ေမေမ့ကေလး စာလံုးေပါင္းေတြ အရမ္းမွားေနရင္ ဘယ္လိုကူညီေပးမလဲ?

0
330
- Advertisement -

စာေရး၊ စာဖတ္ဖိို႔ ေလ့လာသင္ယူရျခင္းဟာ ကေလးေတြအတြက္ ရွည္လ်ားရႈပ္ေထြးတဲ့ တာဝန္တစ္ခုျဖစ္ပါတယ္။ ေမေမတို႔ကေလးဟာ ျမန္မာစာမွာျဖစ္ျဖစ္၊ အဂၤလိပ္စာမွာ ျဖစ္ျဖစ္ စာလံုးေပါင္းေတြ အရမ္းမွားေနပါသလား? ေမေမတို႔ ကေလး စာလံုးေပါင္းေတြ အမွားမ်ားတာ သတိျပဳမိလွ်င္ သူတို႔ရဲ႕စာလံုးေပါင္းကို မွန္ကန္ေအာင္ ကူညီေပးဖို႔ နည္းလမ္းမ်ားစြာ ရွိတယ္ဆိုတာ ေမေမတို႔သိထားရပါမယ္။ ဒီေဆာင္းပါးမွာ ေမေမတို႔ သိဖိို႔လိုအပ္တဲ့အရာေတြကို ေျပာျပေပးပါမယ္။

စကားလံုး ဂိမ္းမ်ား၊ transcription ေလ့က်င့္ခန္းမ်ားႏွင့္ မၾကာခဏ စာဖတ္ျခင္းက ေမေမတို႔ကေလးရဲ႕ စာလံုးေပါင္းအမွားေတြကို ေက်ာ္လႊားႏိုင္ဖို႔ အေကာင္းဆံုးနညး္လမ္းတစ္ခ်ိဳ႕ျဖစ္ပါတယ္။

ေအာက္မွာ ေဖာ္ျပထားတဲ့ အႀကံျပဳခ်က္မ်ားက ေမေမတို႔ကေလး စာလံုးေပါင္းမွားတာေတြကို ရပ္တန္႔သြားေအာင္ ကူညီေပးပါလိမ့္မယ္။ သတိျပဳရမွာက စိတ္ရွည္ရပါမယ္။ ဘယ္အလုပ္မဆို ရည္မွန္းခ်က္ေအာင္ျမင္ဖို႔ ခက္ခက္ခဲခဲနဲ႔ ႀကိဳးစားအားထုတ္ရတယ္ဆိုတာ မေမ့ပါနဲ႔ေနာ္။

- Advertisement -

၁။ အသံထြက္ကို နားလည္သေဘာေပါက္ေစျခင္း

Funny little preschooler girl memorizing letters and numbers

ကေလးေတြကို စာလံုးေပါင္းအမွားေတြ ေက်ာ္လႊားႏိုင္ေစဖို႔ ပထမဆံုးအႀကံျပဳခ်က္က သူတို႔ကို အသံထြက္ေတြ ပိုၿပီး နားလည္သေဘာေပါက္လာေအာင္ ကူညီဖို႔ ျဖစ္ပါတယ္။ ဒါက စာလံုးေပါင္း ဖြံ႕ၿဖိဳးမႈႏွင့္ ပတ္သတ္လာတဲ့အခါ အေျခခံအက်ဆံုးအရာ ျဖစ္ပါတယ္။
ကေလးေတြဟာ စာလံုးမေပါင္းခင္မွာ စကားလံုးတစ္လံုးကို မွန္ကန္စြာ ဘယ္လိုအသံထြက္ရမယ္ဆိုတာ သိဖို႔ လိုအပ္ပါတယ္။ ရြတ္ဆိုတဲ့ စကားလံုးေတြအၾကား အသံေတြကို ခြဲျခားသိျမင္ ႏိုင္ေစဖို႔ လိုအပ္ပါတယ္။ တခ်ိဳ႕ကေလးေတြက အသံထြက္ႏွင့္ ဖိုနက္တစ္ရဲ႕ ဧရိယာမွာ အားနည္းခ်က္ရွိပါတယ္။ မိဘေတြနဲ႔ဆရာေတြက ဒီဧရိယာမွာ တိုးတတ္ေအာင္ ကူညီသင့္ပါတယ္။

၂။ စကားလံုးဂိမ္းမ်ား ေဆာ့ေပးျခင္း

စကားလံုးဂိမ္းေတြကစားျခင္းက ကေလးေတြရဲ႕ စာလံုးေပါင္းစြမ္းရည္ကို စမ္းသပ္ဖို႔ ေပ်ာ္စရာနည္းလမ္းတစ္ခုလို႔ စိတ္ထဲမွာ မွတ္ထားေပးပါေနာ္။ တစ္ခ်ိန္တည္းမွာပဲ ဒါက စကားလံုးအသစ္ေတြကို ေလ့လာသင္ယူဖို႔ ႀကီးမားတဲ့ အခြင့္အေရးတစ္ခုပါပဲ။

ကေလးက စာလံုးေပါင္းေတြ အရမ္းမွားတဲ့အခါ ကစားေပးႏိုင္တဲ့ ကစားနည္းေတြကေတာ့ Scrabble (စာလံုးဆက္) ကစားနည္း၊ Scattergories ကစားနည္း (ဥပမာ- a စာလံုးေပးထားရင္ ant, apple, arrow စသျဖင့္)၊ Boggle ကစားနည္း( ေပးထားတဲ့စာလံုးေတြကို အဓိပၸာယ္မွန္ေအာင္တြဲဆက္ကစားနည္း)၊ ႏွင့္ Upwords ကစားနည္းေတြျဖစ္ပါတယ္။ ဒီကစားနည္းေတြက စာလံုးေပါင္းအေလ့အက်င့္ျဖစ္ေစၿပီး စာလံုးေပါင္းမွန္ဖို႔အတြက္ အထူးေကာင္းမြန္တဲ့ tools မ်ားျဖစ္ပါတယ္။ ကေလးေတြက ဂိမ္းကစားရတာကို ႏွစ္သက္တယ္ဆိုတာ မေမ့ပါနဲ႔ေနာ္။ သင္ယူေလ့လာျခင္းက ေပ်ာ္စရာေကာင္းတဲ့အခါ အၿမဲတမ္းလြယ္ကူေစပါတယ္။

၃။ စာလံုးေပါင္းသတ္ပံု မွန္ကန္ေစဖို႔ စာေၾကာင္းတုိေလးေတြ ေခၚေပးျခင္း

တတိယအႀကံျပဳခ်က္တစ္ခုက ကေလးေတြ စာလံုးေပါင္းအမွားနည္းေစဖို႔ စာေၾကာင္း တစ္ေၾကာင္း သို႔မဟုတ္ ႏွစ္ေၾကာင္းေလာက္ကို စာလံုးေပါင္းသတ္ပံုေခၚေပးျခင္းျဖစ္ပါတယ္။ ကေလးေတြ စိတ္ဝင္စားမယ့္ မဂၢဇင္း သို႔မဟုတ္ စာအုပ္တစ္အုပ္ကေန စာေၾကာင္းေလးေတြကို ေမေမတို႔က ဖတ္ျပေပးပါ။ ကေလးက လိုက္ေရးပါလိမ့္မယ္။ တစ္ခ်ိန္တည္းမွာပဲ ကေလးဟာ အိမ္မွာျဖစ္ေစ၊ ေက်ာင္းမွာျဖစ္ေစ reference စာအုပ္ေတြကို အသံုးျပဳခြင့္ရရွိဖို႔ အေရးႀကီးပါတယ္။

၄။ မၾကာခဏ ဖတ္ခိုင္းျခင္း

ကေလးရဲ႕စာလံုးေပါင္းအမွားကို တုိးတတ္ေစဖို႔ သင္ေပးႏိုင္မယ့္ အႀကံဥာဏ္တစ္ခုက မၾကာခဏဖတ္ဖို႔ သူတို႔ကို အားေပးရမွာျဖစ္ပါတယ္။ အေကာင္းဆံုးကေတာ့ ကေလးေတြဟာ တစ္ေန႔ကို အနည္းဆံုး မိနစ္ ၃၀ေလာက္ စာဖတ္သင့္ပါတယ္။
စာဖတ္ျခင္းက စာေၾကာင္းေတြ တည္ေဆာက္ျခင္းကို တုိးတတ္ေစၿပီး ေဝါဟာရၾကြယ္ဝဖို႔အတြက္ အေကာင္းဆံုးေလ့က်င့္ခန္းတစ္ခုျဖစ္ပါတယ္။
စာဖတ္ျခင္းျဖင့္ ဦးေႏွာက္က စာေၾကာင္းေတြ၊ စာလံုးေတြကို မွတ္မိေနတာေၾကာင့္ စာလံုးေပါင္း အမွားနည္းသြားေစပါတယ္။ ဒါ့ေၾကာင့္ သင့္ကေလးကို ပံုမွန္စာဖတ္ဖို႔ အခ်ိန္နဲ႔ ေနရာကို ရွာေဖြေပးဖို႔ လိုအပ္ပါတယ္။

၅။ ပံုဆြဲျခင္း

ေနာက္ဆံုးအေနနဲ႔ စာလံုးေပါင္းတိုးတတ္ေစဖိို႔ mnemonic device (or) memory device တစ္ခုအျဖစ္ ပံုဆြဲျခင္းကိုလည္း သံုးႏိုင္ပါတယ္။ ပံုရိပ္ေတြက ကေလးအတြက္ စာလံုးေတြကို ဘယ္လိုေပါင္းရတယ္ဆိုတာ မွတ္မိေစဖို႔ နည္းလမ္းေကာင္းတစ္ခုျဖစ္ပါတယ္။ စာလံုးေပါင္းခက္ခဲတဲ့ စကားလံုးမ်ားကို ပံုရိိပ္အျဖစ္ ေျပာင္းလဲႏိုင္ပါတယ္။ အကၡရာစာလံုးကို ပံုတစ္ပံုအျဖစ္ ေျပာင္းပါ။ ဒီနည္းလမ္းက သင့္ကေလးကို ပိုၿပီး လြယ္ကူေစတဲ့ စကားလံုးရဲ႕ ကိုယ္စားျပဳ ပံုတစ္ပံု ရရွိပါလိမ့္မယ္။

ကေလးရဲ႕ စာအေရးအသား တုိးတတ္ေစဖို႔နဲ႔ စာလံုးေပါင္းအမွားေတြကို ေရွာင္ရွားဖို႔ ကူညီေပးႏိုင္မယ့္ နည္းလမ္းမ်ားစြာ ရွိတာေၾကာင့္ ကေလးးစိတ္ဝင္စားမယ့္ နည္းလမ္းေလးေတြနဲ႔ ေမေမတို႔က ႀကိဳးစားေပးဖို႔ အႀကံျပဳပါတယ္။

Chit_MayMay

LM_Nandar

Unicode

မေမေ့ကလေး စာလုံးပေါင်းတွေ အရမ်းမှားနေရင် ဘယ်လိုကူညီပေးမလဲ?
စာရေး၊ စာဖတ်ဖိို့ လေ့လာသင်ယူရခြင်းဟာ ကလေးတွေအတွက် ရှည်လျားရှုပ်ထွေးတဲ့ တာဝန်တစ်ခုဖြစ်ပါတယ်။ မေမေတို့ကလေးဟာ မြန်မာစာမှာဖြစ်ဖြစ်၊ အင်္ဂလိပ်စာမှာ ဖြစ်ဖြစ် စာလုံးပေါင်းတွေ အရမ်းမှားနေပါသလား? မေမေတို့ ကလေး စာလုံးပေါင်းတွေ အမှားများတာ သတိပြုမိလျှင် သူတို့ရဲ့စာလုံးပေါင်းကို မှန်ကန်အောင် ကူညီပေးဖို့ နည်းလမ်းများစွာ ရှိတယ်ဆိုတာ မေမေတို့သိထားရပါမယ်။ ဒီဆောင်းပါးမှာ မေမေတို့ သိဖိို့လိုအပ်တဲ့အရာတွေကို ပြောပြပေးပါမယ်။
စကားလုံး ဂိမ်းများ၊ transcription လေ့ကျင့်ခန်းများနှင့် မကြာခဏ စာဖတ်ခြင်းက မေမေတို့ကလေးရဲ့ စာလုံးပေါင်းအမှားတွေကို ကျော်လွှားနိုင်ဖို့ အကောင်းဆုံးနညး်လမ်းတစ်ချို့ဖြစ်ပါတယ်။
အောက်မှာ ဖော်ပြထားတဲ့ အကြံပြုချက်များက မေမေတို့ကလေး စာလုံးပေါင်းမှားတာတွေကို ရပ်တန့်သွားအောင် ကူညီပေးပါလိမ့်မယ်။ သတိပြုရမှာက စိတ်ရှည်ရပါမယ်။ ဘယ်အလုပ်မဆို ရည်မှန်းချက်အောင်မြင်ဖို့ ခက်ခက်ခဲခဲနဲ့ ကြိုးစားအားထုတ်ရတယ်ဆိုတာ မမေ့ပါနဲ့နော်။
၁။ အသံထွက်ကို နားလည်သဘောပေါက်စေခြင်း
ကလေးတွေကို စာလုံးပေါင်းအမှားတွေ ကျော်လွှားနိုင်စေဖို့ ပထမဆုံးအကြံပြုချက်က သူတို့ကို အသံထွက်တွေ ပိုပြီး နားလည်သဘောပေါက်လာအောင် ကူညီဖို့ ဖြစ်ပါတယ်။ ဒါက စာလုံးပေါင်း ဖွံ့ဖြိုးမှုနှင့် ပတ်သတ်လာတဲ့အခါ အခြေခံအကျဆုံးအရာ ဖြစ်ပါတယ်။
ကလေးတွေဟာ စာလုံးမပေါင်းခင်မှာ စကားလုံးတစ်လုံးကို မှန်ကန်စွာ ဘယ်လိုအသံထွက်ရမယ်ဆိုတာ သိဖို့ လိုအပ်ပါတယ်။ ရွတ်ဆိုတဲ့ စကားလုံးတွေအကြား အသံတွေကို ခွဲခြားသိမြင် နိုင်စေဖို့ လိုအပ်ပါတယ်။ တချို့ကလေးတွေက အသံထွက်နှင့် ဖိုနက်တစ်ရဲ့ ဧရိယာမှာ အားနည်းချက်ရှိပါတယ်။ မိဘတွေနဲ့ဆရာတွေက ဒီဧရိယာမှာ တိုးတတ်အောင် ကူညီသင့်ပါတယ်။
၂။ စကားလုံးဂိမ်းများ ဆော့ပေးခြင်း
စကားလုံးဂိမ်းတွေကစားခြင်းက ကလေးတွေရဲ့ စာလုံးပေါင်းစွမ်းရည်ကို စမ်းသပ်ဖို့ ပျော်စရာနည်းလမ်းတစ်ခုလို့ စိတ်ထဲမှာ မှတ်ထားပေးပါနော်။ တစ်ချိန်တည်းမှာပဲ ဒါက စကားလုံးအသစ်တွေကို လေ့လာသင်ယူဖို့ ကြီးမားတဲ့ အခွင့်အရေးတစ်ခုပါပဲ။
ကလေးက စာလုံးပေါင်းတွေ အရမ်းမှားတဲ့အခါ ကစားပေးနိုင်တဲ့ ကစားနည်းတွေကတော့ Scrabble (စာလုံးဆက်) ကစားနည်း၊ Scattergories ကစားနည်း (ဥပမာ- a စာလုံးပေးထားရင် ant, apple, arrow စသဖြင့်)၊ Boggle ကစားနည်း( ပေးထားတဲ့စာလုံးတွေကို အဓိပ္ပာယ်မှန်အောင်တွဲဆက်ကစားနည်း)၊ နှင့် Upwords ကစားနည်းတွေဖြစ်ပါတယ်။ ဒီကစားနည်းတွေက စာလုံးပေါင်းအလေ့အကျင့်ဖြစ်စေပြီး စာလုံးပေါင်းမှန်ဖို့အတွက် အထူးကောင်းမွန်တဲ့ tools များဖြစ်ပါတယ်။ ကလေးတွေက ဂိမ်းကစားရတာကို နှစ်သက်တယ်ဆိုတာ မမေ့ပါနဲ့နော်။ သင်ယူလေ့လာခြင်းက ပျော်စရာကောင်းတဲ့အခါ အမြဲတမ်းလွယ်ကူစေပါတယ်။
၃။ စာလုံးပေါင်းသတ်ပုံ မှန်ကန်စေဖို့ စာကြောင်းတိုလေးတွေ ခေါ်ပေးခြင်း
တတိယအကြံပြုချက်တစ်ခုက ကလေးတွေ စာလုံးပေါင်းအမှားနည်းစေဖို့ စာကြောင်း တစ်ကြောင်း သို့မဟုတ် နှစ်ကြောင်းလောက်ကို စာလုံးပေါင်းသတ်ပုံခေါ်ပေးခြင်းဖြစ်ပါတယ်။ ကလေးတွေ စိတ်ဝင်စားမယ့် မဂ္ဂဇင်း သို့မဟုတ် စာအုပ်တစ်အုပ်ကနေ စာကြောင်းလေးတွေကို မေမေတို့က ဖတ်ပြပေးပါ။ ကလေးက လိုက်ရေးပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ ကလေးဟာ အိမ်မှာဖြစ်စေ၊ ကျောင်းမှာဖြစ်စေ reference စာအုပ်တွေကို အသုံးပြုခွင့်ရရှိဖို့ အရေးကြီးပါတယ်။
၄။ မကြာခဏ ဖတ်ခိုင်းခြင်း
ကလေးရဲ့စာလုံးပေါင်းအမှားကို တိုးတတ်စေဖို့ သင်ပေးနိုင်မယ့် အကြံဉာဏ်တစ်ခုက မကြာခဏဖတ်ဖို့ သူတို့ကို အားပေးရမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ကလေးတွေဟာ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀လောက် စာဖတ်သင့်ပါတယ်။
စာဖတ်ခြင်းက စာကြောင်းတွေ တည်ဆောက်ခြင်းကို တိုးတတ်စေပြီး ဝေါဟာရကြွယ်ဝဖို့အတွက် အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။
စာဖတ်ခြင်းဖြင့် ဦးနှောက်က စာကြောင်းတွေ၊ စာလုံးတွေကို မှတ်မိနေတာကြောင့် စာလုံးပေါင်း အမှားနည်းသွားစေပါတယ်။ ဒါ့ကြောင့် သင့်ကလေးကို ပုံမှန်စာဖတ်ဖို့ အချိန်နဲ့ နေရာကို ရှာဖွေပေးဖို့ လိုအပ်ပါတယ်။
၅။ ပုံဆွဲခြင်း
နောက်ဆုံးအနေနဲ့ စာလုံးပေါင်းတိုးတတ်စေဖိို့ mnemonic device (or) memory device တစ်ခုအဖြစ် ပုံဆွဲခြင်းကိုလည်း သုံးနိုင်ပါတယ်။ ပုံရိပ်တွေက ကလေးအတွက် စာလုံးတွေကို ဘယ်လိုပေါင်းရတယ်ဆိုတာ မှတ်မိစေဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ စာလုံးပေါင်းခက်ခဲတဲ့ စကားလုံးများကို ပုံရိိပ်အဖြစ် ပြောင်းလဲနိုင်ပါတယ်။ အက္ခရာစာလုံးကို ပုံတစ်ပုံအဖြစ် ပြောင်းပါ။ ဒီနည်းလမ်းက သင့်ကလေးကို ပိုပြီး လွယ်ကူစေတဲ့ စကားလုံးရဲ့ ကိုယ်စားပြု ပုံတစ်ပုံ ရရှိပါလိမ့်မယ်။
ကလေးရဲ့ စာအရေးအသား တိုးတတ်စေဖို့နဲ့ စာလုံးပေါင်းအမှားတွေကို ရှောင်ရှားဖို့ ကူညီပေးနိုင်မယ့် နည်းလမ်းများစွာ ရှိတာကြောင့် ကလေးးစိတ်ဝင်စားမယ့် နည်းလမ်းလေးတွေနဲ့ မေမေတို့က ကြိုးစားပေးဖို့ အကြံပြုပါတယ်။

Chit_MayMay

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here