အိမ်ထောင်ပြိုကွဲပြီးနောက် အကောင်းဆုံးသားသမီးမျှ၀ေထိန်းသိမ်းနည်းများ

အိမ်ထောင်ပြိုကွဲပြီးနောက် အကောင်းဆုံးသားသမီးမျှ၀ေထိန်းသိမ်းနည်းများ

0
103
- Advertisement -

ကွာရှင်းမှုကိစ္စအားလုံးအတွက် စည်းမျဥ်စည်းကမ်းတွေသီးသန့်သတ်မှတ်ခြင်းမရှိပေမယ့်လည်း ခွဲ၀ေခြင်းက ခြားနားသော ထင်မြင်ချက်များကို ထုတ်ပေးခြင်းပဲဖြစ်ပါတယ်။ ကလေးများရဲ့ ပျော်ရွှင်မှုနှင့် သူတို့ရဲ့ ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုတွေကို အဓိကအာရုံစိုက်သင့်ပါတယ်။ ကွာရှင်းပြီးနောက်မှာ မိဘများနှင့် ဥပဒေပြုသူတွေအတွက် အကြီးမားဆုံးပြဿနာတစ်ခုက သားသမီးများရဲ့ သုခချမ်းသာဖြစ်ပါတယ်။ ကလေးငယ်များကို ခွဲထုတ်ခြင်းရဲ့ အကျိုးသက်ရောက်မှုအနည်းဆုံးဖြစ်စေတဲ့ မှော်ဆန်သော ဖော်မြူလာရယ်လို့ မရှိပါဘူး။ ဆုံးဖြတ်ချက်အနေနဲ့ မိသားစုတစ်ခုစီရဲ့ အခြေအနေနဲ့ ကလေးရဲ့ အသက်ပေါ်မှာ မူတည်ပါတယ်။ ဒီကနေ့မှာ အိမ်ထောင်ပြိုကွဲပြီးတဲ့အခါ သားသမီးတွေကို မျှ၀ေထိန်းသိမ်းခြင်းနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

ကွာရှင်းစာချူပ်မှာ လက်မှတ်ထိုးပြီးတဲ့အခါ

မျှ၀ေထိန်းသိမ်းခြင်းဆိုတာ ကွာရှင်းပြီးတဲ့နောက်မှာ ကလေးများရဲ့ ဆင်းရဲဒုက္ခကို လျှော့ချတဲ့နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ အတူတူမျှ၀ေထိန်းသိမ်းမယ်ဆိုရင် ကလေးတွေဟာ သူတို့မိဘတွေနဲ့ အတူတူနေရချိန်က ညီတူညီမျှဖြစ်ရပါမယ်။ ဒါဟာ ရက်သတ္တပတ်တစ်ပတ် (သို့) နှစ်ပတ် လောက်အထိ ထိန်သိမ်းနိုင်ပါတယ်။ ပြုပြင်ထိန်းသိမ်းမှုစရိတ်ကိုလည်း တူညီစွာ တာ၀န်ယူရပါမယ်။
ဒီဖြေရှင်းချက်က ရှုထောင့်များစွာက ကြည့်ရင် အကောင်းဆုံးဖြေရှင်းခြင်းနည်းလမ်းဖြစ်ပါတယ်။ အရွယ်မရောက်သေးတဲ့သူတွေမှာ မိဘတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေရှိပေမယ့်လည်း မိသားစုဘောင်ကို ဆက်လက်ရယူနိုင်ပါတယ်။ ဒါဟာ သူတို့ကို ပုံမှန် စိတ်ခံစားမှု ဖွံ့ဖြိုးတိုးတက်ဖို့ နှင့် သင့်လျော်စွာ နေထိုင်တတ်မှုကို ရရှိစေပါတယ်။

- Advertisement -

မိဘတွေရဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း မျှ၀ေထိန်းသိမ်းခြင်းက အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဒါဟာ မိဘအုပ်ထိန်းမှု၊ အချိန်၊ အားစိုက်မှုနှင့် ကလေးများကို ပြုစုပျိုးထောင်ဖို့ ကုန်ကျစရိတ်တွေကိုလည်း ခွဲ၀ေနိုင်ပါတယ်။ မိဘတွေအနေနဲ့ နှစ်ဦးစလုံးက သူတို့ကလေးရဲ့ နေ့စဥ်ဘ၀ကို မျှ၀ေနိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှုတွေမှာ ပါ၀င်နိုင်ပါတယ်။

လက်တွေ့ဘ၀ရဲ့ အခက်အခဲများ

ကွာရှင်းပြီးတဲ့နောက်မှာ မျှ၀ေခြင်းက လက်တွေ့ကျကျရှုပ်ထွေးမှများစွာရှိနေပါတယ်။ ထည့်သွင်းစဥ်းစားရမယ့်အချက်မှာ ပထမဆုံးအနေနဲ့ ကလေးရဲ့ အသက်အရွယ်ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် အသက်၆နှစ်အောက်ကလေးများက သူတို့ခင်တွယ်ပြီးတော့ တပူးတွဲတွဲရှိနေတဲ့သူများနှင့်သာ အတူထားဖို့ အကြံပြုချင်ပါတယ်။ ဒါဟာ အမေလည်း ဖြစ်နိုင်သလို အဖေလည်းဖြစ်နိုင်ပါတယ်။ အဲ့ဒီ့အချိန်မှာ မိဘတစ်ဦးကနေ တစ်ခြားတစ်ဦးကို မပြောင်းသင့်ပါဘူး။ စပိန်ဥပဒေမှာတော့ များသောအားဖြင့် ဒီကိစ္စကို မိခင်ကိုသာ ထိန်းသိမ်းခွင့်ပေးထားပါတယ်။ ထိန်းသိမ်းထားသူ ဘယ်သူမဆိုအခြားမိဘနှင့်အတူ ကလေးရဲ့ ဆက်ဆံရေးကို လွယ်ကူချောမွေ့စေဖို့ အလွန်ရက်ရက်ရောရောဖြစ်သင့်ပါတယ်။ ဒါဟာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မည်။

အသက်၆နှစ်ကျော်လာတဲ့အခါ တစ်အိမ်ကို တစ်လှည့်စီနေတာက လက်တွေ့ကျတဲ့အခက်အခဲတွေရှိနေပြန်ပါတယ်။ မတည်ငြိမ်မှုမျိုးတွေပေါ့။ ဒီပြဿနာကိုဖြေရှင်းဖို့ မိဘတွေဟာ အိမ်ကို မျှ၀ေဖို့ ရွေးချယ်ကြပါတယ်။ ကလေးတွေကို နေရာမပြောင်းတော့ဘဲ ဒီအိမ်မှာပဲ အလှည့်ကျနေထိုင်သူတွေဟာ လူကြီးတွေပါပဲ။ ဒါပေမယ့် ဒီနည်းလမ်းကိုတော့ သိပ်မတိုက်တွန်းလိုပါဘူး။ အိမ်ကို မျှ၀ေခြင်းက များသောအားဖြင့် အစားအစာ၊ ကုန်ကျစရိတ်၊ သန့်ရှင်းရေးစတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ ဇနီးမောင်နှံကြားမှာ ပြဿနာပဋိပက္ခတွေဖြစ်စေနိုင်ပါတယ်။

ကွာရှင်းပြောင်းတဲ့နောက်မှာ မျှ၀ေထိန်းသိမ်းမှုအဆင်သင့်ဖြစ်ခြင်း

လက်တွေ့မှာ စုံတွဲအများစုက ကွာရှင်းပြီးတဲ့အခါ အတူတူထိန်းသိမ်းထားတာမျိုးမလုပ်ချင်ကြဘူး။ အမျိုးသားများဟာ သူတို့ရဲ့ အလုပ်ချိန်၊ အချိန် ၊ ကျွမ်းကျင်မှုနဲ့ မကိုက်ညီဘူးလို့ ယူဆကြတယ်။ မိဘတစ်ဦးက တောင်းဆိုမယ်ဆိုရင် မိဘများက လိုအပ်သော စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုနှင့် ရက်ရောမှုရှိဖို့ လိုအပ်ပါတယ်။ မိဘတွေအနေနဲ့ ငွေရေးကြေးရေးဆိုင်ရာ အရည်အချင်းရှိရမှာဖြစ်ပြီးတော့ ကလေးတစ်ဦး ကလေးတစ်ဦးကို ပြုစုစောင့်ရှောက်ဖို့ နှင့် ပညာပေးဖို့လိုအပ်သော စိတ် ပိုင်းဆိုင်ရာအရင်းအမြစ်တွေမှာ ကျွမ်းကျင်မှုရှိဖို့ လိုအပ်ပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ မိဘများကွာရှင်းပြီးနောက် ကလေးများအတွက်အကောင်းဆုံးဖြစ်နိုင်သော အခြေအနေမှာ ရိုသေလေးစားမှုနှင့် ကောင်းမွန်သော ဆက်သွယ်မှုကို ထိန်းသိမ်းထားခြင်းဆိုတာ သံသယဖြစ်ဖို့လိုမယ် မထင်ပါဘူး။ ဘယ်လိုထိန်းသိမ်းထားမှုမျိုးမှာမဆို မိဘများအကြား ကောင်းမွန်သော ဆက်ဆံရေးက ကလေးများရင်ဆိုင်ဖို့ ခက်ခဲသော အခြေအနေအချို့ကို လျော်ကြေးပေးနိုင်ဖို့ ကူညီရာရောက်ပါတယ်။

Chit_May_May

Nyein_Thu

sources-Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here