Home Parenting Child Teaching ၃နှစ်မှ ၄နှစ်အရွယ်ကလေးတွေရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာမှတ်တိုင်များ

၃နှစ်မှ ၄နှစ်အရွယ်ကလေးတွေရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာမှတ်တိုင်များ

0
၃နှစ်မှ ၄နှစ်အရွယ်ကလေးတွေရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာမှတ်တိုင်များ

မေမေရဲ့ ၃နှစ်, ၄နှစ်အရွယ်ကလေးတွေဟာ လာမယ့်နှစ်မှာ ပုံစံအမျိုးမျိုးဖြင့် ဆက်ကြီးထွားဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာမှတ်တိုင်တွေ ရောက်ရှိချိန်ဟာ မတူညီကြပေမယ့် မေမေတို့ကလေးက အသက် ၅နှစ်မတိုင်ခင်မှာ အောက်ပါဖွံ့ဖြိုးမှုမှတ်တိုင်တွေကို အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

၁။ ၃နှစ်မှ ၄နှစ်အရွယ်ဖွံ့ဖြိုးတိုးတက်မှု- ဘာသာစကားမှတ်တိုင်များ

မေမေတို့ကလေးက စကားအရမ်းပြောတတ်သူမဟုတ်ရင် မကြာခင်မှာ ပြောင်းလဲသွားဖွယ်ရှိပါတယ်။ အသက် ၃နှစ်နဲ့ ၄နှစ်မှာ (သို့) အဲ့ဒီကြားမှာ မေမေတို့ကလေးက အောက်ပါတို့ကို လုပ်ဆောင်နိုင်သင့်ပါတယ်။

  • သူတို့ရဲ့ အမည်နဲ့အသက်ကို ပြောတာ
  • စကားလုံး ၂၅၀ မှ ၅၀၀အထိ ပြောတာ
  • ရိုးရှင်းသော မေးခွန်းတွေကို ဖြေတာ
  • စကားလုံး ငါးလုံးမှ ခြောက်လုံးပါ ဝါကျတွေကို ပြောပြီး အသက် ၄နှစ်မှာ စာကြောင်းအပြည့်အစုံ ပြောတာ
  • ပုံပြင်တွေပြောတာ

၂။ အသက် ၃နှစ်မှ ၄နှစ်အရွယ် ဖွံ့ဖြိုးတိုးတက်မှု – သိမှုမှတ်တိုင်များ

မေမေတို့ကလေးက မေးခွန်းများစွာကို စတင်မေးလာပါလိမ့်မယ်။ ဥပမာ-” ကောင်းကင်ကြီးက ဘာလို့ပြာနေတာလဲ?, ငှက်တွေက ဘာလို့ အမွေးတွေ ရှိနေတာလဲ?” ဆိုတဲ့ မေးခွန်းပေါင်းစွာကို မေးကြမှာပါ။ တစ်ခါတစ်ရံမှာ စိတ်အနှောက်အယှက်ဖြစ်နိုင်သော်လည်း မေးခွန်းတွေ မေးခြင်းက ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုမှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ ” ဘာလို့လဲ”လို့ မေးခြင်းအပြင် အချိန်တိုင်းမှာ မေမေရဲ့ ၃နှစ် ,၄နှစ်ကလေးဟာ အောက်ပါတို့ကိုလုပ်ဆောင်နိုင်သင့်ပါတယ်-

  • အကျွမ်းတဝင်ရှိတဲ့ အရောင်တွေကို မှန်ကန်စွာ အမည်ပေးတတ်လာပါတယ်
  • တူညီခြင်းနဲ့ ကွဲပြားခြင်းရဲ့ အယူအဆကို နားလည်ပြီး အရွယ်အစားတွေကို စတင်နှိုင်းယှဉ်တတ်လာပါတယ်
  • ဟန်ဆောင်တတ်လာပါတယ်။ ဖန်တီးမှုတွေနဲ့ စိတ်ကူးယဉ်တတ်လာပါတယ်
  • ပုံပြင်တစ်ပုဒ်ရဲ့ အစိတ်အပိုင်းတွေကို မှတ်မိပါတယ်
  • အချိန်ကို ပိုနားလည်လာပါတယ်။ (ဥပမာ- မနက်၊ နေ့လည်၊ ည)
  • ရေတွက်ခြင်းနဲ့ ရေတွက်ခြင်း သဘောတရားကို နားလည်လာပါတယ်။
  • အရာဝတ္တုတွေကို ပုံသဏ္ဍာန်နဲ့ အရောင်အလိုက် စီတတ်လာပါတယ်
  • အသက်အရွယ်အလိုက် ပဟေဌိတွေကို ပြီးအောင်လုပ်တတ်ပါတယ်
  • ရုပ်ပုံတွေနဲ့ အရာဝတ္တုတွေကို အသိအမှတ်ပြုပြီး ခွဲခြားသတ်မှတ်တတ်လာပါတယ်။

၃။ ၃နှစ်မှ ၄နှစ်အရွယ် ဖွံ့ဖြိုးတိုးတက်မှု -လှုပ်ရှားမှုမှတ်တိုင်များ

အသက် ၃နှစ်နဲ့ ၄နှစ်(သို့) ၃နှစ်နဲ့ ၄နှစ်ကြားကလေးဟာ အောက်ပါတို့ကို လုပ်ဆောင်နိုင်သင့်ပါတယ်။

  • လှေကားထစ်တွေ အတက်အဆင်း လုပ်တတ်ပါမယ်။
  • ဘောလုံးကန် , ပစ် ,ဖမ်းတတ်လာပါမယ်
  • ယုံကြည်မှုရှိရှိနဲ့ သုံးဘီးဆိုင်ကယ် စီးတတ်လာပါမယ်၊ ပြေးတတ်လာပါမယ်။
  • ခြေတစ်ဖက်တည်းနဲ့ ငါးစက္ကန့်အထိ မတ်တပ်ရပ်တာ၊ ခုန်တာမျိုး လုပ်တတ်လာပါတယ်
  • အဝတ်အစား ဝတ်တာ၊ ချွတ်တာကို ကူညီပေးပါ

၄။ ၃ နှစ်မှ ၄နှစ်အရွယ် ဖွံ့ဖြိုးမှု _လက်နဲ့ လက်ချောင်းကျွမ်းကျင်မှု

မေမေတို့ကလေးက ပိုပြီးသွက်လက်လာပါတယ်။ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဒီအချိန်မှာ မေမတို့ကလေးက အောက်ပါတို့ကို လုပ်ဆောင်နိုင်သင့်ပါတယ်။

  • သေးငယ်တဲ့ အရာဝတ္တုတွေကို ပိုမိုလွယ်ကူစွာ ကိုင်တွယ်တတ်နေပါပြီ၊ စာအုပ်တစ်အုပ်ကို စာမျက်နှာ လှန်တတ်နေပါပြီ။
  • အသက်အရွယ်အလိုက် ကတ်ကြေးတွေကို အသုံးပြုတတ်နေပါပြီ
  • ခန္ဓာကိုယ် အစိတ်အပိုင်း နှစ်ခုမှ လေးခုပါသော လူတစ်ယောက်ပုံကို ဆွဲတတ်ပါပြီ
  • စာလုံးအကြီးအချို့ကို ရေးတတ်နေပါပြီ
  • လေးခု (သို့) ဒီထက်ပိုတဲ့ blocks တုံးတွေဖြင့် မျှော်စင်တစ်ခုကို တည်ဆောက်တတ်နေပါပြီ
  • သင့်အကူအညီမပါဘဲ ဝတ်စားဆင်ယင်တတ်ပါပြီ
  • အရစ်နဲ့ ပုလင်းအဖုံးတွေကို လှည့်ဖွင့်တတ်နေပါပြီ

၅။ ၃နှစ်မှ ၄နှစ်အရွယ် ဖွံ့ဖြိုးတိုးတက်မှု – စိတ်ခံစားမှုနဲ့ လူမှုရေးဆိုင်ရာ မှတ်တိုင်များ

အသက် ၃နှစ်မှ ၄နှစ်အရွယ်ဟာ ပိုမိုလွတ်လပ်လာရုံသာမက စိတ်ခံစားမှုလည်းများလာပါတယ်။ မူကြိုကျောင်း (သို့) ကလေးထိန်းနှင့် ထားခဲ့တဲ့အခါ အနည်းငယ် ဝုန်းဒိုင်းကြဲလာတာကို သတိပြုမိပါလိမ့်မယ်။

ဒါ့အပြင် မေမေတို့ရဲ့ ၃နှစ် , ၄နှစ်အရွယ်ကလေးဟာ လူမှုဆက်ဆံရေးပိုကောင်းမွန်လာပါတယ်။ မေမေတို့ကလေးက သူငယ်ချင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ပြီး အလှည့်ကျလုပ်ဆောင်နိုင်ကာ ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည်အချို့ကို စတင်ပြသနိုင်မှာ ဖြစ်ပါတယ်။

ဒီအချိန်မှာ သင့်ကလေးက ဖွံ့ဖြိုးတိုးတတ်မှုမှာ အောက်ပါတို့ကို လုပ်ဆောင်နိုင်သင့်ပါတယ်။

  • မိဘတွေနဲ့ သူငယ်ချင်းတွေကို အတုယူတတ်လာပါတယ်။
  • ရင်းနှီးသော မိသားစုနဲ့ သူငယ်ချင်းတွေကို ချစ်ခင်မြတ်နိုးကြောင်း ပြသတတ်လာပါတယ်
  • ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း၊ ပျော်ရွင်ခြင်း (သို့) ငြီးငွေ့ခြင်းစတဲ့ ကျယ်ပြန့်သော စိတ်ခံစားမှုတွေကို ပြသတတ်လာပါတယ်။

ဒါ့အပြင် သင့်ကလေးရဲ့ စိတ်ကူးစိတ်သန်းက လွန်ကဲနေတာကိုလည်း သတိပြုမိပါလိမ့်မယ်။ ဒါက အကောင်းနဲ့ အဆိုး ဖြစ်နိုင်ပါတယ်။ စိတ်ကူးယဉ်ခြင်းနဲ့ ဟန်ဆောင်ကစားခြင်းက ပိုစိတ်ဝင်စားစရာကောင်းလာပါတယ်၊၊ သို့သော် သင့်ကလေးဟာ ဗီရိုထဲမှာ ဘီလူးတစ်ကောင် ပုန်းနေတယ်လို့ ယုံကြည်ခြင်းကဲ့သို့သော လက်တွေ့မကျတဲ့ ကြောက်စိတ်တွေ စတင်ဖြစ်ပေါ်လာနိုင်ပါတယ်။

၆။ ၃နှစ်ကနေ ၄နှစ်အရွယ်ဖွံ့ဖြိုးမှု – သင့်ကလေးကို ဘယ်လိုကူညီမလဲ?

ကလေးငယ်ကို သင်ယူပြီး ကြီးပြင်းလာစေဖို့ –

  • ကလေးကို ဘာဝတ်ရမယ် (သို့) ဘာကစားရမယ် ကဲ့သို့သော ရိုးရှင်းတဲ့ ရွေးချယ်မှုတွေ ပြုလုပ်ခွင့်ပေးပါ။
  • tag ကဲ့သို့သော ဂိမ်းတွေကို အတူတကွ ကစားပါ။ ကလေးအား တက်ကြွစေဖို့ အချိန်များများပေးပါ။
  • အဝတ်အစား ဝတ်ခြင်း၊ ရေချိုးခန်းသုံးခြင်းနဲ့ သွားတိုက်ခြင်းကဲ့သို့သော မိမိကိုယ်ကို ဂရုစိုက်မှုအချို့ကို သင့်ကလေးအား လုပ်ခိုင်းပါ။
  • ABC ကဲ့သို့သော ရိုးရှင်းတဲ့ သီချင်းတွေကို သီဆိုခြင်း ၊ရေတွက်ခြင်း လေ့ကျင့်ပေးပါ။
  • သင့်ကလေးကို နေ့တိုင်းစာဖတ်ပြပါ။
  • အခြားကလေးတွေနဲ့ ဆော့ကစားဖို့ အချိန်သတ်မှတ်ပါ, ပဋိပက္ခတွေကို သူတို့ဘာသာ ဖြေရှင်းပါစေ၊ လိုအပ်ရင် ကြားဝင်ပေးပါ။
  • စက္ကူ၊ ကတ်ကြေး၊ ကော်ဖြင့် ပုံဆွဲခြင်းနဲ့ အနုပညာပြုလုပ်ခြင်းကဲ့သို့သော လုပ်ဆောင်ချက်တွေကို အကြံပြုပါ
  • ကလေးနှင့် စကားပြောပါ – မေးခွန်းတွေကို စိတ်ရှည်စွာ ဖြေကြားပေးပြီး သူတို့ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြသနိုင်အောင် ကူညီပေးပါ။

တီဗီတွေ၊ စမတ်ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ တက်ဘလက်တွေနှင့် ပတ်သက်လာတဲ့အခါ ဆရာဝန်တွေက အကြံပြုထားပါတယ်။

  • နည်းပညာတွေကို အိပ်ခန်းထဲမှ ထုတ်ထားပါ
  • screen time ကို တစ်နေ့လျှင် ၁နာရီအထိ ကန့်သတ်ပါ
  • အတူတူကြည့်ခဲ့တဲ့ ဇာတ်လမ်း၊ ကာတွန်းအကြောင်း ပြောပါ။

Chit_MayMay

Nandar

Ref- webmd.

LEAVE A REPLY

Please enter your comment!
Please enter your name here