ADHD လို့ခေါ်တဲ့ ကလေးတွေမှာဖြစ်တတ်တဲ့ အာရုံစူးစိုက်မှုမဲ့၊ တက်ကြွလွန်ရောဂါအကြောင်း သိကောင်းစရာများ

0
297
- Advertisement -

ADHD လို့လူသိများတဲ့ လှုပ်ရှားတက်ကြွလွန်တဲ့ ရောဂါဟာ စိတ်မြန်လက်မြန်ရှိခြင်း၊ ဂနာမငြိမ်ခြင်း၊ အာရုံစူးစိုက်နိုင်မှုအားနည်းခြင်းဆိုတဲ့ စရိုက်လက္ခဏာတွေ ပေါင်းစုနေတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာ ရောဂါတခုဘဲဖြစ်ပါတယ်။ ဒီရောဂါဟာ ကလေးတွေမှာ အများဆုံးတွေ့ရပေမယ့် ဆယ်ကျော်သက်အရွယ်ကိုကျော်လွန်ပြီး လူကြီးတယောက်ဖြစ်တဲ့အထိကို ရောဂါလက္ခဏာတွေဟာ ကျန်နေတတ်ပါတယ်။

ADHD ရောဂါကို အမျိုးအစားသုံးမျိုးခွဲခြားထားပြီး ဂနာမငြိမ်မှုပြင်းထန်တဲ့ ADHD အမျိုးအစား၊ အာရုံမစိုက်နိုင်မှု
ပြင်းထန်တဲ့ ADHD အမျိုးအစားနဲ့ အထက်ကဖော်ပြထားခဲ့တဲ့ စရိုက်လက္ခဏာ ၃ မျိုးပေါင်းထားတဲ့ ADHD အမျိုးအစား
ဆိုပြီး အမျိုးအစား ၃ မျိုးခွဲခြားထားပါတယ်။ ADHD ရဲ့ အကျယ်ဖော်ပြချက်ကတော့ Attention Deficit Hyperactive Disorderဖြစ်ပြီး တက်ကြွလွန်ပြီး အာရုံမစူးစိုက်နိုင်တဲ့ ရောဂါတမျိုးလို့ အဓိပ္ပါယ်သတ်မှတ်ခေါ်ဆိုကြပါတယ်။

များသောအားဖြင့် မိဘတွေသည် ဒီလိုရောဂါခံစားနေရတဲ့ ကလေးငယ်တွေကို သတိမထားမမိတတ်ကြဘဲ မိမိရဲ့ သားသမီးသည် အမြဲလိုလှုပ်ရှားတက်ကြွနေတယ်၊ ငေးမောမှိုင်တွေနေတာမျိုးမရှိဘူးဆိုပြီး သဘောကျတတ်ကြပါတယ်။ ဒါဟာ တကယ်တော့ မိဘတွေအနေနဲ့မှားယွင်းစွာ လက်ခံနေကြတဲ့ အချက်တချက်ဘဲဖြစ်ပါတယ်။

- Advertisement -

ADHD ဆိုတဲ့ရောဂါဟာ အာရုံစူးစိုက်မှုဆိုင်ရာမှာ ပြဿနာတခုဖြစ်စေတာကြောင့် ကျောင်းစာကို သေချာအာရုံမစိုက်
နိုင်ကြတော့သလို ဘယ်လိုအရာမျိုးကို စိတ်ပါဝင်စားမှုရှိတယ်ဆိုတာလည်း ခွဲခြားနိုင်စွမ်းမရှိတော့ပါဘူး။ ဒါကြောင့်မို့ လေ့လာသင်ယူနိုင်စွမ်းတွေ လျော့ကျလာပြီး ထူးချွန်အောင်မြင်မှုတွေနဲ့ ဝေးကွာသွားစေပါတယ်။ ဒါပေမယ့် ဉာဏ်ရည်ပိုင်းဆိုင်ရာမှာတော့ ပုံမှန်ဉာဏ်ရည်အတိုင်းတည်ရှိနေတာမို့ ဉာဏ်ရည်နိမ့်ကျသွားတာမျိုးတော့မဟုတ်ပါဘူး။

ADHD ရောဂါရှိနေပါက အများဆုံးပြသနေတဲ့ လက္ခဏာများကတော့ ဉာဏ်ရည်သုံးပြီး လုပ်ရတဲ့အလုပ်တွေကို မနှစ်သက်ခြင်း၊ မလုပ်ခြင်း ( ဥပမာ- အိမ်စာ၊ ဂဏန်းသင်္ချာအတွက်အချက်ပုစ္ဆာမျိုး ) ၊ အသင်းအဖွဲ့နဲ့ ပူးပေါင်းမဆောင်ရွက်တတ်ခြင်း၊
ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိခြင်း၊ ဘယ်လိုအရာမျိုးကိုမှ အာရုံမစိုက်နိုင်ခြင်း/ အာရုံပျံ့လွင့်လွယ်ခြင်း၊ စကားပြောဆိုနေစဉ်မှာ နားမထောင်တတ်ခြင်း၊ မေ့တတ်ခြင်း၊ အမြဲလိုဂနာမငြိမ်ဖြစ်နေတတ်ခြင်း၊ အနားမယူတတ်ခြင်း အစရှိတဲ့လက္ခဏာတွေကို ပြသတတ်ကြပါတယ်။ ADHD ရောဂါရှိနေသူတွေဟာ ဘာကိုမှဂရုမစိုက်တတ်တဲ့ အပြုအမူတွေကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကြုံတွေ့ရတတ်ပါတယ်။

ဒါကြောင့်မို့ မိမိတို့ရဲ့ ကလေးငယ်တွေမှာ ထိုကဲ့သို့သောစရိုက်လက္ခဏာများဖော်ပြနေပါက ကျွမ်းကျင်လိမ္မာတဲ့ဆရာဝန်နဲ့ စနစ်တကျပြသပေးဖို့ လိုအပ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- kidshealth

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here