ဥာဏ်ကောင်းပြီး ထူးချွန်တဲ့ကလေးတစ်ယောက်ဖြစ်ဖို့အတွက် ဘယ်လိုပြုစုပျိုးထောင်မလဲ

0
3977
- Advertisement -

မိဘတိုင်း ကိုယ့်ကလေးကို တခြားသူတွေထက် ပိုပြီး ထူးချွန်ထက်မြက်စေချင်ကြပါတယ်။ သားသမီးရတနာဆိုတာ ဘာနဲ့မှ ဝယ်ယူလို့မရတဲ့အရာမို မိဘတိုင်း တန်ဖိုးထားကြပါတယ်။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင်တော့ ကိုယ့်ကလေးကို ထူးချွန်ထက်မြက်စေချင်တဲ့ စိတ်နဲ့ ဆူငေါက်ပြောဆိုမိတာ အလိုမကျမှုတွေနဲ့ ကလေးကို အပြစ်တင်မိတာတွေ ရှိကြပါတယ်။ မချစ်လို့လည်းမဟုတ်ပေမယ့် ကလေးတွေရဲ့ စိတ်ထဲမှာ ဒဏ်ရာသေးသေးလေးတွေစုမိရင်း ထူးချွန်ထက်မြက်သူတွေ ဖြစ်မလာကြတော့ပါဘူး။ ဒါ့ကြောင့် ကလေးကို ဘယ်လိုပြုစုပျိုးထောင်ကြမလဲ

၁။ သင့်ကလေးရဲ့ လွတ်လပ်ပိုင်ခွင့်ကို အားပေးလိုက်ပါ။

ဥပမာ ငယ်ငယ်က ရှုးဖိနပ်စီးဖို့ အခက်တွေ့နေတဲ့ ကလေးတစ်ယောက်ကို သူကိုယ်တိုင် ချည်နိုင်အောင် ပြုစုပျိုးဖောင်ပေးလိုက်ပါ။ သူကိုယ်သူ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် လုပ်နိုင်ဖို့ ကူညီ အားပေးလိုက်ပါ။ ဒီကလေးကတော့ ဘာမှမတတ်ဘူး ပေးပေးဆိုပြီး လုပ်ပေးတာမျိုးမလုပ်ပါနဲ့။

၂။ ရှုပ်ပေပွအောင် လုပ်ခိုင်းလိုက်ပါ။

ဆိုလိုတာဟာ ကလေးတွေဟာ ငယ်ငယ်တုန်းက ပေပွနေအောင်ဆော့တတ်ကြပါတယ်။ အဲဒီအခါ သူတို့ကို မဆူပါနဲ့။ သူတို့ကို အခန်းခွဲထားလိုက်လို့ အခန်းထဲမှာ ရှုပ်ပေပွအောင်လုပ်ထားရင်လည်း မဆူဘဲ ဘယ်လို ဖြေရှင်းရမလဲဆိုတာ စဉ်းစားပါ။ အမြဲတမ်း အခန်းရှုပ်ပွလို့ ဆူငေါက်နေတာတွေဟာ ကလေးတွေကို ပိုပြီး စိတ်ဓာတ်ကျစေပါတယ်။

၃။ ကလေးတွေကို ကစားခိုင်းလိုက်ပါ။

ကလေးတွေရဲ့ တီထွင်မှု စွမ်းရည်တွေ တိုးတက်လာဖို့ လွတ်လွတ်လပ်လပ် ကစားခိုင်းပါ။ ဟေး မပြေးနဲ့ ကျသွားမယ်။ မပင်ပေါ်မတက်နဲ့ ပြုတ်ကျမယ်။ စသဖြင့် ပြောဆိုတာမျိုးမဟုတ်ဘဲ အသစ်အဆန်းကို သူတို့လုပ်လိုက်လို့ ဖြစ်လာမယ့်အရာကို မကြောက်အောင် လုပ်ခွင့်ပြုလိုက်ပါ။ သူတို့ပြေးနေရင် မထိခိုက်မိအောင် ကိုယ်က တခုခုကို ကြိုကာကွယ်ထားပါ။ အပင်ပေါ်တက်နေရင် မပြုတ်ကျအောင် စောင့်ကြည့်နေပေးပါ။ သူတို့ရဲ့ ယုံကြည်မှုကို သူတို့ ရှာဖွေပါစေ။

၄။ ကလေးရဲ့ အောင်မြင်မှုကို အတူတူ ဆင်နွှဲလိုက်ပါ

ကိုယ့်ကလေးက တခုခု လုပ်လိုက်နိုင်တဲ့အခါ၊ ပန်းချီဆွဲပြတဲ့အခါ၊ သူ့ဖိနပ်ကြိုးလေးကို ကိုယ်တိုင် ချည်နိုင်တဲ့အခါ သူတို့ကို အရမ်းတော်တဲ့အကြောင်း ဂုဏ်ယူစွာ ပြောကြားလိုက်ပါ။ ဒီလို ချီးကျူးတာဟာ အသစ်အသစ်တွေကို လုပ်ဆောင်ဖို့ တွန်းအားပေးသလိုပါပဲ။

၅။ ကလေးငယ်ရဲ့ သင်ယူလိုစိတ်ကို ထောက်ပံ့ပေးပါ။

ဖေဖေ သား ဂစ်တာတီးသင်ချင်တယ်။ ဒရမ်တီးသင်ချင်တယ်ဆိုတဲ့ စကားမျိုး ကမ်းလှမ်းလာတဲ့အခါ။ ဘာအသုံးကျလို့လဲ မလုပ်ရဘူးလို့ မပြောပါနဲ့။ သူတို့ရဲ့ ကြိုးစားသင်ယူလိုစိတ်ကို ထောက်ပံ့ပေးလိုက်ပါ။ သူတို့ အမှန်တကယ် ဘာဖြစ်ချင်သလဲဆိုတဲ့ စိတ်ကို ရှာဖွေနိုင်အောင် လမ်းပြပေးလိုက်ပါ။

#Chit_May_May

#Thinzar

Ref- redorblue

LEAVE A REPLY

Please enter your comment!
Please enter your name here