Single Mother ဖြစ်နေခြင်းကြောင့် ရရှိနိုင်မယ့်အကျိုးကျေးဇူးများ

0
257
- Advertisement -

တိုးတက်လာတဲ့ခေတ်ကြီးထဲမှာ ကလေးကို တစ်ယောက်တည်းပြုစုပျိုးထောင်နေတဲ့ Single Mother မို့လို့ဆိုပြီး ဘယ်သူကမှနှာခေါင်းရှုံ့နေကြမှာမဟုတ်ပါဘူး။ အဲ့ဒီလိုလုပ်တဲ့သူရှိတယ်ဆိုရင်လည်း အဲ့ဒီလူကို ရှေးရိုးစွဲတယူသန်အတွေးတွေကြားထဲမှာ ပိတ်မိနေတဲ့လူတစ်ယောက်အဖြစ်ပဲ သတ်မှတ်လိုက်ပါ။ Single Mother ဆိုတာက ကိုယ့်ရဲ့ကလေးကို ရဲရဲဝံ့ဝံ့နဲ့ တစ်ယောက်တည်းပြုစုပျိုးထောင်နေတာဖြစ်ပြီး အဲ့ဒီရဲ့ကောင်းကျိုးကောင်းကွက်လေးတွေကို ဖော်ပြချင်ပါတယ်။

၁။ ကလေးနဲ့မိခင်အကြား ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေတယ်။

အမေတစ်ခု၊ သားသမီးတစ်ခု ဘဝပဲရှိတဲ့နောက် တခြားဘယ်အရာကိုမှ တောင့်တနေစရာမလိုအပ်တော့ပါဘူး။ သားသမီးနဲ့ကိုယ့်အကြားနှစ်ယောက်တည်းမှာပဲ တန်ဖိုးရှိတဲ့အချိန်တွေကို ကုန်ဆုံးနိုင်ပါတယ်။ သားသမီးဖြစ်သူကလည်း ဒီမေမေတစ်ယောက်တည်းရှိတာကြောင့် သေချာပေါက်အချစ်ပိုမှာဖြစ်ပြီး မေမေ့အတွက်လည်း လောကကြီးထဲမှာ ဒီသားသမီးကိုပဲ ချစ်မြတ်နိုးစရာရှိတာကြောင့် ဒီချစ်ခြင်းမေတ္တာတရားက ပြိုင်စံရှားတဲ့ချစ်ခြင်းမေတ္တာတရားဖြစ်နေပါလိမ့်မယ်။ သားသမီးတွေအတွက် ကိုယ့်ရဲ့အရေးပါမှုကို မလျှော့ချလိုက်ပါနဲ့။ သူတို့နဲ့အတူ ရုပ်ရှင်အတူတူကြည့်တာမျိုး၊ စာအုပ်ဖတ်တာမျိုး နဲ့ သူတို့နဲ့အတူကစားပေးတာမျိုးတွေကို ပြုလုပ်ပေးသင့်ပါတယ်။

- Advertisement -

၂။ ကလေးကအပေါင်းအသင်းပိုမိုဝင်ဆံ့လာနိုင်မယ်။

အုပ်ထိန်းသူမိဘတစ်ယောက်တည်းရဲ့လက်အောက်မှာ ကြီးပြင်းလာတဲ့ကလေးတွေကို ဝိုင်းဝန်းအားပေးကြတဲ့ လူ့အသိုင်းအဝိုင်းရှိနေပြီး ကလေးအတွက်လည်း အဲ့ဒီကနေတစ်ဆင့် ကောင်းကျိုးတွေအများအပြားရရှိနိုင်ပါတယ်။ ဒါ့အပြင် သားသားမီးမီးတို့ကို တစ်ယောက်တည်း ပြုစုစောင့်ရှောက်နေတဲ့ ချစ်မေမေတို့ကလည်း Single Mother တွေကို ထောက်ပံ့ပေးတဲ့အဖွဲ့အစည်းတွေမှာ အဖွဲ့ဝင်ထားသင့်ပြီး ကလေးရဲ့ ပညာရေးဆိုင်ရာကိစ္စရပ်တွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှုပ်ရှားဖို့လိုအပ်ပါတယ်။

၃။ တာဝန်တွေမျှဝေယူတတ်ကြမယ်။

မေမေတစ်ယောက်တည်းရဲ့ အုပ်ထိန်းမှုအောက်ကနေ ကြီးပြင်းလာတဲ့ကလေးတွေက မေမေတို့ရဲ့ အိမ်မှုကိစ္စတာဝန်တွေကိုလည်း မျှဝေယူနိုင်ကြပြီး ပူးပေါင်းလုပ်ဆောင်ခြင်းရဲ့ တန်ဖိုးကို ကောင်းကောင်းနားလည်နိုင်ပါတယ်။ မေမေတို့ကလည်း သားသားမီးမီးတို့ရဲ့ အသက်အရွယ်နဲ့ လိုက်လျောညီထွေဖြစ်မယ့် အိမ်အလုပ်တာဝန်တွေကို ခွဲဝေပေးထားသင့်ပြီး အဲ့ဒါမှပဲ အရွယ်ရောက်လာတဲ့အချိန်မှာ တာဝန်သိတတ်သူတွေဖြစ်လာနိုင်မှာပါ။ ကလေးတွေက အိမ်အလုပ်ကူလုပ်တဲ့အချိန်မှာ သူတို့ရဲ့ကြိုးစားအားထုတ်မှုနဲ့ ပတ်သက်ပြီး ချီးကျူးစကားပြောကြားပေးတာမျိုး၊ ကိုယ်က သူတို့ကို အကူအညီတောင်းမယ်ဆိုရင် အသေးစိတ်ကျကျ အကူအညီတောင်းကြည့်တာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

၄။ ကလေးတွေက ပိုမိုရင့်ကျက်လာနိုင်မယ်။

တစ်ယောက်တည်းရှိတဲ့မေမေက သားသမီးကို ကောင်းကောင်းမွန်မွန်ထားနိုင်ဖို့ အလုပ်ကြိုးစားနေတာကို မြင်နေရတဲ့နောက် သားသမီးဖြစ်သူကလည်း သူ့အတွက် တစ်ယောက်တည်းရှိတော့တဲ့ အမေကို ကူညီပေးနိုင်ဖို့ စဥ်းစားနေမှာပါ။ ဒါက ရင့်ကျက်မှုတစ်ခုဆိုပေမယ့် မေမေတို့ဆီက လမ်းညွှန်မှုတွေကို လိုအပ်နေဆဲဖြစ်ပါတယ်။ တကယ်လို့ကိုယ့်ရဲ့ကလေးက စိတ်ပျက်နေတယ်ဆိုရင် စာနာထောက်ခံပြီး အားပေးရပါမယ်။ ဒီလိုမျိုးအတွေ့အကြုံတွေက ကလေးငယ်တွေကို နောင်တစ်ချိန်မှာ စာနာပြီးဂရုစိုက်တတ်တဲ့ လူကြီးတွေဖြစ်လာစေပါလိမ့်မယ်။ သူတို့တွေဝမ်းနည်းစိတ်ပျက်တာကို တားဆီးနိုင်စွမ်းမရှိပေမယ့် သူတို့ရဲ့စိတ်ခံစားချက်တွေမှန်ကန်အောင် မေမေတို့က သွန်သင်လမ်းပြနိုင်ပါသေးတယ်။

၅။ မိဘရဲ့အရေးပါမှုကို သိရှိနားလည်လိမ့်မယ်။

အမေတစ်ခု၊ သားသမီးတစ်ခု ကြီးပြင်းလာရတဲ့ သားသမီးတွေက သူတို့မိဘတွေရဲ့ အရေးပါမှုကို ကောင်းကောင်းနားလည်ထားမှာဖြစ်ပြီး မိသားစုရဲ့လိုအပ်ချက်၊ သူတို့ကိုယ်တိုင်ရဲ့လိုအပ်ချက်နဲ့ အခြားသောလိုအပ်ချက်တွေကို ဟန်ချက်ညီမျှစေအောင် သင်ကြားပေးထားဖို့လည်း လိုအပ်ပါတယ်။

#HM

#ChitMayMay

Source: momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here