၆လမှ ၃နှစ်အထိ ကလေးတွေအတွက် ကျန်းမာသော အစားအစာအုပ်စု (၅)မျိုး

0
1650
- Advertisement -

အစားအစာအုပ်စုတစ်ခုစီမှာ ကလေးရဲ့ ခန္ဓာကိုယ် ကြီးထွားဖို့နှင့် စနစ်တကျအလုပ်လုပ်ဖို့ လိုအပ်တဲ့ အာဟာရမျိုးစုံ ပါရှိပါတယ်။ ထို့ကြောင့် ဒီအစားအစာအုပ်စုငါးခုကနေ အစားအစာအမျိုးမျိုးကို စားပေးဖို့ လိုပါတယ်။

  • ဟင်းသီးဟင်းရွက်များ
  • သစ်သီး
  • အစေ့အဆန်များ
  • နို့ထွက်ပစ္စည်း
  • ပရိုတိန်း

သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ

သစ်သီးနှင့် ဟင်းသီးဟင်းရွက်များက သင့်ကလေးရဲ့ စွမ်းအင်၊ ဗီတာမင်များ၊ အင်တီအောက်ဆီဒင့်၊ အမျှင်ဓါတ်နှင့် ရေတို့ကို ပေးပါတယ်၊ သူတို့က နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အချို့သောကင်ဆာရောဂါများအပါအဝင် ဘဝနောက်ပိုင်းမှာ ဖြစ်ပွားတဲ့ ရောဂါများမှ ကာကွယ်ပေးပါတယ်။

သင့်ကလေးကို အစာစားပြီးတိုင်းနှင့် သရေစာစားချိန်မှာ သစ်သီးနှင့်ဟင်းသီးဟင်းရွက်တွေ ပေးတာက စိတ်ကူးကောင်းတစ်ခုဖြစ်ပါတယ်။ အရောင်၊ ပုံစံနှင့်အရသာအမျိုးမျိုးရှိသော သစ်သီးနှင့် ဟင်းသီးဟင်းရွက်ကို ရွေးချယ်ဖို့ ကြိုးစားပါ။ ဓါတုပစ္စည်းများ(သို့) အညစ်အကြေးများကို ဖယ်ရှားဖို့ အသီးတွေကို သေချာဆေးကြောပါ။ အသီးရဲ့ အခွံမှာ အာဟာရများ ပါရှိတာကြောင့် အခွံကို ချန်ထားပါ။

အစေ့အဆန်များ

အစေ့အဆန်အစားအစာများမှာ ဆန်၊ ပြောင်း၊ quinoa, polenta ၊ကွေကာအုပ် ၊မုယောစပါး၊ စီရီရယ်၊ ခေါက်ဆွဲ၊ ပါစတာနှင့် ပေါင်မုန့်တို့ ပါဝင်ပါတယ်။ ဒီအစားအစာများက သင့်ကလေးအား ကြီးထွားဖို့ ၊ဖွံ့ဖြိုးဖို့နှင့် သင်ယူဖို့ လိုအပ်တဲ့ စွမ်းအင်များ ပေးပါတယ်။

နို့ထွက်ပစ္စည်း

နို့ထွက်ပစ္စည်းများမှာ နို့၊ ဒိန်ခဲနှင့် ဒိန်ချဉ်တို့ဖြစ်ပါတယ်။ ဒီအစားအစာများက ပရိုတိန်းနှင့် ကယ်လစီယမ်ဓါတ်များစွာ ပါဝင်ပါတယ်။ အသက် ၆လခန့်မှစပြီး နို့ထွက်အစားအစာများကို မိတ်ဆက်နိုင်ပါတယ်။ သို့သော် ၁၂လဝန်းကျင်အထိ ကလေးရဲ့ အဓိကသောက်စရာကတော့ မိခင်နို့ဖြစ်ပါတယ်။ ပြီးနောက် အဆီပြည့်ဝတဲ့ နွားနို့ကို စတင်တိုက်နိုင်ပါတယ်။

ီအသက်အရွယ်အုပ်စု ကလေးငယ်တွေဟာ လျှင်မြန်စွာ ကြီးထွားပြီး စွမ်းအင်များစွာ လိုအပ်တာကြောင့် အသက် ၂နှစ်မပြည့်ခင်အထိ အဆီပြည့်နို့ ထွက် အစားအစာတွေ လိုအပ်ပါတယ်။

ပရိုတိန်း

ပရိုတိန်းဓါတ်ကြွယ်ဝသော အစားအစာများတွင် အဆီနည်းသော အသား၊ ငါး၊ ကြက်သား၊ ဥ၊ ပဲနီလေး၊ ကုလားပဲ၊ တို့ဖူး နှင့် အခွံမာသီးတို့ ပါဝင်ပါတယ်။ ဒီအစားအစာတွေက သင့်ကလေးကြီးထွားမှုနှင့် ကြွက်သားဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။

ဒီအစားအစာများမှာ သံဓါတ်၊ သွပ်၊ ဗီတာမင် B12 နှင့် အိုမီဂါ ၃ဖက်တီးအက်ဆစ်ကဲ့သို့သော အခြားဗီတာမင်များနှင့် သတ္တုဓါတ်များ ပါဝင်ပါတယ်။ အနီရောင်အသားနှင့် အဆီငါးတို့မှာ ပါဝင်တဲ့ သံဓါတ်နှင့် အိုမီဂါ ၃ဖက်တီးအက်ဆစ်တွေက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် သင်ယူလေ့လာမှုအတွက် အရေးပါ ပါတယ်။

ကျန်းမာသော သောက်စရာများ

ရေဟာ ၁၂လကျော် ကလေးငယ်တွေအတွက် အကျန်းမာဆုံးသောက်စရာဖြစ်ပါတယ်။ ဒါက စျေးအချိုဆုံးပါပဲ။ ဘုံဘိုင်ရေအများစုမှာ သွားတွေကို ခိုင်ခံ့စေတဲ့ ဖလိုရိုက်ပါဝင်ပါတယ်။
၆လမှစပြီး မိခင်နို့နှင့် ဖော်မြူလာအစားအစာ ကျွေးသော ကလေးငယ်တွေကို ရေကျက်အေးအနည်းငယ်တိုက်ပေးနိုင်ပါတယ်။

ရှောင်ရှားရမယ့် အစားအစာနှင့် အချိုရည်

သင့်ကလေးကို တခါတရံ အစားအစာတွေ မကျွေးသင့်ပါဘူး။ ဒီအစားအစာတွေမှာ Fast food တွေ၊ အာလူးကြော်၊ ဒင်းဆမ်း၊ ဘာဂါ၊ ပီဇာ ကဲ့သို့သော အာဟာရမဖြစ်တဲ့ အစားအစာတွေ ပါဝင်ပါတယ်။ ဒီအစားအစာများမှာ ကိတ်မုန့်၊ ချောကလက်၊ ဘီစကွတ်များ ၊ဒိုးနပ်တို့လည်း ပါဝင်ပါတယ်။

ဒီအစားအစာတွေဟာ ဆား၊ အဆီနှင့် သကြားဓါတ် များပြားပါတယ်။ အမျှင်ဓါတ်နှင့် အာဟာရဓါတ်နည်းပါတယ်။ ဒီအစားအစာတွေကို အလွန်အကျွံစားခြင်းက ကလေးဘဝ အဝလွန်ခြင်းနှင့် ဆီးချိုအမျိုးအစား ၂ ကဲ့သို့သော အန္တရာယ်ကို တိုးစေနိုင်ပါတယ်။

ကလေးကို သစ်သီးဖျော်ရည်၊ စွမ်းအားဖြည့်အချိုရည်၊ အရသာထည့်ထားတဲ့ နို့ကဲ့သို့သော အချိုရည်တွေကို ရှောင်ရှားသင့်ပါတယ်။ အချိုရည်တွေဟာ သကြားဓါတ်မြင့်မားပြီး အာဟာရဓါတ်နည်းပါတယ်။ ကိုယ်အလေးချိန်တိုးခြင်း၊ အဝလွန်ခြင်းနှင့် သွားပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကလေးငယ်တွေကို ငယ်စဉ်ကတည်းက အချိုရည်တွေ စတိုက်မယ်ဆိုရင် ၎င်းဟာ မကျန်းမာသော ရာသက်ပန် အလေ့အထကို စတင်နိုင်ပါတယ်။

ကဖိန်းဓါတ်ပါသော အစားအစာများနှင့် အချိုရည်တွေကို ကလေးအားမတိုက်သင့်ပါဘူး။ ကဖိန်းဓါတ်က ခန္ဓာကိုယ်ကို ကယ်လစီယမ်စုပ်ယူမှုမှ တားဆီးတာကြောင့်ဖြစ်ပါတယ်။ ကဖိန်းဓါတ်က စွမ်းအင်အတုကို ပေးတဲ့ နိုးကြားစေတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဒီအစားအစာများမှာ အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည်၊ စွမ်းအားဖြည့်အချိုရည်နှင့် ချောကလက်တို့ ပါဝင်ပါတယ်။
အစာစားပြီးနောက် သရေစာမုန့်ကျွေးတဲ့ အခါမှာလည်း အလားတူဖြစ်ပါတယ်။ ကလေးကို အာဟာရမဖြစ်တဲ့ သရေစာမုန့်တွေ၊ ရေခဲမုန့်တွေ မကျွေးပဲ ဒိန်ချဉ် (သို့) သစ်သီးတွေကို ကျွေးပါ။

Chit_MayMay

LM_Nandar

Source-raisingchildren

အစားအစာအုပ္စုတစ္ခုစီမွာ ကေလးရဲ႕ ခႏၶာကိုယ္ ႀကီးထြားဖို႔ႏွင့္ စနစ္တက်အလုပ္လုပ္ဖို႔ လိုအပ္တဲ့ အာဟာရမ်ိဳးစုံ ပါရွိပါတယ္။ ထို႔ေၾကာင့္ ဒီအစားအစာအုပ္စုငါးခုကေန အစားအစာအမ်ိဳးမ်ိဳးကို စားေပးဖို႔ လိုပါတယ္။

  • ဟင္းသီးဟင္း႐ြက္မ်ား
  • သစ္သီး
  • အေစ့အဆန္မ်ား
  • ႏို႔ထြက္ပစၥည္း
  • ပ႐ိုတိန္း

သစ္သီးႏွင့္ ဟင္းသီးဟင္း႐ြက္မ်ား

သစ္သီးႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားက သင့္ကေလးရဲ႕ စြမ္းအင္၊ ဗီတာမင္မ်ား၊ အင္တီေအာက္ဆီဒင့္၊ အမွ်င္ဓါတ္ႏွင့္ ေရတို႔ကို ေပးပါတယ္၊ သူတို႔က ႏွလုံးေရာဂါ၊ ေလျဖတ္ျခင္း၊ အခ်ိဳ႕ေသာကင္ဆာေရာဂါမ်ားအပါအဝင္ ဘဝေနာက္ပိုင္းမွာ ျဖစ္ပြားတဲ့ ေရာဂါမ်ားမွ ကာကြယ္ေပးပါတယ္။

သင့္ကေလးကို အစာစားၿပီးတိုင္းႏွင့္ သေရစာစားခ်ိန္မွာ သစ္သီးႏွင့္ဟင္းသီးဟင္း႐ြက္ေတြ ေပးတာက စိတ္ကူးေကာင္းတစ္ခုျဖစ္ပါတယ္။ အေရာင္၊ ပုံစံႏွင့္အရသာအမ်ိဳးမ်ိဳးရွိေသာ သစ္သီးႏွင့္ ဟင္းသီးဟင္း႐ြက္ကို ေ႐ြးခ်ယ္ဖို႔ ႀကိဳးစားပါ။ ဓါတုပစၥည္းမ်ား(သို႔) အညစ္အေၾကးမ်ားကို ဖယ္ရွားဖို႔ အသီးေတြကို ေသခ်ာေဆးေၾကာပါ။ အသီးရဲ႕ အခြံမွာ အာဟာရမ်ား ပါရွိတာေၾကာင့္ အခြံကို ခ်န္ထားပါ။

အေစ့အဆန္မ်ား

အေစ့အဆန္အစားအစာမ်ားမွာ ဆန္၊ ေျပာင္း၊ quinoa, polenta ၊ေကြကာအုပ္ ၊မုေယာစပါး၊ စီရီရယ္၊ ေခါက္ဆြဲ၊ ပါစတာႏွင့္ ေပါင္မုန႔္တို႔ ပါဝင္ပါတယ္။ ဒီအစားအစာမ်ားက သင့္ကေလးအား ႀကီးထြားဖို႔ ၊ဖြံ႕ၿဖိဳးဖို႔ႏွင့္ သင္ယူဖို႔ လိုအပ္တဲ့ စြမ္းအင္မ်ား ေပးပါတယ္။

ႏို႔ထြက္ပစၥည္း

ႏို႔ထြက္ပစၥည္းမ်ားမွာ ႏို႔၊ ဒိန္ခဲႏွင့္ ဒိန္ခ်ဥ္တို႔ျဖစ္ပါတယ္။ ဒီအစားအစာမ်ားက ပ႐ိုတိန္းႏွင့္ ကယ္လစီယမ္ဓါတ္မ်ားစြာ ပါဝင္ပါတယ္။ အသက္ ၆လခန႔္မွစၿပီး ႏို႔ထြက္အစားအစာမ်ားကို မိတ္ဆက္ႏိုင္ပါတယ္။ သို႔ေသာ္ ၁၂လဝန္းက်င္အထိ ကေလးရဲ႕ အဓိကေသာက္စရာကေတာ့ မိခင္ႏို႔ျဖစ္ပါတယ္။ ၿပီးေနာက္ အဆီျပည့္ဝတဲ့ ႏြားႏို႔ကို စတင္တိုက္ႏိုင္ပါတယ္။

ီအသက္အ႐ြယ္အုပ္စု ကေလးငယ္ေတြဟာ လွ်င္ျမန္စြာ ႀကီးထြားၿပီး စြမ္းအင္မ်ားစြာ လိုအပ္တာေၾကာင့္ အသက္ ၂ႏွစ္မျပည့္ခင္အထိ အဆီျပည့္ႏို႔ ထြက္ အစားအစာေတြ လိုအပ္ပါတယ္။

ပ႐ိုတိန္း

ပ႐ိုတိန္းဓါတ္ႂကြယ္ဝေသာ အစားအစာမ်ားတြင္ အဆီနည္းေသာ အသား၊ ငါး၊ ၾကက္သား၊ ဥ၊ ပဲနီေလး၊ ကုလားပဲ၊ တို႔ဖူး ႏွင့္ အခြံမာသီးတို႔ ပါဝင္ပါတယ္။ ဒီအစားအစာေတြက သင့္ကေလးႀကီးထြားမႈႏွင့္ ႂကြက္သားဖြံ႕ၿဖိဳးမႈအတြက္ အေရးပါပါတယ္။

ဒီအစားအစာမ်ားမွာ သံဓါတ္၊ သြပ္၊ ဗီတာမင္ B12 ႏွင့္ အိုမီဂါ ၃ဖက္တီးအက္ဆစ္ကဲ့သို႔ေသာ အျခားဗီတာမင္မ်ားႏွင့္ သတၱဳဓါတ္မ်ား ပါဝင္ပါတယ္။ အနီေရာင္အသားႏွင့္ အဆီငါးတို႔မွာ ပါဝင္တဲ့ သံဓါတ္ႏွင့္ အိုမီဂါ ၃ဖက္တီးအက္ဆစ္ေတြက ကေလးရဲ႕ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈႏွင့္ သင္ယူေလ့လာမႈအတြက္ အေရးပါ ပါတယ္။

က်န္းမာေသာ ေသာက္စရာမ်ား

ေရဟာ ၁၂လေက်ာ္ ကေလးငယ္ေတြအတြက္ အက်န္းမာဆုံးေသာက္စရာျဖစ္ပါတယ္။ ဒါက ေစ်းအခ်ိဳဆုံးပါပဲ။ ဘုံဘိုင္ေရအမ်ားစုမွာ သြားေတြကို ခိုင္ခံ့ေစတဲ့ ဖလို႐ိုက္ပါဝင္ပါတယ္။
၆လမွစၿပီး မိခင္ႏို႔ႏွင့္ ေဖာ္ျမဴလာအစားအစာ ေကြၽးေသာ ကေလးငယ္ေတြကို ေရက်က္ေအးအနည္းငယ္တိုက္ေပးႏိုင္ပါတယ္။

ေရွာင္ရွားရမယ့္ အစားအစာႏွင့္ အခ်ိဳရည္

သင့္ကေလးကို တခါတရံ အစားအစာေတြ မေကြၽးသင့္ပါဘူး။ ဒီအစားအစာေတြမွာ Fast food ေတြ၊ အာလူးေၾကာ္၊ ဒင္းဆမ္း၊ ဘာဂါ၊ ပီဇာ ကဲ့သို႔ေသာ အာဟာရမျဖစ္တဲ့ အစားအစာေတြ ပါဝင္ပါတယ္။ ဒီအစားအစာမ်ားမွာ ကိတ္မုန႔္၊ ေခ်ာကလက္၊ ဘီစကြတ္မ်ား ၊ဒိုးနပ္တို႔လည္း ပါဝင္ပါတယ္။

ဒီအစားအစာေတြဟာ ဆား၊ အဆီႏွင့္ သၾကားဓါတ္ မ်ားျပားပါတယ္။ အမွ်င္ဓါတ္ႏွင့္ အာဟာရဓါတ္နည္းပါတယ္။ ဒီအစားအစာေတြကို အလြန္အကြၽံစားျခင္းက ကေလးဘဝ အဝလြန္ျခင္းႏွင့္ ဆီးခ်ိဳအမ်ိဳးအစား ၂ ကဲ့သို႔ေသာ အႏၲရာယ္ကို တိုးေစႏိုင္ပါတယ္။

ကေလးကို သစ္သီးေဖ်ာ္ရည္၊ စြမ္းအားျဖည့္အခ်ိဳရည္၊ အရသာထည့္ထားတဲ့ ႏို႔ကဲ့သို႔ေသာ အခ်ိဳရည္ေတြကို ေရွာင္ရွားသင့္ပါတယ္။ အခ်ိဳရည္ေတြဟာ သၾကားဓါတ္ျမင့္မားၿပီး အာဟာရဓါတ္နည္းပါတယ္။ ကိုယ္အေလးခ်ိန္တိုးျခင္း၊ အဝလြန္ျခင္းႏွင့္ သြားပ်က္စီးျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ ကေလးငယ္ေတြကို ငယ္စဥ္ကတည္းက အခ်ိဳရည္ေတြ စတိုက္မယ္ဆိုရင္ ၎ဟာ မက်န္းမာေသာ ရာသက္ပန္ အေလ့အထကို စတင္ႏိုင္ပါတယ္။

ကဖိန္းဓါတ္ပါေသာ အစားအစာမ်ားႏွင့္ အခ်ိဳရည္ေတြကို ကေလးအားမတိုက္သင့္ပါဘူး။ ကဖိန္းဓါတ္က ခႏၶာကိုယ္ကို ကယ္လစီယမ္စုပ္ယူမႈမွ တားဆီးတာေၾကာင့္ျဖစ္ပါတယ္။ ကဖိန္းဓါတ္က စြမ္းအင္အတုကို ေပးတဲ့ ႏိုးၾကားေစတဲ့အရာတစ္ခု ျဖစ္ပါတယ္။ ဒီအစားအစာမ်ားမွာ အခ်ိဳရည္၊ ေကာ္ဖီ၊ လက္ဖက္ရည္၊ စြမ္းအားျဖည့္အခ်ိဳရည္ႏွင့္ ေခ်ာကလက္တို႔ ပါဝင္ပါတယ္။
အစာစားၿပီးေနာက္ သေရစာမုန႔္ေကြၽးတဲ့ အခါမွာလည္း အလားတူျဖစ္ပါတယ္။ ကေလးကို အာဟာရမျဖစ္တဲ့ သေရစာမုန႔္ေတြ၊ ေရခဲမုန႔္ေတြ မေကြၽးပဲ ဒိန္ခ်ဥ္ (သို႔) သစ္သီးေတြကို ေကြၽးပါ။

Chit_MayMay

LM_Nandar

Source-raisingchildren

LEAVE A REPLY

Please enter your comment!
Please enter your name here