၁၃နှစ်အောက်ကလေးတွေကို ဆိုရှယ်မီဒီယာ သုံးခွင့်မပေးသင့်တာ ဘာ့ကြောင့်လဲ?

0
186
- Advertisement -

ကလေးကို ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက်တွေ သုံးခွင့်ပေးခြင်းက သူတို့ရဲ့ ဖွံ့ဖြိုးမှုနှင့် သူတို့ရဲ့ ဆယ်ကျော်သက်ဘဝသို့ ကူးပြောင်းခြင်းကိုတောင် လွှမ်းမိုးနိုင်ပါတယ်။ ဆိုရှယ်မီဒီယာကို မိဘရဲ့ ကြီးကြပ်မှုအောက်မှာ သုံးရင် အဆင်ပြေပါတယ်။ သို့သော်အားနည်းချက်တွေက အားသာချက်တွေကို ရိုက်ခက်ပါတယ်၊ အန္တရာယ်တစ်ခုက ကလစ်တစ်ချက်နှိပ်ရုံနဲ့လည်း ဖြစ်နိုင်တာကို သူတို့သတိမပြုမိကြပါဘူး။ မိဘတွေအနေနဲ့လည်း သူတို့ရဲ့ ခြေလှမ်းတိုင်းကို စောင့်ကြည့်လို့မရပါဘူး။

ဒီနေ့မှာ ၁၃နှစ်အောက် ကလေးငယ်တွေရဲ့ ဆိုရှယ်မီဒီယာသုံးခြင်း အန္တရာယ်နှင့် ပတ်သတ်ပြီး မျှဝေပေးလိုပါတယ်။

၁။ သင့်ကလေးဟာ ဆိုရှယ်မီဒီယာဆိုဒ်တွေပေါ်မှာ ကွဲပြားသောအဖြစ်မှန်ကို တွေ့မြင်ပါလိမ့်မယ်

သင့်ကလေးတွေ ကြီးပြင်းလာတာနှင့်အမျှ သူတို့ကိုယ်သူတို့နှင့် ပတ်သတ်တဲ့ မေးခွန်းအသစ်တွေကို စတင်မေးမြန်းကြပါလိမ့်မယ်။ ယောကျ်ားလေးတွေအနေနဲ့ deodorant နှင့် hair gel ကို ရုတ်တရက်သိသိသာသုံးလာစဉ်မှာ မိန်းကလေးတွေကတော့ မိတ်ကပ်နဲ့ ဖက်ရှင်ခတ်ရေစီးကြောင်းဆီ သွားခြင်းကို ဆိုလိုပါတယ်။ trends နဲ့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေခြင်းက လိုက်လျောညီထွေဖြစ်ဖို့ အရေးကြီးပါတယ်။ သို့သော် ကလေးအနေနဲ့ ဆိုရှယ်မီဒီယာကို သုံးပါက ဒီရလဒ်ဟာ ကွဲပြားသွားပါလိမ့်မယ်။

ဆိုရှယ်မီဒီယာက သူတို့အသက်အရွယ်ဝန်းကျင်နဲ့ သူတို့ သူငယ်ချင်းအသိုင်းအဝိုင်းမှာ လွှမ်းမှုးခံရရုံသာမက ကျော်လွန်သွားနိုင်ပါတယ်။ သူတို့ဟာ ကမ္ဘာနဲ့ချီတဲ့ ခေတ်ရေစီးကြောင်းကို အမီလိုက်ဖို့ ဖိအားပေးခံရတယ်လို့ ခံစားရနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို လေးစားမှု ဖွံ့ဖြိုးဆဲအဆင့်မှာရှိတဲ့ လူငယ်တစ်ယောက်အတွက် ဒါက သူတို့ကို တူညီတဲ့အရာ၊ တူညီတဲ့ အဆင့်အတန်းမှီနိုင်မှာ မဟုတ်တဲ့ impression ပေးနိုင်ပါတယ်။ အခြေခံအားဖြင့် သူတို့ဘယ်တော့မှ အမီလိုက်နိုင်စွမ်းရှိမှာ မဟုတ်ဘူးလို့ ထင်ပါလိမ့်မယ်။

၂။ သင့်ကလေးက မမျှဝေသင့်တာတွေ မျှဝေမိပါလိမ့်မယ်

အသက် ၁၃နှစ်အောက် ကလေးတစ်ယောက်က ဆိုရှယ်မီဒီယာဆိုဒ်ကို သုံးရင် shareဖို့ သွေးဆောင်ခံရပါလိမ့်မယ်၊ ပြီးတော့ သူတို့က တခြားသူမြင်လို့မရတဲ့ အရာတွေကို မျှဝေနိုင်ပါတယ်၊ ဒါ့အပြင် ကလေးငယ်တွေဟာ သင့်ရဲ့ အိုင်ဒီကတ် ၊ ခရက်ဒစ်ကတ်ကို ဓါတ်ပုံရိုက်ပြီး မျှဝေနိုင်ပါတယ်။ သူတို့ရဲ့တည်နေရာ (သို့) သူတို့ဘယ်မှာလဲဆိုတာ အလွယ်တကူပြနိုင်တဲ့ ရုပ်ပုံတွေကိုမျှဝေရင်တောင် မသမာသူတွေရဲ့ အာရုံစိုက်မှုကို ရနိုင်ပြီး ကလေးကို အန္တရာယ်ရှိစေနိုင်ပါတယ်။

၃။ အွန်လိုင်းကနေ အနိုင်ကျင့်ခံရတဲ့ သားကောင်ဖြစ်လာနိုင်ပါတယ်

ဆိုရှယ်မီဒီယာပေါ်မှာ Bullying လုပ်ခံရခြင်းက လက်တွေ့ဘဝမှာ အနိုင်ကျင့်ခံရတာထက် ပိုဆိုးရွားနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မသမာသူတွေဟာ လွတ်လပ်စွာ ပြုမှုလုပ်ဆောင်နိုင်ကြပြီး အကောင့်တုတွေနဲ့ ပြုလုပ်နိုင်ပါတယ်။ သင့်အသက်အရွယ်က ဘယ်လောက်ပဲရှိပါစေ အနိုင်ကျင့်မှုဖြစ်စဉ်က ကလေးငယ်တွေရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု စတင်လာချိန် အသက် ၁၃နှစ်အောက် ကလေးတွေကို အများဆုံး ထိခိုက်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာသုံးတဲ့ ကြမ်းတမ်းသော စကားတွေ၊ အတင်းအဖျင်းတွေကလည်း စိုးရိမ်ပူပန်မှုတွေ၊ ထိတ်လန့်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှုက ကိုယ့်ကိုယ်ကို အနာတရာဖြစ်အောင် လုပ်နိုင်တဲ့ အခွင့်အလမ်းတောင်ရှိပါတယ်။

၄။ သင့်ကလေးမှာ စိုးရိမ်ပူပန်မှု ဖြစ်လာနိုင်ပါတယ်

ခေတ်ရေစီးကြောင်းတွေ၊ အနိုင်ကျင့်ခြင်းနှင့် မှားယွင်းသော အဖြစ်မှန်က ကလေးတွေကို အလွယ်တကူ စိုးရိမ်ပူပန်စေပြီး စိတ်ဓါတ်ကျစေပါတယ်။ ကလေးတွေဟာ ခိုင်မာသော Self-esteem နှင့် ယုံကြည်မှု မရှိသေးတာကြောင့် လူမှုကွန်ရက်တွေကို အသုံးပြုခွင့်မပြုသင့်တဲ့ အဓိက အကြောင်းရင်းဖြစ်ပါတယ်။ ဒီအချိန်မှာ ကလေးတွေကို သူတို့ရဲ့ ကျွမ်းကျင်မှုတွေပေါ်မှာ တည်ဆောက်ဖို့ ဦးဆောင်ပေးသင့်ပါတယ်။

၅။ သင့်ကလေးဟာ အန္တရာယ်များသော trends တွေမှာ ပါဝင်ဖို့ တွန်းအားပေးခံရနိုင်ပါတယ်

ဖက်ရှင်၊ အကနှင့် တစ်ချို့ဂိမ်းအမျိုးအစားတွေက ကလေးတွေကို ပိုပိုပြီး စွဲလမ်းလာစေပါတယ်။ ဒီအရာတွေနဲ့ ပတ်သတ်ပြီး မကောင်းတဲ့အရာက သင့်ကလေးရဲ့ ဘဝကို အန္တရာယ်ဖြစ်စေနိုင်သော trends တွေပဲ ဖြစ်ပါတယ် ။ တစ်ချို့ trends တွေနဲ့ စိန်ခေါ်မှုတွေက ကြိုတင်ခန့်မှန်းလို့ မရသလို အရမ်းလည်း အန္တရာယ်များပါတယ်။

Chit_MayMay

LM_Nandar

Source-brightsid

Chit MayMay မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here