Home Uncategorized Cookie Media ရဲ့ ပထမဆုံးမြန်မာရုပ်သံဇာတ်လမ်းတွဲ

Cookie Media ရဲ့ ပထမဆုံးမြန်မာရုပ်သံဇာတ်လမ်းတွဲ

0
Cookie Media ရဲ့ ပထမဆုံးမြန်မာရုပ်သံဇာတ်လမ်းတွဲ

Cookie Media က ပထမဆုံးကိုယ်တိုင်ရိုက်ကူးထုတ်လုပ်ထားတဲ့ “နင်ရှိတဲ့ကမ္ဘာ” ဆိုတဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲကို Cookie Asia မှတစ်ဆင့် ဇူလိုင် (၂၂) ရက်နေ့မှစတင်ကာ အပတ်စဥ်ဗုဒ္ဓဟူးနေ့နဲ့ကြာသပတေးနေ့ ည (၉) နာရီတိုင်းမှာ ထုတ်လွှင့်ပြသနေပြီလို့ သိရှိရပါတယ်။ အဆိုပါရုပ်သံဇာတ်လမ်းတွဲမှာ အဓိကဇာတ်ကောင်များအဖြစ် ညိမ်းသော်၊ ကူးကူးဇင်အောင်၊ ဖြိုးငွေစိုး၊ ထွန်းကိုကို၊ မင်းမြတ်၊ ဇော်မျိုးပိုင်၊ သဲနန္ဒာစိုးတို့က ပါဝင်သရုပ်ဆောင်ထားပြီး သည်းထိတ်ရင်ဖိုနဲ့အချစ်ဒရာမာဇာတ်လမ်းကို ဆန်းသစ်တဲ့ဇာတ်လမ်းဇာတ်အိမ်တို့နဲ့ ရိုက်ကူးပုံဖော်ထားခြင်းလည်းဖြစ်ပါတယ်။

“နင်ရှိတဲ့ကမ္ဘာ” ဇာတ်ကားရဲ့ ဒါရိုက်တာ မမေဘရဏီကလည်း ဒီဇာတ်ကားနဲ့ပတ်သက်လို့ “ Cookie Media ရဲ့ ပထမဦးဆုံးကိုယ်ပိုင်ရုပ်သံဇာတ်လမ်းတွဲကို Bonaza အနေနဲ့ ပရိသတ်တွေကို အခုလိုရိုက်ကူးပြသခွင့်ရတော့မှာကြောင့် တကယ်ကိုကျေနပ်အားရမိပါတယ်။ ဒီဇာတ်လမ်းတွဲမှာ သရုပ်ဆောင်တွေအားလုံးက ရိုက်ကွင်းရိုက်ကွက်ဆန်းဆန်းပြားပြားတွေနဲ့ ကြိုးစားရိုက်ကူးထားတာကြောင့် ပရိသတ်တွေအနေနဲ့ Cookie Asia ရုပ်သံလိုင်းကနေ မလွတ်တမ်းစောင့်မျှော်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။” လို့ ပြောကြားသွားပါတယ်။

Cookie Media Myanmar ရဲ့  CEO ဖြစ်သူ မသူဇာမိုးက “ကျွန်မတို့ Cookie ရဲ့ ပထမဆုံးသောရုပ်သံဇာတ်လမ်းတွဲကြီးကို ထုတ်လွှင့်ပြသခွင့်ရရှိတော့မှာကြောင့် အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိပါတယ်။ “နင်ရှိတဲ့ကမ္ဘာ” ရုပ်သံဇာတ်လမ်းတွဲကို အဘက်ဘက်က ဝိုင်းဝန်းပံ့ပိုးကူညီပေးခဲ့ကြပြီး အသစ်အသစ်သောဖန်တီးမှုတွေနဲ့ ရိုက်ကူးတင်ဆက်ပေးသွားမှာဖြစ်တာကြောင့် ပရိသတ်တွေအားလုံးနှစ်သက်သဘောကျလိမ့်မယ်လို့ ယုံကြည်ပါတယ်။ Cookie ကိုအစဥ်တစိုက် ကြည့်ရှုအားပေးနေတဲ့ ပရိသတ်တွေအတွက်လည်း ပိုမိုကောင်းမွန်တဲ့ အစီအစဥ်အသစ်တွေအပြင် ပြည်တွင်း၊ ပြည်ပကဇာတ်ကားကောင်းတွေကိုပါ ချပြပေးနိုင်ဖို့အတွက် အစဥ်တစိုက်ကြိုးစားလျက်ရှိနေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

Cookie Asia မှ အဆိုပါဇာတ်လမ်းတွဲကို ပြသပြီးသည်နဲ့တစ်ပြိုင်နက် Cookie Plan တွေကို ဝယ်ယူအားပေးထားသူတွေအနေနဲ့ ထုတ်လွှင့်ပြသပြီးသွားတဲ့အပိုင်းအားလုံးကို အခမဲ့ရုပ်ရှင်ဇုန်မှာ ပြန်လည်ကြည့်ရှုနိုင်မှာလည်းဖြစ်ပါတယ်။ Cookie Media ဟာ နေ့စဥ်နေ့တိုင်း ဇာတ်ကားကောင်းများကို စုစည်းပြသပေးလျက်ရှိပြီး လက်ရှိပြသနေတဲ့အစီအစဥ်များထက် ပိုမိုထူးခြားဆန်းသစ်တဲ့ အစီအစဥ်ကောင်းများစွာကို ပြသပေးနိုင်ဖို့ ကြိုးစားလျက်ရှိသလို ကြည့်ရှုသူတွေအတွက်လည်း လွယ်လွယ်ကူကူနဲ့ကြည့်ရှုအပန်းဖြေနိုင်ဖို့ ရည်ရွယ်ကြိုးပမ်းလျက်ရှိနေကြောင်းလည်း သိရှိရပါတယ်။

“နင်ရှိတဲ့ကမ္ဘာ” ဇာတ်လမ်းတွဲအား Cookie ၏ Facebook စာမျက်နှာတွင် အစမ်းသွားရောက် ကြည့်ရှုနိုင်မည်ဖြစ်သည်။ https://www.facebook.com/CookieMyanmar/posts/595785121358608 Cookie ၏အခြားသောဝန်ဆောင်မှုအား ပိုမိုသိရှိလိုပါက Cookie ၏ Facebook စာမျက်နှာ https://www.facebook.com/CookieMyanmar/ တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here