အိမ်ထောင်ရှိတဲ့သူရော၊ ကလေးငယ်လေးတွေမွေးထားတဲ့သူရော မိမိရဲ့ကလေးကို ဘယ်လိုပြုစုစောင့်ရှောက်ရမလဲဆိုတာ

0
539
- Advertisement -

၁။ ကလေးကို ဘယ်လိုချီမလဲ။

မွေးကာစ ကလေးကို ပွေ့ချီဖို့ဆိုတာ အရမ်းကိုခက်ခဲစေပါတယ်။ မချီတက်ရင် အန္တရာယ်များသလို၊ တခါတလေမှာလည်း အသည်းယားလို့ ချီရမှာကြောက်သလိုလိုဖြစ်တတ်ပါတယ်။ အိမ်ထောင်ကျပြီး ကိုယ်မိဘနဲ့ဝေးတဲ့အခါ သင်ယူပေးဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့အတွက်ဖြစ်သလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ယူတာက ကလေးအတွက်ထိခိုက်မှုဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ကလေးကို ပွေ့ချီတော့မယ်ဆိုရင် ပထမဦးဆုံး ပုံမှာပြထားသလို လက်တစ်ဖက်က ကလေးရဲ့ တင်ပါးအောက်မှာပွေ့ထားပြီး နောက်လက်တစ်ဖက်ကတော့ ကလေးရဲ့ ဦးခေါင်းအောက်မှာ လျှိုထားဖို့လိုအပ်ပါတယ်။ ကလေးရဲ့ ဦးခေါင်းဟာ ပျော့ပျောင်းပြီး ထိခိုက်လွယ်တဲ့အတွက် အနှီး ဒါမှမဟုတ် ခေါင်းစွပ်တစ်ခုခု ခံပြီးမှ ပွေ့ချီတာအကောင်းဆုံးဖြစ်ပါတယ်။

၂။ မွေးမွေးပြီးချင်း ရက်ပေါင်း ၃၀ စောင့်ရှောက်ဖို့လိုအပ်

- Advertisement -

ကလေးမွေးမွေးပြီးချင်း ရက်ပေါင်း ၃၀ လောက်စောင့်ရှောက်ဖို့က မိခင်တွေအတွက် အရမ်းကို အရေးကြီးပါတယ်။ မိခင်နို့ကို တိုက်ကျွေးရတဲ့အတွက် နို့မပြက်ခင်အချိန်ထိ မိခင်အနေနဲ့ ကျန်းမာရေးနဲ့ ကလေးအတွက် သင့်တော်မဲ့အစားအသောက်မျိုးကို ရွေးချယ်စားသုံးင့်ပြီး အခုမှသားဦးကလေးမွေးဖွားရတဲ့မိခင်တွေအတွက် အိပ်တာကအစ အစစအရာရာအကုန်ခက်ခဲစေပါတယ်။ ကလေးအိပ်တဲ့အခါ သင့်ရဲ့အခန်းကို မီးမှိန်ထားပြီး ကိုယ့်ရဲ့ကလေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့အချိန်ထိ စိတ်ရှည်ရှည်နဲ့စောင့်ဖို့လိုအပ်ပါတယ်။

၃။ ကလေးအနှီးပတ်နည်း

သားဦးကလေးမွေးပြီး အတွေ့အကြုံမရှိတဲ့ မိခင်အတွက်တော့ ကလေးအနှီးပတ်ရတာ လွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး။ မှန်မှန်ကန်ကန် အနှီးပတ်တတ်မှ ကလေးကလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှာဖြစ်ပါတယ်။ ဒါ့ကြောင့်ကလေးအနှီးမှန်မှန်ကန်ကန်ထုတ်တတ်အောင်ပုံနဲ့တစ်ကွ မျှဝေပေးလိုက်တယ်နော်။

၄။ ကလေးနို့တိုက်ကျွေးတဲ့အခါ

မွေးမွေးပြီးချင်း ပထမဦးဆုံးရက်အနည်းငယ်အတွင်း မိခင်ရဲ့ နို့ရည်ဟာ ကလေးရဲ့ အဓိက အဟာရအစားအစာဖြစ်တဲ့အတွက် ကောင်းကောင်းမွန်မွန် နို့တိုက်ကျွေးနိုင်ဖို့လိုအပ်ပါတယ်။ နို့တိုက်ကျွေးမှု ပုံမမှန်တဲ့အခါ ကလေးငယ်တွေအတွက် နို့ရည်သီးခြင်း၊ ကောင်းကောင်းမွန်မွန်နို့ရည်မရခြင်းစတဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ပုံမှာပြထားသလို စနစ်ကျ နို့ရည်တိုက်ကျွေးတတ်ဖို့လိုအပ်ပါတယ်။

၅။ ကလေးငယ်တွေ လေတက်တဲ့အခါ

ပထမဦးဆုံးလအနည်းငယ်အတွင်းမှာ လေတက်ခြင်းဖြစ်ပေါ်တဲ့အခါ မိခင်အနေနဲ့အထူးစောင့်ရှောက်တတ်ဖို့လိုအပ်ပါတယ်။ ဒီပြဿနာဖြစ်ပေါ်လာတဲ့အခါ သင့်ရဲ့ ပုခုံးထက်မှာရဲ့ မေ့စေ့ကို တင်ပြီးရင်ဘက်ထဲမှာထားပါ။ ပြီးလည်း သင့်ရဲ့ လက်တစ်ဖက်က ကလေးရဲ့ ကျောကို ညင်ညင်သာသာပွတ်သက်ခြင်း သို့မဟုတ် ညင်ညင်သာသာလေး ပုတ်ပေးခြင်းကို ပြုလုပ်သင့်ပါတယ်။
အရေးပေါ်အခြေအနေအရ အသက်ရှူမွန်းကျပ်ခြင်းဖြစ်ပေါ်တဲ့အခါ ရှေ့ဦးသူနာပြုလမ်းစဉ်အရ ကလေးကို စနစ်တကျအသက်ကယ်နိုင်ဖို့အရေးကြီးပါတယ်။ ဒီလိုအခြေအနေမျိုးကြုံလာတဲ့အခါ ပထမဦးစွာ သင့်ရဲ့ ပေါင်ပေါ်မှာကလေးကို မှောက်လျှက်ထားပြီး လက်ညိုးနဲ့ လက်ခလယ်က ကလေးရဲ့လည်ပင်းကို ခွထားပြီး လက်ဝါးကတော့ ရင်ဘက်အောင်မှာ ထားထားပေးရပါမယ်။ ပြီးလျှင်ကျန်လက်တစ်ဖက်ကနေ ကလေးရဲ့ နောက်ကျောနေရာသို့ ၅ကြိမ် ညင်ညင်သာသာပုတ်ပေးပါ။ ပြီးလျှင် ပက်လက်ပြန်လှန်ပြီ ပထမကလိုပဲ လက်တစ်ဖက်ရဲ့ လက်ညိုးနဲ့ လက်ခယ်က ကလေးရဲ့ ဇာက်ပိုးနေရာကို ခွကိုင်ထားပြီး လက်ဝါးကတော့ကလေးရဲ့ နောက်ကျောမှာ ခံထားပေးရပါမယ်။ ပြီးလျှင် ရင်ဘက်နေရာသို့ လက်နှစ်ချေင်းနဲ့ ညင်ညင်သာသာ ၅ကြိမ်တွန်းပေးဖို့လိုအပ်ပါတယ်။

၆။ ကလေးငယ်တွေကို နှိပ်နယ်ပေးခြင်း

Adorable Baby massage collage
ကလေးငယ်တွေအတွက် နှိပ်နယ်ပေးခြင်းဟာ အရိုးနဲ့ ကြွက်သားတွေကို သန်မာစေဖို့အတွက် အစပြုပေးပါတယ်။ အစာမကျွေးရသေးခင်အချိန် ဒါမှမဟုတ် အစာကျွေးပြီး အနည်းငယ်အချိန်ကြာတဲ့အခါ နှိပ်နယ်ပေးဖို့လိုအပ်ပါတယ်။ ပထမဦးဆုံး ပြေပြစ်တဲ့ မျက်နှာပြင်ပေါ်မှာ သင့်ကလေးကို စောင် ဒါမှမဟုတ် အဝတ်တစ်ခုခုခင်းပြီး ကလေးငယ်တွေအတွက် အသီးအရွက်ကို အခြေခံပြီးထုတ်လုပ်ထားတဲ့ ဆီတစ်ခုခုကိုလိမ်းပြီး နှိပ်နယ်ပေးဖို့စတင်ပါ။ သင့်ရဲ့လက်ဖြင့် ကလေးရဲ့ ခြေထောက်၊ ရင်ဘက် နဲ့ ကလေးရဲ့ နောက်ကျောတို့ကို ညင်ညင်သာသာ နှိပ်နယ်ပေးသင့်ပါတယ်။

Lifestyle_Myanmar

Thar_Nage

Zawgyi Font

အိမ္ေထာင္ရွိတဲ့သူေရာ၊ ကေလးငယ္ေလးေတြေမြးထားတဲ့သူေရာ မိမိရဲ႕ကေလးကို ဘယ္လိုျပဳစုေစာင့္ေရွာက္ရမလဲဆိုတာ

၁။ ကေလးကို ဘယ္လိုခ်ီမလဲ။

ေမြးကာစ ကေလးကို ေပြ႕ခ်ီဖို႔ဆိုတာ အရမ္းကိုခက္ခဲေစပါတယ္။ မခ်ီတက္ရင္ အႏၱရာယ္မ်ားသလို၊ တခါတေလမွာလည္း အသည္းယားလို႔ ခ်ီရမွာေၾကာက္သလိုလိုျဖစ္တတ္ပါတယ္။ အိမ္ေထာင္က်ၿပီး ကိုယ္မိဘနဲ႔ေဝးတဲ့အခါ သင္ယူေပးဖို႔ဆိုတာလည္း မျဖစ္ႏိုင္တဲ့အတြက္ျဖစ္သလို ကိုယ့္နည္းကိုယ့္ဟန္နဲ႔ လုပ္ယူတာက ကေလးအတြက္ထိခိုက္မႈျဖစ္ေပၚေစပါတယ္။ ဒါ့ေၾကာင့္ ကေလးကို ေပြ႕ခ်ီေတာ့မယ္ဆိုရင္ ပထမဦးဆုံး ပုံမွာျပထားသလို လက္တစ္ဖက္က ကေလးရဲ႕ တင္ပါးေအာက္မွာေပြ႕ထားၿပီး ေနာက္လက္တစ္ဖက္ကေတာ့ ကေလးရဲ႕ ဦးေခါင္းေအာက္မွာ လွ်ိဳထားဖို႔လိုအပ္ပါတယ္။ ကေလးရဲ႕ ဦးေခါင္းဟာ ေပ်ာ့ေပ်ာင္းၿပီး ထိခိုက္လြယ္တဲ့အတြက္ အႏွီး ဒါမွမဟုတ္ ေခါင္းစြပ္တစ္ခုခု ခံၿပီးမွ ေပြ႕ခ်ီတာအေကာင္းဆုံးျဖစ္ပါတယ္။

၂။ ေမြးေမြးၿပီးခ်င္း ရက္ေပါင္း ၃၀ ေစာင့္ေရွာက္ဖို႔လိုအပ္

ကေလးေမြးေမြးၿပီးခ်င္း ရက္ေပါင္း ၃၀ ေလာက္ေစာင့္ေရွာက္ဖို႔က မိခင္ေတြအတြက္ အရမ္းကို အေရးႀကီးပါတယ္။ မိခင္ႏို႔ကို တိုက္ေကၽြးရတဲ့အတြက္ ႏို႔မျပက္ခင္အခ်ိန္ထိ မိခင္အေနနဲ႔ က်န္းမာေရးနဲ႔ ကေလးအတြက္ သင့္ေတာ္မဲ့အစားအေသာက္မ်ိဳးကို ေရြးခ်ယ္စားသုံးင့္ၿပီး အခုမွသားဦးကေလးေမြးဖြားရတဲ့မိခင္ေတြအတြက္ အိပ္တာကအစ အစစအရာရာအကုန္ခက္ခဲေစပါတယ္။ ကေလးအိပ္တဲ့အခါ သင့္ရဲ႕အခန္းကို မီးမွိန္ထားၿပီး ကိုယ့္ရဲ႕ကေလး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားတဲ့အခ်ိန္ထိ စိတ္ရွည္ရွည္နဲ႔ေစာင့္ဖို႔လိုအပ္ပါတယ္။

၃။ ကေလးအႏွီးပတ္နည္း

သားဦးကေလးေမြးၿပီး အေတြ႕အႀကံဳမရွိတဲ့ မိခင္အတြက္ေတာ့ ကေလးအႏွီးပတ္ရတာ လြယ္တဲ့အလုပ္ေတာ့မဟုတ္ပါဘူး။ မွန္မွန္ကန္ကန္ အႏွီးပတ္တတ္မွ ကေလးကလည္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္မွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ကေလးအႏွီးမွန္မွန္ကန္ကန္ထုတ္တတ္ေအာင္ပုံနဲ႔တစ္ကြ မွ်ေဝေပးလိုက္တယ္ေနာ္။

၄။ ကေလးႏို႔တိုက္ေကၽြးတဲ့အခါ

ေမြးေမြးၿပီးခ်င္း ပထမဦးဆုံးရက္အနည္းငယ္အတြင္း မိခင္ရဲ႕ ႏို႔ရည္ဟာ ကေလးရဲ႕ အဓိက အဟာရအစားအစာျဖစ္တဲ့အတြက္ ေကာင္းေကာင္းမြန္မြန္ ႏို႔တိုက္ေကၽြးႏိုင္ဖို႔လိုအပ္ပါတယ္။ ႏို႔တိုက္ေကၽြးမႈ ပုံမမွန္တဲ့အခါ ကေလးငယ္ေတြအတြက္ ႏို႔ရည္သီးျခင္း၊ ေကာင္းေကာင္းမြန္မြန္ႏို႔ရည္မရျခင္းစတ့ဲျပႆနာေတြျဖစ္လာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ပုံမွာျပထားသလို စနစ္က် ႏို႔ရည္တိုက္ေကၽြးတတ္ဖို႔လိုအပ္ပါတယ္။

၅။ ကေလးငယ္ေတြ ေလတက္တဲ့အခါ

ပထမဦးဆုံးလအနည္းငယ္အတြင္းမွာ ေလတက္ျခင္းျဖစ္ေပၚတဲ့အခါ မိခင္အေနနဲ႔အထူးေစာင့္ေရွာက္တတ္ဖို႔လိုအပ္ပါတယ္။ ဒီျပႆနာျဖစ္ေပၚလာတ့ဲအခါ သင့္ရဲ႕ ပုခုံးထက္မွာရဲ႕ ေမ့ေစ့ကို တင္ၿပီးရင္ဘက္ထဲမွာထားပါ။ ၿပီးလည္း သင့္ရဲ႕ လက္တစ္ဖက္က ကေလးရဲ႕ ေက်ာကို ညင္ညင္သာသာပြတ္သက္ျခင္း သို႔မဟုတ္ ညင္ညင္သာသာေလး ပုတ္ေပးျခင္းကို ျပဳလုပ္သင့္ပါတယ္။
အေရးေပၚအေျခအေနအရ အသက္႐ွဴမြန္းက်ပ္ျခင္းျဖစ္ေပၚတဲ့အခါ ေရွ႕ဦးသူနာျပဳလမ္းစဥ္အရ ကေလးကို စနစ္တက်အသက္ကယ္ႏိုင္ဖို႔အေရးႀကီးပါတယ္။ ဒီလိုအေျခအေနမ်ိဳးႀကံဳလာတဲ့အခါ ပထမဦးစြာ သင့္ရဲ႕ ေပါင္ေပၚမွာကေလးကို ေမွာက္လွ်က္ထားၿပီး လက္ညိဳးနဲ႔ လက္ခလယ္က ကေလးရဲ႕လည္ပင္းကို ခြထားၿပီး လက္ဝါးကေတာ့ ရင္ဘက္ေအာင္မွာ ထားထားေပးရပါမယ္။ ၿပီးလွ်င္က်န္လက္တစ္ဖက္ကေန ကေလးရဲ႕ ေနာက္ေက်ာေနရာသို႔ ၅ႀကိမ္ ညင္ညင္သာသာပုတ္ေပးပါ။ ၿပီးလွ်င္ ပက္လက္ျပန္လွန္ၿပီ ပထမကလိုပဲ လက္တစ္ဖက္ရဲ႕ လက္ညိဳးနဲ႔ လက္ခယ္က ကေလးရဲ႕ ဇာက္ပိုးေနရာကို ခြကိုင္ထားၿပီး လက္ဝါးကေတာ့ကေလးရဲ႕ ေနာက္ေက်ာမွာ ခံထားေပးရပါမယ္။ ၿပီးလွ်င္ ရင္ဘက္ေနရာသို႔ လက္ႏွစ္ေခ်င္းနဲ႔ ညင္ညင္သာသာ ၅ႀကိမ္တြန္းေပးဖုိ႔လိုအပ္ပါတယ္။

၆။ ကေလးငယ္ေတြကို ႏွိပ္နယ္ေပးျခင္း

Adorable Baby massage collage
ကေလးငယ္ေတြအတြက္ ႏွိပ္နယ္ေပးျခင္းဟာ အ႐ိုးနဲ႔ ၾကြက္သားေတြကို သန္မာေစဖို႔အတြက္ အစျပဳေပးပါတယ္။ အစာမေကၽြးရေသးခင္အခ်ိန္ ဒါမွမဟုတ္ အစာေကၽြးၿပီး အနည္းငယ္အခ်ိန္ၾကာတဲ့အခါ ႏွိပ္နယ္ေပးဖို႔လိုအပ္ပါတယ္။ ပထမဦးဆုံး ေျပျပစ္တဲ့ မ်က္ႏွာျပင္ေပၚမွာ သင့္ကေလးကို ေစာင္ ဒါမွမဟုတ္ အဝတ္တစ္ခုခုခင္းၿပီး ကေလးငယ္ေတြအတြက္ အသီးအရြက္ကို အေျခခံၿပီးထုတ္လုပ္ထားတဲ့ ဆီတစ္ခုခုကိုလိမ္းၿပီး ႏွိပ္နယ္ေပးဖို႔စတင္ပါ။ သင့္ရဲ႕လက္ျဖင့္ ကေလးရဲ႕ ေျခေထာက္၊ ရင္ဘက္ နဲ႔ ကေလးရဲ႕ ေနာက္ေက်ာတုိ႔ကို ညင္ညင္သာသာ ႏွိပ္နယ္ေပးသင့္ပါတယ္။

Lifestyle_Myanmar

Thar_Nage

LEAVE A REPLY

Please enter your comment!
Please enter your name here