မိဘနဲ႔ ကေလးၾကားမွာ ရွိတဲ့ ေႏွာင္ဖြဲ႕မႈဟာ ဘဝအတြက္ အေရးအႀကီးဆံုး အရာတစ္ခုျဖစ္ပါတယ္။ ေကာင္းမြန္တဲ့ မိဘနဲ႔ကေလး ဆက္ဆံေရးေၾကာင့္ တခ်ိန္မွာ ကိုယ့္ကိုယ္ကို ထိန္းေၾကာင္းႏိုင္ျခင္းနဲ႔ အေကာင္းဆံုး ဆံုးျဖတ္ခ်က္ေတြကုိ ခ်မွတ္ႏိုင္တဲ့ skill အတြက္လည္း အေထာက္အကူျပဳၿပီး ကေလးေမြးကင္းစ အရြယ္မွာတည္းက ဒီေႏွာင္ႀကိဳးဟာ ရွိေနခဲ့တာျဖစ္သလို မိသားစုတစ္ခုနဲ႔တစ္ခုမွာလည္း အုပ္ထိန္းမႈနဲ႔ ဆက္ဆံေရးကြဲျပားမႈေၾကာင့္ မတူညီတာေတြ မ်ားစြာရွိပါတယ္။ ဆက္ဆံေရးေကာင္းမြန္မႈေၾကာင့္ မိဘေတြအေနနဲ႔ ကိုယ္ေပးလိုက္တာထက္ အမ်ားႀကီးျပန္ရႏိုင္ၿပီး မိဘေတြရဲ႕စည္းမ်ဥ္းေတြအတိုင္း ကေလးေတြဘာေၾကာင့္ လိုက္နာရသလဲဆိုေတာ့ ယခုလို တိက်တဲ့ဆက္သြယ္မႈ( ေႏွာင္ႀကိဳး သို႔မဟုတ္ ဆက္ဆံေရး) ေၾကာင့္ပဲ ျဖစ္ပါတယ္။ ပထမဆံုး မိဘေတြဟာ သူတို႔ဖက္မွာ အျမဲတမ္းရွိေနၾကသူေတြျဖစ္တယ္ဆိုတဲ့ အမွန္တရားတစ္ခုကုိ ကေလးေတြစတင္သင္ယူၿပီး
မိဘေတြရဲ႕ ဦးေဆာင္မႈေနာက္ကို လိုက္ပါၾကပါတယ္။ မိဘအုပ္ထိန္းမႈဟာ အခက္ခဲဆံုး အလုပ္တစ္ခုျဖစ္တာေၾကာင့္ မိဘေတြအေနနဲ႔ ကေလးနဲ႔ ပိုမိုဆက္သြယ္မႈရွိၿပီး relationship ပိုမိုအဆင္ေျပႏိုင္ေစဖို႔ ေန႔စဥ္ပံုမွန္ လုပ္ေဆာင္ေပးသင့္တဲ့ အခ်က္ (၅) ခ်က္က မ်ားစြာအေထာက္အကူ ျဖစ္ေစပါလိမ့္မယ္။
၁။ သင့္ရဲ႕ စာနာမႈနဲ႔ နားေထာင္မႈကို အေကာင္းဆံုးလုပ္ေဆာင္ပါ
သင့္ရဲ႕ကေလးနဲ႔ ဆက္သြယ္မႈတစ္ခုကို ျပဳလုပ္ဖို႔အတြက္ အရင္ဆံုးသူစိတ္ထဲမွာ ျဖစ္ေပၚေနတဲ့ အရာေတြကို နားေထာင္ေပးဖို႔ လိုအပ္ပါတယ္။ ကိစၥတစ္ခုခုနဲ႔ ပတ္သတ္ၿပီး သူတို႔ရဲ႕စိတ္ခံစားခ်က္ကို ေမးျမန္းျခင္းေၾကာင့္ သင့္ကေလးရဲ႕ အမူအက်င့္ေတြရဲ႕ ေနာက္ကြယ္က အေၾကာင္းျပခ်က္ေတြ၊ ကေလးရဲ႕႐ႈေထာင္အျမင္ေတြကို ေကာင္းစြာနားလည္ႏိုင္ၿပီး ကေလးကိုယ္တိုင္လည္း ကိုယ့္ကိုယ္ကိုတန္ဖိုးထားမႈကို ျမင့္မားလာေစသလို သင့္ရဲ႕ခံစားခ်က္နဲ႔ အမူအယာကို ထိန္းခ်ဳပ္ၿပီး နားေထာင္ေပးျခင္းေၾကာင့္ ကေလးဟာသင္နဲ႔ ပိုနီးကပ္လာသလို ခံစားရျခင္း၊ ပိုၿပီးပြင့္လင္းလာျခင္းတို႔ကို ရရွိမွာျဖစ္ပါတယ္။
၂။ ေန႔စဥ္အခ်ိန္ေပးမႈ
မိဘတစ္ေယာက္ ျဖစ္လာတာနဲ႔အမွ် သင့္ကေလးနဲ႔ ေန႔စဥ္အေျခခံအျဖစ္ အနည္းဆံုး ၁၅ မိနစ္ေလာက္ သီးျခားစီ အခ်ိန္ေပးႏိုင္ဖို႔ လိုအပ္ပါတယ္။ ထိုအခ်ိန္ေပးတဲ့ ၁၅ မိနစ္မတိုင္ခင္မွာ သင္လည္း လုပ္စရာရွိတာလုပ္ၿပီး ကေလးလည္း သူ႕ဟာသူေဆာ့ပါေစ။ ကေလးကိုတစ္ေနကုန္အခ်ိန္ေပးဖို႔ မလိုအပ္သလို အခ်ိန္ေပးတဲ့အခါမွာလည္း အနည္းဆံုး ၁၅ မိနစ္စီေလာက္ ၾကာျမင့္သင့္ပါတယ္ ။ ယခုလိုလုပ္ေဆာင္ျခင္းဟာ ကေလးနဲ႔ မိဘၾကား ပိုၿပီးရင္းႏွီးေစၿပီး ဂိမ္းအတူတူကစားျခင္းနဲ႔ ႐ုပ္ပိုင္းလႈပ္ရွားမႈ ေပ်ာ္စရာေတြကို ကေလးနဲ႔အတူတူ ဖန္တီးေပးပါ။
၃။ တစ္ေန႔ကို ၁၂ ခါေလာက္ ေပြ႕ဖက္ေပးပါ
မိသားစုကုထံုးပညာရွင္ Virginia Satir ရဲ႕အဆိုအရ လူတစ္ေယာက္ေကာင္းစြာရွင္သန္ႏိုင္ဖို႔အတြက္ ေန႔စဥ္အေျခခံအျဖစ္ တစ္ေန႔ ၄ ႀကိမ္ေလာက္ေပြ႕ဖက္ဖို႔ လိုအပ္ေၾကာင္းဆိုပါတယ္။ ကေလးေတြဖြံ႕ၿဖိဳးမႈ အတြက္ကေတာ့ တစ္ရက္ကို ၁၂ ႀကိမ္ေလာက္ ေပြ႕ဖက္ေပးဖို႔ လိုအပ္ပါတယ္။ အဓိကအားျဖင့္ မနက္ခင္းကေလး ႏိုးလာတဲ့အခ်ိန္နဲ႔ ညအိပ္ရာဝင္တဲ့ အခ်ိန္ေတြမွာ ပံုမွန္ေပြ႕ဖက္ေပးဖို႔ လိုအပ္ၿပီး ကေလးနဲ႔ေဆာ့ကစားဖုိ႕အခ်ိန္ေပးတဲ့ အခ်ိန္နဲ႔ တခုခုလုပ္စရာရွိလို႔ ႏႈတ္ဆက္တဲ့အခ်ိန္မ်ိဳးေတြမွာ ေပြ႕ဖက္ေပးပါ။ ကေလးကိုေပြ႕ဖက္တဲ့အခ်ိန္မွာ မ်က္လံုးခ်င္းဆက္သြယ္တာနဲ႔ ျပံဳးျပျခင္းဟာ ပိုၿပီးေကာင္းေစပါတယ္။ သင့္ရဲ႕ဆယ္ေက်ာ္သက္ ကေလးကိုယခုလို ျပဳလုပ္ဖို႔အတြက္ ဆိုရင္ေတာ့ သူတို႔အတြက္ လိုက္ေလ်ာညီေထြျဖစ္ႏိုင္မယ့္ အခ်ိန္လိုအပ္ေၾကာင္းကို သင္နားလည္ဖို႔ လိုအပ္ပါတယ္။ ကေလးအျပင္မွာ အရက္ေသာက္ၿပီး အိမ္ျပန္လာတဲ့အခါ ဆဲဆိုႀကိမ္းေမာင္းျခင္းထက္ သူတို႔ရဲ႕ေျခေထာက္ကို ႏွိပ္ေပးၿပီး စကားေျပာဖို႔ႀကိဳးစားျခင္းက ကေလးေတြသင့္စကားကို နားေထာင္ဖို႔နဲ႔ သံေယာဇဥ္ခိုင္ျမဲဖို႔ ပိုၿပီးအေထာက္အထူျဖစ္ေစပါတယ္။ ဒီလိုအရာေတြ မၾကာခဏျဖစ္ေနတတ္ပါက သင့္ကေလးဘာေတြျဖစ္ေနတယ္ဆိုတာကို
သိရွိဖို႔အတြက္ နည္းလမ္းေကာင္းတစ္ခုျဖစ္ေၾကာင္း သတိရပါ။
၄။ သူတို႔အတြက္ ရွိေနေပးပါ
သင့္ကေလးရဲ႕ ကေလးဘဝဟာ ရက္သတၱပတ္ေပါင္း ၉၀၀ ေလာက္ပဲ ရွိတာကို သင္သိဖို႔ လိုအပ္ပါတယ္။ ေယာက်္ားေလးေတြကေတာ့ မိဘနဲ႔ပိုၿပီးေစာစြာ ေဝးကြာႏိုင္ပါတယ္။ ဒါကိုသင္သတိမထားမိခင္မွာပင္ သင့္ကေလးက အိမ္ကေနထြက္ခြာ သြားပါလိမ့္မယ္။ ဒါေၾကာင့္ သင့္ကေလးနဲ႔ စကားေျပာတဲ့အခ်ိန္ေတြမွာ ရာႏႈန္းျပည့္အာ႐ံုစိုက္ၿပီး သင့္ရဲ႕ ဖုန္း၊ ကြန္ျပဴတာကို ခဏေမ့ထားၿပီးေတာ့ ကေလးေျပာတာကို နားေထာင္ေပးပါ။ ဒီလိုျပဳလုပ္ျခင္းဟာ သင့္ရဲ႕ဖုန္း၊ ကြန္ျပဴတာထက္ သူတို႔စကားကို နားေထာင္ေပးတာဟာ ပိုၿပီးအေရးႀကီးေၾကာင္း သူတို႔သတိရေနမွာ အတိအက်ပါပဲ။ ဒါေၾကာင့္ ကေလးစကားေျပာတဲ့အခါတိုင္း အျခားအရာေတြထက္ ပိုၿပီးအာ႐ံုစိုက္တတ္တဲ့ အေလ့အထဟာ ကေလးနဲ႔မိဘၾကား ဆက္ဆံေရးပိုမိုေကာင္းမြန္ေစၿပီး သဘာဝအတိုင္း သင့္ကိုပိုၿပီးခ်စ္ခင္လာေစပါလိမ့္မယ္။
၅။ ကေလးနဲ႔ အတူတူကစားပါ
သင့္ကေလးနဲ႔ အတူတူရယ္ေမာတဲ့အခါ သင့္ရဲ႕ oxytocin နဲ႔ endorphin ေဟာ္မုန္းကို လႈံ႕ေဆာ္ေပးပါတယ္။ ဒါေၾကာင့္ ကေလးနဲ႔အတူတူကစားေပးျခင္းကို ေန႔စဥ္ျပဳလုပ္ေပးၿပီး သူတို႔ကို ရယ္ေမာပါေစ။ ယခုလို ရယ္ေမာျခင္းေၾကာင့္ သင္နဲ႔ ကေလးမွာရွိတဲ့ စိတ္ညစ္ညဴးစရာေတြ၊ စိုးရိမ္စရာေတြကို ကင္းေဝးေစပါလိမ့္မယ္။
အေနေဝးေနတဲ့ Relationship တစ္ခုအတြက္ ညႇိႏႈိင္းသင့္တဲ့ လိုအပ္ခ်က္အခ်ိဳ႕
#LM_Naung_Naung
#Lifestyle_Myanmar
Source-Gottadotherightthing
Unicode
ကလေးနဲ့ မိဘကြား relationship ပိုမိုကောင်းမွန်စေဖို့ ဘယ်လိုလုပ်ဆောင်သင့်လဲ
မိဘနဲ့ ကလေးကြားမှာ ရှိတဲ့ နှောင်ဖွဲ့မှုဟာ ဘဝအတွက် အရေးအကြီးဆုံး အရာတစ်ခုဖြစ်ပါတယ်။ ကောင်းမွန်တဲ့ မိဘနဲ့ကလေး ဆက်ဆံရေးကြောင့် တချိန်မှာ ကိုယ့်ကိုယ်ကို ထိန်းကြောင်းနိုင်ခြင်းနဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်တဲ့ skill အတွက်လည်း အထောက်အကူပြုပြီး ကလေးမွေးကင်းစ အရွယ်မှာတည်းက ဒီနှောင်ကြိုးဟာ ရှိနေခဲ့တာဖြစ်သလို မိသားစုတစ်ခုနဲ့တစ်ခုမှာလည်း အုပ်ထိန်းမှုနဲ့ ဆက်ဆံရေးကွဲပြားမှုကြောင့် မတူညီတာတွေ များစွာရှိပါတယ်။ ဆက်ဆံရေးကောင်းမွန်မှုကြောင့် မိဘတွေအနေနဲ့ ကိုယ်ပေးလိုက်တာထက် အများကြီးပြန်ရနိုင်ပြီး မိဘတွေရဲ့စည်းမျဉ်းတွေအတိုင်း ကလေးတွေဘာကြောင့် လိုက်နာရသလဲဆိုတော့ ယခုလို တိကျတဲ့ဆက်သွယ်မှု( နှောင်ကြိုး သို့မဟုတ် ဆက်ဆံရေး) ကြောင့်ပဲ ဖြစ်ပါတယ်။ ပထမဆုံး မိဘတွေဟာ သူတို့ဖက်မှာ အမြဲတမ်းရှိနေကြသူတွေဖြစ်တယ်ဆိုတဲ့ အမှန်တရားတစ်ခုကို ကလေးတွေစတင်သင်ယူပြီး
မိဘတွေရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပါကြပါတယ်။ မိဘအုပ်ထိန်းမှုဟာ အခက်ခဲဆုံး အလုပ်တစ်ခုဖြစ်တာကြောင့် မိဘတွေအနေနဲ့ ကလေးနဲ့ ပိုမိုဆက်သွယ်မှုရှိပြီး relationship ပိုမိုအဆင်ပြေနိုင်စေဖို့ နေ့စဉ်ပုံမှန် လုပ်ဆောင်ပေးသင့်တဲ့ အချက် (၅) ချက်က များစွာအထောက်အကူ ဖြစ်စေပါလိမ့်မယ်။
၁။ သင့်ရဲ့ စာနာမှုနဲ့ နားထောင်မှုကို အကောင်းဆုံးလုပ်ဆောင်ပါ
သင့်ရဲ့ကလေးနဲ့ ဆက်သွယ်မှုတစ်ခုကို ပြုလုပ်ဖို့အတွက် အရင်ဆုံးသူစိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ အရာတွေကို နားထောင်ပေးဖို့ လိုအပ်ပါတယ်။ ကိစ္စတစ်ခုခုနဲ့ ပတ်သတ်ပြီး သူတို့ရဲ့စိတ်ခံစားချက်ကို မေးမြန်းခြင်းကြောင့် သင့်ကလေးရဲ့ အမူအကျင့်တွေရဲ့ နောက်ကွယ်က အကြောင်းပြချက်တွေ၊ ကလေးရဲ့ရှုထောင်အမြင်တွေကို ကောင်းစွာနားလည်နိုင်ပြီး ကလေးကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုကို မြင့်မားလာစေသလို သင့်ရဲ့ခံစားချက်နဲ့ အမူအယာကို ထိန်းချုပ်ပြီး နားထောင်ပေးခြင်းကြောင့် ကလေးဟာသင်နဲ့ ပိုနီးကပ်လာသလို ခံစားရခြင်း၊ ပိုပြီးပွင့်လင်းလာခြင်းတို့ကို ရရှိမှာဖြစ်ပါတယ်။
၂။ နေ့စဉ်အချိန်ပေးမှု
မိဘတစ်ယောက် ဖြစ်လာတာနဲ့အမျှ သင့်ကလေးနဲ့ နေ့စဉ်အခြေခံအဖြစ် အနည်းဆုံး ၁၅ မိနစ်လောက် သီးခြားစီ အချိန်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ထိုအချိန်ပေးတဲ့ ၁၅ မိနစ်မတိုင်ခင်မှာ သင်လည်း လုပ်စရာရှိတာလုပ်ပြီး ကလေးလည်း သူ့ဟာသူဆော့ပါစေ။ ကလေးကိုတစ်နေကုန်အချိန်ပေးဖို့ မလိုအပ်သလို အချိန်ပေးတဲ့အခါမှာလည်း အနည်းဆုံး ၁၅ မိနစ်စီလောက် ကြာမြင့်သင့်ပါတယ် ။ ယခုလိုလုပ်ဆောင်ခြင်းဟာ ကလေးနဲ့ မိဘကြား ပိုပြီးရင်းနှီးစေပြီး ဂိမ်းအတူတူကစားခြင်းနဲ့ ရုပ်ပိုင်းလှုပ်ရှားမှု ပျော်စရာတွေကို ကလေးနဲ့အတူတူ ဖန်တီးပေးပါ။
၃။ တစ်နေ့ကို ၁၂ ခါလောက် ပွေ့ဖက်ပေးပါ
မိသားစုကုထုံးပညာရှင် Virginia Satir ရဲ့အဆိုအရ လူတစ်ယောက်ကောင်းစွာရှင်သန်နိုင်ဖို့အတွက် နေ့စဉ်အခြေခံအဖြစ် တစ်နေ့ ၄ ကြိမ်လောက်ပွေ့ဖက်ဖို့ လိုအပ်ကြောင်းဆိုပါတယ်။ ကလေးတွေဖွံ့ဖြိုးမှု အတွက်ကတော့ တစ်ရက်ကို ၁၂ ကြိမ်လောက် ပွေ့ဖက်ပေးဖို့ လိုအပ်ပါတယ်။ အဓိကအားဖြင့် မနက်ခင်းကလေး နိုးလာတဲ့အချိန်နဲ့ ညအိပ်ရာဝင်တဲ့ အချိန်တွေမှာ ပုံမှန်ပွေ့ဖက်ပေးဖို့ လိုအပ်ပြီး ကလေးနဲ့ဆော့ကစားဖို့အချိန်ပေးတဲ့ အချိန်နဲ့ တခုခုလုပ်စရာရှိလို့ နှုတ်ဆက်တဲ့အချိန်မျိုးတွေမှာ ပွေ့ဖက်ပေးပါ။ ကလေးကိုပွေ့ဖက်တဲ့အချိန်မှာ မျက်လုံးချင်းဆက်သွယ်တာနဲ့ ပြုံးပြခြင်းဟာ ပိုပြီးကောင်းစေပါတယ်။ သင့်ရဲ့ဆယ်ကျော်သက် ကလေးကိုယခုလို ပြုလုပ်ဖို့အတွက် ဆိုရင်တော့ သူတို့အတွက် လိုက်လျောညီထွေဖြစ်နိုင်မယ့် အချိန်လိုအပ်ကြောင်းကို သင်နားလည်ဖို့ လိုအပ်ပါတယ်။ ကလေးအပြင်မှာ အရက်သောက်ပြီး အိမ်ပြန်လာတဲ့အခါ ဆဲဆိုကြိမ်းမောင်းခြင်းထက် သူတို့ရဲ့ခြေထောက်ကို နှိပ်ပေးပြီး စကားပြောဖို့ကြိုးစားခြင်းက ကလေးတွေသင့်စကားကို နားထောင်ဖို့နဲ့ သံယောဇဉ်ခိုင်မြဲဖို့ ပိုပြီးအထောက်အထူဖြစ်စေပါတယ်။ ဒီလိုအရာတွေ မကြာခဏဖြစ်နေတတ်ပါက သင့်ကလေးဘာတွေဖြစ်နေတယ်ဆိုတာကို
သိရှိဖို့အတွက် နည်းလမ်းကောင်းတစ်ခုဖြစ်ကြောင်း သတိရပါ။
၄။ သူတို့အတွက် ရှိနေပေးပါ
သင့်ကလေးရဲ့ ကလေးဘဝဟာ ရက်သတ္တပတ်ပေါင်း ၉၀၀ လောက်ပဲ ရှိတာကို သင်သိဖို့ လိုအပ်ပါတယ်။ ယောကျ်ားလေးတွေကတော့ မိဘနဲ့ပိုပြီးစောစွာ ဝေးကွာနိုင်ပါတယ်။ ဒါကိုသင်သတိမထားမိခင်မှာပင် သင့်ကလေးက အိမ်ကနေထွက်ခွာ သွားပါလိမ့်မယ်။ ဒါကြောင့် သင့်ကလေးနဲ့ စကားပြောတဲ့အချိန်တွေမှာ ရာနှုန်းပြည့်အာရုံစိုက်ပြီး သင့်ရဲ့ ဖုန်း၊ ကွန်ပြူတာကို ခဏမေ့ထားပြီးတော့ ကလေးပြောတာကို နားထောင်ပေးပါ။ ဒီလိုပြုလုပ်ခြင်းဟာ သင့်ရဲ့ဖုန်း၊ ကွန်ပြူတာထက် သူတို့စကားကို နားထောင်ပေးတာဟာ ပိုပြီးအရေးကြီးကြောင်း သူတို့သတိရနေမှာ အတိအကျပါပဲ။ ဒါကြောင့် ကလေးစကားပြောတဲ့အခါတိုင်း အခြားအရာတွေထက် ပိုပြီးအာရုံစိုက်တတ်တဲ့ အလေ့အထဟာ ကလေးနဲ့မိဘကြား ဆက်ဆံရေးပိုမိုကောင်းမွန်စေပြီး သဘာဝအတိုင်း သင့်ကိုပိုပြီးချစ်ခင်လာစေပါလိမ့်မယ်။
၅။ ကလေးနဲ့ အတူတူကစားပါ
သင့်ကလေးနဲ့ အတူတူရယ်မောတဲ့အခါ သင့်ရဲ့ oxytocin နဲ့ endorphin ဟော်မုန်းကို လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် ကလေးနဲ့အတူတူကစားပေးခြင်းကို နေ့စဉ်ပြုလုပ်ပေးပြီး သူတို့ကို ရယ်မောပါစေ။ ယခုလို ရယ်မောခြင်းကြောင့် သင်နဲ့ ကလေးမှာရှိတဲ့ စိတ်ညစ်ညူးစရာတွေ၊ စိုးရိမ်စရာတွေကို ကင်းဝေးစေပါလိမ့်မယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source-Gottadotherightthing