ေမေမတို႔အေနနဲ႔ သားသားမီးမီးေတြကို ငယ္စဥ္ကတည္းက အေလ့အက်င့္ေကာင္းေလးေတြ သင္ထားေပးသင့္ပါတယ္။ အေလ့အက်င့္ေကာင္းေလးေတြ ပ်ိဳးေထာင္ထားေပးမွ သူတို႔ေက်ာင္းေနအရြယ္ေရာက္တဲ့အခါ ေကာင္းမြန္တဲ့ ကေလးေလးေတြ ျဖစ္လာမွာပါ။

ေမေမတို႔ ကေလးအတြက္ က်န္းမာတဲ့ အေလ့အထေတြကို ေစာႏိုင္သမွ် ေစာေစာ မိတ္ဆတ္ထားဖို႔ လိုအပ္ပါတယ္။ ဥပမာ- တစ္ကိုယ္ရည္သန္႔ရွင္းေရးႏွင့္ ပတ္သတ္ၿပီး အစာမစားခင္ လက္ကိုေသခ်ာေဆးတာတို႔၊ ကစားၿပီးရင္ လက္ေဆးတာတို႔ဟာ အေျခခံသင္ေပးထားရမယ့္ အေလ့အက်င့္ေလးေတြပါ။ ဒါ့အျပင္ ေက်ာင္းစတတ္ရေတာ့မယ့္ ေမေမတို႔ကေလးေတြအတြက္ သင္ေပးထားသင့္တဲ့ အေလ့အထေကာင္းေလးေတြရွိပါေသးတယ္။
၁။ က်န္းမာေရးႏွင့္ ညီညြတ္တဲ့ အစားအစာ စားေသာက္ျခင္း

ဒါက သူတို႔အားလံုးအတြက္ အခက္အခဲဆံုး ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ တျခားကေလးေတြလိုပဲ ေမေမတို႔ရဲ႕ကေလးဟာ ဆိုးေဆးပါတဲ့ ဇီးထုပ္ေတြ၊ အခ်ဥ္ထုပ္ေတြ၊ မသန္႔တဲ့ ဆီနဲ႔ေၾကာ္ထားတဲ့ အာလူးေၾကာ္ထုပ္ေတြကို စားခ်င္ပါလိမ့္မယ္။ သူတို႔က ဒါကမေကာင္းဘူး၊ က်န္းမာေရးႏွင့္မညီညြတ္ဘူးဆိုတာ နားမလည္ၾကပါဘူး။
ဒါ့ေၾကာင့္ က်န္းမာေရးႏွင့္ ညီညြတ္စြာစားျခင္းရဲ႕ အေရးပါပံုႏွင့္ Junk food ေတြက က်န္းမာေရးအတြက္ ဘယ္လို အႏၱရာယ္ျဖစ္ေစႏိုင္တယ္ဆိုတာ ရွင္းျပေပးပါ။
ရံဖန္ရံခါ သင့္ကေလးအတြက္ သေရစာမုန္႔ေတြကို အိမ္မွာလုပ္ေကၽြးပါ။
၂။ ထမင္းစားပြဲေပၚက အမူအက်င့္မ်ား

ဒါက ေမေမတို႔ကေလးကို ပညာေပးဖို႔ လိုအပ္တဲ့ အေလ့အက်င့္ေကာင္းေတြထဲက အေရးအပါဆံုး အခ်က္တစ္ခုျဖစ္ပါတယ္။ လူမႈဆက္ဆံေရးစြမ္းရည္ ဖြံ႕ျဖိဳးတိုးတက္လာဖို႕အတြက္ ကေလးအေနနဲ႕ အေျခခံထမင္းစားပြဲ အမူအက်င့္ေလးေတြ သိထားသင့္ပါတယ္။
၃။ တစ္ေန႔ ႏွစ္ႀကိမ္သြားတိုက္ျခင္း

ငယ္ရြယ္တဲ့ကေလးေတြဟာ သြားတိုက္ရမွာကို မၾကာခဏ ပ်င္းတတ္ၾကပါတယ္။ သြားက်န္းမာေရးႏွင့္ သြားတုိက္ျခင္းရဲ႕ အေရးပါပံုကို ကေလးကို ပညာေပးဖို႔ မိနစ္အနည္းငယ္ေလာက္ အခ်ိန္ယူၿပီး ရွင္းျပေပးပါ။ ေမေမတို႔က ကေလးသြားတုိက္ခ်င္လာေအာင္ ေပ်ာ္စရာေကာင္းတဲ့နည္းလမ္းေလးေတြ ရွာေဖြေပးပါ။
၄။ အခ်ိန္နဲ႔ အိပ္ျခင္း

ေမေမတို႔ရဲ႕ကေလးကို အိပ္ခ်ိန္မွန္ကန္ေအာင္ ေလ့က်င့္ေပးပါ။ သင့္ကေလး ေက်ာင္းစတတ္တာနဲ႔ ဒါက အေရးအပါဆံုးျဖစ္ပါလိမ့္မယ္။ ပံုမွန္အိပ္ရာဝင္ခ်ိန္ သတ္မွတ္ေပးပါ။ ဒါမွသာ ေစာေစာအိပ္ရာထတတ္တဲ့ အက်င့္ရရွိမွာပါ။
၅။ အျပင္မွာေဆာ့ကစားျခင္း

ေမေမတို႔ရဲ႕ကေလးကို တီဗီေရွ႕မွာ ကာတြန္းကားၾကည့္ရင္း၊ တီဗီဂိမ္းကစားရင္းႏွင့္ဘဲ အခ်ိန္မကုန္ပါေစနဲ႔။ ေန႔စဥ္ေန႔တိုင္း ျပင္ပလႈပ္ရွားမႈေလးေတြ ျပဳလုပ္ေပးပါ။ ကိုယ္လက္လႈပ္ရွားမႈကို အားေပးပါ။
၆။ ရႈပ္ပြေနတာေတြကို သန္႔ရွင္းေရးလုပ္ျခင္း

သူ႔ရဲ႕အခန္းထဲမွာ ရႈပ္ပြေနတာေတြကို ရွင္းလင္းဖို႔ ကေလးကို သင္ေပးထားတာက အိုင္ဒီယာေကာင္းတစ္ခုျဖစ္ပါတယ္။ သူတို႔ရဲ႕ ကစားစရာေတြ၊ စာအုပ္ေတြနဲ႔ ပစၥည္းပစၥယေတြကို သူ႔ေနရာနဲ႔သူထားဖို႔ တစ္ေန႔ကို ၁၀မိနစ္ မိနစ္ ၂၀ေလာက္ သန္႕ရွင္းေရးလုပ္တတ္ေအာင္ သင္ေပးထားရပါမယ္။ ေမေမတို႔က သားသားမီးမီးတို႔ရဲ႕ အခန္းေလး သန္႔ရွင္းေနရင္ သူ႕အႀကိဳက္ဆံုးမုန္႔ေကၽြးၿပီး ဆုခ်ႏိုင္ပါတယ္။
၇။ ေငြေၾကးႏွင့္ပတ္သတ္လာရင္ တာဝန္ယူတတ္ေစဖို႔

ေမေမတို႔ရဲ႕ကေလးဟာ ေက်ာင္းတတ္ရေတာ့မယ္ဆိုရင္ အတန္းႀကီးလာတာနဲ႔အမွ် ေက်ာင္းအတြက္ လိုအပ္တာေတြဝယ္ဖို႔၊ ဘာဖိုးညာဖိုးေပးဖို႔ ပိုက္ဆံကိုင္သံုးရေတာ့မွာပါ။ ဒါ့ေၾကာင့္ ေမေမတို႔ကေလးဟာ ပိုက္ဆံကို အက်ိဳးရွိရွိသံုးတတ္ေအာင္၊ မလိုအပ္ဘဲ မသံုးမိေစေအာင္ ပညာေပးဖို႔ လိုပါတယ္။ သူ႔ရဲ႕ကုန္က်စရိတ္ကို စီမံခန္႔ခြဲတတ္ဖို႔နဲ႔ ပိုက္ဆံစုတတ္ေစဖို႔ သင္ေပးႏိုင္ပါတယ္။
၈။ “ေက်းဇူးတင္ပါတယ္”၊” ေက်းဇူးျပဳၿပီးေတာ့” စသျဖင့္ယဥ္ေက်းစြာ ေျပာဆိုျခင္

ေမေမတို႔ရဲ႕ကေလးကို သင္ေပးဖို႔ လိုအပ္တဲ့ ေနာက္ထပ္အေျခခံစည္းမ်ဥ္းေလးျဖစ္ပါတယ္။ ေက်းဇူးျပဳၿပီးေတာ့၊ ေက်းဇူးတင္ပါတယ္ ဆိုတဲ့ စကားလံုးေတြက ယဥ္ေက်းၿပီး ၾကည္ႏူးဖြယ္ေကာင္းတဲ့ စကားလံုးေလးေတြ ျဖစ္ပါတယ္။ သင့္ကေလး သိဖို႔လိုအပ္တဲ့ အရာလည္းျဖစ္ပါတယ္။
၉။ မွ်ေဝမႈကို ဂရုစိုက္ျခင္း

ဒါက ေက်ာင္းေနကေလးအတြက္ အေရးအပါဆံုး အေလ့အက်င့္ေကာင္းတစ္ခု ျဖစ္ပါတယ္။ သင့္ကေလးက ကေလးတစ္ေယာက္သာျဖစ္လွ်င္ မွ်ေဝျခင္းက ဘဝရဲ႕အေရးပါတဲ့ အစိတ္အပိုင္းအျဖစ္ ဘယ္လုိေျပာင္းလဲေၾကာင္း ရွင္းျပဖို႔ လိုပါလိမ့္မယ္။
မွ်ေဝျခင္းက ဘယ္လိုေပ်ာ္ရြင္မႈ ရရွိေစေၾကာင္းႏွင့္ တျခားတစ္ေယာက္မွာမရွိတဲ့ အရုပ္၊ ပစၥည္းေတြကို မွ်ေဝေပးရျခင္းက ဘယ္ေလာက္ကံေကာင္းေၾကာင္း သူတို႔ိုကို ပညာေပးပါ။
၁၀။ အမိႈက္သရိုက္ေတြကို Public ဧရိယာမွာ မစြန္႔ပစ္တတ္ေအာင္

ပန္းၿခံ ၊ ဥယ်ာဥ္၊ လမ္းေပၚမွာကဲ့သို႔ အမ်ားျပည္သူသြားလာေနတဲ့ေနရာေတြမွာ အမိႈက္ေတြ စြန္႔ပစ္ျခင္းက ႏိုင္ငံသားေကာင္းမပီသတဲ့ လုပ္ရပ္တစ္ခုျဖစ္ေၾကာင္း ရွင္းျပပါ။ အမိႈက္ပံုးထဲမွာ အၿမဲတမ္း အမိႈက္ပစ္ဖို႔နဲ႔ ယဥ္ေက်းတဲ့ ႏိုင္ငံသားတစ္ေယာက္အမူအက်င့္ေတြက ဘယ္လိုလဲဆိုတာ သင္ျပေပးပါ။
ဒီအေလ့အက်င့္ေလးေတြကို ေမေမတို႔ရဲ႕ကေလးမွာ ပ်ိဳးေထာင္ေပးျခင္းျဖင့္ သူတို႔ရဲ႕ကိုယ္ရည္ကိုယ္ေသြးကို ပံုေဖာ္ေပးၿပီး သူတို႔အေလ့အက်င့္ေကာင္းေတြကို တိုးတတ္ေအာင္ ကူညီပါ။ ေမေမတို႔ကေလး ေက်ာင္းတတ္ရတဲ့အခါ ဒီရိုးရွင္းတဲ့ အေလ့အက်င့္ေကာင္းေလးေတြက သူ႔ကုိ ပိုေကာင္းတဲ့ လူတစ္ေယာက္ျဖစ္လာေစမယ္လို႔ ရွင္းျပေပးပါ။
ေမေမတို႔ရဲ႕ ကေလးေတြကို ဒီအေလ့အက်င့္ေကာင္းေလးေတြ သြန္သင္ေပးဖို႔၊ ေျပာျပေပးဖို႔ မေမ့ပါနဲ႔ေနာ္။
LM_Nandar
Chit_MayMay
Unicode
မေမေတို့ရဲ့ ကလေးကို မဖြစ်မနေ သင်ပေးသင့်တဲ့ အလေ့အကျင့်ကောင်း (၁၀) မျိုး
မေမေတို့အနေနဲ့ သားသားမီးမီးတွေကို ငယ်စဉ်ကတည်းက အလေ့အကျင့်ကောင်းလေးတွေ သင်ထားပေးသင့်ပါတယ်။ အလေ့အကျင့်ကောင်းလေးတွေ ပျိုးထောင်ထားပေးမှ သူတို့ကျောင်းနေအရွယ်ရောက်တဲ့အခါ ကောင်းမွန်တဲ့ ကလေးလေးတွေ ဖြစ်လာမှာပါ။
မေမေတို့ ကလေးအတွက် ကျန်းမာတဲ့ အလေ့အထတွေကို စောနိုင်သမျှ စောစော မိတ်ဆတ်ထားဖို့ လိုအပ်ပါတယ်။ ဥပမာ- တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်သတ်ပြီး အစာမစားခင် လက်ကိုသေချာဆေးတာတို့၊ ကစားပြီးရင် လက်ဆေးတာတို့ဟာ အခြေခံသင်ပေးထားရမယ့် အလေ့အကျင့်လေးတွေပါ။ ဒါ့အပြင် ကျောင်းစတတ်ရတော့မယ့် မေမေတို့ကလေးတွေအတွက် သင်ပေးထားသင့်တဲ့ အလေ့အထကောင်းလေးတွေရှိပါသေးတယ်။
၁။ ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာ စားသောက်ခြင်း
ဒါက သူတို့အားလုံးအတွက် အခက်အခဲဆုံး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တခြားကလေးတွေလိုပဲ မေမေတို့ရဲ့ကလေးဟာ ဆိုးဆေးပါတဲ့ ဇီးထုပ်တွေ၊ အချဉ်ထုပ်တွေ၊ မသန့်တဲ့ ဆီနဲ့ကြော်ထားတဲ့ အာလူးကြော်ထုပ်တွေကို စားချင်ပါလိမ့်မယ်။ သူတို့က ဒါကမကောင်းဘူး၊ ကျန်းမာရေးနှင့်မညီညွတ်ဘူးဆိုတာ နားမလည်ကြပါဘူး။
ဒါ့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်စွာစားခြင်းရဲ့ အရေးပါပုံနှင့် Junk food တွေက ကျန်းမာရေးအတွက် ဘယ်လို အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာ ရှင်းပြပေးပါ။
ရံဖန်ရံခါ သင့်ကလေးအတွက် သရေစာမုန့်တွေကို အိမ်မှာလုပ်ကျွေးပါ။
၂။ ထမင်းစားပွဲပေါ်က အမူအကျင့်များ
ဒါက မေမေတို့ကလေးကို ပညာပေးဖို့ လိုအပ်တဲ့ အလေ့အကျင့်ကောင်းတွေထဲက အရေးအပါဆုံး အချက်တစ်ခုဖြစ်ပါတယ်။ လူမှုဆက်ဆံရေးစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ကလေးအနေနဲ့ အခြေခံထမင်းစားပွဲ အမူအကျင့်လေးတွေ သိထားသင့်ပါတယ်။
၃။ တစ်နေ့ နှစ်ကြိမ်သွားတိုက်ခြင်း
ငယ်ရွယ်တဲ့ကလေးတွေဟာ သွားတိုက်ရမှာကို မကြာခဏ ပျင်းတတ်ကြပါတယ်။ သွားကျန်းမာရေးနှင့် သွားတိုက်ခြင်းရဲ့ အရေးပါပုံကို ကလေးကို ပညာပေးဖို့ မိနစ်အနည်းငယ်လောက် အချိန်ယူပြီး ရှင်းပြပေးပါ။ မေမေတို့က ကလေးသွားတိုက်ချင်လာအောင် ပျော်စရာကောင်းတဲ့နည်းလမ်းလေးတွေ ရှာဖွေပေးပါ။
၄။ အချိန်နဲ့ အိပ်ခြင်း
မေမေတို့ရဲ့ကလေးကို အိပ်ချိန်မှန်ကန်အောင် လေ့ကျင့်ပေးပါ။ သင့်ကလေး ကျောင်းစတတ်တာနဲ့ ဒါက အရေးအပါဆုံးဖြစ်ပါလိမ့်မယ်။ ပုံမှန်အိပ်ရာဝင်ချိန် သတ်မှတ်ပေးပါ။ ဒါမှသာ စောစောအိပ်ရာထတတ်တဲ့ အကျင့်ရရှိမှာပါ။
၅။ အပြင်မှာဆော့ကစားခြင်း
မေမေတို့ရဲ့ကလေးကို တီဗီရှေ့မှာ ကာတွန်းကားကြည့်ရင်း၊ တီဗီဂိမ်းကစားရင်းနှင့်ဘဲ အချိန်မကုန်ပါစေနဲ့။ နေ့စဉ်နေ့တိုင်း ပြင်ပလှုပ်ရှားမှုလေးတွေ ပြုလုပ်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှုကို အားပေးပါ။
၆။ ရှုပ်ပွနေတာတွေကို သန့်ရှင်းရေးလုပ်ခြင်း
သူ့ရဲ့အခန်းထဲမှာ ရှုပ်ပွနေတာတွေကို ရှင်းလင်းဖို့ ကလေးကို သင်ပေးထားတာက အိုင်ဒီယာကောင်းတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ ကစားစရာတွေ၊ စာအုပ်တွေနဲ့ ပစ္စည်းပစ္စယတွေကို သူ့နေရာနဲ့သူထားဖို့ တစ်နေ့ကို ၁၀မိနစ် မိနစ် ၂၀လောက် သန့်ရှင်းရေးလုပ်တတ်အောင် သင်ပေးထားရပါမယ်။ မေမေတို့က သားသားမီးမီးတို့ရဲ့ အခန်းလေး သန့်ရှင်းနေရင် သူ့အကြိုက်ဆုံးမုန့်ကျွေးပြီး ဆုချနိုင်ပါတယ်။
၇။ ငွေကြေးနှင့်ပတ်သတ်လာရင် တာဝန်ယူတတ်စေဖို့
မေမေတို့ရဲ့ကလေးဟာ ကျောင်းတတ်ရတော့မယ်ဆိုရင် အတန်းကြီးလာတာနဲ့အမျှ ကျောင်းအတွက် လိုအပ်တာတွေဝယ်ဖို့၊ ဘာဖိုးညာဖိုးပေးဖို့ ပိုက်ဆံကိုင်သုံးရတော့မှာပါ။ ဒါ့ကြောင့် မေမေတို့ကလေးဟာ ပိုက်ဆံကို အကျိုးရှိရှိသုံးတတ်အောင်၊ မလိုအပ်ဘဲ မသုံးမိစေအောင် ပညာပေးဖို့ လိုပါတယ်။ သူ့ရဲ့ကုန်ကျစရိတ်ကို စီမံခန့်ခွဲတတ်ဖို့နဲ့ ပိုက်ဆံစုတတ်စေဖို့ သင်ပေးနိုင်ပါတယ်။
၈။ “ကျေးဇူးတင်ပါတယ်”၊” ကျေးဇူးပြုပြီးတော့” စသဖြင့်ယဉ်ကျေးစွာ ပြောဆိုခြင်း
မေမေတို့ရဲ့ကလေးကို သင်ပေးဖို့ လိုအပ်တဲ့ နောက်ထပ်အခြေခံစည်းမျဉ်းလေးဖြစ်ပါတယ်။ ကျေးဇူးပြုပြီးတော့၊ ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားလုံးတွေက ယဉ်ကျေးပြီး ကြည်နူးဖွယ်ကောင်းတဲ့ စကားလုံးလေးတွေ ဖြစ်ပါတယ်။ သင့်ကလေး သိဖို့လိုအပ်တဲ့ အရာလည်းဖြစ်ပါတယ်။
၉။ မျှဝေမှုကို ဂရုစိုက်ခြင်း
ဒါက ကျောင်းနေကလေးအတွက် အရေးအပါဆုံး အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။ သင့်ကလေးက ကလေးတစ်ယောက်သာဖြစ်လျှင် မျှဝေခြင်းက ဘဝရဲ့အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် ဘယ်လိုပြောင်းလဲကြောင်း ရှင်းပြဖို့ လိုပါလိမ့်မယ်။
မျှဝေခြင်းက ဘယ်လိုပျော်ရွင်မှု ရရှိစေကြောင်းနှင့် တခြားတစ်ယောက်မှာမရှိတဲ့ အရုပ်၊ ပစ္စည်းတွေကို မျှဝေပေးရခြင်းက ဘယ်လောက်ကံကောင်းကြောင်း သူတိို့ုကို ပညာပေးပါ။
၁၀။ အမှိုက်သရိုက်တွေကို Public ဧရိယာမှာ မစွန့်ပစ်တတ်အောင်
ပန်းခြံ ၊ ဥယျာဉ်၊ လမ်းပေါ်မှာကဲ့သို့ အများပြည်သူသွားလာနေတဲ့နေရာတွေမှာ အမှိုက်တွေ စွန့်ပစ်ခြင်းက နိုင်ငံသားကောင်းမပီသတဲ့ လုပ်ရပ်တစ်ခုဖြစ်ကြောင်း ရှင်းပြပါ။ အမှိုက်ပုံးထဲမှာ အမြဲတမ်း အမှိုက်ပစ်ဖို့နဲ့ ယဉ်ကျေးတဲ့ နိုင်ငံသားတစ်ယောက်အမူအကျင့်တွေက ဘယ်လိုလဲဆိုတာ သင်ပြပေးပါ။
ဒီအလေ့အကျင့်လေးတွေကို မေမေတို့ရဲ့ကလေးမှာ ပျိုးထောင်ပေးခြင်းဖြင့် သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးကို ပုံဖော်ပေးပြီး သူတို့အလေ့အကျင့်ကောင်းတွေကို တိုးတတ်အောင် ကူညီပါ။ မေမေတို့ကလေး ကျောင်းတတ်ရတဲ့အခါ ဒီရိုးရှင်းတဲ့ အလေ့အကျင့်ကောင်းလေးတွေက သူ့ကို ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာစေမယ်လို့ ရှင်းပြပေးပါ။
မေမေတို့ရဲ့ ကလေးတွေကို ဒီအလေ့အကျင့်ကောင်းလေးတွေ သွန်သင်ပေးဖို့၊ ပြောပြပေးဖို့ မမေ့ပါနဲ့နော်။