၅နှစ်အရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေတဲ့ ကစားစရာများ

0
58

မေမေတို့ရေ..ကလေးတွေအတွက် သူတို့ရဲ့ အသက်အရွယ်အလိုက် သင့်တော်မယ့် ကစားစရာကို မှန်မှန်ကန်ကန် ရွေးချယ်ပေးဖို့ကလည်း အရေးကြီးပါတယ်။ ကစားစရာဆိုလို့ အရေးမကြီးဘူးလို့မထင်ပါနဲ့နော်။ ဒီကစားစရာတွေက ကလေးတွေရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ မှတ်ဉာဏ်ဖွံ့ဖြိုးမှုတွေနဲ့ အများကြီးဆက်စပ်နေပါတယ်။ ဖျော်ဖြေမှုနှင့် ပျော်စရာဆိုတာ အထူးသဖြင့် နို့စို့အရွယ်ကစပြီး ကလေးတွေရဲ့ ကျန်းမာစွာ ဖွံ့ဖြိုး၊ ကြီးထွားမှုအတွက် အရေးပါပါတယ်။ ကလေးတွေဟာ ကျန်းမာတဲ့ နည်းလမ်းတစ်ခုမှာ သူတို့ကြိုက်နှစ်သက်တဲ့ အရုပ်တွေကို မျှဝေဖို့ သင်ယူမှုနှင့် ပျော်စရာရရှိဖို့ လိုအပ်ပါတယ်။

ကစားခြင်းကနေ သူတို့ရဲ့ ဘဝမှာ အတွေ့အကြုံအသစ်တွေ၊ ပျော်စရာတွေ၊ ကျွမ်းကျင်မှုနှင့် စိတ်လှုပ်ရှားမှုတွေ ရရှိတာကြောင့် ကလေးတွေရဲ့ ဘဝမှာ အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ ၅နှစ်အရွယ်အတွက် ကစားစရာတွေက လူမှုရေးနှင့် ကာယပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ မှတ်ဉာဏ်ပိုကောင်းမှု ရှိစေတဲ့ အချို့သော ကဏ္ဍများနှင့် ထိတွေ့ဖို့ လိုအပ်ပါတယ်။

၅နှစ်အရွယ် ကလေးတွေအတွက် ကစားစရာများရဲ့ အရေးပါသော ရှုထောင့်များ

ပထမဆုံး ဖန်တီးမှုနှင့် စိတ်ကူးစိတ်သန်းဖွံ့ဖြိုးတိုးတတ်စေတဲ့ ကစားစရာတွေ ဖြစ်ဖို့လိုပါတယ်။ ပုံမှန်အားဖြင့် ဒါတွေက ကလေးအဖော်နှင့်အတူ ကစားရတာ ကြိုက်တဲ့ အရုပ်တွေ ဖြစ်လေ့ရှိပါတယ်၊ မေမေတို့က ၅နှစ်အရွယ်ကလေးအတွက် အရုပ်ရွေးတဲ့အခါမှာ ဖျော်ဖြေမှုဖြစ်ရမယ့်အပြင် သင့်ကလေးကို ပညာပေးခြင်းနှင့် သွန်သင်ပေးခြင်းမှာ အကူအညီဖြစ်စေတဲ့ အရုပ်တွေကို ရွေးချယ်သင့်ပါတယ်။ အရုပ်ဝယ်တော့မယ်ဆိုရင် မဝယ်ခင်မှာ အရုပ်ပါကင်ကို အမြဲတမ်းစစ်ဆေးသင့်ပါတယ်။ တချို့အရုပ်တွေက ကလေးတွေ ကစားဖို့ မသင့်တော်တဲ့ အရုပ်တွေ ဖြစ်လို့ပါပဲ။ (လက်ချောင်းကြွက်သားငယ်လေးတွေ သန်စွမ်း)motor skills ဖွံ့ဖြိုးမှုကို အထောက်အကူပေးတဲ့အရုပ်တွေက ဒီအသက်အရွယ်ကလေးတွေအတွက် ကောင်းမွန်ပါတယ်။

၅နှစ်အသက်အရွယ်အတွက် အကောင်းဆုံးကစားစရာများ

သဘာဝအားဖြင့် ကလေးတွေဟာ သူတို့ရဲ့စကေးကို စမ်းသပ်တဲ့ဂိမ်း၊ သူငယ်ချင်းတွေနှင့် ယှဉ်ပြိုင်ရတဲ့ ကစားနည်းတွေကို ကြိုက်ပါတယ်။ အဖွဲ့လိုက် ကစားရတဲ့ Board games တွေက ဒီအသက်အရွယ် ကလေးတွေအတွက် perfect ဖြစ်ပါတယ်။

အိမ်ပြင်ထွက်ပြီး ကစားနိုင်တဲ့ ဂိမ်းများကလည်း ပိုကောင်းပါတယ်။ ဒီလှုပ်ရှားမှုများက သူတို့ရဲ့ မော်တာစကေးနှင့် လှုမှုရေး ကျွမ်းကျင်မှုကို ဖွံ့ဖြိုးဖို့ ကူညီပေးပါတယ်။
၅နှစ်အရွယ်ကလေးတွေအတွက် ဂိမ်းတွေဟာ ခက်ခဲတဲ့ အဆင့်တချို့ ရှိသင့်ပါတယ်။ စည်းမျဉ်းစည်းကမ်းတွေက အကြံပြုချက် သို့ အမိန့်တွေကို လိုက်နာဖို့နှင့် နားလည်ဖို့ သင်ယူနိုင်တာကြောင့် ဂိမ်းတွေမှာ စည်းမျဉ်းတွေ ရှိရပါမယ်။ တည်ဆောက်ခြင်း၊ ပဟေဠိများနှင့် အခြား didactic gamesများက သူတို့ရဲ့ လက်ချောင်းကြွက်သားငယ်လှုပ်ရှားမှုကို ဖွံ့ဖြိုးစေဖို့လည်း ကူညီပေးပါတယ်။ ဒီဂိမ်းများက အာရုံစူးစုိက်မှုကို ကောင်းစေတဲ့အပြင် ကျိုးကြောင်းဆင်ခြင်ခြင်းအဆင့် မြင့်မားမှုကို ဖွံ့ဖြိုးစေပါတယ်။

၁။ သုံးဘီး scooter

ဘီးသုံးဘီးနဲ့ scooterတွေက ၅နှစ်အရွယ်အတွက် အထူးကောင်းမွန်တဲ့ ကစားစရာဖြစ်ပါတယ်။ ဒီအသက်အရွယ်မှာ ကလေးတွေဟာ စွမ်းအင်အလျှံပယ်ရှိပါတယ်။ scootersတွေက စွမ်းအင်တွေ လောင်ကျွမ်းဖို့ ကူညီပေးပါတယ်။ ဒီကစားစရာက gross motor skills ကို ဖွံ့ဖြိုးစေပါတယ်။ အချိန်ကြာလာတာနှင့်အမျှ ကလေးတွေမှာ ယုံကြည်မှု ရှိလာပါတယ်။

၂။ ဖန်ဂေါ်လီလုံး

ဖန်ဂေါ်လီလုံးတွေက အစဥ်အဆက် ကစားခဲ့ကြတဲ့ ကစားစရာဖြစ်ပါတယ်။ ဘယ်တော့မှ ရိုးမသွားပါဘူး။ ဆွဲဆောင်မှုရှိတဲ့ အရောင်လေးတွေနဲ့ ဒီဇိုင်းလေးတွေအပြင် ကလေးတွေဟာ ကျောင်းကစားကွင်းမှာ အတန်းဖော်တွေနှင့်အတူ ကစားနိုင်ပါတယ်။ ဒီဂိမ်းက သူတို့ကို စည်းမျဉ်းလိုက်နာစေပြီး ကိုယ့်အလှည့် သူ့အလှည့် စောင့်ဆိုင်းခြင်းဖြင့် စိတ်ရှည်မှုရှိစေဖို့ ကူညီပေးပါလိမ့်မယ်။

၃။ ပဟေဠိကစားနည်းများ

ပဟေဠိတွေက အရမ်းပျော်စရာကောင်းပြီး ပဟေဠိတွေ ပြည့်စုံဖို့ အပိုင်းအစတွေ ဘယ်နေရာမှာ ရှိသလဲ ရှာဖွေတဲ့အခါ ကလေးတွေ အသုံးပြုတဲ့ ယုတ္တိဗေဒ skills ဖွံ့ဖြိုးမှုကို အထောက်အကူပေးပါတယ်။ အသက်၅နှစ် ကလေးဟာ အပိုင်း ၅၀ထက်ပိုပြီးရှိတဲ့ ပဟေဠိတွေကို ယှဉ်တွဲနိုင်ပါတယ်။

၄။ မှတ်ဉာဏ်ဂိမ်း

မှတ်ဉာဏ်ဂိမ်းများဟာ motor နှင့် cognitive skills ဖွံ့ဖြိုးမှုကို မြှင့်တင်ခြင်းအတွက် အလွန်ကောင်းပါတယ်။ သင့်ကလေးဟာ ရုပ်ပုံတစ်ခုစီရဲ့ တည်နေရာကို အလွတ်ကျက်ဖို့ သင်ယူရင်း တခြားကလေးနှင့်အတူ ဒီဂိမ်းကို ကစားနိုင်ပါတယ်။

၅။ ကစားစရာစန္ဒယား

ကစားစရာ စန္ဒယားတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှုနှင့် ဖန်တီးမှုဘက်ကို ဖွံ့ဖြိုးအောင် ကူညီနိုင်ပါတယ်။ သူတို့မှာ ဂီတဉာဏ်ရည်ဖွံ့ဖြိုးနိုင်ပြီး ဂီတဘက်ကို စိတ်အားထက်သန်စေနိုင်ပါတယ်။

ကစားစရာများက အချိန်ကြာလာတာနှင့်အမျှ ခေတ်မှီဆန်းပြားလာပါတယ်။ သို့သော် ကလေးတွေနှင့် သင့်တော်ပြီး ရည်ရွယ်ချက်ကောင်းတဲ့ ကစားစရာတွေ ဖြစ်ဖို့လိုပါတယ်။ ၅နှစ်အရွယ် ကလေးအတွက် မှန်ကန်တဲ့ ကစားစရာကို ရွေးချယ်ခြင်းဟာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့် သိမြင်မှုဆိုင်ရာ ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်ပါလိမ့်မယ်။
နောက်ဆုံးအနေနဲ့ မေမေတို့ကလေးကို ကစားစရာတစ်ခုခုဆိုရင် မျှဝေတတ်အောင် သင်ပေးဖို့ ဘယ်တော့မှ မမေ့သင့်ပါဘူး။ မေမေတို့အနေနဲ့ ကလေးနှင့်အတူ ကစားပေးရင်း အချိန်ဖြုန်းဖို့လည်း မမေ့သင့်ပါဘူးနော်။

Chit_MayMay

LM_Nandar

၅ႏွစ္အ႐ြယ္ကေလးရဲ႕ ဖြံ႕ၿဖိဳးမႈကို အေထာက္အကူျဖစ္ေစတဲ့ ကစားစရာမ်ား

ေမေမတို႔ေရ..ကေလးေတြအတြက္ သူတို႔ရဲ႕ အသက္အ႐ြယ္အလိုက္ သင့္ေတာ္မယ့္ ကစားစရာကို မွန္မွန္ကန္ကန္ ေ႐ြးခ်ယ္ေပးဖို႔ကလည္း အေရးႀကီးပါတယ္။ ကစားစရာဆိုလို႔ အေရးမႀကီးဘူးလို႔မထင္ပါနဲ႔ေနာ္။ ဒီကစားစရာေတြက ကေလးေတြရဲ႕ ခႏၶာကိုယ္ဖြံ႕ၿဖိဳးမႈ၊ မွတ္ဉာဏ္ဖြံ႕ၿဖိဳးမႈေတြနဲ႔ အမ်ားႀကီးဆက္စပ္ေနပါတယ္။ ေဖ်ာ္ေျဖမႈႏွင့္ ေပ်ာ္စရာဆိုတာ အထူးသျဖင့္ ႏို႔စို႔အ႐ြယ္ကစၿပီး ကေလးေတြရဲ႕ က်န္းမာစြာ ဖြံ႕ၿဖိဳး၊ ႀကီးထြားမႈအတြက္ အေရးပါပါတယ္။ ကေလးေတြဟာ က်န္းမာတဲ့ နည္းလမ္းတစ္ခုမွာ သူတို႔ႀကိဳက္ႏွစ္သက္တဲ့ အ႐ုပ္ေတြကို မွ်ေဝဖို႔ သင္ယူမႈႏွင့္ ေပ်ာ္စရာရရွိဖို႔ လိုအပ္ပါတယ္။

ကစားျခင္းကေန သူတို႔ရဲ႕ ဘဝမွာ အေတြ႕အႀကဳံအသစ္ေတြ၊ ေပ်ာ္စရာေတြ၊ ကြၽမ္းက်င္မႈႏွင့္ စိတ္လႈပ္ရွားမႈေတြ ရရွိတာေၾကာင့္ ကေလးေတြရဲ႕ ဘဝမွာ အေရးပါေသာ အခန္းက႑တစ္ခုျဖစ္ပါတယ္။ ၅ႏွစ္အ႐ြယ္အတြက္ ကစားစရာေတြက လူမႈေရးႏွင့္ ကာယပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးမႈ၊ မွတ္ဉာဏ္ပိုေကာင္းမႈ ရွိေစတဲ့ အခ်ိဳ႕ေသာ က႑မ်ားႏွင့္ ထိေတြ႕ဖို႔ လိုအပ္ပါတယ္။

၅ႏွစ္အ႐ြယ္ ကေလးေတြအတြက္ ကစားစရာမ်ားရဲ႕ အေရးပါေသာ ရႈေထာင့္မ်ား

ပထမဆုံး ဖန္တီးမႈႏွင့္ စိတ္ကူးစိတ္သန္းဖြံ႕ၿဖိဳးတိုးတတ္ေစတဲ့ ကစားစရာေတြ ျဖစ္ဖို႔လိုပါတယ္။ ပုံမွန္အားျဖင့္ ဒါေတြက ကေလးအေဖာ္ႏွင့္အတူ ကစားရတာ ႀကိဳက္တဲ့ အ႐ုပ္ေတြ ျဖစ္ေလ့ရွိပါတယ္၊ ေမေမတို႔က ၅ႏွစ္အ႐ြယ္ကေလးအတြက္ အ႐ုပ္ေ႐ြးတဲ့အခါမွာ ေဖ်ာ္ေျဖမႈျဖစ္ရမယ့္အျပင္ သင့္ကေလးကို ပညာေပးျခင္းႏွင့္ သြန္သင္ေပးျခင္းမွာ အကူအညီျဖစ္ေစတဲ့ အ႐ုပ္ေတြကို ေ႐ြးခ်ယ္သင့္ပါတယ္။ အ႐ုပ္ဝယ္ေတာ့မယ္ဆိုရင္ မဝယ္ခင္မွာ အ႐ုပ္ပါကင္ကို အၿမဲတမ္းစစ္ေဆးသင့္ပါတယ္။ တခ်ိဳ႕အ႐ုပ္ေတြက ကေလးေတြ ကစားဖို႔ မသင့္ေတာ္တဲ့ အ႐ုပ္ေတြ ျဖစ္လို႔ပါပဲ။ (လက္ေခ်ာင္းႂကြက္သားငယ္ေလးေတြ သန္စြမ္း)motor skills ဖြံ႕ၿဖိဳးမႈကို အေထာက္အကူေပးတဲ့အ႐ုပ္ေတြက ဒီအသက္အ႐ြယ္ကေလးေတြအတြက္ ေကာင္းမြန္ပါတယ္။

၅ႏွစ္အသက္အ႐ြယ္အတြက္ အေကာင္းဆုံးကစားစရာမ်ား

သဘာဝအားျဖင့္ ကေလးေတြဟာ သူတို႔ရဲ႕စေကးကို စမ္းသပ္တဲ့ဂိမ္း၊ သူငယ္ခ်င္းေတြႏွင့္ ယွဥ္ၿပိဳင္ရတဲ့ ကစားနည္းေတြကို ႀကိဳက္ပါတယ္။ အဖြဲ႕လိုက္ ကစားရတဲ့ Board games ေတြက ဒီအသက္အ႐ြယ္ ကေလးေတြအတြက္ perfect ျဖစ္ပါတယ္။

အိမ္ျပင္ထြက္ၿပီး ကစားႏိုင္တဲ့ ဂိမ္းမ်ားကလည္း ပိုေကာင္းပါတယ္။ ဒီလႈပ္ရွားမႈမ်ားက သူတို႔ရဲ႕ ေမာ္တာစေကးႏွင့္ လႈမႈေရး ကြၽမ္းက်င္မႈကို ဖြံ႕ၿဖိဳးဖို႔ ကူညီေပးပါတယ္။
၅ႏွစ္အ႐ြယ္ကေလးေတြအတြက္ ဂိမ္းေတြဟာ ခက္ခဲတဲ့ အဆင့္တခ်ိဳ႕ ရွိသင့္ပါတယ္။ စည္းမ်ဥ္းစည္းကမ္းေတြက အႀကံျပဳခ်က္ သို႔ အမိန္႔ေတြကို လိုက္နာဖို႔ႏွင့္ နားလည္ဖို႔ သင္ယူႏိုင္တာေၾကာင့္ ဂိမ္းေတြမွာ စည္းမ်ဥ္းေတြ ရွိရပါမယ္။ တည္ေဆာက္ျခင္း၊ ပေဟဠိမ်ားႏွင့္ အျခား didactic gamesမ်ားက သူတို႔ရဲ႕ လက္ေခ်ာင္းႂကြက္သားငယ္လႈပ္ရွားမႈကို ဖြံ႕ၿဖိဳးေစဖို႔လည္း ကူညီေပးပါတယ္။ ဒီဂိမ္းမ်ားက အာ႐ုံစူးစုိက္မႈကို ေကာင္းေစတဲ့အျပင္ က်ိဳးေၾကာင္းဆင္ျခင္ျခင္းအဆင့္ ျမင့္မားမႈကို ဖြံ႕ၿဖိဳးေစပါတယ္။

၁။ သုံးဘီး scooter

ဘီးသုံးဘီးနဲ႔ scooterေတြက ၅ႏွစ္အ႐ြယ္အတြက္ အထူးေကာင္းမြန္တဲ့ ကစားစရာျဖစ္ပါတယ္။ ဒီအသက္အ႐ြယ္မွာ ကေလးေတြဟာ စြမ္းအင္အလွ်ံပယ္ရွိပါတယ္။ scootersေတြက စြမ္းအင္ေတြ ေလာင္ကြၽမ္းဖို႔ ကူညီေပးပါတယ္။ ဒီကစားစရာက gross motor skills ကို ဖြံ႕ၿဖိဳးေစပါတယ္။ အခ်ိန္ၾကာလာတာႏွင့္အမွ် ကေလးေတြမွာ ယုံၾကည္မႈ ရွိလာပါတယ္။

၂။ ဖန္ေဂၚလီလုံး

ဖန္ေဂၚလီလုံးေတြက အစဥ္အဆက္ ကစားခဲ့ၾကတဲ့ ကစားစရာျဖစ္ပါတယ္။ ဘယ္ေတာ့မွ ႐ိုးမသြားပါဘူး။ ဆြဲေဆာင္မႈရွိတဲ့ အေရာင္ေလးေတြနဲ႔ ဒီဇိုင္းေလးေတြအျပင္ ကေလးေတြဟာ ေက်ာင္းကစားကြင္းမွာ အတန္းေဖာ္ေတြႏွင့္အတူ ကစားႏိုင္ပါတယ္။ ဒီဂိမ္းက သူတို႔ကို စည္းမ်ဥ္းလိုက္နာေစၿပီး ကိုယ့္အလွည့္ သူ႔အလွည့္ ေစာင့္ဆိုင္းျခင္းျဖင့္ စိတ္ရွည္မႈရွိေစဖို႔ ကူညီေပးပါလိမ့္မယ္။

၃။ ပေဟဠိကစားနည္းမ်ား

ပေဟဠိေတြက အရမ္းေပ်ာ္စရာေကာင္းၿပီး ပေဟဠိေတြ ျပည့္စုံဖို႔ အပိုင္းအစေတြ ဘယ္ေနရာမွာ ရွိသလဲ ရွာေဖြတဲ့အခါ ကေလးေတြ အသုံးျပဳတဲ့ ယုတၱိေဗဒ skills ဖြံ႕ၿဖိဳးမႈကို အေထာက္အကူေပးပါတယ္။ အသက္၅ႏွစ္ ကေလးဟာ အပိုင္း ၅၀ထက္ပိုၿပီးရွိတဲ့ ပေဟဠိေတြကို ယွဥ္တြဲႏိုင္ပါတယ္။

၄။ မွတ္ဉာဏ္ဂိမ္း

မွတ္ဉာဏ္ဂိမ္းမ်ားဟာ motor ႏွင့္ cognitive skills ဖြံ႕ၿဖိဳးမႈကို ျမႇင့္တင္ျခင္းအတြက္ အလြန္ေကာင္းပါတယ္။ သင့္ကေလးဟာ ႐ုပ္ပုံတစ္ခုစီရဲ႕ တည္ေနရာကို အလြတ္က်က္ဖို႔ သင္ယူရင္း တျခားကေလးႏွင့္အတူ ဒီဂိမ္းကို ကစားႏိုင္ပါတယ္။

၅။ ကစားစရာစႏၵယား

ကစားစရာ စႏၵယားေတြဟာ သူတို႔ရဲ႕ ယဥ္ေက်းမႈႏွင့္ ဖန္တီးမႈဘက္ကို ဖြံ႕ၿဖိဳးေအာင္ ကူညီႏိုင္ပါတယ္။ သူတို႔မွာ ဂီတဉာဏ္ရည္ဖြံ႕ၿဖိဳးႏိုင္ၿပီး ဂီတဘက္ကို စိတ္အားထက္သန္ေစႏိုင္ပါတယ္။

ကစားစရာမ်ားက အခ်ိန္ၾကာလာတာႏွင့္အမွ် ေခတ္မွီဆန္းျပားလာပါတယ္။ သို႔ေသာ္ ကေလးေတြႏွင့္ သင့္ေတာ္ၿပီး ရည္႐ြယ္ခ်က္ေကာင္းတဲ့ ကစားစရာေတြ ျဖစ္ဖို႔လိုပါတယ္။ ၅ႏွစ္အ႐ြယ္ ကေလးအတြက္ မွန္ကန္တဲ့ ကစားစရာကို ေ႐ြးခ်ယ္ျခင္းဟာ သူတို႔ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ၊ လူမႈေရးႏွင့္ သိျမင္မႈဆိုင္ရာ ဖြံ႕ၿဖိဳးမႈကို အေထာက္အကူ ျဖစ္ပါလိမ့္မယ္။
ေနာက္ဆုံးအေနနဲ႔ ေမေမတို႔ကေလးကို ကစားစရာတစ္ခုခုဆိုရင္ မွ်ေဝတတ္ေအာင္ သင္ေပးဖို႔ ဘယ္ေတာ့မွ မေမ့သင့္ပါဘူး။ ေမေမတို႔အေနနဲ႔ ကေလးႏွင့္အတူ ကစားေပးရင္း အခ်ိန္ျဖဳန္းဖို႔လည္း မေမ့သင့္ပါဘူးေနာ္။

Chit_MayMay

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here