါတယ်။ ငှက်ပျောသီးဟာ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အတွက် ကလေးငယ်တွေအတွက်လည်း ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီး ၁/၂
  • သစ်ကြံပိုးခေါက် ၁တုံး
  • ချက်ပြုတ်ထားတဲ့ quinoa လက်ဖက်ရည်ဇွန်း ၃ဇွန်း
  • ကလေးအတွက် သီးသန့်ဒိန်ချဉ် ၁ဇွန်း

အခွံခွာထားတဲ့ ငှက်ပျောသီးကို ဇလုံတစ်ခုထဲမှာထည့်ပြီး ခက်ရင်းခွနဲ့ အနှစ်ဖြစ်အောင် ကြိတ်ချေပါ။ ချက်ပြုတ်ထားတဲ့ quinoa ၊သစ်ကြံပိုးနဲ့ ဒိန်ချဉ်တို့ကို ထည့်ပါ။ ရောမွှေပြီး ကျွေးပါ။

ကလေးငယ်ရဲ့ အစားအသောက်ပု့စံကို ချဲ့ထွင်ဖို့အတွက် လတ်ဆတ်ပြီး အာဟာရဓါတ်ကြွယ်ဝတဲ့ ပါဝင်ပစ္စည်းတွေကို အသုံးပြုတာက အကောင်းဆုံးဖြစ်ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကျွေးဖို့ အရေးကြီးပါတယ်။

Chit_MayMay

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here