စတော်ဘယ်ရီသီးမှာ မာတီဗီတာမင်နှင့် သတ္တုဓါတ်များ ကြွယ်ဝပါတယ်။ အရသာလည်းရှိပြီး အရည်ရွှမ်းတဲ့အသီးဖြစ်ပါတယ်။ ဒီနီနီရဲရဲနဲ့ ချစ်စရာကောင်းပြီး အရသာရှိတဲ့ အသီးကို လူကြီးတွေသာမက ကလေးတွေပါကြိုက်ကြပါတယ်။ ဒီစတော်ဘယ်ရီသီးက ဘေဘီလေးတွေအတွက်ကောင်းလား? ဘေဘီလေးအတွက် စတော်ဘယ်ရီသီးနဲ့ allergic ဖြစ်နိုင်လား? ဒီနေ့တော့ ဘေဘီလေးကို စတော်ဘယ်ရီသီး ဘယ်လိုပေးနိုင်သလဲ? ဆိုတဲ့ ကလေးတွေအတွက် စတော်ဘယ်ရီသီးနဲ့ ပတ်သတ်တဲ့ မေးခွန်းလေးတွေကို မျှဝေပေးမှာ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ကလေးတွေကို စတော်ဘယ်ရီသီး ကျွေးနိုင်သလဲ?
စတော်ဘယ်ရီသီးကို ကလေးအသက်၁၂ကျော်မှသာ မိတ်ဆတ်ရမှာ ဖြစ်ပါတယ်။ စတော်ဘယ်ရီသီးက ကလေးငယ်တွေကို ဓါတ်မတည့်မှုရှိနိုင်တယ်လို့ ဆိုပေမယ့် ဒါကအင်မတန်ရှားပါးပါတယ်။ စတော်ဘယ်ရီသီးမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ပေးစွမ်းတာကြောင့် ဘေဘီလေးရဲ့ အစားအသောက်ထဲကို ထည့်ကျွေးလို့ရပါတယ်။
စတော်ဘယ်ရီသီးရဲ့ အကျိုးကျေးဇူးများ
စတော်ဘယ်ရီသီးဟာ ဘေဘီလေးရဲ့ ကျန်းမာစွာဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်သော သတ္တုဓါတ်များ ၊ အရေးပါသော အာဟာရဓါတ်များ သဘာဝအားဖြင့် ကြွယ်ဝပါတယ်။ ဘေဘီလေးတွေ စတော်ဘယ်ရီသီးကို စားသုံးခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရရှိမလဲဆိုတာ ဖတ်ကြည့်လိုက်ပါနော်။
၁။ ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပါတယ်
ဒီအသီးမှာ ဗီတာမင်စီ၊ အင်တီအောက်ဆီဒင့် နှင့် ကိုယ်ခံစွမ်းအားစနစ်ကို ကျန်းမာအောင် ထိန်းသိမ်းပေးတဲ့ phytochemical တွေကြွယ်ဝပါတယ်။
၂။ ဦးနှောက်အာရုံကြောစနစ်ကို ပိုကောင်းစေပါတယ်
စတော်ဘယ်ရီမှာတွေ့ရတဲ့ phytochemical များက ဦးနှောက် လုပ်ငန်းဆောင်တာတွေကို တိုးတတ်စေခြင်းအပါအဝင် အာရုံကြောစနစ်တွေကို အကျိုးကျေးဇူးတွေ အများကြီး ပေးစွမ်းပါတယ်။
၃။ သွေးလည်ပတ်မှု စနစ်ကို ကောင်းစေပါတယ်
စတော်ဘယ်ရီထဲမှာ ရှိတဲ့ ပိုတတ်ဆီယမ်က သွေးကြော ဖွံ့ဖြိုးခြင်းနှင့် သွေးလည်ပတ်မှုစနစ်ရဲ့အလုံးစုံကျန်းမာမှုကို မြှင့်တင်ပေးခြင်း စသဖြင့် ဘေဘီလေးရဲ့အထွေထွေ ကျန်းမာရေးကို အကျိုးရှိစေပါတယ်
၎။ အရိုးတွေ ကျန်းမာအောင် ကူညီပေးပါတယ်
ဒီအသီးမှာ ကယ်လစီယမ်၊ ဖော့စဖောရက်နှင့် ဖွံ့ဖြိုးစကလေးအတွက် အရေးပါတဲ့ အရိုးခိုင်မာစေသော ဖလိုရိုဒ်ဓါတ် ပါဝင်ပါတယ်။
ရေဓါတ်ထိန်းသိမ်းဖို့နည်းလမ်း
စတော်ဘယ်ရီ ၁၀၀ဂရမ်မှာ ရေ ၉၀.၂၅ဂရမ် ရှိပါတယ်။ ဘေဘီလေးတွေ စတော်ဘယ်ရီသီး ၁၀၀ဂရမ် စားသုံးတိုင်း ပြည့်စုံလုံလောက်တဲ့ အရည်ကို ရရှိမှာ ဖြစ်ပါတယ်။
ဒီအသီးမှာ တခြားအာဟာရဓါတ်အတော်များများလည်း ရှိပါတယ်။
စတော်ဘယ်ရီ ၁၀၀ဂရမ်ရဲ့ အာဟာရတန်ဖိုး

စတော်ဘယ်ရီသီးမှာ ပိုးသတ်ဆေးအကြွင်းအကျန်တွေ ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ပိုးသတ်ဆေးကင်းတဲ့ အော်ဂဲနစ်စတော်ဘယ်ရီသီးကို ရွေးချယ်ပါ။ စတော်ဘယ်ရီသီးရွေးချယ်တဲ့အခါ အနီရောင်တောက်တောက်နဲ့ အညစ်အကြေးနဲ့ မှိုကင်းစင်တဲ့ အသီးကို ရွေးချယ်ပါ။ စတော်ဘယ်ရီသီးက အလွယ်တကူ ခြောက်သွေ့နိုင်ပါတယ်။ ဒါ့ကြောင့် သူတို့ကို ရေခဲသေတ္နာထဲမှာ ထည့်ပြီး ၄ရက်အတွင်း စားသုံးပါ။ ဒီအတိုင်းထားလို့မရတာကြောင့် ဘူးတစ်ခုထဲထည့်သိမ်းရမှာ ဖြစ်ပါတယ်။
ဘေဘီလေးတွေကို စတော်ဘယ်ရီသီး ဘယ်လိုကျွေးမလဲ?
စတော်ဘယ်ရီသီးကို အနှစ်မလုပ်ခင်မှာ 3မိနစ်လောက်ပေါင်းပါ။ အစေ့သေးသေးလေးတွေကို နူးညံ့သွားစေပြီး ကလေးမျိုချလို့ရအောင် ဖြစ်ပါတယ်။
အဆင့်၁။ ဘယ်ရီသီးကို စားသုံးနိုင်တဲ့ ရှာလကာရည် ၁ပုံ၊ ရေ ၃ပုံ အရောအနှော နှင့်ဆေးကြောပါ။ အသီးက မြေပြင်နှင့် နီးကပ်စွာပေါက်တာဖြစ်လို့ ဘက်တီးရီးယားတွေ ရှိနိုင်ပါတယ်။ ရှာလကာရည်က အသီးနှင့် အရသာကို မပျက်စီးစေဘဲ ဘက်တီးရီးယားတွေကို သန့်ရှင်းစေပါတယ်။
အဆင့် ၂။ ရှာလကာရည်-ရေနှင့် သန့်စင်ပြီးရင် ရိုးရိုးရေဖြင့် ထပ်ဆေးပါ။ ပင်စည်နှင့် အရွက်တွေကို ဖယ်ပြီး ၄ပိုင်းစီ ခြမ်းပါ။
အဆင့် ၃။ စတော်ဘယ်ရီသီးတွေကို steamer ထဲထည့်ပြီး 3-4မိနစ်လောက် ပေါင်းပေးပါ။ ရေနွေးငွေ့နဲ့ ပေါင်းခြင်းက အသီးမှာပါဝင်တဲ့ အာဟာရတွေနဲ့ ပုံသဏ္ဍာန်ကို မပျက်စီးစေတာကြောင့် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
အဆင့် ၄။ ဘယ်ရီသီးတွေကို အအေးခံပြီး blender ထဲမှာ ကြိတ်ပါ။ ရေနည်းနည်းထည့်ပါ။ ကလေး လည်ချောင်းနင်ခြင်း မဖြစ်အောင် အစေ့တွေ၊ အဖတ်တွေ လုံးဝကြေသွားတဲ့အထိ ကြိတ်ပေးရပါမယ်။ စတော်ဘယ်ရီသီးကို တစ်မျိုးတည်း အနှစ်လုပ်ပြီး ကျွေးနိုင်သလို တခြားအသီးတွေနဲ့လည်း ပေါင်းစပ်ပြီး အနှစ်လုပ်ကျွေးနိုင်ပါတယ်။
သတိပြုရမှာက ကလေးမနင်အောင် စတော်ဘယ်ရီသီးကို ကောင်းစွာကြိတ်ရမှဖြစ်ပါတယ်။ အစေ့က ကြမ်းတမ်းတဲ့အတွက် ကလေးရဲ့လည်ချောင်းမှာ ကပ်လေ့ရှိပါတယ်။

၁။ စတော်ဘယ်ရီနှင့် ငှက်ပျောသီးအနှစ်
ငှက်ပျောသီးမှာ စတ်ာဘယ်ရီလိုပဲ ပိုတတ်ဆီယမ် ကြွယ်ဝပါတယ်။ လိုအပ်တာကတော့ ပိုင်းထားတဲ့ ငှက်ပျောသီး ၁ခွက်၊
စတော်ဘယ်ရီအနှစ် ၁ခွက်၊
နွားနို့ သို့မဟတ် ရေ ၃-၄ခွက်

၂။ စတော်ဘယ်ရီနှင့် သရက်သီးအနှစ်
ဒီချိုမြိန်တဲ့ ဖျော်ရည်မှာ ဗီတာမင်မျိုးစုံ ကြွယ်ဝပါတယ်။
လိုအပ်တာကတော့ အတုံးသေးသေးလေးတွေ တုံးထားတဲ့ သရက်သီး ၁ခွက်၊
စတော်ဘယ်ရီ ၁ခွက်၊
နွားနို့ သို့မဟတ် ရေ ၃ခွက်-၄ခွက်။
စတော်ဘယ်ရီသီးကို နူးအိသွားအောင် ပေါင်းပေးဖို့ လိုပေမယ့် သရက်သီးမှည့်ကို ပေါင်းပေးဖို့ မလိုပါဘူး။

၃။ ပန်းသီးစတော်ဘယ်ရီအနှစ်
ပန်းသီးနဲ့ စတော်ဘယ်ရီသီးမှာ နို့စို့ကလေးတွေ ကြီးထွားမှုအတွက် သတ္တုဓါတ်တွေ ကြွယ်ဝပါတယ်။ လိုအပ်တာကတော့ ပန်းသီး ၁ခွက်၊
စတော်ဘယ်ရီ ၁ခွက်၊
နွားနို့ သို့မဟုတ် ရေ ၃-၄ခွက်။
စတော်ဘယ်ရီသီးကော ၊ပန်းသီးပါပေါင်းပြီးမှ အနှစ်ပြုလုပ်ပေးပါ။

၎။ စတော်ဘယ်ရီနှင့် ကြက်သားအနှစ်
လိုအပ်တာတော့ အရိုးမပါတဲ့ ကြက်သားပြုတ် ၁ခွက်၊
စတော်ဘယ်ရီ ၁ခွက်၊
နွားနို့ သို့မဟုတ် ရေ ၃-၄ခွက်။
စတော်ဘယ်ရီပေါင်းနေစဉ်မှာ ကြက်သားကို ပြုတ်ထားရပါမယ် ။နှစ်ခုစလုံးအေးသွားမှ blender ထဲထည့်ပါ။ အရသာပိုကောင်းစေဖို့ ကြက်ပြုတ်ရည်အနည်းငယ်ထည့်နိုင်ပါတယ်။

၅။ စတော်ဘယ်ရီမစ်ရှိတ်
သင့်ကလေးဟာ ၁၂လကျော်ပြီဆိုရင် နွားနို့ စားသုံးလို့ရတာကြောင့် အစားအသောက်ထဲမှာ မစ်ရှိတ်ကို မိတ်ဆတ်ဖို့ အကောင်းဆုံးအချိန်ပါ။ လိုအပ်တာကတော့
စတော်ဘယ်ရီ ၁ခွက်
နွားနို့ သို့မဟုတ် ရေ ၃-၄ခွက်
ပေါင်းထားတဲ့ စတော်ဘယ်ရီနှင့် ကျိုပြီးသားနွားနို့ကို ချောမွတ်သွားတဲ့အထိ blender ထဲမှာ ထည့်မွှေပါ။ ကလေးစားဖို့လွယ်အောင် အရမ်းပျစ်ပျစ်ကြီး မလုပ်ပါနဲ့။

စတော်ဘယ်ရီ ကျွေးတဲ့အခါ ကြိုတင်ကာကွယ်ရမှာက
ကလေးမှာ တခြားအစားအစာတွေနဲ့ မတည့်တာ၊ နှင်းခူကဲ့သို့ အရေပြားအခြေအနေရှိတာဆိုရင် စတော်ဘယ်ရီသီး မပေးပါနဲ့။
ကလေးအစားအသောက်များထဲမှာ စတော်ဘယရီသီးမိတ်မဆက်ခင်မှာ ဆရာဝန်နှင့် တိုင်ပင်ပါ။ အစားအစာ ဓါတ်မတည့်တဲ့ အောက်ပါလက္ခဏာများကို စောင့်ကြည့်ပါ။
အရေပြားမှာ အနီစက် သို့မဟုတ် ပန်းရောင်အဖုများပေါ်ခြင်း၊ အရေပြားယားယံခြင်း။
ဝမ်းဗိုက်နာကျင်ခြင်း၊ ဝမ်းလျောခြင်း၊ အန်ခြင်း။
မျက်နှာ သို့ မျက်လုံးပတ်ပတ်လည်မှာ ရောင်ရမ်းခြင်း။ နှာခေါင်းတဝိုက်ရောင်ရမ်းခြင်းက အသက်ရှုမဝခြင်းကို ဦးတည်နိုင်ပါတယ်။
ကလေးမှာ ဓါတ်မတည့်တဲ့ တုံ့ပြန်မှုရှိတယ်လို့ သံသယဖြစ်လျှင် စတော်ဘယ်ရီကျွေးမှုကို ရပ်တန့်ပြီး ဆရာဝန်နှင့် ပြသပါ။ သင့်ကလေးမှာ စတော်ဘယ်ရီသီးနှင့်တည့်ရင် ဆက်ကျွေးလို့ရပါတယ်။