အွန်လိုင်းမှာ သင့်ကလေးပုံတွေတင်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ အန္တရယ် ၅ ခု

0
270
- Advertisement -

ဒီနေ့ခတ်က Digitalခေတ်ဆိုတော့ ဆိုရှယ်မီဒီယာဆိုတာ ကျွန်တော်တို့နေ့စဉ်ဘဝရဲ့အစိတ်အပိုင်းလိုဖြစ်လာပါတယ်။ ဒါကြောင့် ပျော်ပျော်နေတတ်တဲ့၊ ဂုဏ်ယူတတ်တဲ့မိဘတွေက ကလေးတွေကို အွန်လိုင်းပေါ်မှာ ပွဲထုတ်လာကြပါတယ်။ ဓါတ်ပုံတွေပလူပျံအောင်တင်ရင်း ကလေးတွေကိုထုတ်ကြွားကြတာပေါ့။ ဒါပေမယ့် မိဘတွေတစ်ခုသတိမထားမိတာက အွန်လိုင်းဟာ နောက်ပိုင်းမှာ ရိုင်းပျတဲ့နေရာတစ်ခုပုံစံဖြစ်လာပြီး ကိုယ်တင်ထားတဲ့ အချက်အလက်တွေကြောင့် ဘာမဆိုဖြစ်လာနိုင်တယ်ဆိုတာပါပဲ။ ဒီတော့အွန်လိုင်းမှာ ကလေးရဲ့ ဓါတ်ပုံတွေအချက်အလက်တွေလျောက်တင်ရင် ဘာတွေဖြစ်လာနိုင်လဲဆိုတာ ပြောပြပေးပါ့မယ်။

အင်တာနက်ပေါတင်လိုက်တဲ့အရာတစ်ခုကဘယ်တော့မှမပျောက်ပျက်သွားတော့ဘူး

အင်တာနက်ပေါ်မှာ သင်တစ်ခုခုတင်လိုက်တာနဲ့ ထာဝရတည်မြဲသွားပါလိမ့်မယ်။ သင့်ဘက်က ပြန်ဖျက်ထားရင်တောင် အဲ့ဒီပုံတွေက ရှိနေဦးမှာပါ။ တချို့နည်းပညာကျွမ်းကျင်သူတွေဆို ဖျက်ပီးသားအရာတွေကို ပြန်ဖော်ထုတ်နိုင်ပါတယ်။ စိတ်ပညာရှင် Genevieve von Lobအဆိုအရ အမှန်ကတော့ Uploadလုပ်ထားတဲ့ပုံတွေဟာ သင့်ကလေးရဲ့ ဒီဂျစ်တယ်တက်တူးမျိုးပါပဲတဲ့။ ဆိုလိုတာက ဘယ်တော့မှ ဖျက်လို့မရတော့ဘူးပေါ့။

- Advertisement -

အိုကေဖျက်မရတော့ဘာဖြစ်လဲဆိုရင် တချိန်ချိန်မှာ သင့်ကလေးရဲ့အရေးကြီးတဲ့အရာတစ်ခုခုကိုပျက်စီးစေနိုင်ပါတယ်။ ဆိုလိုတာက သင့်ကလေးထိခိုက်ဒဏ်ရာရတဲ့ ဓါတ်ပုံတစ်ပုံကြောင့် သူတို့ကို အားကစားအသင်းတစ်ခုခုက လက်ခံခြင်းက တားဆီးနိုင်ပါတယ်။ အငြင်းပွားဖွယ် ဓါတ်ပုံတစ်ပုံက အလုပ်အကိုင်အခွင့်အလမ်းများကိုထိခိုက်စေပါတယ်။ နောင်တချိန်ကျော်ကြားသူတစ်ယောက်ဖြစ်ခဲ့ရင်တောင် ကလေးဘဝက ဓါတ်ပုံတစ်ပုံကြောင့် အရှက်ရတတ်တာမျိုးတွေဖြစ်တတ်ပါတယ်။

သင့်ကလေးနဲ့သင့်မိသားစုသတင်းအချက်အလက်တွေကိုပေးတယ်

ဒါတော်တော်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ မသမာသူတွေ စိတ်ကောင်းမရှိတဲ့သူတွေဆိုတာ နေရာတိုင်းမှာရှိနေတတ်ပြီးအွန်လိုင်းပေါ်မှာ ပိုများလို့ပါပဲ။ သင့်ကလေးပုံတွေကြောင့် သင့်ကလေးကဘယ်သူ ဘယ်သွားတတ်တယ် ဘယ်ကျောင်းမှာ တတ်တယ် ဘာကြိုက်တတ်တယ် စတာတွေကို သိနိုင်ပါတယ်။ ဒီကတစ်ဆင့် ပြန်ပေးဆွဲတာတွေ မကောင်းကြံစည်တာတွေ စသဖြင့် အများကြီးဖြစ်ိနိုင်ပါတယ်။ ဒါကြောင့်တင်ချင်ရင်တောင် သိသာထင်ရှားတဲ့အချက်အလက်တွေ လျောက်ရေးမတင်တာ အကောင်းဆုံးပါပဲ။

အွန်လိုင်းမှာပုံတင်ခြင်းက သင်တို့ရဲ့ရပ်တည်ချက်တွေ သူ့ကိုသွားစိုးမိုးစေတယ်

ဆိုလိုတာက နိုင်ငံရေးလုပ်နေသူတွေဆိုပိုသိသာပါတယ်။ ကလေးတွေက ဘာမှသိကြသေးတာမဟုတ်ပါဘူး။ သင်တင်ထားတဲ့ပုံကြောင့် သင့်ရဲ့နိင်ငံရေးရပ်တည်ချက် ခံယူချက်တွေ သူ့ကိုပါ အကျိုးသက်ရောက်နိုင်ပါတယ်။

အနိုင်ကျင့်နာမည်ချခံရနိုင်တယ်

မိသားစုအတွင်းရေးနဲ့ပက်သက်ပြီး ပြဿနာတွေဖြစ်နေရင်တောင် ပုံတွေမတင်ပါနဲ့။ သင်တို့ပုံတွေ သင့်ကလေးပုံတွေပေါ့။ လူတွေကရက်စက်တတ်တယ်။ သင်တင်ပီးခါမှ ချက်ချင်းပြန်ဖျက်ရင်တောင် ScreenShotယူထားနိုင်တယ်။ ပြီးရင် ဘာရယ်ညာရယ်မသိ လိုက်ဖွတတ်တယ်။ အထူးသဖြင့် သင့်ကလေးစိတ်ဆိုးလို့ အော်ဟစ် ဝုန်းဒိုင်းကြဲတာတွေ ရယ်စရာကောင်းပေမယ့် ထိခိုက်နိုင်တဲ့ပုံမျိုးတွေလည်းမတင်ပါနဲ့။ ဒီပုံတွေကြောင့် နာမည်ချတာ၊ အနိုင်ကျင့်ခံရတာ သူငယ်ချင်းတွေဆုံးရှုံးတာ၊ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေခံစားရနိုင်ပါတယ်။အွန်လိုင်းမှာ ရက်စက်သူတွေ ဦးနှောက်မရှိသူတွေများပါတယ်။

သူတို့ကိုယ်ပိုင် အခွင့်အရေးကို ချိုးဖောက်သလိုဖြစ်တယ်

သင်ကချစ်လို့ နာမည်ကြီးချင်လို့ Likeများချင်လို့ သူတို့ရဲ့ရှက်စရာကောင်းတဲ့ပုံ၊ စိတ်ထိခိုက်စရာပုံတွေတင်ရင်တောင် သူတို့ရဲ့ခွင့်ပြုချက်လိုပါတယ်။ ဒါကကျင့်ဝတ်ပိုင်းဆိုင်ရာပြဿနာပါပဲ။

ဆိုကြပါစို့ သင်က သားရေတမြားမြား ဇက်ကြီး လိမ်ပီး ပုံဆိုးပန်းဆိုး အိပ်ပျော်နေတယ်။ ဒါကရယ်စရာကောင်းပေမယ့် ဒီပုံကိုတစ်ယောက်ယောက်က ရိုက်ပီးတင်လိုက်တဲ့အခါ အလုပ်ထဲမှာဖြစ်စေ ကျောင်းမှာဖြစ်စေ သင်အရှက်ရစေနိုင်ပါတယ်။ ဒိလိုပါပဲ။ လူအသစ်တွေ ပတ်ဝန်းကျင်အသစ်တွေနဲ့ ထပ်တွေ့ရမယ့်ကလေးတွေလည်း ဒီလို ခံစားမှုတွေ ပြဿနာတွေကြုံတွေ့ရလာနိုင်ပါတယ်။

#Chit_May_May

#Mg_Htet

REF_Power Of Possitivity

LEAVE A REPLY

Please enter your comment!
Please enter your name here