သားသားမီးမီးတို့ အမြန်ဆုံးလမ်းလျှောက်တတ်ဖို့အတွက် ချစ်မေမေတို့ရော မိဘတော်တော်များများက Baby walker ထဲထည့်ပြီး သားသားမီးမီးတို့ကို အကူအညီနဲ့ လမ်းလျှောက်စေပါတယ်။ ဒီလိုမျိုး Baby walker ကို အသုံးပြုတဲ့သားသားမီးမီးတွေက Baby walker အသုံးမပြုတတ်တဲ့ သားသားမီးမီးတွေထက် လမ်းလျှောက်တတ်တာပိုမြန်တယ်ဆိုပေမယ့် အဲ့ဒါနဲ့ပတ်သက်တဲ့ဆိုးကျိုးတွေကလည်းရှိနေတာကြောင့် ချစ်မေမေတို့ သတိထားနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။

၁။ လှေကားတွေကနေ ပြုတ်ကျနိုင်တယ်။
ချစ်မေမေတို့ရဲ့အိမ်မှာ လှေကားအမြင့်တွေရှိတယ်ဆိုရင် သားသားမီးမီးတို့ကို Baby walker ထဲထည့်ပြီး ဒီအတိုင်းလွှတ်ပေးထားလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သားသားမီးမီးတို့က Baby walker ထဲရောက်တာနဲ့ သူတို့အန္တရာယ်ကိုမသိဘဲ သွားချင်တာကို သွားတတ်တာကြောင့် အဲ့ဒီအချိန်တွေမှာ လှေကားတွေက အင်မတန်မှအန္တရာယ်များတဲ့အရာတွေဖြစ်ပါတယ်။

၂။ ခန္ဓာကိုယ်ဟန်ချက်ပျက်နိုင်တယ်။
Baby walker တွေက သားသားမီးမီးတို့ရဲ့ ကိုယ်နေဟန်ထားကို ပျက်စီးစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သားသားမီးမီးတို့က Baby walker ထဲမှာဆိုရင် တစ်စက္ကန့်ကို (၃) ပေအထိ ရွေ့လျားနိုင်ကြပေမယ့် သူတို့သွားတဲ့ပုံစံက ခြေထောက်ကိုလျှောတိုက်ပြီး သွားတဲ့ပုံစံဖြစ်တာကြောင့် ခန္ဓာကိုယ်ရဲ့ဟန်ချက်ညီမျှမှုအနေအထားကို ပျက်စီးစေနိုင်ပါတယ်။

၃။ ခေါင်းကိုထိခိုက်နိုင်ခြေပိုများတယ်။
Baby walker ထဲကနေ သားသားမီးမီးတို့ချော်လဲတာမျိုး၊ လဲကျတာမျိုးဖြစ်ရင် ခေါင်းကိုထိခိုက်မိနိုင်ခြေက (၈၂) ရာခိုင်နှုန်းအထိ ရှိတယ်လို့ လေ့လာသူတွေကဆိုထားပါတယ်။ သားသားမီးမီးတို့ရဲ့ ဦးခေါင်းခွံရိုးတွေက ကနူးညံ့ပျော့ပျောင်းတာကြောင့် အခုလိုငယ်ငယ်ရွယ်ရွယ်နဲ့ ထိခိုက်မိတယ်ဆိုရင် ဦးနှောက်ရဲ့စွမ်းဆောင်ရည်တွေကို တစ်သက်စာထိခိုက်စေနိုင်ပါတယ်။

၄။ ဆိုးရွားတဲ့အရာတွေကိုဖြစ်ပေါ်စေတယ်။
သားသားမီးမီးတို့က Baby walker ထဲရောက်သွားပြီဆိုရင် သူတို့သွားချင်တဲ့နေရာကိုသွားပြီး လိုချင်တဲ့ပစ္စည်းမှန်သမျှကို လက်လှမ်းမှီသလောက်ဆွဲချပါလိမ့်မယ်။ အဲ့ဒါဆိုရင် မတော်တဆဖြစ်ရပ်တွေအများကြီးဖြစ်ပွားလာနိုင်တာကြောင့် သားသားမီးမီးတို့ကို Baby walker ထဲ ထည့်ထားတဲ့အချိန်မှာ အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်လို့ ချစ်မေမေတို့ကို တိုက်တွန်းလိုက်ရပါတယ်။

#HM
#ChitMayMay
Source: momjunction