တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ Covid_19လို့ခေါ်တဲ့ တရုတ်ပြည်က ပြန့်လာတဲ့ ဗိုင်းရပ်စ်တစ်မျိုးဟာ ခုဆို မြန်မာနိုင်ငံဆီရောက်ရှိနေပါပြီ။ ခုချိန်ထိ ကူးစက်ခံထားရသူ၁၀ဦးရှိပြီး စောင့်ကြည့်နေရတဲ့လူနာ ရာနဲ့ထောင်နဲ့ချီ ရှိနေပြီဖြစ်ပြီး အစိုးရကလည်း ဒီဗိုင်းရပ်စ်ဟာ ထပ်ပြန့်ပွားမယ့် Out Break အခြေအနေဖြစ်နိုင်တယ်လို့ ပြောထားပြီးပြီ။
ဒီအတွက် လူငယ်တွေရော လူကြီး ပိုင်းတွေရောဟာ ဒီရောဂါကို စိုးရိမ်နေကြပါတယ်။ အဲ့ဒီလိုပဲ ကလေးရှိတဲ့ မိဘတွေကလ ည်း ဒီဗိုင်းရပ်စ်ကို ကြောက်လန့်နေကြပါတယ်။ ဒါကြောင့်ကလေးရှိတဲ့ မိဘတွေ သိသင့်သိထိုက်တာတွေ ဆောင်ရန်ရှောင်ရန်တွေနဲ့ ဘာတွေပြင်ဆင်ထားဖို့လိုလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။
ကလေးနဲ့လူလတ်ပိုင်းမှာ သေဆုံးမှုနည်းပါးပါတယ်

ရောဂါပိုးကူးစက်ခံရသူတွေမှာလည်း အသက်အရွယ် ရောဂါအခံ အခြေအနေတွေအရ သေဆုံးမှုနှုန်းတွေကွာခြားကြပါတယ်။ လူလတိပိုင်းတွေဖြစ်တဲ့၂၀ကနေ၂၉အရွယ်မှာ ဒီရောဂါကြောင့်သေဆုံးသူ ၀.၂ရာခိုင်နှုန်း ၃၀ကနေ၃၉လောက်အထိ သေဆုံးမှုနှုန်းဟာ ၀.၂ရာခိုင်နှုန်း နဲ့၄၀ကနေ ၄၉အရွယ်မှာ ၀.၄ရာခိုင်နှုန်းပဲ သေဆုံးမှုရှိနေတာဖြစ်ပါတယ်။
နောက်ဒီရောဂါပိုးဟာ နှလုံး၊ သွေးတိုးဆီးချို၊ ကင်ဆာ၊ နာတာရှည် အဆုတ်ရောင်ရောဂါ စတဲ့ ရောဂါအခံရှိသူတွေကို ပိုပီး Attackလုပ်နိုင်တာကြောင့် ရောဂါအခံမရှိတဲ့လူငယ်လူရွယ်တွေ အနေနဲ့ အရမ်းကြီး စိုးရိမ်စရာမလိုပါဘူး။ ရာခိုင်နှုန်းအရကြည့်ရင် ဒီဗိုင်းရပ်စ်ကြောင့် အသက်၈၀နဲ့အထက်လူကြီးများသေဆုံးမှုဟာ ၁၄.၈ရာခိုင်နှုန်းအထိရှိနေပါတယ်။ ဒါကြောင့်လူကြီးပိုင်းတွေကို ပိုပြီး ဂရုတစိုက်ရှိဖို့လိုပါတယ်။
ကလေးတွေအနေနဲ့ရောဂါပိုးကူးစက်ခံရမှုတွေမှာဆို အသက်၁၀နှစ်ကနေ ၁၉နှစ်အထိ ၁.၂ရာခိုင်နှုန်း မွေးကင်းစက ၉နှစ်အထိဆို ၀.၉ရာခိုင်နှုန်းသာရှိတယ်လို့သိရပါတယ်။ ဒီရောဂါကြောင့် သေဆုံးမှုနှုန်းမှာတော့ အသက်၁၀နှစ်ကနေ ၁၉နှစ်အထိ ကို ၀.၁ရာခိုင်နှုန်းသာရှိပြီး မွေးကင်းစက ၉နှစ်အထိဆို သုညရာခိုင်နှုန်း သေဆုံးမှုမရှိဘူးလို့သိရပါတယ်။ ကဲ..ဒီတော့ အစိုးရိမ်သိပ်မကြီးကြပါနဲ.။
နားလည်တဲ့အရွယ်ကလေးတွေကို Covidဗိုင်းရပ်စ်အကြေားပြောပြပါ

ခုချိန်မှာ ဒါတွေကို ကလေးတွေမသိသင့်ဘူးဆိုပြီး မပြောရမယ့်အချိန်မဟုတ်ပါဘူး။ တချို့မိဘတွေက အစိုးရိမ်လွန်ပြီး မပြောပြကြပဲ သူတို့ကိုယ်တိုင် အတင်းအကြပ်လိုက်ထိန်းကျောင်း ကလေးနဲ့ကပ်တွယ်နေတတ်ပါတယ်။ ဒါဟာ အန္တရယ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ မိဘတွေမှာ Covid ပိုးကူးထားနိင်သလို ကလေးတွေမှာလည်း ကူးထားနိုင်လို့ပါပဲ။ ဒါကြောင့် ကလေးတွေကို ဒီရောဂါအကြောင်း ပြောပြထားသင့်ပြီး ကာကွယ်နည်းတွေလည်း ပြောပြထားရပါမယ်။
ကာကွယ်နည်းတွေပြောပြပေးပါ

စက္ကန့်၂၀အနည်းဆုံး လက်ကိုမကြာခနဆေးတာတွေ MASkအသုံးပြုပုံတွေ မျက်နှာ နှာခေါင်းနဲ့ မျက်စိတွေကို လက်နဲ့မပွတ်သ ပ်ဖို့လိုတာတွေ ချောင်းဆိုးနေတဲ့သူတွေကို ရှောင်ဖို့ဆိုတာတွေ နှာစေးချောင်းဆိုးနေရင် တစ်ရှူးနဲ့ဘယ်လိုအုပ်ပြီးဘယ်လိုဆိုးရမယ်ဆိုတာတွေ အဲ့ဒီတစ်ရှုးကို ဘယ်လိုလွှင့်ပစ်ရမလဲဆိုတာတွေကလေးတွေကို အရက် ၆၀ရာခိုင်နှုန်းအနည်းဆုံးပါတဲ့ လက်ဆေးရည်ဆောင်ထားတဲ့အကျင့်လုပ်ပေးတာတွေ စတာတွေ သေချာလုပ်ပေးသင့်ပါတယ်။
အိမ်တွင်းမှာနေတာတောင် ညွှန်ကြားချက်တွေနဲ့နေပါ

ဘာမှမဖြစ်သေးတဲ့အချိန်တွေ ကိုယ့်အိမ်ထဲပဲနေရင်တောင် ညွန်ကြားချက်တွေအတိုင်းနေပါ။ မပေါ့လိုက်ပါနဲ့။ ကိုယ်က ချေ ာင်းဆိုးနှာစေးဖြစ်နေတယ် ဒါမှမဟုတ် ကလေးကဖြစ်နေတယ်ဆိုရင် ၁၄ရက် စောင့်ကြည့်တဲ့အချိန်မှာ သီးသန့်နေထိုင်တာကောင်းပါတယ်။
အနည်းဆုံး အိမ်သူအိမ်သာချင်း ၃ပေအကွာက နေထိုင်ဆက်ဆံတာ အကောင်းဆုံးပါပဲ။ ဗိုင်းရပ်စ်ရဲ့ အားသာချက်က ပြန့်တာ အရမ်းမြန်တဲ့အတွက် အချိန်မရွေးတစ်ယောက်ကိုတယောက်ကူးစက်နိုင်ခြေအတော်များပါတယ်။ သူစိမ်းတွေရော မိဘအရင်းတွေရော အနေနဲ့ ကလေးတွေကို ပွေ့ဖက်နမ်းရှုပ်တာမျိုးတွေ ခုချိန်မှာ မလုပ်တာ အကောင်းဆုံးပါ။
ကလေးတွေက သေဆုံးမှုနည်းတယ်ဆိုပေမယ့် ကိုယ့်အိမ်က အဘိုးအဘွားတွေ အဖေ အမေတွေ နဲ့ကိုယ်ကိုယ်တိုင်က အသ က်ကြီးပိုင်းဖြစ်လို့ ကလေးတွေဆီကလည်းတဆင့် သင်တို့ကိုကူးစက်နိုင်တဲ့အတွက် အိမ်တွင်းမှာတောင် ညွှန်ကြားချက်တွေအတိုင်းနေထိုင်တာ အကောင်းဆုံးပါနော်..
ကိုယ်ခံအားကောင်းတဲ့အစာတွေစားကြပါ

တကယ်ပြောရရင် ကိုဗစ်ဟာ မမြင်ရတဲ့သရဲကို ကြောက်နေရသလိုပဲ ဖြစ်နေတာပါ။ ဒါပေမယ့် သူကူးစက်ခံတိုင်းလည်း သေရမှာတော့မဟုတ်ပါဘူး။ သူကူးစက်ခံရပြီး ပြန်ကောင်းလာတာတွေလည်းရှိနေပါတယ်။ သုတေသနတွေအရ Covid19 ကူးစက်ခံရပြီး ကိုယ့်ကိုကိုယ်တောင် မသိပဲ ပြန်ကောင်းလာသူ ၈၁ရာခိုင်နှုန်းရှိပါတယ်။
ဒါကြောင့် ကိုယ်ခံအားကောင်းအောင်နေပါ။ ဗီတာမင်စီများများပါတာတွေ၊ အဟာရရှိတာတွေများများစားပေးပါ။ ကိုယ့်ကိုကို ယ်ကာကွယ်ခြင်းဟာ ကလေးတွေရော တခြားမိသားစုဝင်တွေကို ရော ကိုဗစ်ရောဂါက ကာကွယ်ပေးနေတယ်ဆိုတာ သ တိရပေးပါနော်.ကဲ..ဒီလောက်ဆို မေမေတွေလည်း ကိုယ့်သားသမီးတွေနဲ့ကိုယ်မိသားစုဝင်တွေကို ကိုဗစ်ကပ်ကြီး အတွင်း ဘ ယ်လိုစောင့်ရှောက်နိုင်မလဲ ဘယ်လိုကာကွယ်မှုတွေ လုပ်နိုင်မလဲ သိကြလောက်ပြီထင်ပါတယ်နော်..
#Chit_May_May
#Mg_Htet
REF_CDC