၆ လပြည့်ပြီးတဲ့ ကလေးတိုင်း လိုအပ်တဲ့ အာဟာရနဲ့ ကူးစက်ရောဂါတွေကို ကာကွယ်ပြီးသားဖြစ်စေဖို့ ကျွေးသင့်တဲ့ ဖြည့်စွက်အစားအစာ ( ၅ )မျိုး

0
96
- Advertisement -

မိခင်နို့ဟာ မေမေတို့ကလေး ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်များ ပါဝင်တဲ့အပြင် ကလေးကို ကူးစက်ရောဂါများနဲ့ တခြားရောဂါများမှလည်း ကာကွယ်ပေးပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းက အခမဲ့ဖြစ်ပြီး မေမေနှင့် မေမေတို့ကလေးကြားက ဆက်ဆံရေးကို မြှင့်တင်ပေးနိုင်ပါတယ်။ ၆လဝန်းကျင်မှာ ကလေးငယ်များဟာ ကြီးထွားဖွံ့ဖြိုးမှုအတွက် အပိုအာဟာရများ လိုအပ်လာပြီ ဖြစ်တဲ့အတွက် ဖြည့်စွက်စာတွေ စကျွေးမွေးနိုင်ပါတယ်။ အနည်းဆုံးအသက် 12 လအထိ မိခင်နို့ကို ဆက်လက်တိုက်ကျွေးတာက သင့်ကလေးအတွက် အကောင်းဆုံးဖြစ်ပါတယ်။ သင့်ကလေးငယ်သည် အစာအိမ်သေးငယ်ပြီး အာဟာရရှိတဲ့ အစာအနည်းငယ်ကို တစ်နေ့တာလုံး မကြာခဏ စားသုံးရန် လိုအပ်တဲ့အတွက် ဖြည့်စွက်စာ စကျွေးတဲ့အခါ သိသင့်တဲ့ အချက်အလက်လေးတွေ ရှိပါတယ်။ ကလေးအတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ဒီအစားအစာတွေကို နည်းစနစ်ကျကျ ကျွေးတတ်ဖို့လည်း အရေးကြီးပါတယ်။

မေမေတို့ရဲ့ကလေးကို စကျွေးတဲ့အခါ အစာကြေဖို့နဲ့ ကလေးမဖျားမနာစေဖို့ အထူးဂရုစိုက်ရပါမယ်။ အစာမပြင်ဆင်မီနှင့် အစာမကျွေးမီတိုင်း လက်ကို ဆပ်ပြာဖြင့် ဆေးကြောခြင်းဖြင့် မေမေတို့ရဲ့ကလေးဖျားနာခြင်းကနေ ကာကွယ်နိုင်ပါတယ်။

၁။ အစေ့အဆန်များ

ခြောက်လပြည့်တာနဲ့ မေမေတို့ရဲ့ကလေးတွေကို ကောက်နှံနဲ့ အစေ့အဆန်တွေကို စတင်မိတ်ဆက်ပေးပြီး နည်းနည်းစီကျွေးသင့်ပါတယ်။ ခြောက်လအရွယ်မှစတင်ကာ ဆန်၊ oats၊ ragi၊ ဂျုံ၊ မုယောစပါး၊ quinoa တွေကို ရွေးချယ်ပြီး ကျန်းမာရေးနှင့်ညီညွတ်တဲ့ ပါဝင်ပစ္စည်းများကိုအသုံးပြုကာ ချက်ပြုတ်ကျွေးမွေးနိုင်ပါတယ်။ ကလေးကိုကျွေးမယ့် ဖြည့်စွက်အစာထဲကို သကြား ဒါမှမဟုတ် ဆားထည့်ဖို့ မလိုအပ်ပေမယ့် အာဟာရဓာတ်တွေ ကြွယ်ဝနေသင့်ပါတယ်။

ဂျုံနဲ့လုပ်ထားတဲ့ ဖြည့်စွက်စာကို ကျွေးတော့မယ်ဆိုရင် အဓိကအားဖြင့် ဂျုံမှာ gluten ပါတဲ့အတွက်သင့်ကလေးကို ၆ လမှ ၇ လအရွယ်ရောက်တဲ့အထိ စောင့်ပြီးကျွေးသင့်ပါတယ်။

၂။ ဥတွေ

မေမေတို့ရဲ့ကလေးက အသက် ၆ လ အရွယ်တွင် ဝါးစားရန် သင်ယူနေပြီဖြစ်ပြီး ပထမဆုံး အစားအစာများသည် ပျော့ပျောင်းရန် လိုအပ်တဲ့အတွက် ကောင်းမွန်စွာပြုတ်ထားတဲ့ ကြက်ဥများက ကလေးအတွက် ပရိုတင်းဓာတ်ရဖို့ ထိပ်တန်းအရင်းအမြစ်ဖြစ်ပါတယ်။ ကြက်ဥတွေက ပြင်ဆင်ရလွယ်ကူတဲ့အပြင် ကြီးထွားဖို့နှင့် ကျန်းမာသော ခန္ဓာကိုယ်အတွက် အရေးပါသော biotin နှင့် သံဓာတ်ကဲ့သို့သော ပရိုတင်း၊ အဆီနှင့် အခြားအာဟာရဓာတ်ရဲ့ အရင်းအမြစ်တစ်ခုလည်းဖြစ်သည်။

၃။ နို့ထွက်ပစ္စည်းများ

မေမေတို့ရဲ့ကလေး ပရိုတင်းဓာတ်ရဖို့ နို့နှင့် အခြားနို့ထွက်ပစ္စည်းများကို ဖြည့်စွက်စာများနဲ့ ရောနှော ကျွေးခြင်းဖြင့်လည်း သင့်ကလေးရဲ့ အရိုးအဆစ်သန်မာဖို့နဲ့ အာဟာရလိုအပ်မှုကို ရယူနိုင်ပါတယ်။ ပရိုတင်းရင်းမြစ်များဖြစ်တဲ့ ဒိန်ခဲ၊ အချိုမပါသော ရိုးရိုးနို့ဒိန်ချဉ် တို့ကိုလည်း ၈ လ အရွယ်ထဲကနေ စပြီးကျွေးဖို့ လိုအပ်ပါတယ်။

၄။ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ

အသီးအနှံများကို ကြိတ်ချေကာ ဖြည့်စွက်စာ (သို့) နွားနို့ နဲ့ရောစပ်ပြီးလည်း ကျွေးနိုင်ပါတယ်။ ကိုက်လန်၊ Swiss chard နှင့် ဟင်းနုနွယ်ရွက်ကဲ့သို့ အစိမ်းရောင်အရွက်များသည် အခြားအစားအစာများထက် ကလေးကို အာဟာရပိုရအောင် စွမ်းဆောင်နိုင်ပါတယ်။

၅။ ငါး၊ ကြက်သား နှင့် အခြားအသားများ

ငါးသည် ပရိုတင်းဓာတ်၏ ကြီးမားသော သဘာဝအရင်းအမြစ်တစ်ခုဖြစ်ပြီး ကလေးအများစုလိုအပ်သည့် ဗီတာမင် D လည်း ပါဝင်ပါတယ်။ ပုံမှန်အားဖြင့် ၈ လမှ ၉ လဝန်းကျင်တွင် အစိုင်အခဲ အစားအစာကို စတင်ကျွေးနိုင်ပါတယ်။ အသားကိုချက်ပြုတ်တဲ့အခါ ရေအရမ်းများရင် အာဟာရဓာတ်တွေ အများကြီးမရရှိတဲ့အတွက် အရည်ဇွန်းတစ်ဇွန်းလောက်ပဲ ကျန်တော့တဲ့အထိ ပြုတ်ပြီး အစာပျော့ပျော့ထဲထည့်၍ နှစ်ဇွန်းမှ သုံးဇွန်းခန့် စတင်ပြီးမေမေတို့ရဲ့ ကလေးကို တစ်နေ့ နှစ်ကြိမ် ကျွေးနိုင်ပါတယ်။
#Chit_MayMay

#Nadi

#Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here