Home Mom and Pregnancy beauty ကိုယ်ဝန်ဆောင်နေချိန်မှာ သင့်ဆံကေသာကို ဘယ်လိုထိန်းသိမ်းမလဲ?

ကိုယ်ဝန်ဆောင်နေချိန်မှာ သင့်ဆံကေသာကို ဘယ်လိုထိန်းသိမ်းမလဲ?

0
ကိုယ်ဝန်ဆောင်နေချိန်မှာ သင့်ဆံကေသာကို ဘယ်လိုထိန်းသိမ်းမလဲ?

ဆံပင်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် သိသိသာသာ ပြောင်းလဲလာတတ်ပါတယ်။ ဒါ့ကြောင့် ဆံကေသာ ကျန်းမာပြီး လှပစေဖို့အတွက်ဆိုရင် အချို့သော ဂရုစိုက်မှုတွေကို လက်တွေ့ကျင့်သုံးပေးဖို့ အကြံပြုလိုပါတယ်။ ဒီဆောင်းပါးမှာတော့ သင့်ဆံကေသာကို ကျန်းမာသန်စွမ်းတောက်ပြောင်စေဖို့ ဘယ်လိုဂရုစိုက်ရမလဲဆိုတာ မျှဝေပေးထားပါတယ်။

ကိုယ်ဝန်ဆောင်နေချိန်မှာ ဆံကေသာ အပြောင်းအလဲများ

ကိုယ်ဝန်ဆောင်စဉ်မှာ ဖြစ်ပေါ်တဲ့ ဟော်မုန်းပြောင်းလဲမှုတွေက ဆံပင်ကို ပါးလွှာလာစေပါတယ် (ဒါမှမဟုတ်) ပိုထူလာစေပါတယ်။ ဟော်မုန်းပြောင်းလဲမှုတွေက ဆံပင်မွေးညင်းပေါက်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု သံသရာကိုလည်း ပြောင်းလဲစေပါတယ်။

ကိုယ်ဝန် ၁၅ပတ်ခန့်မှာ ဆံပင်တွေ ထူလာပါတယ်။ ပုံမှန်ထက် ဆံပင်ကျွတ်တာ နည်းလာပါတယ်။ တွေ့ကြုံခံစားရနိုင်တဲ့ နောက်ထပ်ပြောင်းလဲမှုတစ်ခုက ဆံသား treatments အမျိုးမျိုးကို ကွဲပြားစွာ တုံ့ပြန်မှုဖြစ်စေသော အသွင်အပြင်ပြောင်းလဲမှုတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ပြီးနောက်ပိုင်းမှာ အီစထရိုဂျင်က ပုံမှန်အဆင့်သို့ ပြန်ရောက်သွားတဲ့အခါ ပုံမှန်အတိုင်းပဲ ဆံပင်ပေါက်တာ၊ ဆံပင်ကျွတ်တာတွေကို ကြုံရနိုင်ပါတယ်။

၁။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆံကေသာကို ဂရုစိုက်ပါ

တောက်ပြောင်ပြီး ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကို ပိုင်ဆိုင်ဖို့အတွက် အရေးကြီးဆုံးအချက်ကတော့ ဦးရေပြားကို ရေဓါတ်ထိန်းသိမ်းထားဖို့ပါပဲ။ မီးဖွားပြီးကာလမှာ ဖြစ်တတ်တဲ့ ဆံပင်ကျွတ်ခြင်းရဲ့ ဆိုးကျိုးတွေကို လျော့ပါးသက်သာစေပြီး ကျန်းမာသန်စွမ်းစေပါတယ်။

၂။ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ပါ

ဆံပင်သန်စေဖို့နှင့် ဆံပင်မွေးညင်းပေါက်လေးတွေကို အကာအကွယ်ပေးဖို့အတွက် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ များများစားပေးတာက အကောင်းဆုံးဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သံဓါတ်ကဲ့သို့သော ဗီတာမင်နဲ့ သတ္တုဓါတ်တွေက hair cuticles လေးတွေကို အားကောင်းစေပြီး ကျိုးပြတ်ခြင်းကို ကာကွယ်ပေးပါတယ်။

သဘာဝတဆေးတွေက ဗီတာမင် B ကြွယ်ဝပြီး ဆံပင်ကျွတ်တာကို ရပ်တန့်စေပါတယ်။ တကယ်တော့ အာဟာရဟာ ကိုယ်ဝန်ဆောင်ချိန်မှာ လှပနေဖို့ အဓိက အခန်းကနေ ပါဝင်ပါတယ်။ ဒါ့အပြင် ရေလုံလောက်စွာ သောက်ခြင်းက အရေပြားနှင့် ခန္ဓာကိုယ်အတွက် သင့်လျော်သော ရေဓါတ်ကို ထိန်းသိမ်းပေးပါတယ်။

၃။ ဆံသားကို အာဟာရဖြစ်စေတဲ့ ပေါင်းဆေးများ

ဆံသား အမျိုးအစားအလိုက် သင့်လျော်တဲ့ treatments တွေလိုအပ်ပါတယ်။ Moisturizing masks တွေက တောက်ပြောင်ပြီး ရေဓါတ်ပြည့်ဝတဲ့ ဆံကေသာကို ရရှိစေဖို့ အထောက်အကူပြုပါတယ်။ ဆံသားကို အာဟာရဖြစ်စေတဲ့ ပေါင်းဆေး(Nourishing masks)တွေကို တစ်ပတ်လျှင် တစ်ကြိမ် (သို့) နှစ်ကြိမ် လိမ်းနိုင်ပါတယ်။ စိုစွတ်နေတဲ့ ဆံပင်ပေါ်မှာ အနည်းဆုံး မိနစ် ၂၀ကြာ လိမ်းပေးထားနိုင်ပါတယ်။

၄။ ဆေးဆိုးတာ ရှောင်ပါ

ဆံသားဟာ ဆံပင်ဆိုးဆေးတွေမှ အန္တရာယ်ရှိသော ဓါတုပစ္စည်းတွေကို အများအပြား မစုပ်ယူပေမယ့်လည်း အမိုးနီးယား ပါဝင်တဲ့ တာရှည်ခံဆိုးဆေးတွေ သုံးဖို့ အကြံပြုထားခြင်းမရှိပါဘူး၊ American Pregnancy Association အရ ပထမသုံးလပတ်အထိ အရောင်ဆိုးတာကို မလုပ်တာက အကောင်းဆုံးပါပဲ။

တာရှည်ခံ ဆံပင်ဆိုးခြင်း – သူ့ရဲ့ ဓါတုပစ္စည်းတွေက ဦးရေပြားနှင့် နီးကပ်စွာ ထိတွေ့နိုင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မသုံးဖို့ တားမြစ်ထားပါတယ်။

ဟိုက်လိုက်ဖောက်ခြင်း – ဦးရေပြားကို အရောင်ဆိုးတာမဟုတ်ဘဲ ဆံပင်ကို ဟိုက်လိုက်ပဲ လုပ်တာကြောင့် ဒီအရောင်ခြယ်တဲ့ အမျိုးအစားက အဆိပ်အတောက်မဖြစ်စေပါဘူး။

ဆံပင်အလိပ်,အကောက်လုပ်ခြင်းနှင့် ဆံပင်ပုံသွင်းခြင်း – ဒီနည်းလမ်းတွေကို လုပ်ဆောင်ဖို့ဆိုရင် နောက်ဆုံး သုံးလပတ်အထိ စောင့်ဖို့ အကြံပြုလိုပါတယ်။ ဒါနှင့်ပတ်သတ်ပြီး သေချာမသိရင် ကိုယ်ဝန်ဆောင်စဉ်အတွင်း hair treatment လုပ်ဖို့ အန္တရာယ်ဖြစ်နိုင်/မဖြစ်နိုင်ဆိုတာ ဆရာဝန်နှင့် တိုင်ပင်ပါ။

၅။ pH-neutral ခေါင်းလျှော်ရည်

ဦးရေပြားရှိ သွေးလည်ပတ်မှုကို လှုံ့ဆော်ဖို့ လက်ချောင်းထိပ်လေးတွေနဲ့ ဆံပင်ကို စက်ဝိုင်းပုံစံဖြင့် နှိပ်နယ်ပေးပါ၊ ခေါင်းလျှော်ဖို့ ရေနွေးနွေးလေး သုံးပေးတာ ကောင်းပါတယ်။ ယေဘုယျအားဖြင့် ဦးရေပြားမှ အဆီထွက်လာခြင်းက ဆံသားရဲ့အဓိကပြောင်းလဲမှုတွေထဲမှ တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် အဆီပြန်သော ဆံကေသာအတွက် အပျော့စားခေါင်းလျှော်ရည်၊ pH-neutral ခေါင်းလျှော်ရည်ကို အကြံပြုထားပါတယ်။ ခြောက်သွေ့တဲ့ ဆံကေသာဆိုရင် အာဟာရဖြစ်စေတဲ့ ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးတွေကို အကြံပြုထားပါတယ်။ sodium lauryl sulfate (သို့) ammonium lauryl sulfate ကဲ့သို့သော ပြင်းထန် ပါဝင်ပစ္စည်းတွေပါတဲ့ ခေါင်းလျှော်ရည်တွေကို ရှောင်တာက အကောင်းဆုံးပါပဲ။

Chit_MayMay

Ref- youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here