Single Mom တစ်ယောက်ဖြစ်လာရင် ကြုံတွေ့ရမယ့် စိန်ခေါ်မှုများ

0
398
- Advertisement -

လက်တွဲဖော်ရဲ့ ပံ့ပိုးမှုမပါဘဲ ကလေးတွေကို ပြုစုပျိုးထောင်ခြင်းက မိဘနှစ်ယောက်စာတာဝန်ကို တစ်ယောက်တည်းယူထားရတာကြောင့် အရမ်းပင်ပန်းနိုင်ပါတယ်။ သင်ဟာ single mom တစ်ယောက်ဖြစ်လာတဲ့အခါ သင့်ဘဝမှာ အရမ်းစိတ်ဖိစီးမှုအရမ်းများပြီး ကြံ့ကြံ့ခံရမယ့်အချိန်လည်းဖြစ်နိုင်ပါတယ်။

အမျိုးသမီးအများစုက single mother တွေဖြစ်ဖို့ မရည်ရွယ်သော်လည်း ကံမကောင်းအကြောင်းမလှတဲ့အခြေအနေမျိုးကြောင့် single mother တွေဖြစ်လာကြပါတယ်။ Single mother ဖြစ်လာရခြင်း နောက်ခံအကြောင်းရင်းတွေကတော့ တယောက်နဲ့တယောက် တူချင်မှ တူပါလိမ့်မယ်။ လက်ထပ်ပြီး ကိုယ်ဝန်ရှိချိန်မှာမှ ခင်ပွန်းသည်နဲ့ ကွဲသွားလို့၊လက်မထပ်ခင် ကိုယ်ဝန်ရှိခဲ့ပေမယ့် ယောက်ျားလေးဖက်က တာဝန်မယူ၊လက်မထပ်လို့၊ခင်ပွန်းသည် ဆုံးပါးသွားလို့ စသဖြင့် အကြောင်းရင်းအမျိုးမျိုးကြောင့် Single mother ဖြစ်လာရပါတယ်။

single mother တွေဟာ နေ့စဉ်အိမ်မှုကိစ္စတွေနဲ့ ပုံမှန်လုပ်နေကျ မိသားစုအလုပ်တွေကို အမီလိုက်ဖို့ ကြိုးစားရခြင်းအပြင် အိမ်ထောင်ကွဲခြင်း (သို့) လက်တွဲဖော်တစ်ယောက် ဆုံးရှုံးခြင်းနှင့်အတူ အထိုက်အလျောက်နေတတ်သွားတာလည်း ရှိပါတယ်။ တစ်ခါတစ်ရံတွင် ချက်ပြုတ်ခြင်း၊ အိမ်မှုကိစ္စတွေ၊ အလုပ်နှင့်အိမ်ကို ဟန်ချက်ညီစေခြင်းစတဲ့ ဘဝမှာလက်တွေ့ကျသော အရာတွေကို စီမံဖို့ ခက်ခဲတာတွေလည်း ရှိနိုင်ပါတယ်။ တတ်နိုင်သလောက်တော့ လုပ်ပေမယ့် အရမ်းကြိုးစားရတဲ့အခါ စိတ်ဓါတ်ကျလာနိုင်ပါတယ်။ Single Mom တစ်ယောက်ဖြစ်လာရင် ကြုံတွေ့ရမယ့် စိန်ခေါ်မှုများတွေကို မျှဝေပေးချင်ပါတယ်။

၁။ မှီခိုစရာ ဘယ်သူမှမရှိခြင်း

single mom တွေကြုံတွေ့ရတဲ့ အဓိကပြဿနာတစ်ခုက ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ မှီခိုအားထားနိုင်တဲ့ လက်တွဲဖော်တစ်ယောက်မှ မရှိခြင်းဖြစ်ပါတယ်။ ဘယ်သူမှတော့ မပြီးပြည့်စုံပါဘူး။ ဒါပေမယ့် သင်ဟာ မကောင်းတဲ့ မိဘအုပ်ထိန်းမှု အခိုက်အတန့်ကို ဖြတ်သန်းသွားရနိုင်ပါတယ်။ ဘယ့်သူကိုမှ အားကိုးစရာမရှိတဲ့အခါမှာ ကလေးတွေကို ကိုင်တွယ်ရတာ ခက်ခဲလာပြီး ဒေါသပုန်ထတဲ့ မိဘတစ်ယောက်တောင် ဖြစ်လာစေနိုင်ပါတယ်။

သင့်ကလေးနှင့်အတူ တစ်ချို့အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ၊ ဘယ်လိုကိုင်တွယ်ရမှန်းမသိတဲ့အခါ ခဏအချိန်ယူပါ။ သင့်အခန်းထဲကိုသွားပြီး မျက်လုံးတွေပိတ်၊ အသက်ပြင်းပြင်းရှုရှိုက်ပါ။ ကျွမ်းကျင်သူများအဆိုအရ အပန်းဖြေမှုနည်းစနစ်ရှိခြင်း သင့်စိတ်ကို ကြည်လင်စေပြီး ပြန်လည်အာရုံစိုက်ဖို့ ကူညီနိုင်ပါတယ်။ single mom တစ်ယောက်အနေနဲ့ ခဏတာမျှ အချိန်ယူခြင်းက ကလေးတွေအပေါ် ဒေါသပုံမကျအောင် တားဆီးပေးပါတယ်။

၂။ ကိုယ့်ကိုယ်ကို သံသယဝင်ခြင်း

သင်ဟာ single mom တစ်ယောက်ဖြစ်ရင် ကလေးတွေကို အုပ်ထိန်းနေတဲ့ပုံစံက ကောင်း/မကောင်းဆိုတာ သိဖို့ခက်ခဲနိုင်ပါတယ်။ သင့်မှာ လက်တွဲဖော်ရှိရင် သင့်နည်းလမ်းက မှန်လား/မှားလားဆိုတာကို ပြောပေးဖို့ တစ်စုံတစ်ယောက် သင့်မှာရှိပါတယ်။ သင့်ရဲ့အပြုသဘောဆောင်တဲ့ မိဘအုပ်ထိန်းမှုအချိန်မှာ သင့်အားကောင်းကျိုးတွေကို တွေ့မြင်ရဖို့ ကူညီပေးမယ့်သူ တစ်ယောက်ရှိနေပြီး အချိန်တိုတိုလေးအတွင်းမှာ သင့်ကို တိုးတတ်အောင် ကူညီပေးမယ့်သူ တစ်ယောက်ယောက်ရှိနေပါတယ်။

single mom တစ်ယောက်အနေနဲ့ တစ်ယောက်တည်း ဆုံးဖြတ်ချက်ချရတာဖြစ်ပြီး အမြဲတမ်း မလွယ်ကူပါဘူး။ သင်ဟာ မိဘကောင်းတစ်ယောက် ဟုတ်/မဟုတ်ဆိုတာနဲ့ ပတ်သတ်၍ ကိုယ့်ကိုယ်ကို သံသယစဖြစ်လာနိုင်ပြီး သင့်ရဲ့ယုံကြည်မှုကို လျော့နည်းစေနိုင်ပါတယ်။ သင်နှင့် သင့်ကလေးအကြား ဆက်ဆံရေးကို ထိခိုက်စေပါတယ်။

၃။ ဆုံးဖြတ်ချက်ကို တစ်ယောက်တည်း ချမှတ်ရခြင်း

စင်ကယ်မိခင်တွေ ကြုံတွေ့ရမယ့်အခက်အခဲတွေထဲက တစ်ခုက လက်တွဲဖော်မရှိဘဲ ဆုံးဖြတ်ချက်ချရခြင်းဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တွေအားလုံးကို သင်ကိုယ်တိုင်ဆုံးဖြတ်တဲ့အချိန်တိုင်းမှာ စိတ်ဖိစီးမှုတွေ ဖြစ်စေနိုင်ပါတယ်။ သင့်အိမ်အတွက် ဘာဝယ်ရမယ် ဆိုတာကစပြီး ကလေးအတွက် ဘာရွေးချယ်ရမယ်ဆိုတာအထိ အရာရာကို စဉ်းစားဖို့ လိုအပ်လာပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုထားမယ်ဆိုရင် အရာရာတိုင်းက အဆင်ပြေသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ တစ်ယောက်တည်းချရတဲ့ ဆုံးဖြတ်ချက်တွေကို ဂုဏ်ယူစရာအဖြစ် တွေးပါ။ သင့်မှာ မေးခွန်းတွေ အမြဲတမ်းရှိနေမှာ ဖြစ်ပေမယ့် တာဝန်က သင့်ကို ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်စေပါလိမ့်မယ်။ single mom တွေအနေနဲ့ ဆုံးဖြတ်ချက်ကို တစ်ယောက်တည်း ချမှတ်ရတာကြောင့် လွတ်လပ်မှုနှင့် ယုံကြည်မှု ရရှိနိုင်ကြပါတယ်။ အကောင်းဆုံးအပိုင်းက သင်ဆုံးဖြတ်ချက်ချတဲ့အခါ ဘယ်သူတွေနဲ့မှ ညှိုနှိုင်းဖို မလိုတာပါပဲ။

၄။ ပိုက်ဆံနှင့်ပတ်သတ်ပြီး စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှု ခံစားရခြင်း

လူတိုင်းက ပိုက်ဆံနှင့် ပတ်သတ်ပြီး စိုးရိမ်ပူပန်ကြသော်လည်း ငွေရေးကြေးရေးတာဝန်အချို့ကို ထမ်းဆောင်ဖို့ အားကိုးအားထားပြုနိုင်တဲ့သူတစ်ယောက်မျှမရှိသော single mom တွေအတွက် ပိုခက်ခဲနိုင်ပါတယ်။ ရင်ဆိုင်နေရသော အရာတွေအားလုံးထက် ငွေကြေးနှင့် ပတ်သတ်ပြီး စိုးရိမ်ပူပန်ခြင်းက သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာအပေါ် သက်ရောက်နိုင်ပါတယ်။

၅။ ကိုယ့်ကိုယ်ကို ခံစားမှု ပျောက်ဆုံးခြင်း

သင်ဟာ single မိဘတစ်ယောက်ဖြစ်ပါက သင့်အား လူအများစုက Superwoman ဖြစ်ဖို့ မျှော်လင့်ကြပါတယ်။ သင်ဟာ အချိန်ပြည့်အလုပ်လုပ်ပြီး အိမ်ထောင့်တာဝန်ထမ်းဆောင်ဖို့ အိမ်ပြန်လာရတဲ့အခါ သင့်ကိုယ်သင် ဂရုစိုက်ဖို့နင့် သင့်လိုအပ်ချက်တွေကို အလွယ်တကူ မေ့သွားနိုင်ပါတယ်။ မိခင်တစ်ယောက်မဖြစ်လာခင် သင်ဟာ ရည်မှန်းချက်ပန်းတိုင်တွေရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာကို အလွယ်တကူမေ့နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိက်ဖို့ အနည်းဆုံးတစ်ပတ်လျှင် တစ်နာရီလောက် အချိန်ယူသင့်ပါတယ်။ မိဘမဖြစ်ခင်မှာရှိခဲ့တဲ့ ဝါသနာတွေကို ပြန်ကြိုးစားဖို့ အခွင့်အရေးရှိပါသေးတယ်။

Chit_MayMay

LM_Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here