၂ နှစ်အရွယ် ကလေးငယ်တွေအတွက် ပညာရေးဆိုင်ရာကစားစရာအရုပ်များ

0
325
- Advertisement -

အပျော်ကစားစရာလှုပ်ရှားမှုတွေကနေ ကလေးငယ်တွေကို ဆက်သွယ်ပြောဆိုနိုင်ဖို့ နှင့် သူတို့ရဲ့ စွမ်းရည်တွေကို တိုးတက်စေနိုင်မယ့် ကစားစရာတွေအမြောက်အများရှိပါတယ်။ သို့ပေမယ့်လည်း မှန်ကန်တဲ့ကစားစရာတွေကို ရွေးချယ်တတ်ဖို့ အရမ်းအရေးကြီးပါတယ်။ စျေးကွက်ထဲမှာ ရွေးချယ်စရာသန်းပေါင်းများစွာရှိပေမယ့် ကလေးငယ်အားလုံးအတွက်တော့ မသင့်တော်ပါဘူး။ ဒါ့ကြောင့် ဒီကနေ့မှာ (၂) နှစ်အရွယ်ကလေးငယ်အတွက် စိတ်ဝင်စားဖို့ကောင်းမယ့် ပညာရေးဆိုင်ရာ ကစားစရာအရုပ်တွေကို မျှဝေပေးချင်ပါတယ်။

၁။ အနုပညာပစ္စည်းများ

ဆေးရောင်စုံခဲတံတွေနှင့် markers လေးတွေဟာ အရောင်တွေကို တစ်ဆက်တည်းသင်ပေးလို့ရနိုင်ပြီး ဘယ်လိုပြုလုပ်ရမယ်ဆိုတာ သင်ကြားဖို့ အလွန်ကောင်းမွန်သောကိရိယာတွေဖြစ်ပါတယ်။ ဒီလိုအနုပညာပစ္စည်းအမျိုးအစားတွေဟာ ကလေးငယ်ကို စူးစမ်းလေ့လာရတဲ့ အကြောင်းရင်းနှင့် အကျိုးသက်ရောက်မှုဆက်နွယ်မှုအနုပညာကို သင်ပေးနိုင်ပါတယ်။ သဘာဝကျကျပဲ ကလေးငယ်တွေဟာ သူတို့ရဲ့ တီထွင်ဖန်တီးမှုဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလမ်းယူနိုင်ပါတယ်။

- Advertisement -

၂။ Puzzles

အသက် (၂) နှစ်အရွယ်မှာ ကလေးငယ်တွေဟာ ပဟေဠိတွေနှင့် အပြန်အလှန်ဆက်သွယ်ပြီး အစိတ်အပိုင်းတွေနဲ့ တစ်ခုလုံးဆိုတာမျိုးတွေကို ကောင်းကောင်းခွဲခြားသိမြင်နိုင်ပါပြီ။ ပဟေဠိတွေဟာ အာရုံစူးစိုက်မှုတွေကို ဖွံ့ဖြိုးစေပါတယ်။ အစပိုင်းမှာတော့ ရိုးရှင်းတဲ့အပိုင်းကနေစပြီး တဖြည်းဖြည်းချင်း ရှုပ်ထွေးခြင်းတွေဆီ တိုးမြှင့်ပေးပါ။

၃။ ဝတ်စုံများ၊ တွဲဖက်အသုံးအဆောင်ပစ္စည်းနှင့် ရိုးရာဝတ်စုံ

ကလေးတွေကို သူတို့ရဲ့ စိတ်ကူးစိတ်သန်းကို ပျံသန်းနိုင်စေဖို့အတွက် ထိရောက်တဲ့နည်းလမ်းတစ်ခုက သူတိုရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ခွင့်ပြုခြင်းဖြစ်ပါတယ်။ ကျန်းမာသော ဝန်းကျင်မှာ ကစားခြင်းက ကျွန်မတို့ရဲ့ကလေးတွေကို ကမ္ဘာကြီးကို ဘယ်လိုနားလည်ရမယ်၊ ဘယ်လိုကြည့်ရှုရမယ်ဆိုတာကို နားလည်စေပါတယ်။ Halloween ဝတ်စုံတွေကိုတော့ မပေးပါနဲ့။ သူတို့ကို သိမ်းထားပါ။ ကစားချိန်မှာမှ ထုတ်ပေးပါ။

၄။ဆောက်လုပ်ရေး blocks များ

ကလေးငယ်တွေဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အမှန်တကယ်ရောက်ရှိနေတယ်လို့ ခံစားရစေခြင်းကြောင့် ဒီလိုကစားစရာတွေဟာ သူ့အတွက်အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာ တစ်ခုရှိတာက ကစားစရာတွေဟာ ကလေးငယ်ရဲ့ အသက်အရွယ်နဲ့လိုက်မယ့် အရွယ်အစားမျိုးတွေဖြစ်သင့်ပါတယ်။ ပညာရေးဆိုင်ရာကစားစရာတွေဟာ သူတို့ရဲ့ သင်ယူမှုနှင့် ပျော်စရာတွေအတွက် အမှန်တကယ်အထောက်အကူပြုပါတယ်။

၅။ နေ့စဉ်ဘဝကို ပုံဖော်ပေးသော ပစ္စည်းကိရိယာများ

မီးဖိုချောင်ပစ္စည်းအစုံ၊ တစ်ခြားကိရိယာအစုံ..ဒီလိုအစစ်အမှန်အရာဝတ္ထုတွေနှင့်အတူ ကလေးတွေက သူတို့ရဲ့ ပတ်ဝန်းကျင်နဲ့ အပြန်အလှန်ဆက်သွယ်နိုင်အောင် လေ့ကျင့်ပေးနိုင်ပါတယ်။

Chit_May_May

Nyein_Thu

LEAVE A REPLY

Please enter your comment!
Please enter your name here