၁၂ နှစ်အောက် ကလေးငယ်တွေကို စမတ်ဖုန်း အသုံးမပြုစေသင့်သည့် အကြောင်းရင်းများ

0
239
- Advertisement -

ကလေးငယ်တွေဟာ အသက်ငယ်ရွယ်စဉ်မှာဘဲ စမတ်ဖုန်းတွေကို သုံးစွဲလာကြတာမို့ လုံခြုံရေးဆိုင်ရာအခြေအနေတွေနဲ့အတူ
စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးတွေကိုပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ယနေ့ခေတ်ရဲ့ လိုအပ်ချက်အရ နည်းပညာဆိုင်ရာတွေကို ငယ်စဉ်ကတည်းကရင်းနီးကျွမ်းဝင်မှုရှိဖို့ လိုအပ်ပေမယ့်လည်း အကောင်းနဲ့ အဆိုးက အမြဲဒွန့်တွဲနေတတ်တာမို့ မိဘတွေအနေနဲ့ ဆင်ခြင်သင့်တဲ့ အကြောင်းအရာတွေကို သတိထားစေနိုင်ဖို့အတွက်ဖော်ပြပေးလိုက်ပါတယ်။

ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှု

နည်းပညာကို အလွန်အကျွံသုံးစွဲတဲ့အခါ ငယ်ရွယ်နုနယ်တဲ့ ကလေးငယ်တွေဟာ ကြီးထွားဖွံ့ဖြိုးမှုအရှိန်လျော့ကျခြင်း၊ အာရုံစူးစိုက်မှုပြဿနာများပေါ်ပေါက်လာခြင်း၊ သိမြင်မှုဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်လာခြင်း စတာတွေနဲ့အတူ သင်ယူခြင်းဆိုင်ရာ ပြဿနာမျိုးတွေကိုပါ ကြုံတွေ့လာရနိုင်ပါတယ်။

- Advertisement -

ဓါတ်ရောင်ခြည် သင့်နိုင်ခြင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း( WHO )ရဲ့ ထုတ်ပြန်ချက်အရ ဆဲလ်ဖုန်းတွေဟာ ကလေးငယ်တွေနဲ့ လူကြီးများကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်းပစ္စည်းတွေဟာ ဓါတ်ရောင်ခြည်အလွန်ထုတ်လွှတ်သောကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ ဆဲလ်ဖုန်းတွေကို အလွန်အကျွံအသုံးပြုခြင်းဟာ ကင်ဆာရောဂါဖြစ်နိုင်ခြေပိုမိုမြင့်တက်လာနိုင်တယ်လို့လည်း သိရပါတယ်။

စိတ်ရောဂါဖြစ်စေနိုင်ခြင်း

လေ့လာမှုများအရ နည်းပညာအသစ်များကို အလွန်အကျွံအသုံးပြုခြင်းသည် ကလေးစိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုဆိုင်ရာ ပူးတွဲရောဂါများ၊ အာရုံစူးစိုက်မှုဆိုင်ရာ ပြဿနာများ၊ စိတ်ဓါတ်အတက်အကျ မတည်ငြိမ်တဲ့ ရောဂါမျိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ စမတ်ဖုန်းတွေကို အသုံးပြုပြီး လူမှုကွန်ယက်တွေကတဆင့် ဆိုက်ဘာအနိုင်ကျင့်မှုတွေကိုလည်း ခံရနိုင်ပါတယ်။

ရန်လိုတတ်ခြင်း

အချို့သော ဝက်ဘ်ဆိုဒ်တွေဟာ ကလေးငယ်တွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်တတ်စေဖို့၊ လူမျိုးရေး-ဘာသာရေးအစွန်းရောက်ဖို့အတွက် အသုံးချတတ်ကြပါတယ်။ မိဘတွေအနေနဲ့ ကလေးငယ်တွေကို မကောင်းတဲ့ လမ်းမှားတွေကို မရောက်ရှိသွားစေနိုင်ဖို့နဲ့ ရန်လိုအကြမ်းဖက်တတ်တဲ့ ပြဿနာတွေကို မကြုံတွေ့ရစေဖို့အတွက် ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ကလေးငယ်တွေဟာ သူတို့မြင်တွေ့ရသမျှကို အတုခိုးနိုင်တာကိုလည်း သတိပြုရပါမယ်။

အိပ်စက်ချိန်မမှန်တော့ခြင်း

ညအချိန်တွင် စမတ်ဖုန်းကို အသုံးပြုတာဟာ အိပ်စက်ဖို့အတွက် ပိုပြီး အခက်အခဲဖြစ်စေနိုင်ပါတယ်။ အိပ်စက်ချိန်မမှန်တော့ရဲ့ အကျိုးဆက်အရ ပညာရေးစွမ်းဆောင်ချက်များသာမက ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကိုပါ ကြုံတွေ့လာရစေနိုင်ပါတယ်။

အာရုံစူးစိုက်မှုဆိုင်ရာ ရောဂါများ

နည်းပညာကို အလွန်အကျွံအသုံးပြုခြင်းသည် ကလေးငယ်တွေကို အာရုံစူးစိုက်မှုနည်းပါးတဲ့ ပြဿနာများ၊ လူမှုပေါင်းသင်းရေးဆိုင်ရာ ချို့တဲ့ခြင်းများကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ လူမှုရေးဆိုင်ရာအားနည်းတာမျိုးဟာ အထီးကျန်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ အနိုင်ကျင့်ခံရခြင်း အစရှိတဲ့ ပြဿနာတွေကိုပါ ဖြစ်ပေါ်လာစေတတ်ပါတယ်။

အဝလွန်ခြင်း

နည်းပညာဆိုင်ရာတွေကို အလွန်အကျွံ့အသုံးပြုခြင်းကြောင့် အထိုင်များတဲ့ လူနေမှုပုံစံဟာ အဝလွန်တဲ့ ပြဿနာတွေကိုဖြစ်ပေါ်လာစေပါတယ်။ ဒါဟာ ကလေးငယ်တွေကို ဆီးချိုရောဂါ သို့မဟုတ် နှလုံးသွေးကြောဆိုင်ရာ ရောဂါမျိုးတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါ့အပြင် နည်းပညာဆိုင်ရာတွေကို အလွန်အကျွံအသုံးပြုခြင်းကြောင့် အရွယ်မတိုင်ခင် အမြင်အာရုံဝေဝါးခြင်း၊ အားနည်းခြင်းနဲ့အမြင်အာရုံဆိုင်ရာ ရောဂါတွေကိုပါ ဖြစ်ပေါ်လာစေတတ်ပါတယ်။

ဒါကြောင့်မို့ မိဘတွေအနေနဲ့ ကလေးငယ်တွေကို နည်းပညာပစ္စည်းတွေ အလွန်အကျွံအသုံးမပြုစေဖို့နဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာများ၊ ရုပ်ပိုင်းဆိုင်ရာပြဿနာများ ဖြစ်ပေါ်လာစေနိုင်တာကို ဂရုပြုမိစေနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- youaremon

LEAVE A REPLY

Please enter your comment!
Please enter your name here