Blocks တုံးလေးတွေနဲ့ သားသားမီးမီးတို့ ဆော့ကစားချိန်မှာ ပူးတွဲပြီး သင်ကြားပေးရမယ့် သင်ခန်းစာများ

0
113
- Advertisement -

တွားသွားအရွယ် သားငယ်သမီးငယ်တို့နဲ့ မူကြိုကျောင်းအရွယ် ကလေးငယ်တို့ဟာ အရောင်စုံရှိတဲ့ Blocks တုံးလေးတွေနဲ့ ဆော့ကစားရတာကို အင်မတန်သဘောကျနှစ်သက်ကြပါတယ်။ တခြားကစားစရာတွေထက် Block တုံးလေးတွေနဲ့ဆော့တာက ဖန်တီးနိုင်စွမ်းအားကို ပိုပြီးအားပေးရာရောက်သလို ပြဿနာဖြေရှင်းတတ်တဲ့ စွမ်းရည်တွေကိုလည်း မြှင့်တင်သလိုဖြစ်စေပါတယ်။ Blocks တုံးလေးတွေကို ထိတွေ့ကိုင်တွယ်ပြီး အတူတူပူးကာ ပုံစံမျိုးစုံဖန်တီးရတာကို အရမ်းကိုသဘောကျနေချိန်မှာ မိဘတစ်ယောက်အနေနဲ့ ဘေးနားကနေ ဘယ်လိုမျိုးသင်ခန်းစာလေးတွေကို ပူးတွဲသင်ကြားပေးနိုင်မလဲဆိုတာကို ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။

ပုံသဏ္ဍန်တွေ၊ အရောင်တွေနဲ့ အရွယ်အစားတွေ

Blocks တုံး‌လေးတွေနဲ့ ဆော့ကစားခြင်းက သားငယ်သမီးတို့ကို ရေတွက်ခြင်း၊ တွဲဖက်ခြင်းနဲ့ အမျိုးအစားခွဲခြင်းတို့လို အရည်အသွေးပိုင်းမှာ တိုးတက်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ကလေးက Blocks တုံးလေးတွေနဲ့ဆော့ကစားနေချိန်မှာ အတူတူဝင်ဆော့ပြီးတော့ Block တုံးတွေရဲ့ ပုံစံအရွယ်အစားတွေ၊ အရောင်တွေ၊ ဆိုဒ်တွေကို မေးကြည့်ပါ။ လေးထောင့်၊ တြိဂံ၊ အဝိုင်း စသဖြင့် ပုံစံမျိုးစုံရှိတာကြောင့် အခြေခံအချက်လေးတွေကို သင်ပေးနိုင်မှာဖြစ်ပါတယ်။

- Advertisement -

ပြဿနာဖြေရှင်းနိုင်စွမ်းအားနဲ့ ဖန်တီးနိုင်စွမ်းကို တိုးမြှင့်ပေးရာရောက်ခြင်း

ကလေးငယ်လို့ဆိုပြီး အကြံဥာဏ်တွေမရှိဘူးလို့မဆိုလိုပါဘူး။ ဒါကြောင့် Block တုံးလေးတွေနဲ့ ဆော့ဖို့ပြင်နေပြီဆိုရင် ဘေးကနေပြီးတော့ ဘယ်လိုပုံစံမျိုးလေးတွေ ဖန်တီးချင်သလဲဆိုတာ မေးပြီးတော့ အစီအစဥ်ချတတ်အောင် ကူညီပေးပါ။ ကစားနေချိန်မှာလည်း သူ့အတွက်ကိုယ်စားလုပ်ပေးမယ့်အစား “ဟန်ချက်ညီမယ်ထင်လား” “တံခါးအတွက်နေရာလေးချန်ထားမလား” စတဲ့ မေးခွန်းလေးတွေကိုမေးပေးပါ။

မျှဝေအသုံးပြုခြင်းနှင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်းတို့ကို တွန်းအားပေးခြင်း

တခြားကလေးတွေနဲ့အတူတူ Blocks တုံးလေးတွေကို ဆော့ကစားခြင်းဖြင့် ပေါင်းသင်းဆက်ဆံရေးကို အထောက်အကူဖြစ်စေကာ ပိုပြီးတော့ဆန်းသစ်တဲ့အကြံဥာဏ်တွေ၊ စီမံတတ်တဲ့စွမ်းရည်၊ တည်ဆောက်နိုင်စွမ်းအားတွေနဲ့ ပူးပေါင်းဆောင်ရွက်တတ်ခြင်းတို့အတွက် အကျိုးဖြစ်စေပါတယ်။

Lifestyle_Myanmar

Thinzar

Source-sheknows

Zawgyi

Blocks တုံးေလးေတြနဲ႔ သားသားမီးမီးတို႔ ေဆာ့ကစားခ်ိန္မွာ ပူးတြဲၿပီး သင္ၾကားေပးရမယ့္ သင္ခန္းစာမ်ား
တြားသြားအ႐ြယ္ သားငယ္သမီးငယ္တို႔နဲ႔ မူႀကိဳေက်ာင္းအ႐ြယ္ ကေလးငယ္တို႔ဟာ အေရာင္စုံရွိတဲ့ Blocks တုံးေလးေတြနဲ႔ ေဆာ့ကစားရတာကို အင္မတန္သေဘာက်ႏွစ္သက္ၾကပါတယ္။ တျခားကစားစရာေတြထက္ Block တုံးေလးေတြနဲ႔ေဆာ့တာက ဖန္တီးႏိုင္စြမ္းအားကို ပိုၿပီးအားေပးရာေရာက္သလို ျပႆနာေျဖရွင္းတတ္တဲ့ စြမ္းရည္ေတြကိုလည္း ျမႇင့္တင္သလိုျဖစ္ေစပါတယ္။ Blocks တုံးေလးေတြကို ထိေတြ႕ကိုင္တြယ္ၿပီး အတူတူပူးကာ ပုံစံမ်ိဳးစုံဖန္တီးရတာကို အရမ္းကိုသေဘာက်ေနခ်ိန္မွာ မိဘတစ္ေယာက္အေနနဲ႔ ေဘးနားကေန ဘယ္လိုမ်ိဳးသင္ခန္းစာေလးေတြကို ပူးတြဲသင္ၾကားေပးႏိုင္မလဲဆိုတာကို ဗဟုသုတအေနနဲ႔ ေျပာျပေပးခ်င္ပါတယ္။
ပုံသ႑န္ေတြ၊ အေရာင္ေတြနဲ႔ အ႐ြယ္အစားေတြ

Blocks တုံး‌ေလးေတြနဲ႔ ေဆာ့ကစားျခင္းက သားငယ္သမီးတို႔ကို ေရတြက္ျခင္း၊ တြဲဖက္ျခင္းနဲ႔ အမ်ိဳးအစားခြဲျခင္းတို႔လို အရည္အေသြးပိုင္းမွာ တိုးတက္ဖို႔အတြက္ အေထာက္အကူျဖစ္ေစပါတယ္။ ကေလးက Blocks တုံးေလးေတြနဲ႔ေဆာ့ကစားေနခ်ိန္မွာ အတူတူဝင္ေဆာ့ၿပီးေတာ့ Block တုံးေတြရဲ႕ ပုံစံအ႐ြယ္အစားေတြ၊ အေရာင္ေတြ၊ ဆိုဒ္ေတြကို ေမးၾကည့္ပါ။ ေလးေထာင့္၊ ႀတိဂံ၊ အဝိုင္း စသျဖင့္ ပုံစံမ်ိဳးစုံရွိတာေၾကာင့္ အေျခခံအခ်က္ေလးေတြကို သင္ေပးႏိုင္မွာျဖစ္ပါတယ္။

ျပႆနာေျဖရွင္းႏိုင္စြမ္းအားနဲ႔ ဖန္တီးႏိုင္စြမ္းကို တိုးျမႇင့္ေပးရာေရာက္ျခင္း

ကေလးငယ္လို႔ဆိုၿပီး အႀကံဥာဏ္ေတြမရွိဘူးလို႔မဆိုလိုပါဘူး။ ဒါေၾကာင့္ Block တုံးေလးေတြနဲ႔ ေဆာ့ဖို႔ျပင္ေနၿပီဆိုရင္ ေဘးကေနၿပီးေတာ့ ဘယ္လိုပုံစံမ်ိဳးေလးေတြ ဖန္တီးခ်င္သလဲဆိုတာ ေမးၿပီးေတာ့ အစီအစဥ္ခ်တတ္ေအာင္ ကူညီေပးပါ။ ကစားေနခ်ိန္မွာလည္း သူ႔အတြက္ကိုယ္စားလုပ္ေပးမယ့္အစား “ဟန္ခ်က္ညီမယ္ထင္လား” “တံခါးအတြက္ေနရာေလးခ်န္ထားမလား” စတဲ့ ေမးခြန္းေလးေတြကိုေမးေပးပါ။

မွ်ေဝအသုံးျပဳျခင္းႏွင့္ ပူးေပါင္းေဆာင္႐ြက္တတ္ျခင္းတို႔ကို တြန္းအားေပးျခင္း

တျခားကေလးေတြနဲ႔အတူတူ Blocks တုံးေလးေတြကို ေဆာ့ကစားျခင္းျဖင့္ ေပါင္းသင္းဆက္ဆံေရးကို အေထာက္အကူျဖစ္ေစကာ ပိုၿပီးေတာ့ဆန္းသစ္တဲ့အႀကံဥာဏ္ေတြ၊ စီမံတတ္တဲ့စြမ္းရည္၊ တည္ေဆာက္ႏိုင္စြမ္းအားေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္တတ္ျခင္းတို႔အတြက္ အက်ိဳးျဖစ္ေစပါတယ္။

Lifestyle_Myanmar

Thinzar

Source-sheknows

LEAVE A REPLY

Please enter your comment!
Please enter your name here