အရင်နေ့တွေက မိဘအုပ်ထိန်းမှုတွေ ကလေးတွေကို ဘယ်တော့မှ မလုပ်သင့်တဲ့အချက်တွေ ဆွေးနွေးခဲ့ပြီးဖြစ်လို့ ဒီနေ့တော့ ကလေးဦးနှောက်နဲ့ပက်သက်တဲ့ADHDဆိုတဲ့အကြောင်းလေး မေမေတို့ ဖေဖေတို့အတွက် ရေးသားလိုက်ရပါတယ်။ ဒီအ ကြောင်းလေးကိုဖတ်ကြည့်ပြီး မေမေတို့လည်း ဗဟုသုတရစေမှာဖြစ်သလို ကိုယ့်ကလေးအခြေအနေကိုစောင့်ကြည့်ပြီး မြန်ဆန်တဲ့ ကုသမှုတွေလုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။ ကဲ.ဖတ်ကြည့်လိုက်ရအောင်နော်။
ADHDဆိုတာဘာလဲ

မြန်မာလိုဆိုရင် အာရုံစူးစိုက်မှုနည်းပြီး အရမ်းကိုဆော့တတ်သောင်းကျန်းတတ်တဲ့ကလေးတွေကိုဆိုလိုတာပါ။ ADHD ဆိုတာ Attention Deflict Hyperactivity Disdorerလို့လည်း ခေါ််ကြပြီး မိမိကိုယ်ကိုထိန်းချုပ်ဖို့ခက်ပြီး ပြဿနာတွေမကြာခနဖြစ်လေ့ရှိတတ်ပါတယ်။ ဿမန်အားဖြင့် ကလေးတွေအားလုံးလိုလိုဟာ လမ်းညွှန်ချက်တွေနားထောင်ဖို့၊ အာရုံစူးစိုက်ဖို့၊ အလွနအကျွံမဆော့ဖို့ဆိုတာအခါခပ်သိမ်းမလွယ်ကူတတ်ပါဘူး။ ဒါပေမယ့် ADHDကလေးတွေကတော့ တခြားကလေးတွေထက် ပိုဆိုးနေတတ်ပါတယ်။
ဘာကြောင့်ဖြစ်ပွားရသလဲ
ADHDဖြစ်ပွားတာ ၂မျိုးကြောင့်ဖြစ်နိုင်ပါတယ်။ တစ်ခုကမျိုးရိုးဗီဇကြောင့်ဖြစ်နိုင်သလို နောက်တစ်ခုကတော့ အချို့သော ဦးနှောက်ပိုင်းဆိုင်ရာဆောင်ရွက်မှုတွေ ပုံမှန်မဟုတ်တဲ့အခြေအနေကြောင့်ဖြစ်တတ်ပါတယ်။ ဆိုလိုတာက executive functionလို့ခေါ်တဲ့ ဦးနှောက်စီမံခန့်ခွဲမှုအပိုင်းပုံမှန်မဟုတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ကဲဒီတော့ ADHD ဖြစ်နေတဲ့ ကလေးတစ်ယောက်ရဲ့ လက္ခဏာတွေကို ဘာတွေလဲဆိုတာအောက်မှာထပ်ဖတ်ကြည့်လိုက်ရအောင်.
ADHDဖြစ်နေတဲ့ကလေးတစ်ယောက်ရဲ့လက္ခဏာများ

- အာရုံမစူးစိုက်နိုင်ခြင်း (Inattention)
- ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာ အာရုံမစိုက်နိုင်ပဲ မကြာခန အာရုံပြန့်နေတတ်ခြင်း
- ကျောင်းစာ အိမ်စာများလုပ်ဖို့ မေ့နေတတ်ခြင်း မပြီးစီးခြင်း ဖြစ်သလိုလုပ်ခြင်း မမှားသင့်သည့်အမှားများ မကြာခနမှားနေတတ်ခြင်း
- ကစားစရာများ ခဲသားဘောပင် ခဲဖျက် စာအုပ် စသည့်ပစ္စည်းများ မကြာခန ပျောက်တတ်ခြင်း
- အလွန်အကျွံဆော့ခြင်း၊ ဆော့နေချိန်တွင် ကစားစရာတစ်မျိုး သို့မဟုတ် နေရာတစ်ခုတွင် ငြိမ်သက်စွာမဆော့ပဲ နေရာမရွေး မရပ်မနားဆော့ခြင်း
- နာကျင်မှုဒဏ်များကို ခံနိုင်ခြင်း(တော်ရုံတန်ရုံမငိုတတ်)
- တဖက်သားစကားပြောနေသည်ကို အာရုံစိုက်နားမထောင်တတ်ခြင်း
- အာရုံစူးစိုက်ရသော အလုပ်များကို ငြီးငွေ့တတ်ခြင်း
တက်ကြွမှုလွန်ကဲခြင်း (Hyperactivity and Impulsitivity)

- တစ်နေရာတည်းတည်းတွင် ငြိမ်ငြိမ် မနေနိုင်ခြင်း
- ထိုင်နေရလျင်လည်း ခြေလက်ပါးစပ်အငြိမ်မနေတတ်ပဲ ထိန်းချုပ်ရ အလွန်ခက်ခြင်း
- စကားအလွန်များခြင်း
- အမြင့်တက်ခြင်း အလွန်အကျွံပြေးလွှားဆော့ကစားတတ်ခြင်း
- အမြဲခုန်နေတတ်ခြင်း
- ကစားသည့်အချိန်တွင် ဆူညံကျယ်လောင်စွာဟော်ဟစ်ဆော့ပြီး အငြိမ်နေလို့ အကြိမ်များစွာပြောလည်း အာရုံမစိုက်နိုင်ခြင်း
- မေးခွန်းများမေးရာတွင်ဖြစ်စေ စကားပြောရာတွင်ဖြစ်စေ အတင်းလုယက်ပြောခြင်း ကိုယ်ပြောရမည့်အချိန်ကိုမစောင့်တတ်ခြင်း
- အန္တရယ်ရှိသော အပြုအမူများ ပြုလုပ်တတ်ခြင်း
- သူတို့ကိုထိန်းချုပ်လျင်လည်း မကြာခန ဒေါသပေါက်ကွဲတတ်ခြင်း
- ခုဖော်ပြခဲ့တာတွေက ဿမန်ကလေးတွေမှာလည်းဖြစ်နေနိုင်တဲ့အတွက် လက္ခဏာအပြည့်အစုံကိုဆက်လက်ဖော်ပြပေးပါမယ်။ သူတို့ရဲ့Early Signတွေနဲ့အခုဖော်ပြမှာတွေက ကလေးတစ်ဦး ADHD ဖြစ် မဖြစ် လေ့လာနိုင်ပါလိမ့်မယ်။
မိဘတွေသတိထားသင့်တဲ့ လက္ခဏာများ

- သင့်စကားကိုဘယ်တော့မှ နားမထောင်ဘူးလို့ခံစားလာရခြင်း၊ သင်ကအခန်းထဲမှာတစ်ခုခု သွားယူခိုင်းတာ သွားထားခိုင်းတာ မျိုးမှာ ကလေးက သင့်ညွှန်ကြားချက်ကို မလိုက်နာခြင်း
- သင်သူ့ကိုသွားကြည့်လိုက်တဲ့အခါမှာ တနေရာရာမှာ အလွန်အကျွံဆော့နေတတ်ခြင်း
- မေးခွန်းတွေများစွာမေးခြင်း ထပ်ခါထပ်ခါမေးခြင်း သင်ဖြေပြီးသည့်တိုင် မမှတ်မိခြင်း
- ကျောင်းနေအရွယ်မှာ ရေဘူး ထမင်းဘူး ပစ္စည်းတွေ ခနခနပျောက်နေခြင်း
- ကျောင်းမှာ သူတို့ဘာလုပ်ခဲ့တယ်ဆိုတာတွေကို မမှတ်မိခြင်း
- ဒီပြဿနာတွေကို ငယ်စဉ်တည်းကတွေ့လာရသော်လည်း ပိုပိုဆိုးလာခြင်း
- ကလေးရဲ့ပညာရေး ပေါင်းသင်းဆက်ဆံရေးများပါ ထိခိုက်လာခြင်း
- အထက်မှာဖော်ပြခဲ့တဲ့လက္ခဏာများကို ဖြစ်စေနိုင်တဲ့ အခြားရောဂါအခြေအနေများမရှိခြင်း (ဥပမာ အမြင် အကြားအာရုံချို့ယွင်းခြင်း၊ အထွေထွေဖွံဖြိုးမှုနောက်ကျခြင်း၊ ညဘက်အိပ်စဉ် အသက်ရှုလမ်းကြောင်းပိတ်ဆို့တတ်ခြင်း)
- ဒါမျိုးတွေပါဖြစ်လာရင်တော့ ကလေးဟာ ADHDဖြစ်နေတယ်လို့သံသယရှိနိုင်ပါတယ်။
ဘာကြောင့်ဖြစ်လဲ

- မျိုးရိုးဗီဇ
- ဦးနှောက်ဆောက်ရွက်မှုဆိုင်ရာချို့ယွင်းမှု
- မိခင်နေထိုင်မှုပုံစံ(ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်၊ အရက်၊ အဆိပ်အတောက်ဖြစ်စေတဲ့အရာများ စားသောက်ခြင်း)
- ပတ်ဝန်းကျင်သက်ရောက်မှု( အဆိပ်တွေနဲ့ဓာတုပစ္စည်းတွေလေထဲပျံနေတဲ့ပတ်ဝန်းကျင်၊ ကလေးရဲ့အစားအသောက်)
- မွေးစဉ်ပေါင်မပြည့်ခြင်း (အဖြစ်နည်း)
- ဦးနှောက်ထိခိုက်မှု (ရှားပါး၊ အတွေ့ရနည်း)
ဘယ်လိုစစ်ဆေးနိင်မလဲ ဘယ်လိုသိနိုင်မလဲ
- ဆေးစစ်ဆေးမှုခံယူခြင်း (ကျွမ်းကျင်ရာဆရာဝန်)
- မိဘအုပ်ထိန်းသူထံက ကလေးနဲ့ပက်သက်တဲ့ ရောဂါရာဇဝင်ကိုမေးမြန်းခြင်း
- ဆရာဆရာမများ ကလေးနှင့်ပက်သက်သောသူများထံမှ အချက်အလက်များမေးမြန်းစစ်ဆေးကြည့်ခြင်း
ADHDကလေးတွေမှာဘယ်လိုဆိုးကျိုးတွေဖြစ်တတ်သလဲ

ADHDကလေးလို့သတ်မှတ်လိုက်ပြီဆိုရင် သူတို့ခံစားရမယ့် နောက်ဆက်တွဲဆိုးကျိုးတွေလည်းရှိလာပါတယ်။ ADHDဖြစ်နေရင် စိုးရိမ်မှုများခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခုအလိုလို လှုပ်နေတတ်ခြင်း၊ အရာတိုင်းလိုလိုဆန့်ကျင်ဘက်များလုပ်တတ်ခြင်းစတဲ့ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ ကဲ..ဒီတော့ ADHDကလေးတွေဆိုတာဘယ်လိုသိနိုင်မလဲဆိုတာရယ် ဘယ်လိုကြောင့်ဖြစ်လာနိုင်လဲဆိုတာရယ် ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်လဲဆိုတာရယ် သိပြီဆိုတော့ နောက်အပတ်မှာမှ ADHDကိုဘယ်လိုကုသနိုင်မလဲဆိုတာ ဆက်ပြီးရေးပေးပါဦးမယ်နော်.
#Chit_May_May
#Mg_Htet
REF_momjunction