ဥာဏ္ပညာရွိတဲ့ မိသားစုေလးျဖစ္ဖို႕ မိဘေတြရဲ႕ အုပ္ထိန္းမႈစည္းမ်ဥ္း (၁၀) ခ်က္

0
732
- Advertisement -

မိဘတိုင္းရဲ႕ အိမ္မက္ဟာ မိမိတို႕ရဲ႕ရင္ေသြးငယ္ေတြကို ဥာဏ္ႀကီးရွင္ကေလးေလးေတြ ျဖစ္ေစခ်င္ၾကပါတယ္။ ဒါေပမယ့္ ဘယ္လိုျပဳစုပ်ိဳးေထာင္ရမယ္ဆိုတာကို အတိအက်လမ္းညႊန္ျပသေပးတဲ့ စာအုပ္ေတြက အရမ္းကိုရွားပါးပါတယ္။ တခ်ိဳ႕မိဘေတြကေတာ့ ေလ့လာရမယ့္ စိတ္ပညာေဆာင္းပါးေတြ၊ပညာေပးစာေပေတြနဲ႔ အလွမ္းေ၀းတဲ့အတြက္ Chit May May က ဥာဏ္ေကာင္းတဲ့ ကေလးေလးေတြျဖစ္လာေစဖို႕ အေရးႀကီးၿပီးအဓိကက်တဲ့ အုပ္ထိန္းမႈအခ်က္ေတြကို ေဖာ္ျပလိုက္ပါတယ္။

၁။ လြတ္လပ္ျခင္းရဲ႕ ဆုလာဘ္
တခ်ိဳ႕မိဘေတြဟာ သူတို႕ရဲ႕ကေလးေတြကို ယံုၾကည္ျခင္းအားျဖင့္ ကေလးေတြရဲ႕ဘ၀ဟာ ေအာင္ျမင္မႈရလိမ့္ဆိုတာကို ယံုၾကည္ၾကပါတယ္။ ဒါေပမယ့္ ပိုၿပီးအေရးႀကီးတာက သူတို႕ဘာမဆိုလုပ္ႏိုင္တယ္ဆိုတာကို ကေလးေတြကိုယ္တိုင္က ယံုၾကည္ရမွာပဲျဖစ္ပါတယ္။ ကေလးေတြက ဒါဟာသူတို႕ရဲ႕အနာဂတ္ ပံုေဖာ္ျခင္းပဲ ဆိုတာကိုသိတဲ့ စိတ္ဓာတ္ မ်ိဳးရွိဖို႕လိုအပ္ပါတယ္။

၂။ အရာရာတိုင္ဟာ မလြယ္ခင္ေတာ့ ခက္ၾကတာခ်ည္းပါပဲ
လြတ္လပ္စြာေတြးေခၚတတ္တဲ့ ကေလးေတြျဖစ္လာေစဖို႔အတြက္ သူတို႕ရဲ႕ႀကိဳးပမ္းမႈကို မိဘကိုယ္တိုင္က အသိအမွတ္ျပဳရန္ အလြန္အေရးႀကီးပါတယ္။ ကေလးတစ္ေယာက္ဟာ ဘယ္အရြယ္ပဲျဖစ္ျဖစ္ သူတို႕ရဲ႕၀ါသနာတစ္ခုကို စတင္ႀကိဳးပမ္းတဲ့အခါမွာ သူတို႕ရဲ႕မိဘေတြဟာ သူတို႕ကိုသတၱိရွိေစဖို႕နဲ႕ ေထာက္ပ့ံေပးဖို႕ လိုအပ္ပါတယ္။ တကယ္လို႕ သူတို႕ရဲ႕လုပ္ေဆာင္ခ်က္ေတြ သိပ္မေကာင္းခဲ့ရင္ေတာင္မွ ႀကီးတဲ့သူေတြက ” အရာရာတိုင္းဟာ အစမွာေတာ့ခက္တယ္” စသျဖင့္ ေျပာေပးဖို႕လိုအပ္ပါတယ္။

၃။ယံုၾကည္မႈဟာ အေကာင္းဆံုဆုလာဘ္တစ္ခု ျဖစ္ပါတယ္
ဒါဆို သူတို႕ရဲ႕ ႀကိဳးပမ္းမႈကို ဘယ္လိုဆုခ်သင့္လဲ? သၾကားလံုးနဲ႕မဟုတ္တာေတာ့ ေသခ်ာပါတယ္။ ကေလးတစ္ေယာက္ကို ယံုၾကည္မႈတစ္ခုနဲ႔ ဆုခ်ႏိုင္တယ္ ဆိုတာကို မိဘတိုင္းအဓိက မွတ္သားထားေစခ်င္ပါတယ္။ သင္က သူတို႕ရဲ႕တာ၀န္ကို ယံုၾကည္မႈအျပည့္နဲ႕ လုပ္ခြင့္ေပးခဲ့ျခင္းျဖင့္ ကေလးေတြရဲ႕စိတ္ထဲမွာ သူတို႕အလုပ္ကိုေကာင္းစြာ လုပ္ခဲ့တယ္လို႕ ထင္ေစပါတယ္။
၄။သူတို႕ရဲ႕ကိုယ္ပိုင္လုပ္ခြင့္
အျခားအေရးႀကီးတဲ့ ျခားနားခ်က္တစ္ခုက အနာဂတ္ရဲ႕ဥာဏ္ႀကီးရွင္ေတြကို အျပင္ပန္းေတြကို အာရံုစူးစိုက္ေလ့မရွိပါဘူး။ မိဘေတြဟာ ကေလးေတြကို သပ္ရပ္၊ သန္႔ရွင္းေစဖို႕အတြက္္ အလြန္အမင္းေစာင့္ေရွာက္ၿပီး ဖိအားေပးတတ္တာ အမွန္တရားတစ္ခုျဖစ္ပါတယ္။ သူတို႕ေတြရဲ႕ အ၀တ္အစားေတြအျမဲတမ္းသန္႕ရွင္းေနတာဟာ သူတို႕ရဲ႕ ႀကီးထြားမႈနဲ႔ ဖြံ႕ျဖိဳးမႈအတြက္ အသံုးမ၀င္ဘူးဆိုတာ မိဘေတြကိုသိေစခ်င္ပါတယ္။ ကေလးေတြဟာ သူတို႕ဘယ္လိုပဲျဖစ္ေနေန သူတို႕ကိုယ္သူတို႕ ဂရုမစိုက္ၾကပါဘူး။
၅။မေသသပ္မႈကို လက္ခံပါ
သူတို႕ေတြဟာ ကေလးျဖစ္တဲ့အတြက္ ဘာလုပ္လုပ္ မေသမသပ္ျဖစ္မယ္၊ အမူအယာေတြမွားေနမယ္၊ သူတို႕ရဲ႕ပတ္လည္ကအရာေတြ ပြစာၾကဲေနမယ္ဆိုတာကို သူတို႕ကိုယ္တိုင္နားလည္ၾကပါတယ္။ဘယ္လိုပဲျဖစ္ေနေန ကေလးေတြကို သူတို႕ေက်နပ္သလိုေနေစၿပီး သန္႔ရွင္းသပ္ရပ္ျခင္းဟာ သူတို႕အတြက္ ဘယ္လိုအသံုး၀င္ေၾကာင္း ရွင္းျပျခင္းျဖင့္ ကေလးေတြကို သြန္သင္ႏိုင္ပါတယ္။

၆။ေဆာ့ကစားျခင္းကိုခြင့္ျပဳျခင္း
တခ်ိဳ႕မိဘေတြဟာ တစ္ေနကုန္မနားရပဲ ကေလးေတြကို လိုက္ထိန္းေနရျခင္းျဖင့္ အခ်ိန္ကုန္ေနတတ္ပါတယ္။ “သစ္ပင္ေပၚမတက္နဲ႕ေနာ္” “ၿငိမ္ၿငိမ္ေနစမ္း”၊ “ဒါကိုမထိနဲ႕ေနာ္” စတဲ့စကားေတြဟာ နိစၥဒူ၀ ေျပာေနရတဲ့ စကားေတြျဖစ္ပါတယ္။
ပိုၿပီးပညာရွိတဲ့မိဘေတြကေတာ့ ကေလးေတြဟာ ငယ္ရြယ္တဲ့အတြက္ သူတို႔ရဲ႕ ျဖစ္ေပၚေနတဲ့စြမ္းအင္ေတြကို ျပည္လည္အသံုးခ်ေနၾကတာလို႕ နားလည္ၾကပါတယ္။ ဒီလိုေပးေဆာ့ျခင္းနည္းလမ္းဟာလည္း သူတို႕အရြယ္ေရာက္လာတဲ့အခါ သူတို႕ရဲ႕လုပ္ေဆာင္ခ်က္ေတြအေပၚမွာယံုၾကည္မႈရွိေစၿပီး ပိုမိုထူးခၽြန္တဲ့သူမ်ား ျဖစ္ေစပါတယ္။

၇။အသိဥာဏ္ကို လြတ္လပ္ခြင့္ေပးျခင္း
အမွန္ေတာ့ တီထြင္မႈေကာင္းတဲ့ ကေလးေတြဟာ အရာအေတာ္မ်ားမ်ားကို လုပ္ေဆာင္ခ်င္ၾကပါတယ္။ ဆြဲၿပီးသားပံုတစ္ပံုေပၚမွာ သူတို႕ရဲ႕နာမည္ ဒါမွမဟုတ္ လက္မွတ္ထိုးလွ်င္ေတာင္မွ တခ်ိန္မွာ ေက်ာ္ၾကားတဲ့ပန္းခ်ီဆရာႀကီးတစ္ေယာက္ျဖစ္ဖို႕ အလားအလာရွိပါတယ္။ သူတို႕ရဲ႕၀ါသနာကိုခြင့္ျပဳျခင္းျဖင့္ မိသားစုအတြင္းမွာ မေကာင္းတဲ့မုန္းတီးမႈေတြ ျဖစ္မလာေစေတာ့ပါဘူး။ တကယ္လို႕ သင့္ရဲ႕ကေလးဟာ ေၾကာင္ကိုပန္းေရာင္ေဆးဆိုးလိုက္လွ်င္ေတာင္မွ သူ႕ကိုၾကမ္းၾကမ္းတမ္းတမ္း မဆံုးမပါနဲ႕။ သင္ကသူကို ၾကမ္းတမ္းစြာဆံုးမမိတဲ့အခါ သင့္ကေလးဆီက ၾကမ္းတမ္းတဲ့အျပဳအမူေတြ ျပန္ရေစတတ္ပါတယ္ေနာ္။

၈။ မိဘေတြကိုေလးစားေစဖို႕
မိဘေတြကုိေလးစားေစဖို႕အတြက္ အေစာဆံုးအရြယ္မွာပဲ သင္ၾကားေပးသင့္ပါတယ္။ ကေလးတိုင္းဟာ သူတို႕ရဲ႕အိမ္သားေတြထဲမွာ မိဘေတြဟာ ေခါင္းေဆာင္ေတြျဖစ္တယ္ဆိုတာနဲ႕ သူတို႕ကေတာ့ အိမ္သားေတြထဲမွာ အေရးပါမႈအနည္းဆံုးလို႕ နားလည္ၾကပါတယ္။ ဒါေၾကာင့္ မိဘေတြက သူတို႕အတြက္လုပ္ေပးတာထက္ သူတို႕ႀကိဳးစားၿပီးရလာတဲ့ ဆုလာဘ္ေတြကို ပိုမိုတန္ဖိုးထားပါတယ္။

၉။ကေလးေတြဟာ ကိုယ္ကိုကိုယ္ထိန္းခ်ဳပ္တတ္ၾကပါတယ္
ကေလးေတြဆီကေန တစ္ခုခုကိုအတင္းယူမယ့္အစား သူတို႕အတြက္မွန္ကန္တဲ့ လုပ္ေဆာင္မႈအက်ိဳးေတြခံစားတတ္ေစဖို႕ သင္ေပးျခင္းက ပိုထိေရာက္ပါတယ္။ တကယ္လို႕ကေလးေတြဟာ ကန္႕သတ္ခ်က္ေတြနဲ႕ စည္းကမ္းေတြဟာ က်ဥ္းေျမာင္းတယ္လို႕ မထင္လွ်င္ သူ႕ရဲ႕ကိုယ္ပိုင္အျပဳအမူေတြထဲကေန ေကာင္းတာေတြကို သူ႕ဘာသာသင္ၾကားပါလိမ့္မယ္။
၁၀။ သူတို႕ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို အမွတ္တမဲ့ မေနပါနဲ႕ သင့္ရဲ႕ကေလးကိုခ်ီးမြမ္းတာဟာ သူတို႕ရဲ႕တိုးတက္မႈကို လႈံေဆာ္ျခင္းပါပဲလို႕ ေခတ္သစ္စိတ္ပညာရွင္ေတြက အၾကံေပးပါတယ္။မိဘေတြရဲ႕ အနာဂတ္ဥာဏ္ၾကီးရွင္ေတြဟာ
ေအာင္ျမင္မႈတိုင္းကို ဆြတ္ယူႏိုင္တယ္လို႕ ဘာျဖစ္ျဖစ္ယံုၾကည္ၾကပါတယ္။ တခ်ိဳ႕အေမေတြဟာ သူတို႕ရဲ႕လက္ကိုင္ပ၀ါေပၚမွာ ကေလးကမမွတ္မိေလာက္ေအာင္ ေရးျခစ္ထားရင္ေတာင္မွ မိသားစုရဲ႕အမွတ္တရပစၥည္းအျဖစ္ ဂုဏ္ယူစြာ သိမ္းထားတတ္ၾကပါတယ္။

Source-Bright Side

#LM_Naung_Naung

#Chit_may_may

Unicode

မိဘတိုင်းရဲ့ အိမ်မက်ဟာ မိမိတို့ရဲ့ရင်သွေးငယ်တွေကို ဉာဏ်ကြီးရှင်ကလေးလေးတွေ ဖြစ်စေချင်ကြပါတယ်။ ဒါပေမယ့် ဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတာကို အတိအကျလမ်းညွှန်ပြသပေးတဲ့ စာအုပ်တွေက အရမ်းကိုရှားပါးပါတယ်။ တချို့မိဘတွေကတော့ လေ့လာရမယ့် စိတ်ပညာဆောင်းပါးတွေ၊ပညာပေးစာပေတွေနဲ့ အလှမ်းဝေးတဲ့အတွက် Chit May May က ဉာဏ်ကောင်းတဲ့ ကလေးလေးတွေဖြစ်လာစေဖို့ အရေးကြီးပြီးအဓိကကျတဲ့ အုပ်ထိန်းမှုအချက်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ လွတ်လပ်ခြင်းရဲ့ ဆုလာဘ်
တချို့မိဘတွေဟာ သူတို့ရဲ့ကလေးတွေကို ယုံကြည်ခြင်းအားဖြင့် ကလေးတွေရဲ့ဘဝဟာ အောင်မြင်မှုရလိမ့်ဆိုတာကို ယုံကြည်ကြပါတယ်။ ဒါပေမယ့် ပိုပြီးအရေးကြီးတာက သူတို့ဘာမဆိုလုပ်နိုင်တယ်ဆိုတာကို ကလေးတွေကိုယ်တိုင်က ယုံကြည်ရမှာပဲဖြစ်ပါတယ်။ ကလေးတွေက ဒါဟာသူတို့ရဲ့အနာဂတ် ပုံဖော်ခြင်းပဲ ဆိုတာကိုသိတဲ့ စိတ်ဓာတ် မျိုးရှိဖို့လိုအပ်ပါတယ်။

၂။ အရာရာတိုင်ဟာ မလွယ်ခင်တော့ ခက်ကြတာချည်းပါပဲ
လွတ်လပ်စွာတွေးခေါ်တတ်တဲ့ ကလေးတွေဖြစ်လာစေဖို့အတွက် သူတို့ရဲ့ကြိုးပမ်းမှုကို မိဘကိုယ်တိုင်က အသိအမှတ်ပြုရန် အလွန်အရေးကြီးပါတယ်။ ကလေးတစ်ယောက်ဟာ ဘယ်အရွယ်ပဲဖြစ်ဖြစ် သူတို့ရဲ့ဝါသနာတစ်ခုကို စတင်ကြိုးပမ်းတဲ့အခါမှာ သူတို့ရဲ့မိဘတွေဟာ သူတို့ကိုသတ္တိရှိစေဖို့နဲ့ ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ သူတို့ရဲ့လုပ်ဆောင်ချက်တွေ သိပ်မကောင်းခဲ့ရင်တောင်မှ ကြီးတဲ့သူတွေက ” အရာရာတိုင်းဟာ အစမှာတော့ခက်တယ်” စသဖြင့် ပြောပေးဖို့လိုအပ်ပါတယ်။

၃။ယုံကြည်မှုဟာ အကောင်းဆုံဆုလာဘ်တစ်ခု ဖြစ်ပါတယ်
ဒါဆို သူတို့ရဲ့ ကြိုးပမ်းမှုကို ဘယ်လိုဆုချသင့်လဲ? သကြားလုံးနဲ့မဟုတ်တာတော့ သေချာပါတယ်။ ကလေးတစ်ယောက်ကို ယုံကြည်မှုတစ်ခုနဲ့ ဆုချနိုင်တယ် ဆိုတာကို မိဘတိုင်းအဓိက မှတ်သားထားစေချင်ပါတယ်။ သင်က သူတို့ရဲ့တာဝန်ကို ယုံကြည်မှုအပြည့်နဲ့ လုပ်ခွင့်ပေးခဲ့ခြင်းဖြင့် ကလေးတွေရဲ့စိတ်ထဲမှာ သူတို့အလုပ်ကိုကောင်းစွာ လုပ်ခဲ့တယ်လို့ ထင်စေပါတယ်။
၄။သူတို့ရဲ့ကိုယ်ပိုင်လုပ်ခွင့်
အခြားအရေးကြီးတဲ့ ခြားနားချက်တစ်ခုက အနာဂတ်ရဲ့ဉာဏ်ကြီးရှင်တွေကို အပြင်ပန်းတွေကို အာရုံစူးစိုက်လေ့မရှိပါဘူး။ မိဘတွေဟာ ကလေးတွေကို သပ်ရပ်၊ သန့်ရှင်းစေဖို့အတွက် အလွန်အမင်းစောင့်ရှောက်ပြီး ဖိအားပေးတတ်တာ အမှန်တရားတစ်ခုဖြစ်ပါတယ်။ သူတို့တွေရဲ့ အဝတ်အစားတွေအမြဲတမ်းသန့်ရှင်းနေတာဟာ သူတို့ရဲ့ ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုအတွက် အသုံးမဝင်ဘူးဆိုတာ မိဘတွေကိုသိစေချင်ပါတယ်။ ကလေးတွေဟာ သူတို့ဘယ်လိုပဲဖြစ်နေနေ သူတို့ကိုယ်သူတို့ ဂရုမစိုက်ကြပါဘူး။
၅။မသေသပ်မှုကို လက်ခံပါ
သူတို့တွေဟာ ကလေးဖြစ်တဲ့အတွက် ဘာလုပ်လုပ် မသေမသပ်ဖြစ်မယ်၊ အမူအယာတွေမှားနေမယ်၊ သူတို့ရဲ့ပတ်လည်ကအရာတွေ ပွစာကြဲနေမယ်ဆိုတာကို သူတို့ကိုယ်တိုင်နားလည်ကြပါတယ်။ဘယ်လိုပဲဖြစ်နေနေ ကလေးတွေကို သူတို့ကျေနပ်သလိုနေစေပြီး သန့်ရှင်းသပ်ရပ်ခြင်းဟာ သူတို့အတွက် ဘယ်လိုအသုံးဝင်ကြောင်း ရှင်းပြခြင်းဖြင့် ကလေးတွေကို သွန်သင်နိုင်ပါတယ်။

၆။ဆော့ကစားခြင်းကိုခွင့်ပြုခြင်း
တချို့မိဘတွေဟာ တစ်နေကုန်မနားရပဲ ကလေးတွေကို လိုက်ထိန်းနေရခြင်းဖြင့် အချိန်ကုန်နေတတ်ပါတယ်။ “သစ်ပင်ပေါ်မတက်နဲ့နော်” “ငြိမ်ငြိမ်နေစမ်း”၊ “ဒါကိုမထိနဲ့နော်” စတဲ့စကားတွေဟာ နိစ္စဒူ၀ ပြောနေရတဲ့ စကားတွေဖြစ်ပါတယ်။
ပိုပြီးပညာရှိတဲ့မိဘတွေကတော့ ကလေးတွေဟာ ငယ်ရွယ်တဲ့အတွက် သူတို့ရဲ့ ဖြစ်ပေါ်နေတဲ့စွမ်းအင်တွေကို ပြည်လည်အသုံးချနေကြတာလို့ နားလည်ကြပါတယ်။ ဒီလိုပေးဆော့ခြင်းနည်းလမ်းဟာလည်း သူတို့အရွယ်ရောက်လာတဲ့အခါ သူတို့ရဲ့လုပ်ဆောင်ချက်တွေအပေါ်မှာယုံကြည်မှုရှိစေပြီး ပိုမိုထူးချွန်တဲ့သူများ ဖြစ်စေပါတယ်။

၇။အသိဉာဏ်ကို လွတ်လပ်ခွင့်ပေးခြင်း
အမှန်တော့ တီထွင်မှုကောင်းတဲ့ ကလေးတွေဟာ အရာအတော်များများကို လုပ်ဆောင်ချင်ကြပါတယ်။ ဆွဲပြီးသားပုံတစ်ပုံပေါ်မှာ သူတို့ရဲ့နာမည် ဒါမှမဟုတ် လက်မှတ်ထိုးလျှင်တောင်မှ တချိန်မှာ ကျော်ကြားတဲ့ပန်းချီဆရာကြီးတစ်ယောက်ဖြစ်ဖို့ အလားအလာရှိပါတယ်။ သူတို့ရဲ့ဝါသနာကိုခွင့်ပြုခြင်းဖြင့် မိသားစုအတွင်းမှာ မကောင်းတဲ့မုန်းတီးမှုတွေ ဖြစ်မလာစေတော့ပါဘူး။ တကယ်လို့ သင့်ရဲ့ကလေးဟာ ကြောင်ကိုပန်းရောင်ဆေးဆိုးလိုက်လျှင်တောင်မှ သူ့ကိုကြမ်းကြမ်းတမ်းတမ်း မဆုံးမပါနဲ့။ သင်ကသူကို ကြမ်းတမ်းစွာဆုံးမမိတဲ့အခါ သင့်ကလေးဆီက ကြမ်းတမ်းတဲ့အပြုအမူတွေ ပြန်ရစေတတ်ပါတယ်နော်။

၈။ မိဘတွေကိုလေးစားစေဖို့
မိဘတွေကိုလေးစားစေဖို့အတွက် အစောဆုံးအရွယ်မှာပဲ သင်ကြားပေးသင့်ပါတယ်။ ကလေးတိုင်းဟာ သူတို့ရဲ့အိမ်သားတွေထဲမှာ မိဘတွေဟာ ခေါင်းဆောင်တွေဖြစ်တယ်ဆိုတာနဲ့ သူတို့ကတော့ အိမ်သားတွေထဲမှာ အရေးပါမှုအနည်းဆုံးလို့ နားလည်ကြပါတယ်။ ဒါကြောင့် မိဘတွေက သူတို့အတွက်လုပ်ပေးတာထက် သူတို့ကြိုးစားပြီးရလာတဲ့ ဆုလာဘ်တွေကို ပိုမိုတန်ဖိုးထားပါတယ်။

၉။ကလေးတွေဟာ ကိုယ်ကိုကိုယ်ထိန်းချုပ်တတ်ကြပါတယ်
ကလေးတွေဆီကနေ တစ်ခုခုကိုအတင်းယူမယ့်အစား သူတို့အတွက်မှန်ကန်တဲ့ လုပ်ဆောင်မှုအကျိုးတွေခံစားတတ်စေဖို့ သင်ပေးခြင်းက ပိုထိရောက်ပါတယ်။ တကယ်လို့ကလေးတွေဟာ ကန့်သတ်ချက်တွေနဲ့ စည်းကမ်းတွေဟာ ကျဉ်းမြောင်းတယ်လို့ မထင်လျှင် သူ့ရဲ့ကိုယ်ပိုင်အပြုအမူတွေထဲကနေ ကောင်းတာတွေကို သူ့ဘာသာသင်ကြားပါလိမ့်မယ်။
၁၀။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို အမှတ်တမဲ့ မနေပါနဲ့ သင့်ရဲ့ကလေးကိုချီးမွမ်းတာဟာ သူတို့ရဲ့တိုးတက်မှုကို လှုံဆော်ခြင်းပါပဲလို့ ခေတ်သစ်စိတ်ပညာရှင်တွေက အကြံပေးပါတယ်။မိဘတွေရဲ့ အနာဂတ်ဉာဏ်ကြီးရှင်တွေဟာ
အောင်မြင်မှုတိုင်းကို ဆွတ်ယူနိုင်တယ်လို့ ဘာဖြစ်ဖြစ်ယုံကြည်ကြပါတယ်။ တချို့အမေတွေဟာ သူတို့ရဲ့လက်ကိုင်ပဝါပေါ်မှာ ကလေးကမမှတ်မိလောက်အောင် ရေးခြစ်ထားရင်တောင်မှ မိသားစုရဲ့အမှတ်တရပစ္စည်းအဖြစ် ဂုဏ်ယူစွာ သိမ်းထားတတ်ကြပါတယ်။

Source-Bright Side
#LM_Naung_Naung
#Chit_may_may

LEAVE A REPLY

Please enter your comment!
Please enter your name here