အုပ်ထိန်းမှုမှာ အဆင့်မြင့်ကျွမ်းကျင်တဲ့မိဘတွေတောင် မှားတတ်တဲ့အမှား(၇)ခု

0
6984
- Advertisement -

ဒီနေ့ခေတ်မှာ ယောင်္ကျားလေးနဲ့ မိန်းကလေးတန်းတူအခွင့်အရေးရဖို့ မျှော်လင့်လို့ ရနေပါပြီ။ ရှေးဟောင်းပုံစံအစဥ်အလာအရ ရိုးရာဓလေ့ထုံးတမ်းတွေအရ မတူကွဲပြားတဲ့ကျားမတို့ရဲ့ ကလေးတွေဘယ်လိုပြုမူသွန်သင်ရမယ်၊ဘယ်လို၀ါသနာတွေရှိသင့်ကြောင့် ဘယ်လိုခံစားသင့်တယ်ဆိုတာ ညွှန်ပြကြတယ်။ လက်တွေ့မှာတော့ တစ်ချို့စည်းမျဥ်းစည်းကမ်းအချို့ဟာ ခေတ်သစ်ဘ၀မှာ စွန့်ပစ်သင့်တာတွေ ပါနေပါတယ်။

ဥပမာအားဖြင့် တစ်ချို့ယောင်္ကျားလေးတွေဟာ စစ်မှန်တဲ့လူကြီးလူကောင်းတွေဖြစ်လာကြပြီးတော့ သူတို့ရဲ့အမှန်တကယ်ခံစားချက်၊ လိုအပ်ချက်တွေကိုတော့ သို၀ှက်မျိုသိပ်ထားတတ်ကြတယ်။ သူတို့ဟာ သူတို့ရဲ့အစွမ်းခွန်အားတွေကိုသာပြသဖို့ကြိုးစားတတ်ကြတယ်။ ယောင်္ကျားလေးတွေကို ပြုစုပျိုးထောင်ဖို့အတွက် ကျယ်ပြန့်တဲ့စည်းမျဥ်းစည်းကမ်းတွေက ကလေးတွေကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်တဲ့။ ဒီကနေ့မှာ သားသမီးပြုစုပျိုးထောင်မှုတွေနဲ့ ပတ်သက်ပြီးတော့ ကျွမ်းကျင်အဆင့်ရှိတဲ့မိဘတွေတောင် မှားတတ်တဲ့ မိဘအုပ်ထိန်းမှုတွေနဲ့ပတ်သက်ပြီး မျှ၀ေပေးပါ့မယ်။

၁။ ယောင်္ကျားလေးတွေကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဖယ်ထုတ်ခြင်းဖြင့် တွက်ထုတ်သင့်တယ်။

- Advertisement -

စိတ်ပညာရှင်တွေကတော့ ခေတ်သစ်လူတွေဟာကျူးကျော်စွန့်လွှတ်ဖို့ အဆင့်သင့်မဖြစ်သေးဘူးလို့ ပြောကြတယ်။ ၎င်းက အချို့သောအခြေအနေတွေမှာ သဘာ၀ကာကွယ်ရေးယန္တရားအဖြစ် တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။ ဥပမာအားဖြင့် အရွယ်တူကလေးတစ်ယောက်က သင့်ကလေးအပေါ်မှာ ရန်လိုတဲ့သဘောထားနေတယ်ဆိုရင် ၎င်းတို့နဲ့တိုက်ခိုက်ခြင်းကို ရှောင်ရှားဖို့မဖြစ်နိုင်ပါဘူး။ သင့်ကလေးဟာ ပဋိပက္ခစကားလုံးတွေနဲ့ ဖြေရှင်းဖို့ကြိုးစားခြင်းက အရှက်ရသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုဖြစ်ပျက်တဲ့အခါသင်ကိုယ်တိုင် ရပ်တည်ဖို့အရေးကြီးပါတယ်။

တစ်ဖက်ရန်သူကို မကြောက်တဲ့သူက ရန်ပွဲကိုအစပြုခြင်းနှင့် သင့်တင့်လျောက်ပတ်စွာငြင်းဆန်ဖို့အဆင့်သင့်ဖြစ်ကြောင်း ပြသဖို့ကလေးကို သင်ကြားရန်လိုအပ်ပါတယ်။ သူ့အနေနဲ့ ရန်ပွဲကို ဦးဆုံးစတင်ဖို့ဆိုလိုခြင်းမဟုတ်ပါ။

၂။ ကျူးကျော်ရန်ပြသဖို့ တိုက်တွန်းတဲ့အခါ

သင့်ရဲ့သားကို ရက်စက်ကြမ်းကြုတ်တဲ့ အင်အားစုတွေနှင့် ပဋိပက္ခတွေဖြေရှင်းဖို့ သင်ကြားဖို့ လိုအပ်တယ်လို့ မဆိုလိုပါဘူး။ မိဘအများစုမှာ ကွဲပြားခြားနားတဲ့အမြင်တွေရှိကြပါတယ်။ သူတို့နှင့် မသင့်လျော်တဲ့အပြုအမူတွေကို ပြုတဲ့သူ ဘယ်သူ့ကိုမဆိုတိုက်ခိုက်ဖို့ တိုက်တွန်းထားပါ။ ”သင့်ကိုယ်သင်အတွက် ရပ်တည်ပါ” သို့သော် ”အမြဲတမ်းတိုက်ခိုက်နေမယ်လို့ မဆိုလိုပါ”။

၃။ ယောင်္ကျားလေးတွေကို မငိုနဲ့လို့ ပြောပြီးမိန်းကလေးတွေနဲ့ နှိုင်းယှဥ်ကြတဲ့အခါ

ဒီလိုမိဘတွေရဲ့ အပြုအမူတွေက အကြောင်းအမျိုးမျိုးနဲ့ အန္တရာယ်ရှိနေနိုင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ၎င်းကကောင်လေးကို စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို ခံစားစေပါတယ်။ သူခံစားရတဲ့သဘာ၀ခံစားချက်တွေကို ဖုံးကွယ်ထားဖို့ လိုအပ်တယ်လို့ စတင်စဥ်းစားလာနိုင်ပါတယ်။ ဒုတိယအချက်ကတော့ ၎င်းက သူတို့ကိုယ်တိုင်နှင့် တခြားလူတွေနဲ့ပတ်သက်ပြီးတော့ အထင်လွဲမှားစေနိုင်ပါတယ်။ ”ယောင်္ကျားတွေက မငိုကြဘူးဆိုရင် ငါငိုတာက ငါ့မှာတစ်ခုခုမှားယွင်းနေတယ်လို့ဆိုလိုတာ”။

တတိယအချက်အနေနဲ့ သူတို့ကိုကျွန်မတို့က အပြစ်တင်ကြတယ်။ ပြီးတော့ ”မင်းက မိန်းကလေးတစ်ယောက်လိုပဲ”လို့ပြောတဲ့အခါမှာ မိန်းကလေးတွေဟာ ရှက်စရာကောင်းတယ်၊ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုညံ့တယ်လို့ ကလေးခေါင်းထဲကို ထည့်လိုက်တယ်။ ယနေ့ကမ္ဘာမှာ လိင်ပိုင်းဆိုင်ရာအခွင့်အရေးတွေနဲ့ ပတ်သက်ပြီးတော့ တက်ကြွစွာလှုံ့ဆော်နေကြတဲ့အချိန်မှာ ဒီယုံကြည်မှုတွေဟာ သင့်သားအတွက် မနှစ်မြို့ဖွယ်အခြေအနေတွေဖြစ်စေနိုင်ပါတယ်။

၄။ ယောင်္ကျားလေးတွေက မိန်းကလေးတွေကို အမြဲဦးစားပေးရမယ်လို့ ပြောတဲ့အခါ

အခြားအစွန်းရောက်ပြဿနာတစ်ခုကတော့ သူတို့ရဲ့ကိုယ်ပိုင်လိုအပ်ချက်များ၊ ဆန္ဒများနှင့် ပုံမှန်သာတူညီမျှတရားမျှတမှုခံစားချက်ကို ယောင်္ကျားလေးတစ်ဦးမှာသာ ပေါ်ထွက်လာစေဖို့ ကြိုးစားခြင်းဖြစ်ပါတယ်။ ကလေးတစ်ဦးက ကျားမတစ်ဦးအနေနဲ့ တစ်ခြားကျားမတစ်ဦးအပေါ်မှာ ဘာကြောင့်အထူးအခွင့်အရေးရှိတယ်ဆိုတာ ကလေးငယ်နားလည်ဖို့ ခက်ခဲပါလိမ့်မယ်။ အထူးသဖြင့် ကျွန်တော်တို့က မိန်းကလေးတွေဟာ ယောင်္ကျားလေးတွေထက် တော်တော်လေးအားနည်းတယ်လို့ ထည့်သွင်းစဥ်းစားမယ်ဆိုရင်တောင် ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေက အတူတူတွေဖြစ်ကြပါတယ်။

၅။ အဖိုးအဖွားတွေကို နမ်းဖို့ဖျောင်းဖျတဲ့အခါ

သင့်သားကို အဖိုးအဖွားတွေက နမ်းတဲ့အခါ မျိုးဆက်ဟောင်းတွေက အလွန်ကျေနပ်ပျော်ရွှင်ကြတယ်ဆိုတာ နားလည်နိုင်ပါတယ်။ သို့သော် သင့်ရဲ့ကလေးဘ၀ကို အမှတ်ရဖို့ကြိုးစားပါ။ ကျွန်တော်တို့ထဲက အနည်းငယ်သာ သက်ကြီးရွယ်အိုတွေနဲ့ အတူ နူးညံ့တဲ့အချိန်ကာလတွေကို တကယ်နှစ်သက်ကြတာပါ။ သူက သူ့အဘွားကိုစိတ်ဆိုးစေမှာ စိုးရိမ်စိတ်တစ်ခုနဲ့ လုပ်ခိုင်းမယ်ဆိုရင် ၎င်းကလုံး၀ကွဲပြားခြားနားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ဘယ်သူမှ သူတို့ချစ်မြတ်နိုးရတဲ့ မြေးကလေးရဲ့ စိတ်ဓာတ်ကို ပျက်စီးစေမှာ မဟုတ်ပါဘူး။

ဒီလိုသင့်ကလေးရဲ့ မနှစ်သက်မှုက ဒီအခြေအနေတစ်ခုက တစ်ခုတည်းသောကျော့ကွင်းမဟုတ်သေးပါဘူး။စိတ်ပညာတွေရဲ့ အဆိုအရ မျိုးဆက်သစ်တွေရဲ့အပြုအမူက ကလေးကိုသူ့ရဲ့ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်ပြီးတော့ မှားယွင်းတဲ့အတွေးအခေါ်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ၎င်းဟာ အနာဂတ်မှာ ကောင်းတဲ့အရာတစ်ခုဖြစ်လာပါလိမ့်မယ်လို့ လုံး၀ကတိမပေးနိုင်ပါဘူး။

၆။ အပြင်သွားတဲ့အခါ အ၀တ်အစားသစ်တွေ၀တ်ထားတဲ့အခါ

အပြင်ကိုသွားခြင်းရဲ့ အဓိကရည်ရွယ်ချက်က ကလေးငယ်အား သူ့ရဲ့ စွမ်းအင်ကို ထုတ်ပစ်ဖို့၊ ပြေးဖို့နှင့် ခုန်ဖို့၊ သူ့ရဲ့သိချင်စိတ်ကို ကျေနပ်စေဖို့နှင့် လတ်ဆတ်တဲ့လေကို ရှုရှိုက်ဖို့ပဲဖြစ်ပါတယ်။ တကယ်လို့ ကောင်လေးက ခုံတန်းရှည်ပေါ်မှာထိုင်နေချိန် (သို့) ကစားကွင်းပေါ်မှာ ဖြည်းဖြည်းလမ်းလျှောက်နေစဥ် လတ်ဆတ်တဲ့လေကို ရှုရှိုက်နိုင်ပါတယ်။ သို့ပေမယ့် သူက ပထမဦးဆုံးအရာ ၃ခုကို မပြီးမြောက်စေနိုင်ပါ။

ဒါ့ကြောင့် သင့်ရဲ့ မိခင်ရုပ်သွင်နှင့် ပတ်သက်ပြီးတော့ တခြားမိခင်တွေပြောမယ့်စကားတွေကို နားထောင်နေမယ့်အစား သင့်သားရဲ့လိုအပ်ချက်တွေကို အမြဲတမ်းစဥ်းစားသင့်ပါတယ်။ စွန်းထင်းနိုင်တဲ့အ၀တ်အစားတွေ ၀တ်ပေးပြီးတော့ ဘောလုံးကန်တဲ့အခါ စွန်းထင်းမှာမျိုး၊ မြက်ခင်းပြင်မှာ ကစားစေပြီး မလဲကျစေတာမျိုး၊ ညစ်ပေမှာ စိုးရိမ်တာမျိုးတွေ မဖြစ်တာပိုကောင်းပါလိမ့်မယ်။ သူ့ရဲ့ အ၀တ်အစားကို လွတ်လပ်စွာ၀တ်ဆင်စေပါ။ ဒီအရာတွေအားလုံးက သူ့ရဲ့သေးငယ်တဲ့အမှုဆောင်တစ်ဦးကဲ့သို့ ၀တ်စားဆင်ယင်ခြင်းနှင့် အပျော်အပါးအားလုံးကို ဆုံးရှုံးခြင်းထက် များစွာပိုကောင်းပါတယ်။

၇။ လူတွေက ယောင်္ကျားလေးတွေကို နို့တိုက်တာကို စောနိုင်သမျှစောစောဖြတ်ဖို့ ပြောလာတဲ့အခါ

မကြာခဏဆိုသလို ကျွန်တော်တို့ပတ်၀န်းကျင်မှာရှိတဲ့ ယောင်္ကျားလေးများရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုစိုးရိမ်တဲ့သူတွေက ကလေးငယ်လမ်းစလျှောက်တာနဲ့ မိခင်နို့ဖြတ်ဖို့ အကြံပြုကြတယ်။ သူတို့က ယောင်္ကျားလေးတစ်ဦးဟာ ယခုအချိန်မှာ အရာရာတိုင်းစတင်နားလည်လာတယ်လို့ ပြောဆိုပြီး မိခင်က နို့ဆက်တိုက်နေမယ်ဆိုရင် အမျိုးသမီးရဲ့ခန္ဓာမှာ အလွန်အမင်းစိတ်၀င်စားတဲ့လူတစ်ယောက်ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။

အမှန်တကယ်မှာတော့ ဒီသီအိုရီမှာ ၎င်းကိုထောက်ခံနိုင်မယ့် သီအိုရီမရှိသေးပါဘူး။ နို့တိုက်ခြင်းက ကလေးငယ်တွေအတွက် အလွန်အကျိုးရှိတယ်ဆိုတဲ့အတည်ပြုချက်တွေကိုသာ လေ့လာတွေ့ရှိရပြီး ကလေးက (၂)နှစ်ပြည့်သည်အထိ နို့တိုက်မယ်ဆိုရင်တောင် ရှက်စရာကိစ္စမဟုတ်ပါဘူး။

Chit_May_May

Nyein_Thu

sources-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here