သားသားမီးမီးေတြကို မွတ္ဥာဏ္ေကာင္းေစတဲ့ အစားအစာမ်ားေကၽြးျခင္းက ကေလးေတြမွာ အာရံုစူးစိုက္မႈႏွင့္ သိျမင္မႈဆိုင္ရာလုပ္ငန္းစဥ္မ်ားကို တိုးတတ္ေစဖို႔ အေကာင္းဆံုးနည္းလမ္းျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေလ့လာသင္ယူေနတဲ့ ေက်ာင္းေနအရြယ္ သားသားမီးမီးေတြအတြက္ အက်ိဳးရွိေစမယ့္ အစားအစာ စာရင္းကို ေဖာ္ျပေပးခ်င္ပါတယ္။ အဆိုပါစာရင္းက neurotransmitters၏ လုပ္ေဆာင္မႈကို အေထာက္အကူျပဳေစတဲ့ အာဟာရေပၚမွာ အေျခခံပါတယ္။
၁။ သစ္ၾကားသီးနဲ႔ တျခားအခြံမာသီးမ်ား
သစ္ၾကားသီးက ၾကည့္လိုက္ရင္ လူ႔ရဲ႕ဦးေႏွာက္နဲ႔ဆင္တူပါတယ္။ ဒီသစ္ၾကားသီးမွာ ဖက္တီးအက္ဆစ္၊ ေဖာ့စဖရပ္နဲ႔ အိုမီဂါ ၃တို႔ ျမင့္မားစြာပါဝင္ပါတယ္။ သူတို႔က ဦးေႏွာက္လုပ္ငန္းေဆာင္တာမ်ားကို လံႈ႕ေဆာ္ေပးပါတယ္။ ဒါ့ေၾကာင့္ မွတ္ဥာဏ္ကို အေထာက္အကူျပဳဖို႔ သစ္ၾကားသီးနဲ႔ အျခားအခြံမာသီးေတြကို ေကၽြးသင့္ပါတယ္။ သစ္ၾကားသီးရဲ႕ စိတ္ဝင္စားဖို႔ေကာင္းတဲ့ ဂုဏ္သတိၱအခ်ိဳ႕ကေတာ့
သစ္ၾကားသီးမ်ားမွာ ေသြးစီးဆင္းမႈႏွင့္ ေသြးတြင္းသၾကားဓါတ္ကို ထိန္းညိွေပးတဲ့ အဂၢနီဆီယမ္ႏွင့္ အမွ်င္ဓါတ္ပါဝင္ပါတယ္။
သူတို႔မွာ စိတ္ကိုႏုပ်ိဳေစၿပီး free radicals ေတြကို တိုက္ဖ်က္ေပးတဲ့ အင္တီေအာက္ဆီဒင့္မ်ားလည္း ပိုင္ဆိုင္ပါတယ္။
သစ္ၾကားသီးမ်ားမွာ အိုမီဂါ၃ပါဝင္မႈ ျမင့္မားၿပီး သိျမင္မႈဆိုင္ရာ လုပ္ငန္းေဆာင္တာမ်ားကို တိုးျမွင့္ေပးပါတယ္။
ဆီရိုတိုနင္ထုတ္လုပ္ျခင္းကိုလည္း လံႈ႕ေဆာ္ေပးပါတယ္။
၂။ ငွက္ေပ်ာသီး

ငွက္ေပ်ာသီးဟာ အရသာရွိၿပီး ေလ့လာသင္ယူျခင္းကို တိုးျမွင့္ေပးတဲ့ အစားအစာတစ္ခုျဖစ္ပါတယ္။ လူ႕ရဲ႕ဦးေႏွာက္ဟာ ခႏၶာကိုယ္က ထုတ္လုပ္တဲ့ စြမ္းအင္ ၂၀%ကို စားသံုးၿပီး စြမ္းအင္ကို ျပန္လည္ျဖည့္တင္းဖို႔ အေရးႀကီးပါတယ္။
ငွက္ေပ်ာသီးမွာ ဗီတာမင္ ဘီနဲ႔ စီတို႔ ပမာဏမ်ားစြာ ပါဝင္ၿပီး potassium ႏွင့္ tyrosine တို႔လညး္ ပါဝင္ပါတယ္။ ဒီအစိတ္အပိုင္းမ်ားက သိျမင္မႈဆိုင္ရာလုပ္ငန္းစဥ္မ်ားမွာ မရွိမျဖစ္လိုအပ္တဲ့ neurotransmitter မ်ား၏ထုတ္လုပ္မႈကို လႈံ႕ေဆာ္ေပးပါတယ္။ ဒီထဲမွာ serotonin ႏွင့္ dopamine တို႔ပါဝင္ပါတယ္။
ငွက္ေပ်ာသီးကို တပတ္မွာ ၂ရက္ သို႔မဟုတ္ ၃ရက္ေလာက္ စားေပးျခငး္က ခႏၶာကိုယ္အတြက္ အေရးပါတဲ့ အက်ိဳးေက်းဇူးမ်ားကို ေပးစြမ္းပါတယ္။ ငွက္ေပ်ာ္သီးမ်ားမွာ ေအာက္ပါအာဟာရေတြလညး္ ပါဝင္ပါတယ္။
Tyrosine ။ (ဦးေႏွာက္အတြင္းထဲမွာ ရွိတဲ့ လႈပ္ရွားမႈေတြကို ထိန္းခ်ဳပ္တဲ့ )neurotransmitter အသစ္ေတြရဲ႕ ထုတ္လုပ္မႈမွာ ကူညီေပးပါတယ္။
ငွက္ေပ်ာသီးမွာ ပါဝင္တဲ့ ပိုတတ္စီယမ္ ၊ဗီတာမင္ B6 ႏွင့္ ေဖာလစ္အက္ဆစ္တို႔က ဦးေႏွာက္လုပ္ငန္းေဆာင္တာမ်ားကို အားေကာင္းေစပါတယ္။
၃။ ေထာပတ္သီး
ေထာပတ္သီးမွာ အိုမီဂါ ၃ျမင့္မားတာေၾကာင့္ ေလ့လာသင္ယူျခင္းအတြက္ တိုက္ရိိုက္ကူညီေပးပါတယ္။ အိုမီဂါ၃က က်န္းမာေသာ အာရံုေၾကာ function ေတြကို တိုးျမွင့္ေပးတဲ့ (monounsaturated fat) မိုႏိုမျပည့္ဝဆီတစ္မ်ိဳးျဖစ္ပါတယ္။
စာေမးပြဲမေျဖဆိုမီညမွာ ေထာပတ္သီးကို စားသံုးျခငး္က စာေတြကို က်က္မွတ္တဲ့ေနရာမွာ ပိုၿပီးမွတ္မိေစပါတယ္။ ေထာပတ္သီးမွာ ဗီတာမင္ ဘီနဲ႔ စီ၊ ပိုတတ္စီယမ္နဲ႔ မဂၢနီဆီယမ္တို႔ ၾကြယ္ဝပါတယ္။ ဘယ္သူမဆို ဆားနဲ႔ သံပုရာထည့္ၿပီး ေထာပတ္သီးကို စားသံုးျခင္းက အာရံုေၾကာစနစ္ရဲ႕ function ေတြကို active ျဖစ္ေစပါတယ္။
၄။ ေခ်ာကလက္အမည္း
ေလ့လာသင္ယူျခင္းမွာ အေထာက္အကူေပးတဲ့ တျခားသဘာဝ စြမ္းအင္အရင္းအျမစ္တစ္ခုက ေခ်ာကလက္ျဖစ္ပါတယ္။ သို႔ေသာ္ သၾကား၊ႏို႔နဲ႔ အဆီပါဝင္မႈ အရမ္းမ်ားတဲ့ ေခ်ာကလက္က အစာေၾကဖို႔ ပိုၿပီးခက္ခဲတာေၾကာင့္ ေရွာင္ရွားပါ။ အေကာင္းဆံုးကေတာ့ ေခ်ာကလက္အမည္းကို ေရြးခ်ယ္ဖို႔ ျဖစ္ပါတယ္။
စာေလ့လာရင္း(သို႔) စာမေလ့လာခင္မွာ ေခ်ာကလက္အမည္းကို နည္းနည္းစားေပးတာက အာရံုစုစည္းမႈ ပိုလြယ္ေစပါတယ္။ သစ္ၾကားသီးနဲ႔ ငွက္ေပ်ာသီးလိုပဲ ေခ်ာကလက္က Endorphins ထုတ္လုပ္မႈကို လံႈ႕ေဆာ္ေပးပါတယ္။ အာရံုေၾကာ ဖြံ႕ၿဖိဳးတိုးတတ္မႈမွာ အကူအညီေပးတဲ့အျပင္ endorphins က ကၽြန္ေတာ္တို႔စိတ္ေတြကို ႏိုးႏိုးၾကားၾကားရွိေစဖုိ႔လည္း ကူညီေပးပါတယ္။
ေခ်ာကလက္မွာ အင္တီေအာက္ဆီဒင့္နဲ႔ ကဖိန္းဓါတ္ၾကြယ္ဝတဲ့ cacao ပါဝင္ပါတယ္။ ဒါ့ေၾကာင့္ မွတ္ဥာဏ္လုပ္ငန္းစဥ္မ်ားနဲ႔ ဦးေႏွာက္လႈပ္ရွားမႈကို လံႈ႕ေဆာ္ေပးပါတယ္။
၅။ ပန္းသီး
သင္ယူေလ့လာေနသူမ်ားအတြက္ အေကာင္းဆံုးအစားအစာကေတာ့ လူႀကိဳက္မ်ားတဲ့အစားအစာတစ္ခု ျဖစ္တဲ့ ပန္းသီးပါ။ ေကာ္ဖီလို ဓါတ္ပစၥည္းမ်ားနဲ႔ မတူဘဲ ဒီအသီးဟာ ကဖိန္းဓါတ္ပိုလွ်ံစြာ စားသံုးျခင္းမရွိဘဲ စိတ္ကိုႏိုးၾကားေနေစဖို႔ ကူညီေပးပါတယ္။
ပန္းသီးဟာ ေရငတ္ေျပေစၿပီး စိုးရိိမ္ပူပန္မႈေတြကို တည္ၿငိမ္ေစဖို႔ ကူညီေပးပါတယ္။
ကေလးေတြ စာေမးပြဲေျဖတဲ့အခ်ိန္မွာ မွန္ကန္တဲ့ အစားအစာမ်ားကို ေရြးခ်ယ္ေကၽြးပါ။ သူတို႔ရဲ႕ အက်ိဳးေက်းဇူးေတြကို တိုးျမွင့္ဖို႔ သင့္ေလ်ာ္တဲ့ အနားယူမႈႏွင့္ ေလ့က်င့္ခန္းမ်ား လုပ္ေပးႏိုင္ပါတယ္။ ကာဗိုဟိုက္ဒရိတ္ႏွင့္ အဆီေတြကို ေရွာင္ရွားေပးၿပီး ေရမ်ားမ်ား တုိက္ပါ။ ေရဓါတ္ျပည့္ဝေနတာက ေလ့လာသင္ယူျခင္းအတြက္ အေထာက္အကူျဖစ္ေစပါတယ္။
#LM_Nandar
#Chit_MayMay
Unicode
လေ့လာသင်ယူနေတဲ့ သားသားမီးမီးတို့အတွက် မှတ်ဉာဏ်ကောင်းစေဖို့ အစားအစာ(၅)မျိုး
သားသားမီးမီးတွေကို မှတ်ဉာဏ်ကောင်းစေတဲ့ အစားအစာများကျွေးခြင်းက ကလေးတွေမှာ အာရုံစူးစိုက်မှုနှင့် သိမြင်မှုဆိုင်ရာလုပ်ငန်းစဉ်များကို တိုးတတ်စေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါ့ကြောင့် လေ့လာသင်ယူနေတဲ့ ကျောင်းနေအရွယ် သားသားမီးမီးတွေအတွက် အကျိုးရှိစေမယ့် အစားအစာ စာရင်းကို ဖော်ပြပေးချင်ပါတယ်။ အဆိုပါစာရင်းက neurotransmitters၏ လုပ်ဆောင်မှုကို အထောက်အကူပြုစေတဲ့ အာဟာရပေါ်မှာ အခြေခံပါတယ်။
၁။ သစ်ကြားသီးနဲ့ တခြားအခွံမာသီးများ
သစ်ကြားသီးက ကြည့်လိုက်ရင် လူ့ရဲ့ဦးနှောက်နဲ့ဆင်တူပါတယ်။ ဒီသစ်ကြားသီးမှာ ဖက်တီးအက်ဆစ်၊ ဖော့စဖရပ်နဲ့ အိုမီဂါ ၃တို့ မြင့်မားစွာပါဝင်ပါတယ်။ သူတို့က ဦးနှောက်လုပ်ငန်းဆောင်တာများကို လှုံ့ဆော်ပေးပါတယ်။ ဒါ့ကြောင့် မှတ်ဉာဏ်ကို အထောက်အကူပြုဖို့ သစ်ကြားသီးနဲ့ အခြားအခွံမာသီးတွေကို ကျွေးသင့်ပါတယ်။ သစ်ကြားသီးရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဂုဏ်သတ္တိအချို့ကတော့
သစ်ကြားသီးများမှာ သွေးစီးဆင်းမှုနှင့် သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးတဲ့ အဂ္ဂနီဆီယမ်နှင့် အမျှင်ဓါတ်ပါဝင်ပါတယ်။
သူတို့မှာ စိတ်ကိုနုပျိုစေပြီး free radicals တွေကို တိုက်ဖျက်ပေးတဲ့ အင်တီအောက်ဆီဒင့်များလည်း ပိုင်ဆိုင်ပါတယ်။
သစ်ကြားသီးများမှာ အိုမီဂါ၃ပါဝင်မှု မြင့်မားပြီး သိမြင်မှုဆိုင်ရာ လုပ်ငန်းဆောင်တာများကို တိုးမြှင့်ပေးပါတယ်။
ဆီရိုတိုနင်ထုတ်လုပ်ခြင်းကိုလည်း လှုံ့ဆော်ပေးပါတယ်။
၂။ ငှက်ပျောသီး
ငှက်ပျောသီးဟာ အရသာရှိပြီး လေ့လာသင်ယူခြင်းကို တိုးမြှင့်ပေးတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ လူ့ရဲ့ဦးနှောက်ဟာ ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ စွမ်းအင် ၂၀%ကို စားသုံးပြီး စွမ်းအင်ကို ပြန်လည်ဖြည့်တင်းဖို့ အရေးကြီးပါတယ်။
ငှက်ပျောသီးမှာ ဗီတာမင် ဘီနဲ့ စီတို့ ပမာဏများစွာ ပါဝင်ပြီး potassium နှင့် tyrosine တို့လညး် ပါဝင်ပါတယ်။ ဒီအစိတ်အပိုင်းများက သိမြင်မှုဆိုင်ရာလုပ်ငန်းစဉ်များမှာ မရှိမဖြစ်လိုအပ်တဲ့ neurotransmitter များ၏ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ ဒီထဲမှာ serotonin နှင့် dopamine တို့ပါဝင်ပါတယ်။
ငှက်ပျောသီးကို တပတ်မှာ ၂ရက် သို့မဟုတ် ၃ရက်လောက် စားပေးခြငး်က ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အကျိုးကျေးဇူးများကို ပေးစွမ်းပါတယ်။ ငှက်ပျော်သီးများမှာ အောက်ပါအာဟာရတွေလညး် ပါဝင်ပါတယ်။
Tyrosine ။ (ဦးနှောက်အတွင်းထဲမှာ ရှိတဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်တဲ့ )neurotransmitter အသစ်တွေရဲ့ ထုတ်လုပ်မှုမှာ ကူညီပေးပါတယ်။
ငှက်ပျောသီးမှာ ပါဝင်တဲ့ ပိုတတ်စီယမ် ၊ဗီတာမင် B6 နှင့် ဖောလစ်အက်ဆစ်တို့က ဦးနှောက်လုပ်ငန်းဆောင်တာများကို အားကောင်းစေပါတယ်။
၃။ ထောပတ်သီး
ထောပတ်သီးမှာ အိုမီဂါ ၃မြင့်မားတာကြောင့် လေ့လာသင်ယူခြင်းအတွက် တိုက်ရိိုက်ကူညီပေးပါတယ်။ အိုမီဂါ၃က ကျန်းမာသော အာရုံကြော function တွေကို တိုးမြှင့်ပေးတဲ့ (monounsaturated fat) မိုနိုမပြည့်ဝဆီတစ်မျိုးဖြစ်ပါတယ်။
စာမေးပွဲမဖြေဆိုမီညမှာ ထောပတ်သီးကို စားသုံးခြငး်က စာတွေကို ကျက်မှတ်တဲ့နေရာမှာ ပိုပြီးမှတ်မိစေပါတယ်။ ထောပတ်သီးမှာ ဗီတာမင် ဘီနဲ့ စီ၊ ပိုတတ်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝပါတယ်။ ဘယ်သူမဆို ဆားနဲ့ သံပုရာထည့်ပြီး ထောပတ်သီးကို စားသုံးခြင်းက အာရုံကြောစနစ်ရဲ့ function တွေကို active ဖြစ်စေပါတယ်။
၄။ ချောကလက်အမည်း
လေ့လာသင်ယူခြင်းမှာ အထောက်အကူပေးတဲ့ တခြားသဘာဝ စွမ်းအင်အရင်းအမြစ်တစ်ခုက ချောကလက်ဖြစ်ပါတယ်။ သို့သော် သကြား၊နို့နဲ့ အဆီပါဝင်မှု အရမ်းများတဲ့ ချောကလက်က အစာကြေဖို့ ပိုပြီးခက်ခဲတာကြောင့် ရှောင်ရှားပါ။ အကောင်းဆုံးကတော့ ချောကလက်အမည်းကို ရွေးချယ်ဖို့ ဖြစ်ပါတယ်။
စာလေ့လာရင်း(သို့) စာမလေ့လာခင်မှာ ချောကလက်အမည်းကို နည်းနည်းစားပေးတာက အာရုံစုစည်းမှု ပိုလွယ်စေပါတယ်။ သစ်ကြားသီးနဲ့ ငှက်ပျောသီးလိုပဲ ချောကလက်က Endorphins ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ အာရုံကြော ဖွံ့ဖြိုးတိုးတတ်မှုမှာ အကူအညီပေးတဲ့အပြင် endorphins က ကျွန်တော်တို့စိတ်တွေကို နိုးနိုးကြားကြားရှိစေဖို့လည်း ကူညီပေးပါတယ်။
ချောကလက်မှာ အင်တီအောက်ဆီဒင့်နဲ့ ကဖိန်းဓါတ်ကြွယ်ဝတဲ့ cacao ပါဝင်ပါတယ်။ ဒါ့ကြောင့် မှတ်ဉာဏ်လုပ်ငန်းစဉ်များနဲ့ ဦးနှောက်လှုပ်ရှားမှုကို လှုံ့ဆော်ပေးပါတယ်။
၅။ ပန်းသီး
သင်ယူလေ့လာနေသူများအတွက် အကောင်းဆုံးအစားအစာကတော့ လူကြိုက်များတဲ့အစားအစာတစ်ခု ဖြစ်တဲ့ ပန်းသီးပါ။ ကော်ဖီလို ဓါတ်ပစ္စည်းများနဲ့ မတူဘဲ ဒီအသီးဟာ ကဖိန်းဓါတ်ပိုလျှံစွာ စားသုံးခြင်းမရှိဘဲ စိတ်ကိုနိုးကြားနေစေဖို့ ကူညီပေးပါတယ်။
ပန်းသီးဟာ ရေငတ်ပြေစေပြီး စိုးရိိမ်ပူပန်မှုတွေကို တည်ငြိမ်စေဖို့ ကူညီပေးပါတယ်။
ကလေးတွေ စာမေးပွဲဖြေတဲ့အချိန်မှာ မှန်ကန်တဲ့ အစားအစာများကို ရွေးချယ်ကျွေးပါ။ သူတို့ရဲ့ အကျိုးကျေးဇူးတွေကို တိုးမြှင့်ဖို့ သင့်လျော်တဲ့ အနားယူမှုနှင့် လေ့ကျင့်ခန်းများ လုပ်ပေးနိုင်ပါတယ်။ ကာဗိုဟိုက်ဒရိတ်နှင့် အဆီတွေကို ရှောင်ရှားပေးပြီး ရေများများ တိုက်ပါ။ ရေဓါတ်ပြည့်ဝနေတာက လေ့လာသင်ယူခြင်းအတွက် အထောက်အကူဖြစ်စေပါတယ်။
#LM_Nandar
#Chit_MayMay