Home Parenting Child Teaching ၅နှစ်မှ ၈နှစ်အထိ ကျောင်းနေအရွယ် ကလေးတွေရဲ့ အပြုအမှုများ

၅နှစ်မှ ၈နှစ်အထိ ကျောင်းနေအရွယ် ကလေးတွေရဲ့ အပြုအမှုများ

0
209

ကျောင်းနေအရွယ်ကလေးတွေဟာ အများအားဖြင့် အမှီအခိုကင်းကင်းနေရတာကို နှစ်သက်ကြသော်လည်း မိဘရဲ့ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုနှင့် သဘောတူခွင့်ပြုမှုတွေ လိုအပ်နေဆဲပါ။ မေမေတို့ ကလေးဟာ ကြီးပြင်းလာ၊ စူးစမ်းလာတာနှင့်အမျှ သူတို့ကို လမ်းညွှန်ပေးတဲ့ ကန့်သတ်ချက်တွေလည်း လိုအပ်ပါတယ်။ ဒီကန့်သတ်ချက်တွေက သင့်ကလေး ကျောင်းစတတ်ခြင်းနှင့်အတူ လိုက်ပါလာမယ့် တာဝန်ယူမှု၊ ပုံမှန်လုပ်ရိုးလုပ်စဉ်နှင့် စည်းကမ်းသစ်တွေအတွက် ကလေးအား အဆင်သင့်ဖြစ်ပြီး လုံခြုံမှုခံစားရစေဖို့ ကူညီပါတယ်။

ဒီအဆင့်မှာ ကလေးတွေဟာ သူငယ်ချင်းအပေါင်းအသင်းဖွဲ့ရန် ကူညီသော ကျွမ်းကျင်မှု၊ စွမ်းရည်တွေ ဖွံ့ဖြိုးပြီး ကျင့်သုံးနေပြီဖြစ်ပါတယ်။ အဲဒီထဲမှာ self-regulation နှင့် တခြားသူတွေရဲ့အမြင်တွေကို မြင်နိုင်စွမ်းတွေပါ ပါဝင်ပါတယ်။ ဒီကျွမ်းကျင်မှုတွေက ကျောင်းမှ အခြားသူတွေနှင့် ပေါင်းသင်းဆက်ဆံရတဲ့အခါမှာအလွန်အသုံးဝင်ပါတယ်။

ကျောင်းနေအရွယ်ကလေးတွေဟာ ကြာရှည်စွာ အာရုံစိုက်နိုင်ပြီး စိတ်ရှည်သည်းခံနိုင်ကြပါတယ်။ အထူးသဖြင့် သူငြီးငွေ့နေသော အခြေအနေ (ဒါမှမဟုတ်) လူမှုရေးအခြေအနေတွေမှာ အပြုအမှုတွေကို ထိန်းချုပ်ခြင်းနှင့် သူရဲ့စိတ်ခံစားမှုကို ဖော်ပြခြင်းမှာ အကူအညီလိုနေဦးမှာ ဖြစ်ပါတယ်။

ကလေးရဲ့ ပတ်ဝန်းကျင်ဆိုင်ရာကမ္ဘာကြီးကို နားလည်လာခြင်းက အချို့သော စိုးရိမ်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဥပမာ- အချို့ကလေးတွေဟာ ဝေဖန်မှုတွေ၊ စမ်းသပ်မှုတွေ၊ ကျရှုံးမှုတွေ၊ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ် (သို့) ခြိမ်းခြောက်မှုနှင့် သရဲတစ္ဆေကဲ့သို့သော သဘာဝလွန်အရာတွေကို ကြောက်နိုင်ပါတယ်။

ကျောင်းစတတ်ခြင်း

ကျောင်းစတတ်ခြင်းက ကြီးမားသော ခြေလှမ်းတစ်ခုဖြစ်ပြီး ကလေးတွေဟာ စိတ်လှုပ်ရှားမှုလိုပဲ စိုးရိမ်ကြောင့်ကြမှုတွေကို ခံစားရနိုင်ပါတယ်။ သင့်ကလေးဟာ ကျောင်းစတတ်ဖို့ စိတ်အားထက်သန်နေပါက ကလေးအား “ကျောင်းတတ်ရတာဟာ ပျော်စရာကောင်းကြောင်းနှင့် စိတ်လှုပ်ရှားစရာကောင်းတယ်”ဆိုတဲ့ ကောင်းတဲ့မက်ဆေ့ချ်ကို ပေးရပါမယ်။

ကလေးရဲ့ ကျောင်းချိန်ဟာ တစ်နေကုန်နီးပါးဖြစ်တာကြောင့် ကလေး ပင်ပန်းနိုင်ပါတယ်။ ဒါက ကလေး အိမ်ပြန်ရောက်လာတဲ့အခါ စိတ်တိုတဲ့ အပြုအမှုတစ်ချို့ကို ဖြစ်စေနိုင်ပါတယ်။ ဒီနေ့ရက်တွေကို ကြိုတင်စီစဉ်ပေးထားခြင်းက အထောက်အကူပြုနိုင်ပါတယ်။

တစ်ခါတစ်ရံ ကလေးတွေ အိမ်ပြန်ရောက်တဲ့အခါ ကျောင်းက အကြောင်းကို မပြောလိုကြပါဘူး။ ကလေးတွေဟာ တစ်နေ့တာအကြောင်းအရာကို စကားလုံးတွေနဲ့ အတိုချုပ်ပြောဖို့ ခဲယဉ်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကျောင်းနေအရွယ်မှာ ကလေးရဲ့အပြုအမှုဆိုင်ရာ စိုးရိမ််မှုများ

၁။ စိုးရိမ်ပူပန်မှု

စိုးရိမ်ပူပန်မှုက ကလေးတွေဖွံ့ဖြိုးမှုရဲ့ ပုံမှန်အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ ကျောင်းနေရွယ်ကလေးဟာ စာသင်ခန်းထဲမှ မေးခွန်းတွေကို ဖြေဆိုခြင်းကဲ့သို့သော အရာတွေအတွက် စိုးရိမ်ပူပန်မိနိုင်ပါတယ်။ သူ့ရဲ့ခံစားချက်တွေကို အသိအမှတ်ပြုခြင်းအားဖြင့် သူ့ကို ကူညီနိုင်ပါတယ်။ စိတ်ပူနေတဲ့အရာတွေကို လုပ်ဖို့ အားပေးပြီး သူပြုလုပ်တဲ့အခါ ချီးမွမ်းပေးပါ။

၂။ အနိုင်ကျင့်ခံရခြင်း

သင့်ကလေးဟာ ကျောင်းမှာ အနိုင်ကျင့်ခံရလျှင် မိဘတွေအနေနဲ့ ကူညီပေးဖို့ လိုအပ်ပါတယ်။ တတ်နိုင်သလောက် ကျောင်းနှင့် အမြန်ဆုံးပူးပေါင်းပြီး သင့်ကလေးအတွက် ကူညီပေးနိုင်ပါတယ်။ သင့်ကလေးအား ချစ်ခြင်းမေတ္တာနှင့် ပံ့ပိုးမှုတွေ အများကြီးပေးခြင်းက အရမ်းအရေးပါပါတယ်။

၃။ မသမာတဲ့နည်းကို အသုံးပြုခြင်း

တစ်ခါတစ်ရံမှာ ကျောင်းနေအရွယ် ကလေးတွေဟာ ဆုံးရှုံးမှုရဲ့ စိတ်ပျက်စရာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမယ်ဆိုတာ မသိတာကြောင့် ၊ တာဝန်က သူတို့အတွက် အရမ်းခက်လွန်းတာကြောင့် ကျောင်းစာ(သို့) အားကစားမှာ မသမာတဲ့နည်းကို အသုံးပြုတတ်ကြပါတယ်။ မသမာတဲ့နည်းကို သုံးတာက တစ်ခါတစ်ရံဆိုရင် အန္တရာယ်မရှိသော်လည်း မသမာနည်းက ပုံစံတစ်ခုဖြစ်လာရင် မိဘအနေနဲ့ ကြားဝင်ပေးဖို့ လိုအပ်နိုင်ပါတယ်။ စည်းမျဉ်းစည်းကမ်းတွေနဲ့ တရားမျှတမှုအကြောင်း ပြောဆိုခြင်းက ကျောင်းနေအရွယ်ကလေးတွေမှာ စတင်ပေးဖို့ ကောင်းသော နည်းလမ်းတစ်ခုဖြစ်ပါတယ်။

၄။ ရန်ဖြစ်ခြင်း

ကလေးတွေအကြားမှာ သဘောထားကွဲလွဲမှုနှင့် ရန်ဖြစ်ခြင်းက ကြုံရလေ့ရှိပါတယ်။ ရန်ပွဲကို ဝင်ဖြေရှင်းပေးရတဲ့အခါ ကလေးငယ်တွေအနေနဲ့ ၎င်းတို့ရဲ့ ကွဲပြားခြားနားမှုတွေကို ဖြေရှင်းတတ်အောင် သင်ပေးပါ။ သူတို့လူကြီးတွေဖြစ်လာရင် လိုအပ်လိမ့်မယ့် လူမှုရေးကျွမ်းကျင်မှုတွေကို လေ့ကျင့်ဖို့ သူတို့အတွက် အခွင့်အရေးကြီးဖြစ်နိုင်ပါတယ်။

၅။ သူငယ်ချင်းအပေါင်းအသင်း

သင့်ကလေးဟာ သူကျောင်းစတတ်ချိန်မှာ သူငယ်ချင်းအသစ်တွေ အများကြီးနဲ့ တွေ့ဆုံရပါလိမ့်မယ်။ မိဘအနေနဲ့ သူငယ်ချင်းမိတ်ဆွေဖွဲ့မှုကို ပံ့ပိုးပေးနိုင်ပါတယ်။ သင့်ကလေးဟာ မိတ်ဆွေဖွဲ့ဖို့ အခက်တွေ့နေပါက မိဘတွေအနေနဲ့ မိတ်ဆက်ပေးတာမျိုး ပြုလုပ်ပေးပါ။

၆။ အလေ့အကျင့်

ကလေးတွေများစွာမှာ အလေ့အကျင့်တွေရှိကြပါတယ်၊ ဥပမာ- လက်သည်းကိုက်ခြင်း၊ နှာခေါင်းနှိုက်ခြင်းကဲ့သို့သော သင့်ကလေးရဲ့အလေ့အထက သင့်ကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ သို့သော် များသောအားဖြင့် စိတ်ပူစရာမလိုပါဘူး။ အလေ့အကျင့်အများစုက သူ့ဘာသာသူ ပျောက်သွားလေ့ရှိပါတယ်။

၇။ လိမ်ပြောခြင်း

လိမ်ပြောခြင်းက ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးတိုးတတ်မှုအစိတ်အပိုင်း ဖြစ်ပါတယ်။ အသက် ၄နှစ်မှ ၆နှစ်ကြားကလေးတွေဟာ များသောအားဖြင့် အခြားအသက်အရွယ်ရှိ ကလေးတွေထက် အနည်းငယ်ပိုလိမ်တတ်ကြပါတဘ်။ လိမ်လည်မှု သေးသေးလေးအတွက် အပြစ်ပေးခြင်းထက် ကလေးငယ်တွေကို အမှန်ပြောခိုင်းခြင်းနှင့် ရိုးသားဖြောင့်မတ်ခြင်းရဲ့တန်ဖိုးကို သင်ပေးတာက ပိုကောင်းပါတယ်။

၈။ ကျောင်းမနက်ခင်း

ကျောင်းနေအရွယ်ကလေးတွေဟာ အချိန်နဲ့ လုပ်ရမယ်ဆိုတာ လူကြီးတွေလို နားမလည်ကြပါဘူး။ ဒါ့ကြောင့် ကျောင်းသွားမယ့်အချိန်ဟာ စိတ်ဖိစီးမှု ဖြစ််စေနိုင်ပါတယ်။ နံနက်ပိုင်း လုပ်ရိုးလုပ်စဉ်ကောင်းတစ်ခုက လူတိုင်းအား တစ်နေ့တာကို အပြုသဘာနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

၉။ ကျိန်ဆဲခြင်း

ကျောင်းနေအရွယ်ကလေးတွေဟာ ကျိန်ဆဲခြင်းကို ပြုလုပ်လာနိုင်ပါတယ်။ သင့်မိသားစုထဲမှာ ကျိန်ဆဲခြင်းက အဆင်မပြေပါက သူ့ရဲ့အပြုအမှုကို လျစ်လျူရှုမယ့်အစား စကားလုံးရွေးချယ်မှုအကြောင်းကို ကလေးအား ပြောပြပေးပါ။ ကျောင်းနေအရွယ်ကလေးတွေဟာ စကားလုံးတွေက သူတစ်ပါးကို ထိခိုက်နာကျင်စေနိုင်တယ်ဆိုတာကို နားလည်ကြပါတယ်။

ကျောင်းနေအရွယ် ကလေးရဲ့ အပြုအမှုကို လမ်းညွှန်ခြင်း နှင့် စည်းကမ်းချမှတ်ခြင်း

စည်းကမ်းက ဘယ်လိုပြုမှုရမယ်/ဘယ်လိုမပြုမှုရဘူးဆိုတာ သင်ယူဖို့ ကူညီပေးပါတယ်။ ကလေးကို အပြုအမှုကောင်းတွေလုပ်ဖို့ အားပေးတဲ့အခါ စည်းကမ်းက အကောင်းဆုံးဖြစ်ပါတယ်။ ဥပမာအားဖြင့် ရှင်းလင်းသော ညွှန်ကြားချက်တွေပေးခြင်း၊ လုပ်ရိုးလုပ်စဉ်အဖြစ် အသုံးပြုခြင်းနှင့် အပြုအမှုကောင်းတွေအတွက် ချီးမွမ်းပေးခြင်းတို့ဖြစ်ပါတယ်။

မိသားစုစည်းမျဉ်းတွေက ကလေးတွေ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် အရေးကြီးသော ဆုံးမပဲ့ပြင်မှု ဖြစ်ပါတယ်။ သင်မျှော်လင့်ထားတဲ့ အပြုအမှုကို အတိအကျဖော်ပြခြင်းဖြင့် ကလေးငယ်တွေရဲ့ အပြုအမှုကို လမ်းညွှန်ပေးပါ။ ထို့အပြင် အိမ်မှာ စည်းကမ်းတွေကို လိုက်နာခြင်းက ကျောင်းစည်းကမ်းအသစ်တွေကို လိုက်နာခြင်းအတွက် အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါတယ်။ အစပိုင်းမှာ စည်းကမ်းချက်တွေကို ကလေးတွေ မှတ်မိဖို့ အနည်းငယ်လိုအပ်နေဦးမှာ ဖြစ်ပါတယ်။

Chit_MayMay

LM_Nandar

Source-raisingchildren

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here