Single – Mother အဖြစ် အောင်မြင်နိုင်သော နည်းလမ်း (၅) ချက်

0
82
- Advertisement -

၁။ သင့်မှာ ရွေးချယ်ခွင့်တွေရှိနေတယ်ဆိုတာ သတိရပါ

singl-mother ဘဝကို ရောက်လာတဲ့အခါ မိခင်တော်တော်များများဟာ တုန်လှုပ်တတ်ကြပါတယ်။ အံ့ဩစရာတစ်ခုအဖြစ် ရှိနေပြီး လူ့ပတ်ဝန်းကျင်နဲ့ ဆန့်ကျင်နေတဲ့ အဖြစ်အပျက်တစ်ခုအဖြစ် လူတွေလက်ခံထားကြပါတယ်။ သင့်ရဲ့ ကံကြမ္မာဟာ သင့်ဘဝကို တကယ်ကို ဆန့်ကျင်နေခဲ့တာလား။ မထိုက်တန်တာတွေဖြစ်နေတယ်လို့ ခံစားနေရတာလား?

ဒါပေမယ့် သင်တကယ်တွေးရမှာက သင့်ကလေးရဲ့ ဘဝတိုးတက်မှုမှာ သင်ဟာ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေတယ်ဆိုတာ သတိရပါ။ ဒီလိုမလိုချင်ဘဲရရှိလာတဲ့ ဘဝတွေထဲကနေ သင့်ဘဝရဲ့ အရေးကြီးတဲ့နေရာတိုင်းမှာ ရွေးချယ်စရာတစ်ခုရှိလာပါလိမ့်မယ်။ ဒါဟာ နောက်ဆုံးမှာ သင့်ဘဝအတွက် သင်လိုချင်တဲ့အရာတွေကို အသေအချာပြုပြင်မွမ်းမံနိုင်ပါတယ်။ မည်သူတစ်ဦးတစ်ယောက်ရဲ့ ဝင်ရောက်စွက်ဖက်မှုမှ မပါဝင်ဘဲနဲ့ပေါ့။

- Advertisement -

၂။ ထောက်ပံ့ပေးတဲ့ စနစ်တစ်ခုကို ဖောက်ထွက်ကြိုးစားပါ

သင့်မှာ အချိန်ပိုအလုပ်တွေ လုပ်ရတော့မယ်၊ သင်ဖျားနာနေတဲ့ နေ့တွေရှိလာမယ်၊ သင့်အနေနဲ့ ဆိုးဆိုးရွားရွားအသည်းကွဲတဲ့နေ့တွေလည်း ရှိပါလိမ့်မယ်။ ဒါတွေအားလုံးကို သင်ကိုယ်တိုင် ထိန်းကျောင်းနိုင်လာပါလိမ့်မယ်။ ပြီးရင်တော့ ဘယ်တော့မှ နောက်ပြန်မလှည့်ပါနဲ့တော့။ ဒီအရာတွေဟာ လူသားတစ်ယောက်ဖြစ်ရခြင်းရဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။ အဲ့ဒီ့လိုပဲ Single-Mother ဘဝဆိုတာကလည်း ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။

သင်လိုအပ်တဲ့အချိန်မှာ ကူညီထောက်ပံ့ပေးတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပါ။ အပြန်အလှန် support ပေးဖို့ ဖော်ရွေပြီး ရင်းနှီးဖို့ကောင်းတဲ့ အိမ်နီးချင်းတွေကို ဆက်သွယ်ထားပါ။ သင်ယုံကြည်တဲ့ သူငယ်ချင်းတွေနဲ့ အချိန်ပေးပါ။ single – mother တစ်ယောက်ရဲ့ ဖြစ်တည်မှုကို ပုံမှန်လူတစ်ယောက်လိုပဲ အလိုက်သင့်ပြုမူနေထိုင်ပါ။ သနားညှာတာဟန် အကူအညီတွေကို ငြင်းပယ်ခြင်းက သင့်ကိုယ်သင် ရှာတွေ့နိုင်ပါတယ်။ နောက်ပြီး သင်ရရှိလာတဲ့ အကူအညီတွေကို ဘယ်လိုအသုံးချမယ်ဆိုတာ စဉ်းစားပါ။ ဒါဟာ သင့်ရဲ့ တစ်ဦးတည်ပိုင် အခွင့်အရေးဖြစ်ပါတယ်။

၃။ ကိုယ့်ကိုယ်ကိုယ်အချိန်ပေးပါ၊ အတူတကွအချိန်ကုန်ဆုံးပါ

အချိန်ဟာ တန်ဖိုးရှိပါတယ်။ အဲဒီလိုပြောပြီးတော့ single-mother တစ်ယောက်အနေနဲ့ ဒီလိုအခြေအနေတွေနဲ့အတူ ပိုပဲ့တင်ထပ်လာပါလိမ့်မယ်။ အလုပ်တွေ၊ အဝတ်လျှော်ဖို့တွေ၊ သင့်ကလေးကို ကျောင်းပို့ဖို့အတွက်၊ ရေခဲသေတ္တာကို ထပ်ဖြည့်ဖို့ စသည် စသည်အလုပ်များစွာဟာ သင့်ကို ရှော့ခ်ရစေပါလမ့်မယ်။ single – mother ဘဝမှာ အလွတ်လပ်ဆုံးသော အတွေ့အကြုံတွေထဲက တစ်ခုကိုလည်း တွေ့လာရပါလိမ့်မယ်။ self-care လုပ်ဖို့လည်း နေ့စဉ်နေ့တိုင်း သင့်ကိုယ်သင်အတွက် အချိန်ပေးပါ။

၄။ ငွေကြေးကိစ္စတွေကို ဂရုစိုက်ပါ

single-mother တစ်ယောက်အနေနဲ့ အရေးကြီးတာနောက်တစ်ခုက ငွေကြေးကိစ္စကို ကောင်းကောင်းစီမံခန့်ခွဲရပါမယ်။ သင့်ရဲ့ ခင်ပွန်းဟောင်းရဲ့ ထောက်ပံ့မှုရရှိသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သင့်မှာ ငွေကြေးနဲ့ ပတ်သက်ပြီး ခန့်မှန်းပြီးစီမံခန့်ခွဲထားတာမျိုးရှိသင့်ပါတယ်။ ကျန်းမာရေး၊ ပညာရေးနှင့် ခရီးစရိတ် နောက်ပြီး အရေးပေါ် အချိန်တွေအတွက်အထိ စဉ်းစားသင့်ပါတယ်။

၅။ သင့်ရဲ့ စံပြတွေထားပါ

လူတိုင်းဟာ လှုံ့ဆော်မှုတွေနဲ့အတူ ရှေ့ဆက်နေရတာဖြစ်ပါတယ်။ Single-mother တစ်ယောက်ဖြစ်လာတဲ့အခါ သာမန်လူတွေထက် ဒီအချက်ဟာ ပိုမှန်ကန်နေတတ်ပါတယ်။ မိသားစုစုံစုံလင်လင်ဘဝတွေကို သင်မြင်တွေ့ရတဲ့ အခါ အနည်းဆုံးတော့ ဝမ်းနည်းပါလိမ့်မယ်။ သို့ပေမယ့် ကမ္ဘာပေါ်မှာ Single-mother ဆိုတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ Single – Mother တစ်ယောက်အဖြစ်နဲ့ ဘဝကို အောင်အောင်မြင်မြင်ဖြတ်သန်းသွားသူတွေမြောက်များစွာရှိပါတယ်။ ဒါ့ကြောင့် ကြံ့ကြံ့ခိုင်ပါ။ စံပြတစ်ယောက်လောက်ဖြစ်ဖြစ် သတ်မှတ်ထားပါ။

Chit_May_May

Nyein_Thu

LEAVE A REPLY

Please enter your comment!
Please enter your name here