Home Parenting Child Teaching Jean Piaget ရဲ့ ကလေးတွေအကြောင်း လေ့လာတွေ့ရှိချက် ၅ချက်

Jean Piaget ရဲ့ ကလေးတွေအကြောင်း လေ့လာတွေ့ရှိချက် ၅ချက်

0
299

Jean Piagetရဲ့ ကလေးတွေနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ကောက်နုတ်ချက်တွေဟာဆိုရင် ကလေးစိတ်ပညာရှင်တစ်ဦးရဲ့ တန်ဖိုးရှိတဲ့ အမွေအနှစ်တွေဖြစ်ပါတယ်။ ကလေးတွေရဲ့ သဘာ၀ဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးပါမှုကို သတိရစေပါတယ်။
Jean Piagetဆိုတာ ဆွစ်ဇာလန်နိုင်ငံ constructivismစိတ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ၁၈၉၆မှာ ကလေးသူငယ်တွေရဲ့ သိမြင်မှုနှင့် အသိညဏ်ဖွံ့ဖြိုးမှုတွေကို အသေးစိတ်လေ့လာခဲ့ပါတယ်။

သူဟာ ၁၉၁၈ခုနှစ်တွင် Neuchatelတက္ကသိုလ်ကနေပြီးတော့ ပါရဂူဘွဲ့ရရှိခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာ ပါရီမှာရှိတဲ့ စိတ်ပိုင်းဆိုင်ရာအဖွံ့အစည်းတွေမှာ စတင်လုပ်ကိုင်ခဲ့ပြီးတော့ အခြားအရေးပါတဲ့ စိတ်ပညာရှင်Alfred Binetနှင့် ပူးပေါင်းခဲ့ပါတယ်။
၁၉၁၉မှာ သူဟာ ဗဟုသုတကို ရှာဖွေဖို့ သူ့ရဲ့သီအိုရီတွေကို စပြီး တီထွင်ခဲ့ပါတယ်။ အဲ့ဒီ့နှစ်ကစပြီးတော့ သူရဲ့ သုတေသနအပေါ်မှာ အခြေခံပြီးကလေးစိတ်ပညာနှင့် ပတ်သက်ပြီးတော့ လေ့လာမှုတွေများစွာထုတ်၀ေခဲ့ပါတယ်။ ဒါတွေအားလုံးကို သူ့သားသမီးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို လေ့လာခြင်းကနေပြီးတော့ အစပြုခဲ့တာဖြစ်ပါတယ်။

Jean Piagetရဲ့ လေ့လာတွေ့ရှိချက်များ

၁။ ရှာဖွေတွေ့ရှိမှု

”ကလေးတစ်ယောက်ဟာ သူကိုယ်တိုင်ရှာဖွေတွေ့ရှိနိုင်တဲ့ အရာတစ်ခုကို အချိန်မတိုင်မီသင်ပေးလိုက်တဲ့အခါ ဒါဟာတီထွင်ခြင်းကို တားဆီးနိုင်ပြီးတော့ သူတို့အတွက် အရာအားလုံးကို နားမလည်နိုင်ဖြစ်ကြရပါတယ်”
Jean Piagetဟာ သားသမီးတွေရဲ့ သဘာ၀ဖွံ့ဖြိုးတိုးတက်မှုရဲ့ အားကြီးသော ထောက်ခံသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သင့်အနေနဲ့ ရှေ့ဆက်ပြီး ဒီလိုပဲ သင်ပေးသွားမယ်ဆိုရင် သင်ကိုယ်တိုင်က သူတို့ကို ကိစ္စသေးသေးလေးတွေကအစ ပိတ်ပင်ထားတာမျိုးဖြစ်နေပါလိမ့်မယ်။ Piagetအတွက် လူကြီးတွေဟာ ဆရာတွေမဟုတ်ဘဲ လေ့လာသူတွေသာဖြစ်ကြရပါမယ်လို့ဆိုပါတယ်။

၂။ အသိပညာ

”အသိပညာဗဟုသုတဆိုတာ ပိုမိုကောင်းမွန်သောပြောင်းလဲမှုအသွင်ပြောင်းစနစ်တစ်ခုဖြစ်တယ်”
တကယ်လို့ သင့်ပတ်၀န်းကျင်မှာရှိတဲ့လူတွေ၊ ကလေးတွေအပါအ၀င်အနီးကပ်ကြည့်မယ်ဆိုရင် ဘယ်လိုအခြေအနေမှာ ဘယ်လိုပြုမူရမယ်ဆိုတာကို အကောင်းဆုံးသိကြသူတွေဖြစ်ကြပါတယ်။ ဒါ့ကြောင့် ဗဟုသုတဆိုတာ တစ်ဦးချင်းစီကို အချိန်မရွေးသင့်လျော်တဲ့အပြုအမူကို ရှာဖွေနိုင်ဖို့ ပြောင်းလဲစေတဲ့ အရာတစ်ခုဖြစ်ပါတယ်။

၃။ သင့်ရဲ့ အတွင်းစိတ်ထဲက ကလေး

”သင့်အနေနဲ့ တီထွင်ဖန်တီးမှုတစ်ခုဖြစ်လိုလျှင် အရွယ်ရောက်ပြီး လူ့အဘောင်အဖွဲ့အစည်းရဲ့ ပုံသဏ္ဍာန်တွေ ၊ စရိုက်လက္ခဏာတွေ မကူးစက်သေးတဲ့ ကလေးတစ်ယောက်လို နေပါ”
ဒီကနေ့ခေတ်မှာ တီထွင်ဖန်တီးမှုဆိုတာ ကုမ္ပဏီအမျိုးအစားအားလုံးက ၀န်ထမ်းခန့်အပ်တဲ့အခါ အရမ်းလိုချင်နေတဲ့ ကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လူတွေဟာ အသက်ကြီးလာတာနဲ့အမျှ ဒီကျွမ်းကျင်မှုတစ်ခုကို ဆုံးရှုံးလာကြတယ်။
Piagetအတွက် ဖန်တီးမှုကို ဆက်လက်ထိန်းသိမ်းဖို့ အကောင်းဆုံးနည်းလမ်းက သင့်ရဲ့ အတွင်းပိုင်းကလေးနှင့် အဆက်အသွယ် ဘယ်တော့မှ မပျောက်ဆုံးစေဖို့ဖြစ်ပါတယ်။ သင့်အနေနဲ့ ဘ၀ကို ကလေးတွေလို ရှုမြင်နိုင်ဖို့ ကြိုးစားမယ်ဆိုရင် သင်ဟာ တီထွင်နိုင်စွမ်း၊ စိတ်ကူးနိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းတွေကို ဆုံးရှုံးနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကတော့ ကလေးတွေအတွက် သဘာ၀ကျပေမယ့်လည်း အရွယ်ရောက်သူများအတွက် အလွန်ခက်ခဲနေပါလိမ့်မယ်။

၄။ ညဏ်ပညာ (အကင်းပါးမှု)

”သင်ဘာလုပ်ရမယ်ဆိုတာကို မသိတဲ့အခါ ညဏ်ပညာဆိုတာ သင်အသုံးပြုနိုင်တဲ့အရာဖြစ်တယ်”
လူသားတွေဟာ အတွေ့အကြုံကနေ သင်ယူကြတယ်။ ဒါပေမယ့် အတွေ့အကြုံရှိဖို့ဆိုရင် သူတို့ဟာ ညဏ်ရည်ကို သုံးဖို့လိုပါတယ်။ ဒါ့ကြောင့် လူသားတွေက ရှေ့ဆက်တိုးတက်ဖို့ ဗဟုသုတမရှိတဲ့အခါ ဆက်ပြီးတော့ လုပ်ဆောင်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းက သူတို့ရဲ့ ညဏ်ရည်ကို အသုံးပြုဖို့လိုအပ်ပါမယ်။

၅။ မျှတမှု

”မျှတခြင်းဆိုတာ လူတွေရဲ့ လှုပ်ရှားမှုအားလုံးရဲ့ လေးနက်တဲ့စိတ်နေသဘောထားဖြစ်တယ်”
ဘ၀ရဲ့ မျှတမှုကို ရှာဖွေတတ်ဖို့ လိုအပ်ပါတယ်။ တစ်ခါတလေမှာ ဒါကို ပျော်ရွှင်မှုလို့လည်းခေါ်ပါတယ်။ ဒါ့ကြောင့် အရေးကြီးတဲ့အချက်ကတော့ သင့်အနေနဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းပုံနှင့် ပတ်သက်ပြီးတော့ သင်ကြုံတွေခံစားရတဲ့ အရာတစ်ခုဖြစ်ပါတယ်။

Jean Pigetရဲ့ ကိုးကားချက်တွေက သူဟာ စိတ်၀င်စားစရာကောင်းပြီး လိမ္မာပါးနပ်သော စိတ်ပညာရှင်တစ်ယောက်ဖြစ်ကြောင်း၊ကလေးတွေကို ပိုမိုနားလည်နိုင်ဖို့ အဆတ်မပြတ်လုပ်ဆောင်ခဲ့ပါတယ်။ ဒီကနေ့မှာ ကျွန်တော်တို့အားလုံးက ကလေးတွေကို ပိုမိုနားလည်ပြီး သူတို့ရဲ့ စွမ်းရည်ကို ယုံကြည်မှုရှိတဲ့ လူကြီးတွေဖြစ်လာစေဖို့ ပြုစုပျိုးထောင်နိုင်လာပါလိမ့်မယ်။

Chit_May_May

Nyein_Thu

sources-Youaremom

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here