Dysfunctional Family (ဖရိုဖရဲဖြစ်နေတဲ့ မိသားစု) ရဲ့လက္ခဏာတွေနှင့် ကလေးတွေအပေါ် သက်ရောက်မှု

0
340
- Advertisement -

သူဟာ ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ရှိသော လူကြီးတစ်ယောက်နဲ့ တူပါတယ်။ သူဟာ ဆယ်ကျော်သက်အရွယ်မှာ အလုပ်စလုပ်ခဲ့ရပြီး မိသားစုကို ထောက်ပံ့ပေးရတယ်၊ မိသားစုဝင်တွေကို စောင့်ရှောက်ပေးခဲ့ရပါတယ်။ သူ့မိဘတွေက သူ့ရဲ့စိတ်ခံစားမှုကို ဘယ်တော့မှ ဂရုမစိုက်ပေးခဲ့ကြပါဘူး။ သူဟာ ကလေးဘဝကို ဘယ်တုန်းကမှလည်း မပျော်မွေ့ခဲ့ပါဘူး။

ထိုကဲ့သို့သော ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတဲ့ ကလေးတစ်ယောက်ရဲ့ စိတ်အခြေအနေကို မြင်ယောင်ကြည့်ပါ။ မိဘရဲ့ ပေါ့ဆမှု၊ ရန်တကျက်ကျက်ဖြစ်မှု၊ အရက်သေစာ သောက်စားမှု (သို့) နှိပ်စက်ညှင်းပမ်းမှု စတဲ့ပြဿနာတွေ မိသားစုထဲမှာ ရှိလာတဲ့အခါ မိသားစုရဲ့ လုပ်ငန်းဆောင်တာ ချောမွေ့မှုကို အနှောက်အယှက်ဖြစ်စေပြီး ပဋိပက္ခတွေ၊ ရန်ပွဲတွေ၊ အငြင်းပွားမှုတွေ နှင့် တင်းမာမှုတွေ အဆက်မပြတ် ဖြစ်ပေါ်စေပါတယ်။

ယနေ့မှာတော့ Dysfunctional Family ဆိုတာ ဘာလဲ၊ Dysfunctional Family အမျိုးအစားနှင့် လက္ခဏာတွေ၊ ထိုကဲ့သို့သော မိသားစုက ကလေးတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

မိသားစုဆက်ဆံရေးက စိုစိုပြေပြေမရှိ၊ ဆိုးဆိုးဝါးဝါး ဖရိုဖရဲ ဖြစ်နေတဲ့ မိသားစုကို Dysfunctional Family လို့ဆိုပါတယ်။ နှိပ်စက်ညှင်းပမ်းမှု၊ လျစ်လျူရှုမှုနှင့် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုမရှိသော အပြုအမှုများနှင့် တာဝန်ဝတ္တရားပျက်ကွက်တဲ့ မိသားစုလို့ ရည်ညွန်းပါတယ်။

Dysfunctional Family မှာ မိဘနှင့် ကလေးကြားက ဆက်ဆံရေးဟာ တင်းမာပြီး သဘာဝမကျပါဘူး။ မိဘတွေဟာ ကလေးကို အမြဲတမ်းလျစ်လျူရှုပြီး အော်ဟစ်ဆဲဆိုနေတတ်ကြပါတယ်။ အချို့သော ကိစ္စတွေမှာ ကလေးတွေဟာ မိမိကိုယ်ကို လေးစားမှု နိမ့်ကျပြီး ထိုကဲ့သို့သော အပြုအမှုဟာ ပုံမှန်ဖြစ်တယ်ဟုသော ယုံကြည်ချက်ဖြင့် ကြီးပြင်းလာကြပါတယ်။

Dysfunctional Family မိသားစုဆက်ဆံရေးကို နားလည်ခြင်း

အကောင်းဆုံးကတော့ ကလေးတွေဟာ ချစ်ဖွယ်ကောင်းသော ၊ တန်ဖိုးရှိသော အရာများကို ခံစားရတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းသင့်ပါတယ်။ သူတို့ရဲ့ အတွေးတွေ၊ ဆန္ဒတွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့်ရှိသင့်ပါတယ်။ မိဘတစ်ယောက်အနေနဲ့ ဒါတွေဟာ သင့်လျော်ပြီး လက်တွေ့ကျတယ်လို့ ယူဆပါက ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ ထိုကဲ့သို့သော ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းပြီး ကောင်းမွန်သော ဆက်ဆံရေး ရှိကြမှာဖြစ်ပါတယ်။

သို့သော် ကလေးတွေသည် သူတို့ရဲ့လိုအပ်ချက်တွေကို ကန့်သတ်ထားတဲ့ (သို့) အမြဲတမ်းဝေဖန်ခြင်းနှင့် အလွဲသုံးစားပြုခြင်းခံရတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့အခါ..

  • ကိုယ့်ကိုယ်ကို မြင်တဲ့အမြင် (self-image) အားနည်းပြီး မိမိကိုယ်ကို လေးစားမှု(self-esteem) နိမ့်ကျခြင်း ဖြစ်လာပါတယ်။
  • သူတို့ရဲ့ လိုအပ်ချက်တွေက အရေးမပါဘူး၊ သူတို့ရဲ့ လိုအပ်ချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ အခွင့်အရေးမရှိဘူးလို့ ခံစားရပါတယ်။
  • arrangement က သာမန်ဖြစ်တယ်ဟူသော ယုံကြည်ချက်ဖြင့် ကြီးပြင်းလာပြီး ၎င်းကို သူတို့ဘဝရဲ့ အစိတ်အပိုင်းအဖြစ် လက်ခံကြပါတယ်။

ဒီလိုဖရိုဖရဲမိသားစုကနေ ဆင်းသက်လာသူတွေဟာ ထူးခြားတဲ့ လက္ခဏာတစ်ချို့ ရှိပါတယ်။

Dysfunctional Family ကနေ ဆင်းသက်လာတဲ့ လက္ခဏာများ

သင့်မိသားစုဟာ Dysfunctional အမျိုးအစားထဲမှာ ကျရောက်နေပြီလားဆိုတာ သိဖို့ ဒီလက္ခဏာတွေကို ကြည့်ပါ။

၁။ လူတွေကို အမြဲတမ်းစိတ်ကျေနပ်စေတယ်- စွန့်ပစ်ခံရခြင်းရဲ့ ရလဒ်အဖြစ် စိတ်မချမ်းသာစရာကောင်းတဲ့ လူတွေကို သင်ကြောက်ပါတယ်။ သင်ဟာ လူတွေရဲ့စိတ်ကို ရွှင်လန်းစေဖို့ အများကြီး ကြိုးစားသွားပါတယ်။ သင် သူတို့ကိုကောင်းနေရင် သူတို့ သင့်ကို စွန့်ပစ်မှာ မဟုတ်ဘူးလို့ ယုံကြည်ချက်နှင့်အတူ ကြီးပြင်းပါတယ်။ ဒါ့ကြောင့် သင်ဟာ အခြားသူတွေရဲ့ စိတ်ကျေနပ်မှုကို ရယူဖို့ သင့်ရဲ့ကိုယ်ပိုင်လိုအပ်ချက်တွေကို စွန့်လွှတ်ပါတယ်။

၂။ သင်ဟာ အပြစ်ရှိသူလို ခံစားရပါတယ်- သင်အမှားမလုပ်မိရင်တောင် အပြစ်ရှိသလို ခံစားရပါတယ်။အခြားသူတွေ စိတ်ပျက်တဲ့အခါ သင့်အမှားလို့ ယူဆနိုင်ပါတယ်။ ဒါက သင်ဟာ သူတို့ရဲ့ ခံစားချက်တွေအတွက် တာဝန်ရှိတယ်လို့ မှားယွင်းသော ယုံကြည်ချက်ကြောင့် ဖြစ်ပါတယ်။ သင်ဟာ အကုန်အကျခံပြီးတော့တောင် တခြားသူပျော်ရွင်ဖို့ ဘာမဆိုလုပ်ချင်ပါတယ်။

၃။ သင်ဟာ ဗလာကျင်းနေသလို ခံစားရပြီး အထီးကျန်နေတယ်- သင်ဟာ အထီးကျန်မှုကို ကြောက်ပါတယ်။ အထီးကျန်ဆန်တယ်လို့ ခံစားရတဲ့အခါ ချစ်ခြင်တွယ်တာမှုကို တပ်မက်လာပါတယ်။

၄။ သင်ဟာ အကောင်းဆုံးကို မရရအောင်ယူတတ်တဲ့သူ တစ်ယောက် ဖြစ်လာပါတယ်- ကလေးဘဝကတည်းက သင့်မိသားစုရဲ့ မျှော်လင့်ချက်တွေကို ပြည့်မီအောင် သင်ကြိုးစားခဲ့တယ်။ ကျရှုံးမှာကို ကြောက်တဲ့သဘောရှိပြီး အရာရာကို ချက်ချင်းလုပ်ဆောင်တဲ့နည်းလမ်းဖြင့် ရယူနိုင်ခြင်း၊ လူတွေရဲ့ အမှားတွေကို လက်ခံခြင်းကြောင့် ပြီးပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်စေနိုင်ပါတယ်။

၅။ အခြားသူတွေအတွက် တာဝန်ရှိတယ်လို့ ခံစားရပါတယ်- သင့်လိုအပ်ချက်တွေကို လျစ်လျူရှုရင်း အခြားသူတွေရဲ့ တာဝန်ကိုယူပါတယ်။ သင်ဟာ codependent ဆက်ဆံရေးမှာ ရှင်သန်တာကြောင့် သင့်ရဲ့ ကိုယ်ပိုင်လက္ခဏာ ပျောက်သွားပါတယ်။

၆။ မကျေမနပ်မှုတွေနဲ့ စိတ်ပျက်စရာကောင်းလာပါတယ်- သင့်ရဲ့စိတ်ရင်းမှန်နဲ့ ကြိုးပမ်းအားထုတ်မှုတွေကို တန်ဖိုးမထားတဲ့အခါ သင်စိတ်ပျက်ပြီး စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။

၇။ သင်ဟာ ဖိစီးမှုများပါတယ်- အရာအားလုံးအဆင်ပြေနေရင်တောင် အမှားတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်ပါတယ်။ အနားယူဖို့ အချိန်မရှိပါဘူး။ ပြဿနာတစ်ခုပြီးသွားတဲ့အခါ အခြားတစ်ခုက ရုတ်တရက်ပေါ်လာပုံရပါတယ်။

၈။ ပြောဆိုဆက်ဆံမှုစွမ်းရည် ညံ့ဖျင်းပါတယ်- သင့်အတွေးတွေကို ဘယ်လိုပြောရမယ်ဆိုတာ မသိတာကြောင့် သင်ဟာ တစ်ခုခုကို စဉ်းစားမိပေမယ့် နောက်ဆုံးမှာတော့ မရေမရာ မသေချာတဲ့ အရာတစ်ခုကို ပြောလိုက်မိပါတယ်။ ဒါက ကလေးတစ်ယောက်အနေဖြင့် သင့်ခံစားချက်တွေအပေါ် သင့်မိဘတွေရဲ့ ပေါ့ဆမှုကြောင့် ဖြစ်နိုင်ပါတယ်။

၉။ မချိတင်ကဲဝေဒနာ- သင့်မှာ ကောင်းမွန်၊ ငြိမ်းချမ်းတဲ့ဘဝအတွက် မျှော်လင့်ချက်တွေ မရှိပါဘူး။ သင်ဟာ အဆိုးမြင်ဝါဒီတစ်ယောက် ဖြစ်လာပြီး သင့်ဘဝမှာ ချို့တဲ့မှုတစ်ခုခု အမြဲတမ်းရှိနေကြောင်း ခံစားရစေပါတယ်။

ဒီလိုလက္ခဏာတွေထဲက နှစ်ခုလောက်ရှိရုံနဲ့ သင့်မိသားစု dysfunctional ဖြစ်နေတယ်လို့ မဆိုလိုပါဘူး။သို့သော် ဒီအရာအများစုနှင့် ဆက်စပ်နေနိုင်ရင် သင့်မိသားစုမှာ dysfunctional family ရဲ့လက္ခဏာများ ရှိမရှိဆိုတာ စစ်ဆေးပါ။

dysfunctional family တစ်ခုရဲ့ လက္ခဏာများ

၁။ ထိန်းချုပ်ခြင်း- မိဘတစ်ယောက်(သို့) နှစ်ယောက်စလုံးက လွှမ်းမိုးထားပါတယ်။ မလိုအပ်တဲ့အချိန်မှာတောင် သားသမီးကိုယ်စား ဆုံးဖြတ်ချက် ချတတ်ကြပါတယ်။ သူတို့ဟာ ကလေးတွေအတွက် အသုံးမကျဖြစ်လာမှာကို စိုးရိမ်တာကြောင့် ဖြစ်ပါတယ်။

၂။ အနိုင်ကျင့်ခြင်း- ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ(သို့) စိတ်ခံစားမှုကိုဖြစ်စေ အနိုင်ကျင့်ခြင်းက dysfunctional familyတစ်ခုရဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါကို မိဘတွေက ကလေးအားဖြစ်စေ၊ အိမ်ထောင်ဖက် အချင်းချင်းဖြစ်စေ ပြုလုပ်လေ့ရှိပါတယ်။

၃။ အကြမ်းဖက်ခြင်း- မိသားစုကို ထိန်းချုပ်ဖို့ ကိုယ်ထိလက်ရောက် နှိပ်စက်မှု၊ အကြမ်းဖက်မှုတွေကို အသုံးပြုတဲ့အခါ dysfunctionality က ထင်ရှားမြင်သာလာပါတယ်။ ဒါက ကလေးတွေအပေါ် ဆိုးကျိုးသက်ရောက်လာပါတယ်။ ကြီးပြင်းလာတာနှင့်အမျှ သူတို့ဟာ အကြမ်းဖက်လာကြပါတယ်။

၄။ ပြောဆိုဆက်ဆံမှု ညံ့ဖျင်းခြင်း- ရှင်းရှင်းလင်းလင်းမပြောတတ်ခြင်း၊ ထိရောက်တဲ့ ပြောဆိုဆက်ဆံမှု မရှိခြင်းဟာ နားလည်မှုလွဲမှားခြင်း၊ မတူညီမှုနှင့် မယုံကြည်မှုတွေကို ဖြစ်ပေါ်စေပါတယ်။

၅။ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုကင်းမဲ့ခြင်း- ဖရိုဖရဲဖြစ်နေတဲ့ မိသားစုတစ်ခုမှာ မိဘတစ်ယောက်(သို့)နှစ်ယောက်လုံးက ၎င်းတို့ကလေးတွေကို လိုအပ်တဲ့ စိတ်ပိုင်းဆိိုင်ရာပံ့ပိုးမှုပေးဖို့ ပျက်ကွက်ကြပါတယ်။ မိဘတွေဟာ အခြားနေရာတွေမှာ အလုပ်များနေတာ၊ မိဘဝတ္တရားကို လျစ်လျူရှုထားတာကြောင့် ဖြစ်နိုင်ပါတယ်။ ထိုသို့သော ကလေးတွေဟာ အထီးကျန်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်သူတွေအဖြစ် ကြီးပြင်းလာကြပါတယ်။

၆။ အကောင်းဆုံးကို မရရအောင်ယူတတ်ခြင်း- မိဘတစ်ယောက်(သို့) နှစ်ယောက်စလုံးဟာ ကလေးတွေဆီကနေ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွရှိပါတယ်။ ဥပမာအားဖြင့် စာမေးပွဲတိုင်းမှာ ထိပ်ဆုံးကို ရောက်စေလိုပါတယ်။ ပြိုင်ဆိုင်မှုတိုင်းကို အနိုင်ရလိုပါတယ်။ ကလေးကို ကြီးမားတဲ့ ဖိအားတွေပေးခြင်းကြောင ့ထိမျှော်လင့်ချက်တွေဟာ မရပ်တန့်တော့ဘဲ လူကြီးဘဝအထိ စွဲလမ်းမှုပါသွားပါတယ်။

၇။ အလွန်အကျွံ ပိုင်ဆိုင်လိုခြင်း- အချို့သော မိဘတွေဟာ ကလေးတွေကို ရင်အုပ်မကွာထားလိုကြပါတယ်။ သူတို့ရဲ့ တစ်ဦးတည်းမူပိုင်ကဲ့သို့ ဆက်ဆံကြပါတယ်။ ကလေးတွေကို ဘယ်သူနဲ့မှ မရောနှောစေပါဘူး။ ကလေးကို တစ်ယောက်ယောက်က ပြောရင်လည်း မကြိုက်ပါဘူး။ ထိုသို့သော ပိုင်ဆိုင်လိုမှုက ကလေးအား လူမှုရေးကျွမ်းကျင်မှုများကို ဆုံးရှုံးစေနိုင်ပါတယ်။

Dysfunctional Family တစ်ခုမှာ ကြီးပြင်းရခြင်းရဲ့ ဆိုးကျိုးများ

  • သူတို့ဟာ ငယ်ငယ်ကတည်းက တာဝန်တွေယူရတာကြောင့် အပူအပင် ကင်းကင်းနှင့် ကလေးတစ်ယောက်ကဲ့သို့သော သဘောထား မရှိပါဘူး။ သူတို့ဟာ လူကြီးတစ်ယောက်လို ပြုမှုဖို့ မျှော်လင့်ခဲ့ရပါတယ်။
  • စိတ်ကျဝေဒနာ၊ စိုးရိမ်ပူပန်ခြင်းနှင့် PTSD ကဲ့သို့သော ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ ခံစားရပါတယ်။
  • ဖြေရှင်းဖို့ နည်းလမ်းတစ်ခုအဖြစ် မူးယစ်ဆေးဝါး(သို့) အရက်စွဲလမ်းခြင်း ဖြစ်လာပါတယ်။
  • ကျန်းမာသော အချစ်ရေးကို တည်ဆောက်ဖို့ အခက်အခဲရှိလာပါတယ်။
  • အမြဲတမ်းဒေါသထွက်တာ ၊ အကြမ်းဖက်တဲ့ အပြုအမှုတွေ ဖြစ်လာပါတယ်။
  • ကောင်းစွာ လေ့လာသင်ယူဖို့ကို ရုန်းကန်နေရပြီး ကျောင်းမှာ စွမ်းဆောင်ရည်နိမ့်လာပါတယ်။
  • စည်းကမ်းမရှိခြင်း၊ တာဝန်မဲ့ခြင်းဖြစ်လာတာဟာ အချိန်ဖြုန်းခြင်းနှင့် အချိန်ဆွဲခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။
  • အထီးကျန်လာပါတယ်။
  • ကိုယ့်ကိုယ်ကို ပျက်စီးစေတဲ့ (သို့) ဖျက်လိုဖျက်ဆီးအပြုအမှုတွေ ရှိလာပါတယ်။

Chit_MayMay

LM_Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here