Home Parenting Child Care ကလေးတွေအား ကိုယ့်သဘောနဲ့ကိုယ်ဆေးတိုက်ခြင်းရဲ့ အန္တရာယ်များ

ကလေးတွေအား ကိုယ့်သဘောနဲ့ကိုယ်ဆေးတိုက်ခြင်းရဲ့ အန္တရာယ်များ

0
ကလေးတွေအား ကိုယ့်သဘောနဲ့ကိုယ်ဆေးတိုက်ခြင်းရဲ့ အန္တရာယ်များ

ကလေးတွေကို ကိုယ့်သဘောနဲ့ကိုယ်ဆေးတိုက်ခြင်းက အရမ်းအန္တရာယ်များပြီး အကြံပြုလို့မရတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ဒီအလေ့အထက အန္တရာယ်တွေရှိပေမယ့် ကျွမ်းကျင်ပညာရှင်နဲ့ ဦးစွာမတိုင်ပင်ဘဲ သားသမီးတွေကို ဆေးတိုက်တဲ့ မိဘတွေ အရမ်းများပါတယ်။

ကလေးတွေအား ကိုယ့်သဘောနှင့်ကိုယ် ဆေးတိုက်ခြင်း(Self-medication) – အန္တရာယ်ရှိသော အလေ့အထတစ်ခု

Self-medication ဆိုတာက ဆေးပညာရှင်ရဲ့ ကြီးကြပ်မှုမပါဘဲ ဆေးဝါး (သို့) သဘာဝကုထုံးတွေ စီမံဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီအလေ့အကျငျ့်ရဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတစ်ဦးရဲ့ ကျန်းမာရေးကို ရေတိုရော ရှေရှည်မှာပါ ဆိုးရွားစွာ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အချို့သော အခြေအနေတွေမှာ ကိုယ့်သဘောနှင့်ကိုယ် ဆေးသောက်ခြင်းက အသက်ဆုံးရှုံးနိုင်ပါတယ်။

မိဘတွေက ရိုးရိုးဗိုက်နာခြင်းကို အကိုက်အခဲပျောက်ဆေးဖြင့် ကုသလေ့ရှိပါတယ်။ နောက်ထပ် အဖြစ်များတဲ့ အမှားတစ်ခုကတော့ မိဘတွေက သားသမီးတွေကို အဖျားရှိတဲ့အခါ ပဋိဇီဝဆေးတွေကို ဆရာဝန်နဲ့ အရင်မစစ်ဆေးဘဲ တိုက်တာဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေကို ကုသရာမှာ သောက်သုံးရမယ့် ဆေးနှင့် မှန်ကန်တဲ့ပမာဏ နှစ်မျိုးလုံးက အရေးကြီးပါတယ်။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကသာ ထိုဆုံးဖြတ်ချက်တွေချဖို့ ကျွမ်းကျင်မှုရှိပါတယ်။ ဆေးမှားသောက်ခြင်း (သို့) ဆေးပမာဏမှားယွင်းစွာ သုံးစွဲခြင်းက ကျန်းမာရေးအတွက် ဆိုးရွားသော အကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။

ကလေးအား ကိုယ့်သဘောနှင့်ကိုယ် ဆေးတိုက်ခြင်းရဲ့ အကျိုးဆက်များ

၁။ ပဋိဇီဝပိုးသတ်ဆေးတွေကို ခံနိုင်ရည်ရှိလာခြင်း

မိဘတွေဟာ ဆရာဝန်ရဲ့ ညွှန်ကြားချက်အရသာ ပဋိဇီဝဆေးတွေကို တိုက်ဖို့ အရမ်းအရေးကြီးပါတယ်။ မဟုတ်ပါက ကလေးတွေဟာ ပဋိဇီဝဆေးယဉ်ပါးလာနိုင်ပြီး အနာဂတ်မှာ ထိရောက်မှု မရှိတော့ပါဘူး။ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် အဖျားတက်ခြင်းတွေက ပဋိဇီဝဆေးတွေ လိုအပ်ပါတယ်။ သို့သော်လည်း အချို့သော ရောဂါတွေရဲ့ ၈၅ရာခိုင်နှုန်းက ပဋိဇီဝပိုးသတ်ဆေးတွေ မလိုအပ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပါတယ်။

၂။ အဆိပ်သင့်ခြင်း ဖြစ်နိုင်ပါတယ်

ဆေးမှားတိုက်ခြင်းက အန္တရာယ်ရှိသလို ဆေးပမာဏ မှားတိုက်ခြင်းကလည်း အန္တရာယ်ရှိပါတယ်။ ကလေးရဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကဲ့သို့သော အချို့အချက်တွေက မှန်ကန်တဲ့ ဆေးပမာဏကို ဆုံးဖြတ်ရာမှာ အခြေခံဖြစ်ပါတယ်။

ပမာဏနည်းလွန်းပါက ကလေးရဲ့ ရောဂါလက္ခဏာတွေပေါ် ဆေးဝါးသက်ရောက်မှုအနည်းငယ်သာ ရှိပါလိမ့်မယ်။ ပမာဏ များလွန်းပါကလည်း ကလေးတွေမှာ အဆိပ်သင့်ခြင်း ခံစားရနိုင်ပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။

၃။ ပဋိဇီဝ ပိုးသတ်ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် တိုက်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ

ပဋိဇီဝ ပိုးသတ်ဆေးတွေကို မလိုအပ်ဘဲ ကိုယ့်သဘောနဲ့ကိုယ်တိုက်ခြင်းဖြင့် ကလေးတွေအား ပြင်းထန်သော ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အဖြစ်အများဆုံးထဲမှာ ဝမ်းလျှောခြင်း၊ အရေပြားနီမြန်းခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အဆိပ်သင့်ခြင်းနှင့် ပြင်းထန်သော ဓါတ်မတည့်မှုတွေကြောင့် သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

ရှောင်ရမယ့် အမှားများ

  • ဆေးဝါးနှင့် ပတ်သတ်ပြီး အခြားမိဘတွေရဲ့ အကြံဉာဏ်ကို လိုက်နာပါ။ ကလေးတွေက အခြားကလေးတစ်ဦးနဲ့ အလွန်ဆင်တူတဲ့ လက္ခဏာတွေ ပေါ်လာတတ်ပါတယ်။ သို့သော် ဒါဟာ တူညီတဲ့ရောဂါကို ခံစားနေရတယ်လို့ မဆိုလိုပါဘူး။ ဆေးပညာရှင်တစ်ဦးကသာ မှန်ကန်တဲ့ ရောဂါကို ရှာဖွေနိုင်ပြီး သင့်လျော်တဲ့ ကုသမှုကို ညွှန်ကြားနိုင်တယ်ဆိုတာ မှတ်ထားဖို့ အရေးကြီးပါတယ်။
  • ယခင်ဖျားနာလို့တိုက်တဲ့ ဆရာဝန်ညွှန်ကြားသော ဆေးလက်ကျန်တွေကို သိမ်းဆည်းထားပြီး နောက်တစ်ကြိမ်ဖျားနာတဲ့အခါ ကလေးတွေကို ပေးပါ။ ဒိတ်မလွန်ဖို့တော့ အရေးကြီးပါတယ်။ တစ်ဖန် မိဘတွေအနေဖြင့် ရောဂါလက္ခဏာတွေ ဆင်တူပေမယ့် ဆရာဝန်မှသာလျှင် သူတို့ရဲ့ ရောဂါကို သိရှိနိုင်ပြီး ဆေးဝါးတွေကို ညွှန်ကြားနိုင်တယ်ဆိုတာ သတိရဖို့ လိုအပ်ပါတယ်။
  • အွန်လိုင််းမှာ အချက်အလက်ရှာဖွေခြင်းက မိဘတွေ လုပ်မိကြတဲ့နောက်ထပ်အမှားတစ်ခု ဖြစ်ပါတယ်။ အဓိကအကြောင်းရင်းကတော့ အင်တာနက်မှာ အချက်အလက်တွေ အများကြီးရှိလို့ပါပဲ။ ဒီအချက်အလက်အချို့က အဖိုးတန်တာလည်းရှိသလို တစ်ချို့ကတော့ အဖိုးမတန်ပါဘူး။ ဆေးဘက်ဆိုင်ရာ အချက်အလက်နဲ့ ပတ်သတ်လာရင် မိဘအများစုဟာ ကွဲပြားမှုကို သိနိုင်တဲ့ အနေအထားမှာ မရှိပါဘူး။

Chit_MayMay

Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here