Home Parenting Child Care (၂) နှစ်အောက်ဘေဘီလေးတို့အတွက် ဘာကြောင့် ခေါင်းအုံးမသုံးသင့်သေးတာလဲ

(၂) နှစ်အောက်ဘေဘီလေးတို့အတွက် ဘာကြောင့် ခေါင်းအုံးမသုံးသင့်သေးတာလဲ

0
214

မေမေတို့အားလုံးသိသင့်တဲ့ အရေးကြီးဆုံးအရာတွေထဲက အဓိကအကြောင်းအရာတစ်ခုက ဘေဘီလေးတို့အိပ်တဲ့အခါ ခေါင်းအုံးကို အသုံးမပြုသင့်ဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဘာကြောင့်လဲ?

လူတော်တော်များများဟာ ခေါင်းအုံးကို ဘေဘီသေးသေးလေးတို့အတွက် အဆင်ပြေနိုင်မယ်လို့ထင်ကြပေမယ့်လည်း မွေးကင်းစကလေးတွေကိုတောင်မှ ခေါင်းအုံးတွေသုံးကြပါတယ်။ မွေးကင်းစကလေးတစ်ယောက်ရဲ့ အစိတ်အပိုင်းတွေဟာ အရွယ်ရောက်ပြီးကလေးသူငယ်နဲ့ မတူကွဲပြားမှုတွေ မြောက်များစွာရှိနေတာကြောင့် ဒီအချက်ကို လုံးဝမထောက်ခံသင့်ပါဘူး။ သူတို့ရဲ့ လည်ပင်းတွေဟာ အလွန်သေးငယ်ပါသေးတယ်။ ပြီးတော့ သူတို့ခန္ဓာကိုယ်ရဲ့ ကျန်အပိုင်းတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သူတို့ရဲ့ဦးခေါင်းဟာ အလွန်ကြီးမားပါတယ်။ ၎င်းကို သူတို့အမှန်တကယ်လိုအပ်နေမယ်ဆိုရင်တောင် ရှောင်ကြဉ်ဖို့ အလွန်အရေးကြီးပါတယ်။ ဘေဘီလေးတို့အတွက် အိပ်ပျော်ဖို့ ခေါင်းအုံးမသုံးသင့်တဲ့ အကြောင်းပြချက်တစ်ချို့ကို မျှဝေပေးချင်ပါတယ်။

၎င်းက နို့စို့အရွယ်ကလေးငယ်တွေမှာ သေစေနိုင်သော ရောဂါလက္ခဏာတွေဖြစ်စေနိုင်ပါတယ်။ တကယ်လို့ သင့်ကလေးအိပ်နေချိန်မှာ သူ့ရဲ့ အစာအိမ်ပေါ်မှာ လဲလျောင်းနေတဲ့အခါ တစ်ခြားဘက်ကို မလှည့်နိုင်ဘဲ မွန်းကြပ်စေနိုင်ပါတယ်။ တကယ်လို့ ကလေးတစ်ဦးအတွက် ခေါင်းအုံးတွေကို အသုံးပြုမယ်ဆိုရင် ကလေးရဲ့ကျောရိုးဟာ သဘာဝမကျသောအနေအထားတွေကိုဖြစ်စေနိုင်ပါတယ်။ ကလေးရဲ့ လည်ပင်းကို ပိုသေးငယ်စေတာကြောင့် လည်ပင်းရဲ့ သဘာဝကောက်ကွေးပုံတွေကို ဖိအားပေးသလိုဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့် ဘေဘီလေးကို ခေါင်းအုံးပေါ်မှာ အိပ်ဖို့ အဆင်မပြေနိုင်ပါဘူး။

မေမေတို့အမြင်မှာတော့ ဘေဘီလေးဟာ ခေါင်းအုံးပေါ်မှာ သက်တောင့်သက်သာအိပ်ပျော်နေတယ်လို့ ထင်ရပေမယ့်လည်း တကယ်တော့ ဘေဘီလေးဟာ မသက်သာပါ။ တကယ်လို့ သူမအိပ်နိုင်တဲ့အခါ နောက်တစ်နေ့မှာ သူဒေါသထွက်ပါလိမ့်မယ်။ ခေါင်းအုံးနဲ့ အိပ်ခြင်းက ဘေဘီလေးအတွက် တကယ်ခက်ခဲစေနိုင်ပါတယ်။

နောက်တစ်ချက်က ဓာတ်မတည့်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။ မေမေတို့အနေနဲ့ ခေါင်းအုံး (သို့) ကူရှင်ကို လျှော်ဖွပ်တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ မတူညီတဲ့ရနံ့တွေနဲ့ ပျော့ပြောင်းစေတဲ့ ပစ္စည်းတွေကို ထည့်သုံးလေ့ရှိတာကြောင့်ပါ။ ဘေဘီလေးတို့အတွက်တော့ သူတို့ရဲ့ အနံ့အာရုံကို ဖွံ့ဖြိုးတိုးတက်စေဖို့ ကြိုးစားဆဲဖြစ်တာကြောင့် ဒီရနံ့တွေကို လက်မခံနိုင်သေးပါ။

ဘေဘီလေးတို့ကို ဘယ်အချိန်မှာ ခေါင်းအုံးသုံးရမလဲ?

စပိန်ကလေးအထူးကုဆရာဝန်တွေနှင့် အမေရိကန်အထူးကုဆရာဝန်တွေရဲ့ အဆိုအရ ကလေးတွေဟာ အသက် (၂) နှစ်အရွယ်နောက်ပိုင်းမှာမှ ခေါင်းအုံးသုံးသင့်တယ်လို့ အကြံပြုထားပါတယ်။ နောက်ပိုင်းမှာ မေမေတို့အနေနဲ့ မေမေတို့ရဲ့ကလေးတွေကို ခေါင်းအုံးစသုံးချင်ပြီဆိုရင် ပါးလွှားပြီး သေးငယ်မြဲမြံသော ခေါင်းအုံးကို ရွေးချယ်သင့်ပါတယ်။

တကယ့်လက်တွေ့မှာတော့ ခေါင်းအုံးကို အသုံံးပြုမယ်ဆိုရင် သူတို့ရဲ့ ဦးခေါင်းတွေထက် သူတို့ရဲ့ ပခုံးတွေ ပိုကျယ်ပြန့်နေမှသာ အသုံးပြုသင့်တယ်လို့ အကြံပြုထားကြပါတယ်။ သို့မှသာ သူတို့ဟာ သူတို့ရဲ့ ဘေးဘက်တွေကို လှည့်လည်ခြင်းတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ခေါင်းအုံးရွေးချယ်တဲ့အခါ အသက်ရှူလွယ်စေဖို့ ချည်၊ ဝါဂွမ်းခေါင်းအုံးလေးတွေကို စသုံးသင့်ပါတယ်။ Polyester လိုခေါင်းအုံးမျိုးတွေကို ရှောင်ကြဉ်သင့်ပါတယ်။ အဲ့ဒီ့ခေါင်းအုံးတွေက အောက်စီဂျင်တိုးလာခြင်း နှင့် ဦးခေါင်းနှင့် လည်ပင်းအပူချိန်တွေကို တိုးလာစေနိုင်တာကြောင့်ပါ။

ကျမ်းကျင်သူတွေက ကလေးဘဝရဲ့ ပထမ(၂) နှစ်တာကာလအတွင်း ခေါင်းအုံးများ၊ တိရစ္ဆာန်တွေနဲ့ ထိတွေ့ခြင်းကို ရှောင်ကြဉ်သင့်ကြောင်း အကြံပြုခဲ့ကြပါတယ်။

Chit_May_May

Nyein_Thu

Ref-youaremom

Chit MayMay မှရေးသားဖော်ပြနေတဲ့ ဆောင်းပါးတွေကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here