အိပ်ရာမဝင်ချင်တဲ့ကလေးတွေကို ဘယ်လိုထိန်းကျောင်းမလဲ?

0
148
- Advertisement -

အိပ်ရာမဝင်ပဲ ဇွဲကောင်းကောင်းနဲ့ ဆန္ဒပြတတ်တဲ့ကလေးတွေကြောင်မိဘတွေလည်း စိတ်ညစ်ရတတ်ပါတယ်၊ ဒါကြောင့် ဒီလိုကလေးတွေကို ဘယ်လိုထိန်းနိုင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

အချိန်တစ်ခုသတ်မှတ်ပါ

ကလေးကို အလေ့အကျင့်ကောင်းတစ်ခုဖြစ်အောင်ကို တမင်လေ့ကျင့်ပေးထားသင့်ပါတယ်။ ညဘက်ဆို သွားတိုက်ချိန် အိပ်ရာဝင်ချိန်တွေကို အချိန်တစ်ခုသတ်မှတ်ထားပီး အဲ့ဒီအချိန်တွေအတိအကျလိုက်လုပ်တတ်တဲ့အလေ့အထကောင်းရှိအောင်လုပ်ပေးပါ။

- Advertisement -

လျစ်လျူမရှုထားနဲ့

သင့်ကလေး က အိပ်ရာဝင်ချိန်မအိပ်ပဲ ဝုန်းဒိုင်းကြဲ ဆော့ကစားနေသူဆိုရင် သူဆိုးချင်သလို ဆိုးဖို့ ခွင့်မပြုထားသင့်ပါဘူး။ အကန့်အသတ်မဲ့ဖြစ်သွားရင် ကြီးလာရင် ပိုတောင် ထိန်းနိုင်မှာမဟုတ်တော့ပါဘူး။ ဒါကြောင့် ရချော့တစ်ခါ ခြောက်တစ်လှည့် လုပ်ကြည့်ပါ။ လျစ်လျူမရှုထားပါနဲ့။ သူ့ကျန်းမာရေးထိခိုက်နိုင်ပါတယ်။

ကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်သေးလား

အရင်ကပုံမှန်အိပ်ရဲ့သားနဲ့ နောက်ပိုင်းမှ မအိပ်တာမစားတာတွေဖြစ်လာခဲ့ရင် သူတို့ဘဝမှာ ကြီးမားတဲ့အပြောင်းအလဲရှိလားလို့ စဉ်းစားပါ. ဥပမာမူကြိုစတက်တာလား၊ ကလေးထိန်းပြောင်းသွားလား။? သူ့အဖေမရှိလို့ မအိပ်တာလား စတဲ့အပြောင်းအလဲတွေကို လိုက်ရှာကြည့်ပါ။ နေ့ခင်းဘက်တွေမှာ ပိုအိပ်နေေတတ်လား။ ဒီလိုတွေပြောင်းလဲမှုတွေရှိထားရင် ပြန်လေ့ကျင့်ပေးပါ။

ကာယလှုပ်ရှားမှုလုပ်ခိုင်းပါ

ကလေးက ညဘက်တွေ မအိပ်တာမျိုးက အားအလွန်ကောင်းနေတဲ့အတွက်လည်းဖြစ်တတ်ပါတယ်၊ သူတို့ကလေ့ကျင့်ခန်းတစ်ခုခု လုပ်ခိုင်းတာ ကစားခိုင်းတာမျိုးက သူ့အရင်ပုံစံကို ပြန်ရစေနိုင်ပီး အိပ်ပျော်စေမှာပါနော်…

ကလေးကြိုက်တာတွေပြောပြ

အိပ်ရာဝင်ခါနီးတိုင်း ပုံဖြစ်ဖြစ် သီချင်းဖြစ်ဖြစ်နားထောင်တတ်တဲ့အကျင့််ကိုလုပ်ပေးထာားပါ။ ဒါမှ ဒီအချိန်တိုင်းသူက အိပ်ရာဝင်မှာပါ။

#Chit_May_May

#Mg_Htet

REF_ALPHA MOM

LEAVE A REPLY

Please enter your comment!
Please enter your name here