Biotin ဟာ ကလေးတွေအတွက် အမှန်တကယ်ဘေးကင်းသလား?

0
164
- Advertisement -

Biotin (ဗီတာမင် H သို့မဟုတ် ဗီတာမင် B7 ) ဟာ ရေမှာ ပျော်ဝင်နိုင်သော ဗီတာမင် B အုပ်စုဖြစ်ပါတယ်။ ၎င်းဟာ လူ့ခန္ဓာကိုယ်အတွင်း အမိုင်နိုအက်ဆစ်တွေ၊ ကာဗွန်ဟိုက်ဒရိတ် နှင့် အဆီတွေလို အမျိုးမျိုးသောဇီဝဖြစ်စဉ်တွေအတွက် အရေးပါသောအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကလေးတွေဟာ အစားအသောက်အရင်းအမြစ်တွေကနေ biotin ကိုရရှိနိုင်ပါတယ်။ သို့ပေမယ့် တစ်ချို့သောအခြေအနေတွေမှာတော့ ကလေးအထူးကုဆရာဝန်တစ်ဦးက biotin ဖြည့်စွက်ဆေးတွေကို ညွှန်းပေးပါလိမ့်မယ်။

ဒီကနေ့မှာတော့ Chit_May_May ကနေ ကလေးတွေအတွက် biotin ဖြည့်စွက်ဆေးများနှင့် သူတို့ရဲ့ ကျန်းမာရေးအန္တရာယ်တွေနဲ့ ကလေးတွေအတွက် biotin ဓာတ်စာအရင်းအမြစ်တွေကို ဘာကြောင့် လိုအပ်တယ်ဆိုတာတွေကို မျှဝေပေးမှာပါ။

ဘိုင်အိုတင်းရဲ့ သဘာဝအရင်းအမြစ်များ

- Advertisement -

အသားနဲ့ ကိုယ်တွင်းအင်္ဂါသားများ (အသည်း)ကျက်ပြီးသား ကြက်ဥ၊ ပေါင်မုန့်၊ ဂျုံ၊ ဆယ်လ်မွန်၊ Raspberries ၊ ငှက်ပျောသီး၊ ငါး၊ အစေ့များ၊ ချိုမြိန်သော အာလူးများ၊ ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီ ၊ နို့နှင့် အခြားနို့ထွက်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ကြက်ဥတွေဟာ ကြွယ်ဝသော ဇီဝဓာတ်အရင်းအမြစ်တွေဖြစ်ပါတယ်။ Biotin ချို့တဲ့မှုကို ကာကွယ်နိုင်ဖို့ ကြက်ဥတွေကို အစားထိုးခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

နို့စို့အရွယ်ကလေးငယ်တွေကတော့ biotin ကို မိခင်နို့ကနေ ရပါတယ်။ တကယ်လို့ သင့်ကလေးက biotin ဖြည့်စွက်စာတွေထောက်ပံ့ဖို့ လိုအပ်မယ်ဆိုရင် ကလေးအထူးကုဆရာဝန်နဲ့ စကားပြောပါ။

ကလေးတွေမှာ biotin ချို့တဲ့ခြင်းရဲ့ အန္တရာယ်တွေနဲ့ အကြောင်းရင်းများ

Biotin ချို့တဲ့တယ်ဆိုတာတော့ ရှားပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်သော အစားအစားတွေ စားသောက်နေသရွေ့ biotin ချို့တဲ့တာ ဘယ်တော့မှ ဖြစ်မှာ မဟုတ်ပါဘူး။ အောက်ပါအကြောင်းအရာတွေကတော့ biotin ချို့တဲ့တာဖြစ်နိုင်ပါတယ်။

၁။ ဆံပင်ကျွတ်ခြင်းနှင့် ဆံပင်ပါးခြင်း
၂။ ပျက်စီးလွယ်သော လက်သည်းများ
၃။ ပါးစပ်၊ နှာခေါင်း၊ မျက်လုံး (သို့) perineum ပတ်ပတ်လည်မှာ အနီရောင်အဖုတွေ ထွက်လာခြင်း
၄။ မျက်စိနာခြင်း
၅။ စွမ်းအင်ကင်းမဲ့ခြင်း
၆။ ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း… တို့ပဲဖြစ်ပါတယ်။

ကလေးတွေဟာ Biotin ဖြည့်စွက်ဆေးလိုအပ်ပါသလား?

Biotin ချို့တဲ့ခြင်းဟာ ရှားပါးပြီး ဖြည့်စွက်ဆေး မကြာခဏမလိုအပ်ပါဘူး။ အစားအသောက်ဆိုင်ရာ လမ်းညွှန်ချက်အများစုဟာ အစားအစာအရင်းအမြစ်ကနေ အာဟာရဇီဝလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အကြုံပြုထားပါတယ်။ ဒါ့ကြောင့် ကလေးအများစုက biotin ဖြည့်စွက်ဆေးတွေ လိုအပ်ခဲပါတယ်။

တကယ်လို့ သင်ဟာ ဗီတာမင်ချို့တဲ့ခြင်းလက္ခဏာတွေတွေ့လာတဲ့အခါ သင့်ကလေးကို ဆရာဝန်ဆီခေါ်ဆောင်သွားပါ။ လိုအပ်မယ်ဆိုရင် biotin ဖြည့်စွက်ဆေးညွှန်းပေးပါလိမ့်မယ်။

Chit_May_May

Nyein_Thu

Ref-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here