တချို့ကလေးတွေဟာ မွေးလာစဉ်တည်းက ပေကပ်ကပ်နိုင်တဲ့ ဥာဉ်ကလေးပါလာတတ်ပြီး မိဘကိုကလန်ကဆန်လုပ်တတ်ကြသလို ကျောင်းတက်တဲ့အခါမှာလည်း ဆရာဆရာမတွေကို မကြောက်တတ်ကြပါဘူး။ တချို့ကတော့ ပတ်ဝန်းကျင်ကြောင့် ယခုလိုပြုမူတတ်ကြပြီး ကြီးလာတဲ့အခါ ပြန်လည်လိမ္မာလာတတ်ကြပါတယ်။ သူတို့တွေဘယ်လောက်ပဲဆိုးပါစေ ကလေးဟာကလေးပဲဖြစ်ပြီး မိဘတွေကလိုသလိုပုံသွင်းနိုင်တဲ့ ဖြူစင်တဲ့ဖယောင်းရုပ်ကလေးတွေပါပဲ။ သူတို့တွေကို ကြမ်းတမ်းစွာဆုံးမမှရမယ်ဆိုတာ မှားယွင်းနေတဲ့အသိဖြစ်ပြီး ခင်မင်ရင်နှီးစွာနဲ့ ဘယ်လိုဆုံးမသင့်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။မိဘတွေနဲ့ အတူလမ်းလျှောက်ဖို့ ငြင်းဆန်တတ်တဲ့ကလေး
တချို့မိဘအတော်များများ ကလေးနဲ့လမ်းဖြတ်ကူးတဲ့အခါ ခက်ခဲတဲ့အခြေအနေကို ကြုံတွေ့ရခဲ့ကြပါတယ်။ မိဘရဲ့လက်ကိုကိုင်ထားဖို့ ငြင်းဆန်တာတွေ၊ လမ်းလယ်ခေါင်ရောက်မှ ဆက်မသွားတော့ပဲ ပေကပ်ရပ်နေတာတွေ ကြုံတွေ့ဖူးကြတာကြောင့် ယခုလိုအခြေအနေကြုံလာတဲ့အခါ သူတို့ကိုစည်းရုံးသိမ်းသွင်းဖို့အတွက် ဂိမ်းတစ်ခုကို ချက်ချင်းဖန်းတီးလိုက်ပါ။ သူတို့ရဲ့ ပေကပ်ကပ်လုပ်မှုကိုခဏမေ့သွားပြီး သင့်ဂိမ်းကိုစိတ်ဝင်စားသွားတာကြောင့် သူတို့ကိုထိန်းချုပ်နိုင်ပြီး သင့်စကားကိုနာခံပါလိမ့်မယ်။
၂။ မကောင်းတဲ့အပြုအမူအတွက် အပြစ်ပေးမခံချင်တဲ့ ကလေး
တကယ်လို့ သင့်ကလေးက ဆိုးသွမ်းနေတယ်၊ ဒါပေမယ့် အပြစ်ပေးတာကိုတော့ မခံချင်ဘူးဆိုလျှင် ဘယ်လိုမျိုးကိုင်တွယ်သင့်လဲ။ ယခုလို အခြေအနေမျိုးဆိုလျှင် သူတို့ကို အရွယ်ရောက်သူတစ်ယောက်ကဲ့သို့ပြောဆိုပါ။ သူတို့ဘာကြောင့် အပြစ်ရှိတယ်၊ ဘာကြောင့်အပြစ်ပေးခံရတယ်ဆိုတာကို နားလည်အောင်ပြေပြပါ။ လူတိုင်းဟာရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးခံရခြင်းထက် ငွေကြေးနဲ့အပြစ်ပေးမှုကို ယေဘုယျအားဖြင့် ပိုကြောက်တတ်ကြပါတယ်။ ငွေသာကုန်မယ်ဆိုရင် လျှာတောင်မထုတ်ချင်ကြပါဘူး။ ဒါကြောင့် သူတို့အတွက်ရွေးချယ်မှုနှစ်ခုပြုလုပ်ခိုင်းပါ။ သူတို့ရဲ့စုဘူးထဲက အပြစ်နဲ့ထိုက်တန်တဲ့ငွေကိုဒါဏ်ကြေးအဖြစ်ဆောင်မလား ဒါမှမဟုတ် တပတ်တိတိပန်းကန်ဆေးမလားဆိုတာကို ရွေးချယ်ခိုင်းပါ။ သူတို့ဘယ်လိုပဲအမှားတွေလုပ်လုပ် အပြစ်အတွက် ရွေးချယ်မှုရှိပါစေ။ သူတို့ရဲ့စိတ်ခံစားမှုကိုထိခိုက်စေတတ်တဲ့ မည်သည့်အတင်းအကျပ် ဒဏ်ပေးခြင်းမျိုးကိုမဆို မလုပ်မိပါစေနဲ့။ ဒါကြောင့် အိပ်ထောင့်မှရပ်နေခိုင်းပြီး သူတို့လုပ်ခဲ့တဲ့အမှားကိုစဉ်းစားစေခြင်းနဲ့ အပြစ်ပေးတာထက် သူတို့ရဲ့အမှားတွေကို ဘယ်လိုပြင်ဆင်သင့်တယ်ဆိုတာကို communicate လုပ်ခြင်းက ပိုထိရောက်ပါတယ်။
၃။ အစာစားဖို့ငြင်းဆန်နေတဲ့အခါ
အစားစားဖို့ငြင်းဆန်နေတဲ့ သင့်ကလေးကို ရိုက်နှက်ပြီးတော့ပဲဖြစ်ဖြစ် ဒါမှမဟုတ် သူတို့နှစ်သက်တဲ့အရာကို မပေးပဲအပြစ်ပေးစေခြင်းကို ရှောင်ရှားသင့်ပါတယ်။ အဲ့ဒီ့အစား နေ့လည်စာစားပြီးတဲ့အခါတိုင်း အချိုတည်းဖို့အတွက် သူတို့နှစ်သက်တဲ့ အကြားလုံးကိုဆုချပေးနိုင်ပါတယ်။ တကယ်လို့ သင့်ကလေးကယခုလိုပြိုင်ပွဲတွေကိုစိတ်ဝင်စားသူတစ်ယောက်ဆိုလျှင် ပိုပြီးထိရောက်ပါတယ်။ ဒါကြောင့် သူတို့တွေ သကြားလုံးဇောနဲ့ နေ့လည်စာကိုမြန်မြန်စားပါလိမ့်မယ်။ ပြီးလျှင် ဆုရတဲ့အတွက်လည်းပျော်ရွင်ပါလိမ့်မယ်။ ကလေးတွေဟာ ယခုလိုဆုပေးဒဏ်ပေးစနစ်ကို အလွန်သဘောကျတတ်ကြပြီး သူတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ ကောင်းမွန်တဲ့နည်းလမ်းလည်း ဖြစ်ပါတယ်။

၎။ မနက်စာမစားချင်တဲ့ သင့်ကလေးအတွက်
မိဘတွေအတော်များများ မနက်ခင်းပိုင်းဆိုလျှင် အလုပ်ကိစ္စတွေနဲ့ ကျောင်းပိုရမယ့်ကိစ္စတွေအတွက် အလုပ်ရှုပ်ခြင်းကြောင့် ကလေးတွေကို မနက်စာကျွေးဖို့ ခက်ခဲနိုင်ပါတယ်။ ဒီလိုအချိန်မှာ သူတို့ပန်းကန်ထဲက မနက်စာဘယ်နှဇွန်းလောက် ရှိတယ်ဆိုတာကို စားရင်းနဲ့ ရေတွက်ခိုင်းပါ။ မှန်လျှင်ဆုချမည်ဖြစ်ကြောင်း ပြောပေးပါ။ သူတို့ဘယ်လောက်များများစားလိုက်မိတယ်ဆိုတာကို သတိမထားမိအောင် ထိရောက်ပါလိမ့်မယ်။
၅။ အ၀တ်မ၀တ်ချင်တဲ့ကလေးအတွက်
သင့်ရဲ့ကလေးကို ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေရန်နဲ့ တာဝန်ယူမှုရှိစေရန် အ၀တ်အစားဝတ်တာလို သေးသေးမွှားမွှားကိစ္စလေးတွေကို သူတို့ဘာသာ လုပ်ဖို့ ကြိုးစားသင့်ပါတယ်။ တကယ်လို့ သင့်ကလေးကအ၀တ်မ၀တ်ချင်ပါက ဂိမ်းတစ်ခုခုနဲ့ သူတို့ကိုဖျားယောင်းနိုင်ပါတယ်။ တစ်မိနစ်နဲ့ အ၀တ်ကိုပြီးအောင်ဝတ်နိုင်လား၊ သို့မဟုတ် မျက်လုံးးကိုပိတ်ထားပြီး အင်္ကျီကိုမှန်အောင်ဝတ်နိုင်လား စသဖြင့် သူတို့စိတ်ဝင်စားစေမယ့် ဂိမ်းတစ်မျိုးကို ဖန်တီးပေးပါ။ ဒီလိုပြုလုပ်ခြင်းကြောင့် ဘာဆူပူမှုမှမရှိပဲ သူတို့ကိစ္စတွေကို ပြီးစီးသွားစေပါတယ်။
အုပ်ထိန်းမှုနဲ့ပတ်သတ်ပြီး သင့်ရဲ့ထူးခြားတဲ့ အကြံဥာဏ်တွေကိုလည်း ကွန်းမန့်ရေးခြင်းဖြင့် မျှဝေပေးနိုင်ပါတယ်။
#LM_Naung_Naung
#Chit_MayMay
Source-Brightside