အိမ်ထောင်ကွဲနေတဲ့ မိသားစုတွေမှာ ကိုယ့်ရဲ့ သားသမီးနဲ့ အဆင်ပြေစေဖို့အတွက် နည်းလမ်းများ

0
234
- Advertisement -

အဆင်မပြေတော့တဲ့ မိသားစုတစု လမ်းခွဲလိုက်ကြတဲ့ အခါမျိုးမှာ ကလေးငယ်တွေဟာ အနည်းနဲ့အများ စိတ်ဒဏ်ရာတွေ
ရတတ်ကြပါတယ်။ အမေ(သို့) အဖေ ဘယ်သူနဲ့ အတူနေရမှန်းမသိ၊ ဘာတွေဘယ်လိုဆက်ဖြစ်မယ်မှန်းမသိ၊ ကိုယ့်ဘဝကို မထိန်းကျောင်းနိုင်ကြသေးတဲ့ ကလေးငယ်တွေရဲ့ စိတ်ထဲမှာ ဘယ်လောက်ထိစိုးရိမ်ပူပန်မှုတွေရှိနေမယ်ဆိုတာ တွေးကြည့်လို့တောင် မရနိုင်ပါဘူး။ ဒီတော့ ကလေးငယ်တွေကို စိတ်ဒဏ်ရာရမှုတွေကနေ လျော့ပါးသွားစေဖို့အတွက် မိဘနှစ်ဦးလမ်းခွဲပြီးပြီဆိုရင်တောင် ကိုယ့်ရဲ့သားသမီးနဲ့ ရင်းနီးတဲ့ ဆက်ဆံရေးမျိုးရှိနေဖို့လိုပါတယ်။ မိဘနှစ်ဦးလမ်းခွဲလိုက်တယ်ဆိုတာ သူတို့ကြောင့်မဟုတ်မှန်း၊ လမ်းခွဲလိုက်ပြီဆိုပေမယ့် သူတို့အပေါ် ချစ်ခင်ကြင်နာမှုတွေ လျော့ပါးသွားမှာမဟုတ်မှန်း သိအောင်ပြောပြဖို့၊ လုပ်ပြဖို့လိုပါတယ်။ ဒီတော့ ဘယ်လိုအရာတွေကို ဘယ်လိုလုပ်လို့ရမလဲဆိုတာကို အနည်းငယ်ဖော်ပြပေးပါ့မယ်။

ကလေးငယ်တွေကို သူတို့ရဲ့ မိခင်(သို့) ဖခင်ရဲ့ မကောင်းကြောင်းကို မပြောပါနဲ့။ လမ်းခွဲလိုက်ပြီဆိုပေမယ့် ကလေးတွေရဲ့ ရှေ့ရေး၊ စိတ်ပိုင်းဆိုင်ရာဒဏ်ရာဒဏ်ချက်တွေလျော့နည်းသက်သာဖို့ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းပုံစံမျိုးဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားနေထိုင်ပါ။ ကလေးငယ်တွေကို ဝေဖန်ပြစ်တင်ပြောဆိုမှုများ၊ ကြိမ်းမောင်းပြောဆိုမှုများကို တတ်နိုင်သမျှရှောင်ကြဉ်ပေးပါ။ အဆင်မပြေခဲ့တဲ့ အိမ်ထောင်ရေးတခုအတွက် စိတ်ထွက်ပေါက်သဘောမျိုးထားပြီး ကလေးငယ်တွေကို ပြစ်တင်ပြောဆိုမှုများ လုံးဝမလုပ်ဖို့လိုအပ်ပါတယ်။

ကလေးငယ်တွေကို အုပ်ထိန်းခွင့်မရတဲ့ သူတို့ရဲ့ မိခင်(သို့) ဖခင်နဲ့ တပတ်တခါဖြစ်ဖြစ် အမြဲတမ်းတွေ့ဆုံစေပါ။ ကလေးငယ်တွေကို ဖြေရခက်ခဲစေတဲ့မေးခွန်းမျိုး၊ ထိခိုက်နာကျင်စေမယ့်မေးခွန်းမျိုးတွေကို တတ်နိုင်သမျှရှောင်ကြဉ်ပေးပါ။ ကလေးငယ်တွေရဲ့ ပညာရေးပိုင်းဆိုင်ရာတွေအတွက် နှစ်ဦးသားအတူတကွ တိုင်ပင်ဆွေးနွေးခြင်း၊ အဖြေရှာခြင်း၊ ကျောင်းစုံညီပွဲများ၊ သင်တန်းဆင်းပွဲများစတာတွေမျိုးမှာ အတူတကွ တတ်ရောက်နိုင်ဖို့ကြိုးစားပေးပါ။

- Advertisement -

ကလေးငယ်တွေဟာ လက်ရှိမိသားစုဘဝကို ဆုံးရှုံးထားတာမို့ အတတ်နိုင်ဆုံးဂရုစိုက်မှု၊ ကြင်နာမှုတွေပေးရင်တောင်မှ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအနည်းနဲ့အများရှိနေပါလိမ့်မယ်။ ဝမ်းနည်းမှု၊ သိမ်ငယ်မှုအစရှိတဲ့ စိတ်ပိုင်းဆိုင်ရာဒဏ်ချက်တွေကို အကောင်းမွန်ဆုံးထိန်းကျောင်းပေးဖို့လိုအပ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုတွေကြောင့် ကျောင်းပညာရေးမှာ စွမ်းဆောင်ရည်ညံ့ဖျင်းသွားခြင်း၊ မိဘတွေအပေါ်နားလည်မှုလွဲမှားခြင်း၊ စိတ်ဓါတ်ကျဆင်းမှုများကြောင့် အထီးကျန်ခြင်း၊ အစာစားခြင်း၊ အိပ်စက်ခြင်းစတာတွေမှာ ပုံမှန်မဟုတ်တဲ့ အနေအထားမျိုးတွေဖြစ်လာတတ်ပါတယ်။

မိသားစုပြိုကွဲသွားတဲ့ အိမ်ထောင်စုရဲ့ သားသမီးတွေဟာ အနည်းနဲ့အများဆိုသလို ပတ်ဝန်းကျင်၊ မိသားစု၊ ကျောင်းပညာရေးအသိုင်းအဝိုင်းတွေမှာ ပြဿနာရှိတဲ့ ပုံစံမျိုးတွေလုပ်တတ်ကြပါတယ်။ အဲဒီလိုမျိုးတွေ ပြုလုပ်တတ်တဲ့အပေါ် ကောင်းမွန်တဲ့ ထိန်းကျောင်းမှုပုံစံမျိုးတွေနဲ့ ချစ်ခင်ကြင်နာမှုတွေကို တတ်နိုင်သမျှလုပ်ပေးဖို့လိုအပ်ပါတယ်။ မဟုတ်ပါက ကလေးငယ်တွေဟာ ပိုမိုဆိုးဝါးတဲ့ လမ်းကြောင်းမှားတွေကို ရောက်သွားတတ်ကြတာမို့ အထူးဂရုစိုက်ပေးဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- youaremon

LEAVE A REPLY

Please enter your comment!
Please enter your name here