အိပ်ချိန်အလုံအလောက်ရှိတဲ့ ကလေးတွေဟာ ယေဘုယျအားဖြင့် ပိုကျန်းမာကြောင်း၊ ကျောင်းမှာ ပိုမိုလုပ်ဆောင်နိုင်ပြီး ကောင်းမွန်သော အမှတ်တရများနှင့် အပြုအမှုများရှိကြကြောင်းကို သိပ္ပံနည်းကျ သက်သေပြနိုင်ခဲ့ပါတယ်။ သို့သော် မိဘတွေအနေနဲ့ ကလေးတွေကို မနက်တိုင်း အိပ်ရာကနှိုးရတဲ့ ဒုက္ခက မသေးပါဘူး။ ဒါ့ကြောင့် မေမေနှင့် မေမေတို့ ကလေးအတွက် နိုးထမှုဖြစ်စဉ်ကို ပိုမိုချောမွေ့စေဖို့ အကြံဉာဏ်ကောင်းတွေကို မျှဝေပေးချင်ပါတယ်။
၁။ ကလေးအိပ်ရာက မနိုးခင် နေရောင်ခြည်ရပါစေ
သဘာဝအလင်းက ကျွန်တော်တို့ဦးနှောက်အား ဆီရိုတိုနင် ထုတ်လွှတ်ဖို့ လှုံ့ဆော်ပေးတဲ့အနေနဲ့ ကျွန်တော်တို့အား နိုးကြားမှုရှိစေဖို့ ကူညီပေးပါတယ်။ ဒါ့ကြောင့် သူတို့အိပ်ရာက မထခင် ၁၅မိနစ်လောက်မှာ အခန်းထဲကို နေရောင်ခြည်ရအောင် ပြတင်းပေါက်၊ လိုက်ကာတွေ ဖွင့်ပေးလိုက်ပါ။

၂။ အိပ်ရာမဝင်ခင်အပြာရောင်အလင်းတွေနဲ့ ထိတွေ့မှုကို ကန့်သတ်ပါ
တတ်ဘလက်တွေ၊ တီဗီနဲ့ စမတ်ဖုန်းများကဲ့သို့သော ဒစ်ဂျစ်တယ်ပစ္စည်းတွေက ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ သဘာဝစည်းချက်ကို သတိပေးသော အပြာရောင်အလင်းကို ထုတ်လွှတ်ပါတယ်။ အိပ်ရာမဝင်ခင် အချိန်ကြာမြင့်စွာ အပြာရောင်အလင်းနှင့် ထိတွေ့ခြင်းက လူတွေကို အိပ်မပျော်ခြင်းနှင့် နိုးထခြင်းကို ဖြစ်ပေါ်စေနိုင်တယ်လို့ ရှင်းလင်းစွာ ပြသထားတ့ သုတေသနပြုမှုတွေ ရှိခဲ့ပါတယ်။

၃။ ကလေးနှိုးလာစေဖို့ သီချင်းဖွင့်ပေးပါ
တေးဂီတက နိုးနိုးကြားကြားရှိစေတာ မဟုတ်သော်လည်း စိတ်သက်တောင့်သက်သာနဲ့ နိုးထစေနိုင်ပါတယ်။ သူတို့နှစ်သက်တဲ့ သီချင်းတွေကို ဖွင့်ပေးပါ။ သူတို့ရဲ့ စိတ်ကို ပိုမိုကောင်းမွန်စေပြီး ပုံမှန်အားဖြင့် နံနက်စောစောစီးစီး မှုန်တေတေ မဖြစ်အောင် ကူညီပါလိမ့်မယ်။

၄။ မနက်ခင်းနိုးထမှုကို ပိုပျော်စရာကောင်းအောင် လုပ်ရိုးလုပ်စဉ် ဇယားဆွဲပါ
မနက်ခင်းလုပ်ရိုးလုပ်စဉ်ဇယားက ကလေးတွေကို နံနက်ခင်းမှာ လုပ်ဖို့လိုအပ်တဲ့ အရာတွေကို အာရုံစိုက်စေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ မိဘနှင့်အတူတူ ပန်းကန်ဆေးခြင်း၊ အဝတ်လျှော်ခြင်း၊ အဝတ်အစားဝတ်ခြင်း၊ နံနက်စာစားခြင်း၊ ကျောင်းလွယ်အိတ်နှင့် နေလယ်စာထမင်းဘူးပြင်ခြင်းစတဲ့ လုပ်ငန်းများကို ထည့်သွင်းနိုင်ပါတယ်။

၅။ အိပ်ရာထခြင်းကို ဂိမ်းတစ်ခုအဖြစ် ပြောင်းလဲပါ
နှိုးထမှု ဖြစ်စဉ်တစ်ခုလုံးကို ဂိမ်းတစ်ခုအဖြစ် ပြောင်းလဲခြင်းဖြင့် ပိုမိုပျော်ရွင်စေနိုင်ပါတယ်။ (ဥပမာ- အဝတ်အစားကို ၁၀မိနစ်နဲ့ အပြီးဝတ်ရင် ဆုချမယ်လို့ပြောပါ )ထို့အပြင် စိတ်ဖိစီးမှုနှင့် ကလေးနဲ့ အငြင်းပွားမှုတွေကို များစွာ လျော့နည်းစေပါတယ်။ မတူညီတဲ့ ဂိမ်းများကို ဖန်တီးဖို့ ကိုယ့်စိတ်ကူးကို သုံးပါ။ အိပ်ရာထရတာနဲ့ ပတ်သတ်လို့ ကလေး ညည်းညူတော့မှာ မဟုတ်ပါဘူး။

၆။ သူတို့အကြိုက်ဆုံး မနက်စာအနံ့လေးနဲ့ နှိုးပါ
တကယ်လို့ နံနက်စာကို သူတို့အကြိုက်ဆုံးအစားအစာဖြင့် စတင်ပါက တစ်နေ့တာအတွင်း သင့်ကလေးရဲ့ စိတ်အခြေအနေဘယ်လောက်ကောင်းမွန်နေမလဲဆိုတာ စဉ်းစားကြည့်ပါ။ သူတို့အကြိုက်ဆုံး ဟင်းအနံ့က သူတို့ကို အိပ်ရာထဲက နိုးထစေချင်မှာပါ။

၇။ ဖျော်ရည်တစ်ခွက်ပေးခြင်းဖြင့် အိပ်ရာထဖို့ အချိန်အနည်းငယ်ပေးပါ
အရွယ်ရောက်သူတွေတောင် နံနက်ခင်း အိပ်ရာထဖို့ဆိုတာ မလွယ်ပါဘူး။ ကလေးတွေလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီးရင် မနက်မိုးလင်းလို့ မျက်လုံးမပွင့်ချင်ကြပါဘူး ။ သူတို့အကြိုက်ဆုံး ဖျော်ရည်ကို သောက်စေခြင်းဖြင့် မျက်လုံးပွင့်ဖို့ အချိန်ပေးနိုင်ပါတယ်။

၈။ အိမ်မွေးတိရိစ္ဆာန်ကို နှိုးစက်အဖြစ် သုံးပါ
သင့်ကလေးချစ်တဲ့ ခွေးတစ်ကောင် (သို့) ကြောင်တစ်ကောင်ရှိပါက ကလေးကို နှိုးဖို့ အသုံးပြုနိုင်ပါတယ်။ အိမ်မွေးတိရိစ္ဆာန်လေးတွေကို အိပ်ရာပေါ်တင်ပေးခြင်းဖြင့် သင့်ကလေး ထပ်အိပ်ဖို့ အခွင့်အရေးမရှိတော့ပါဘူး။

၉။ နောက်ကျခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကလေးအား တွေ့မြင်စေပါ
ကလေးအတွက် နံနက်ခြင်းလုပ်ရိုးလုပ်စဉ် သတ်မှတ်ပေးပြီးရင် ဒါကိုလိုက်နာဖို့ တာဝန်ရှိကြောင်း သိစေပါ။ ဥပမာအားဖြင့် အိပ်ရာက မထခြင်းအတွက် တစ်နေ့တာ ဖုန်းမသုံးရဟု အပြစ်ပေးနိုင်ပါတယ်။ ဆယ်ကျော်သက်ကလေးတွေအတွက် သူတို့ကို ကျောင်းနောက်ကျရင် ဆရာရှေ့မှာ မသက်မသာ ခံစားရလိမ့်မယ်ဆိုတာ သိအောင်လုပ်ပေးနိုင်ပါတယ်၊

၁၀။ အော်ဟစ်ပြီး နှိုးခြင်း မပြုလုပ်ပါနဲ့
သင့်ကလေးကို အိပ်ရာမှ ထအောင် နှိုးဖို့ဆိုတာ တကယ်ခက်ခဲနိုင်ပါတယ်။ သို့သော် ကလေးကို အောင်ဟစ်ခြင်းဖြင့် နှိုးဖို့ ရွေးချယ်ရင် အောင်မြင်မှာမဟုတ်ပါဘူး။ ရွဲ့ပြီးဆက်အိပ်နေပါလိမ့်မယ်။ အိပ်ရာက ထချင်စိတ် ဆုံးရှုံးသွားပါလိမ့်မယ်။

၁၁။ အိပ်ချိန်လုံလောက်အောင် လုပ်ပါ
အသက်အရွယ်ပေါ်မူတည်ပြီး ကလေးတစ်ယောက်အတွက် အိပ်ချိန်အချို့ လိုအပ်ပါတယ်။ မူကြိုကျောင်းသားတစ်ယောက်ဟာ အိပ်ချိန် ၁၀နာရီမှ ၁၃နာရီခန့် လိုအပ်ပြီး လမ်းလျှောက်ကာစ ကလေးငယ်တစ်ယောက်ဟာ အိပ်ချိန် ၁၁နာရီ မှ၁၄ နာရီခန့်လိုအပ်ပါတယ်။အသက် ၆နှစ်မှ ၁၃နှစ်ကြားကလေးတွေဟာ တစ်နေ့လျှင် ပျမ်းမျှအားဖြင့် ၉နာရီမှ ၁၀နာရီအထိ လိုအပ်ပါတယ်။ အိပ်ချိန်မလုံလောက်တဲ့ကလေးဟာ အိပ်ရာက ထဖို့ အခက်အခဲရှိနိုင်ပါတယ်။

Lifestyle_Myanmar
LM_Nandar
Source-brightside