Home Lotaya အောင်မြင်တဲ့ကလေးငယ်တွေကို ပျိုးထောင်နိုင်တဲ့ မိဘတွေမှာ တွေ့ရလေ့ရှိတဲ့ အမူအကျင့်များ

အောင်မြင်တဲ့ကလေးငယ်တွေကို ပျိုးထောင်နိုင်တဲ့ မိဘတွေမှာ တွေ့ရလေ့ရှိတဲ့ အမူအကျင့်များ

0
365

မိဘတိုင်းဟာ သူတို့ရဲ့ ကလေးတွေကို အောင်မြင်တဲ့လူကြီးတွေအတွက် ကြီးပြင်းလာစေချင်ကြပါတယ်။ သို့ပေမယ့် ကံမကောင်းစွာနဲ့ပဲ မိဘအများစုဟာ ပျိုးထောင်နည်းတွေ မှားယွင်းနေခဲ့ကြပါတယ်။ ဒါ့ကြောင့် ဒီကနေ့မှာ အောင်မြင်တဲ့ကလေးတွေကို ပြုစုပျိုးထောင်နိုင်တဲ့ မိဘတွေရဲ့ အမူအကျင့်လေးတွေကို မျှဝေပေးမှာပါ။

၁။ သူတို့ဟာ ကလေးတွေကို အိမ်မှုကိစ္စအသေးလေးတွေ ကူလုပ်စေတယ်

ကလေးတွေဖွံ့ဖြိုးတိုးတက်မှုအဆင့်မှာ ကလေးတွေဟာ မိမိတို့ရဲ့ အိမ်မှုကိစ္စကို ဝင်ရောက်လုပ်ကိုင်ရတဲ့အခါ သူတို့မှာ ကိုယ်ပိုင်တာဝန်တွေရှိတယ်ဆိုတာ နားလည်လာတယ်။ ဒီလိုကလေးတွေဟာ ၎င်းတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနှင့် အတူတူ လက်တွဲလုပ်ကိုင်ဖို့နှင့် စာနာစိတ်ပိုရှိဖို့၊ ပိုမြင့်မားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လုပ်ငန်းတွေကို လွတ်လွတ်လပ်လပ်လုပ်နိုင်လာတဲ့ ပိုကောင်းတဲ့ ဝန်ထမ်းတွေဖြစ်လာကြပါတယ်။

၂။ လူမှုဆက်ဆံရေးနှင့် စိတ်ခံစားမှုဆိုင်ရာကျွမ်းကျင်မှုတွေကို သူတို့ကလေးတွေကို သင်ကြားပေးတယ်

လူတွေဟာ လူမှုဆက်ဆံရေးသတ္တဝါဖြစ်တာကြောင့် လူမှုရေးဟာ အရမ်းအရေးကြီးပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကိုင်တွယ်နိုင်တဲ့ ကျွမ်းကျင်မှုတွေ ပိုင်ဆိုင်ထားတဲ့အခါ တစ်ခြားလူတွေရဲ့ စိတ်လှုပ်ရှားမှုတွေကို ဖြေရှင်းပေးနိုင်သလို ကိုယ်တိုင်ရဲ့ စိတ်လှုပ်ရှားမှုတွေကိုလည်း ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်။ တစ်ဘဝလုံးစာအရေးကြီးတဲ့ ကျွမ်းကျင်မှုတွေကို ငယ်ငယ်ကတည်းက တတ်မြောက်ထားတဲ့အခါ အောင်မြင်တဲ့ကလေးတွေဖြစ်လာတာ မထူးဆန်းတော့ပါဘူး။

၃။ သူတို့မှာ မြင့်မားတဲ့ ပညာရေးအဆင့်တွေရှိတယ်

၂၀၀၉ ခုနှစ်မှာ Green State University က ပြုလုပ်တဲ့ လေ့လာမှုအရ အဆင့်မြင့်ပညာရေးပြီးဆုံးပြီးတဲ့ မိဘတွေရဲ့ ကလေးတွေဟာ သူတို့မိဘရဲ့ လမ်းစဥ်အတိုင်းလိုက်လေ့ရှိကြပါတယ်။ ကိုယ်တိုင်ပညာတတ်တဲ့ မိဘတွေဟာ ပညာရဲ့ တန်ဖိုးအကြောင်းကောင်းကောင်းနားလည်ပြီး ကလေးတွေအပေါ်မှာလည်း အကောင်းဆုံးပညာရေးကို ပေးဖို့ ကြိုးစားကြပါတယ်။

၄။ သူတို့ရဲ့ အဖိုးတန်အချိန်တွေကို ကလေးတွေကို ပေးထားတယ်

ဆိုလိုတာက မိဘတွေဟာ ကလေးတွေအတွက် အဓိကအချိန်ပေးပြီး ဂရုစိုက်ပေးတာမျိုးပါ။ ကလေးတွေနဲ့အတူတူရှိနေပြီး ဖုန်း (သို့) အလုပ်ကို အာရုံစိုက်နေတဲ့ မိဘတွေများစွာ ရှိနေပါတယ်။ ဒီလိုအတူတူရှိနေမှသာ စိတ်ခံစားမှုတွေနဲ့ စွမ်းအင်တွေဟာ ကူးစက်နိုင်မှာပါ။ ကလေးတွေဟာ အပျက်သဘောစွမ်းအင်တွေ၊ ပဋိပက္ခတွေ၊ ဒေါသပေါက်ကွဲခြင်းတွေနဲ့ ထိတွေ့နေတဲ့ အိမ်ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတယ်ဆိုရင် ဒီကလေးမှာလည်း စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေရှိနေမှာ မလွဲမသွေပါပဲ။ ဒါပေမယ့် ဒီနေရာမှာရှိနေတဲ့ကလေးတွေဟာ စိတ်ဖိစီးမှုတွေလည်းရှိနေနိုင်တယ်လို့ စိတ်ပညာရှင် Kei Nomaguchi က ရှင်းပြခဲ့ပါတယ်။

၅။ သူတို့ကလေးတွေကို ကြီးမားတဲ့ စိတ်သဘောထားတွေကို သင်ပေးတယ်

သုတေသီ Carol Dweck ရဲ့ အဆိုအရ စိတ်သဘောထားနှစ်မျိုးရှိပါတယ်။ ပုံသေသတ်မှတ်ထားတဲ့ တယူသန်သဘောထားနှင့် အလိုက်သင့်ပြောင်းလဲကြီးမားတဲ့သဘောထားဖြစ်ပါတယ်။

တယူသန်သဘောထားရှိသူတွေဟာ သူတို့ အရည်အချင်းတွေနှင့် အရည်အသွေးတွေကို ပုံသေအကျင့်စရိုက်တွေရှိပြီး ဘယ်တော့မှပြုပြင်ပြောင်းလဲလို့ မရနိုင်တော့ဘူးလို့ ယုံကြည်ကြပါတယ်။ သူတို့ရဲ့ စွမ်းရည်တွေကို မှတ်တမ်းတင်ဖို့အတွက်ပဲ အချိန်ပေးပြီး စွမ်းရည်ကို တိုးတက်အောင်လုပ်ဖို့တော့ အချိန်မပေးနိုင်ကြဘူး။ သူတို့ရဲ့ အရည်အချင်းလေးတွေကပဲ အောင်မြင်မှုကို ဦးတည်စေနိုင်တယ်လို့ ခံယူထားကြပါတယ်။

တစ်ဖက်မှာတော့ အလိုက်သင့်ပြောင်းလဲကြီးမားတဲ့စိတ်သဘောထားဖြစ်ပါတယ်။ သူတို့ရဲ့ အရည်အချင်းတွေ၊ ယုံကြည်မှုတွေနှင့် အတွေးအခေါ်တွေဟာ တစ်ခါတလေမှာ မှားယွင်းနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ သူတို့ကြီးပြင်းလာတာနဲ့အမျှ ကြိုးစားမှုတွေနဲ့အတူ အောင်မြင်မှုတွေရလာနိုင်တယ်လို့ မျှော်လင့်ထားကြပါသေးတယ်။ သူတို့အောင်မြင်မှုရဖို့အတွက် သူတို့ရဲ့ စွမ်းရည်တွေကို မှီခိုအားထားရုံမကဘဲ ကြိုးစားအားထုတ်မှုကိုပါ ထည့်သွင်းစဉ်းစားကြပါတယ်။
မိဘတွေဟာ သူတို့ကလေးငယ်တွေရဲ့ အောင်မြင်မှုအပေါ် တုံ့ပြန်ပုံကနေ ကလေးငယ်ရဲ့ အတွေးအခေါ်အပေါ် အကျိုးသက်ရောက်စေပါလိမ့်မယ်။ တကယ်လို့ သူတို့ဟာ သူတို့ကလေးတွေရဲ့ အောင်မြင်မှုနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို ချီးမွမ်းမယ့်အစား သူ့ရဲ့ ပင်ကိုယ်စွမ်းရည်တွေနှင့် အရည်အချင်းတွေအဖြစ်သတ်မှတ်ပြီး ၎င်းတို့အတွက်ပဲ ချီးမွမ်းနေမယ်ဆိုရင် ကလေးတွေဟာ ပုံသေအတွေးအခေါ်တွေကိုပဲ စွဲမြဲနေပါလိမ့်မယ်။

Chit_May_May

Nyein_Thu

Ref- themindjournals

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here