အိမ်မှာ ရန်ဖြစ်ခြင်းရဲ့ ကလေးတွေအပေါ် ဆိုးကျိုးသက်ရောက်မှု (၅)ခု

0
250
- Advertisement -

သင့်ရဲ့အိမ်ထောင်ရေးက ဘယ်လောက်ပျော်ရွင်ပြီး ဘယ်လောက်ပဲ ရင့်ကျက်ပါစေ၊ အိမ်မှာ အငြင်းပွားမှုနဲ့ ခက်ခဲတဲ့အချိန်တွေ‌ အမြဲတမ်းရှိပါလိမ့်မယ်။ သို့သော် တခါတရံမှာ ကလေးတွေ ရှိနေတာ၊ ၎င်းက သူတို့ရဲ့ ဖွံ့ဖြိုးတိုးတတ်မှုအပေါ် ဆိုးရွားစွာ အကျိုးသက်ရောက်နိုင်တာကို မေ့သွားနိုင်ပါတယ်။ ဒါ့ကြောင့် ယနေ့ဆောင်းပါးလေးကနေ အိမ်မှာ ရန်ဖြစ်ခြင်းက ကလေးငယ်တွေအပေါ် သက်ရောက်နိုင်တဲ့ သက်ရောက်မှု ငါးခုအကြောင်းကို မျှဝေပေးချင်ပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုနှင့် ၎င်းရဲ့ ဆိုးကျိုးများ

ယူနီဆက်ရဲ့ အဆိုအရ မိသားစုတစ်စုဟာ မိသားစုဝင်များကို အကာအကွယ်ပေးခြင်း၊ ပညာပေးခြင်း၊ ကျွေးမွေးစောင့်ရှောက်ခြင်းအတွက် အရေးအပါဆုံး လူမှုအဖွဲ့အစည်းဖြစ်ပါတယ်။ ပြောဆိုဆက်ဆံရေးမကောင်းတာ၊ စိတ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကြောင့် မိဘတွေအကြား စကားများမှုဟာ သူတို့ကိုသာမက ကလေးတွေကိုပါ ထိခိုက်စေလာနိုင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းရှိ ကလေးတွေဟာ အခြားနေရာတွေထက် သူတို့ရဲ့အိမ်ပတ်ဝန်းကျင်မှာ အကြမ်းဖက်မှုတွေ ပိုကြုံတွေ့ရနိုင်တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။ မိဘတွေ ရန်ဖြစ်တာနဲ့ ကလေးအပေါ် အကျိုးသက်ရောက်မှု မရှိဘူးလို့ သင်ထင်ပါလိမ့်မယ်။ တကယ်တော့ နှုတ်ဖြင့် ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ မိဘတွေအကြား ရန်ပွဲက အိမ်တွင်း အကြမ်းဖက်မှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ အိမ်တွင်း အငြင်းပွားမှုက ကလေးတွေကို သွယ်ဝိုက်ပြီးရော၊ တိုက်ရိုက်ရော သက်ရောက်မှုရှိပါတယ်။

- Advertisement -
Parents fighting

၁။ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ

အိမ်မှာ ရန်ဖြစ်ခြင်းက ကလေးမှာ ဖွံ့ဖြိုးမှု နှေးကွေးခြင်း၊ အိပ်စက်မှု ပြဿနာများ၊ အစားအသောက် မူမမှန်တဲ့ ပြဿနာများ နှင့် psychosomatic ရောဂါများ စသည်တို့ ဖြစ်နိုင်ပါတယ်။

၂။ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ

ရန်ပွဲတွေ ပုံမှန်ဖြစ်တဲ့ အိမ်ထောင်စုတစ်ခုမှာ ကလေးတွေရဲ့ စိတ်ခံစားချက်တွေကို နားလည်ဖို့ ရုန်းကန်ရနိုင်ပါတယ်။ စိတ်ပျက်စရာ ၊ဒေါသတွေကို ဖြေရှင်းဖို့ သူတို့အတွက် ခက်ခဲနိုင်ပါတယ်။ ၎င်းက သူတစ်ပါးကို ဖြစ်စေ၊ မိမိကိုယ်ကို ဖြစ်စေ အကြမ်းဖက်တဲ့ အပြုအမှု ဖြစ်လာစေပါတယ်။

ဒီစိတ်ဒဏ်ရာနှင့် ရင်ဆိုင်ရတဲ့အခါ သူတို့ အကူအညီမဲ့သလို ခံစားရနိုင်ပါတယ်။ ဒီအရာက စိုးရိမ်ခြင်းနှင့် ကြောက်ရွံခြင်းတို့ကြောင့် တခြားသူများ ဖယ်ကျဉ်တာ ခံရနိုင်ပါတယ်။

၃။ လူမှုရေး သက်ရောက်မှုများ

အိမ်မှာရန်ဖြစ်ခြင်းရဲ့ နောက်ထပ်သက်ရောက်မှုတစ်ခုက တခြားရင်းနှီးတဲ့ သူတွေနဲ့ (သို့) သူငယ်ချင်း အ‌ပေါင်းအသင်းတွေနဲ့ ကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်စွမ်းကို ဆုံးရှုံးစေနိုင်ပါတယ်။ သူတို့ဟာ စိတ်ဒဏ်ရာကို ထပ်မံခံစားရမှာကို စိုးရိမ်တာကြောင့် violent အမှတ်တရတွေနဲ့ ပတ်သတ်ပြီး ဆက်စပ်နေတဲ့ အရာတွေကို မခံစားမိစေဖို့ ရှောင်ရှားတဲ့ အပြုအမှုတွေကို အသုံးပြုကြပါတယ်။ သူတို့ဟာ တသီးတသန့်နေလာတာ၊ ရန်လိုလာတာ၊ စာနာစိတ်ကင်းမဲ့လာလည်း ဖြစ်လာနိင်ပါတယ်။

၄။ Cognitive သက်ရောက်မှုများ

မိဘတွေ ရန်ဖြစ်တာကို မြင်တွေ့ရတဲ့ ကလေးတွေဟာ အာရုံစူးစိုက်ဖို့ ခက်ခဲပါတယ်။ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတတ်မှုနှင့် ပညာရေး စွမ်းဆောင်ရည်အပေါ် သက်ရောက်စေတဲ့ အာရုံစိုက်မှုကို ခက်ခဲစေနိုင်ပါတယ်။ ဒါက dissociative အပြုအမှုတွေကိုလည်း ဖွံ့ဖြိုးစေနိုင်ပါတယ်။ dissociative အပြုအမှုတွေဆိုတာ ပဋိပက္ခနဲ့ စိတ်ဖိစီးမှုကို အနည်းဆုံးဖြစ်အောင် အမှန်တရားနဲ့ ဝေးကွာဖို့ ကြိုးစားတဲ့ ကာကွယ်ရေးယန္တရားတစ်ခုဖြစ်ပါတယ်။

၅။ Self-esteem သက်ရောက်မှုများ

သူတို့ဟာ ဖွံ့ဖြိုးဆဲကလေးတွေ ဖြစ်တာကြောင့် သူတို့ကိုယ်သူတို့နှင့် ပတ်သတ်ပြီး မကောင်းတဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ သူတို့မှာ အပြစ်ရှိတယ်၊ ရန်ပွဲအတွက် တာဝန်ရှိတယ်လို့ တွေးပါလိမ့်မယ်။ ဒါက ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု၊ စိတ်ဓါတ်ကျမှုနှင့် စိုးရိမ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။

နိဂုံးချုပ်

မိသားစုအကြမ်းဖက်မှုက ကလေးတွေအကြား နာကျင်ခြင်း၊ ရန်လိုခြင်းနှင့် ဆတ်ဆတ်ထိမခံတဲ့ အပြုအမှု စတာတွေနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဒီပြဿနာတွေကို အချိန်မီကိုင်တွယ် ဖြေရှင်းခြင်း မရှိပါက ကလေးတွေရဲ့ ကျန်းမာရေးအတွက်သာမက လူ့အဖွဲ့အစည်းအတွက်ပါ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာစေနိုင်ပါတယ်။
မိဘတွေအနေနဲ့ မိမိတို့ရဲ့လုပ်ရပ်တွေကို တာဝန်ယူပြီး အကောင်းဆုံးနည်းဖြင့် စီမံခန့်ခွဲရပါမယ်။ ဒီအဆိပ်အတောက်ဖြစ်စေသော ပုံစံများကို ပြောင်းလဲဖို့နှင့် သင့်ဆက်ဆံရေးပြဿနာများကို မေတ္တာပါတဲ့နည်းဖြင့် ဖြေရှင်းဖို့ ကြိုးစားပါ။ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ကောင်းကျိုးက အရမ်းအရေးကြီးပါတယ်။ သူတို့ပျော်ရွင်နေကြောင်း သေချာပါစေ။

Lifestyle_Myanmar

LM_Nandar

Source-steptohealth.

LEAVE A REPLY

Please enter your comment!
Please enter your name here