Strong Willed Child (ခေါင်းမာတတ်တဲ့ ကလေး)တွေကို ဘယ်လိုခွဲခြားသိနိုင်မလဲ? သူတို့နဲ့ ဘယ်လိုဆက်ဆံမလဲ?

0
139
- Advertisement -

“”ရေချယ်ဟာ ကြမ်းပြင်ပေါ်မှာထိုင်ပြီး ခေါင်းမာနေတဲ့ သူမရဲ့ကလေးငယ်ကို ငုံ့ကြည့်ရင်း ဓါတ်လှေကားထဲမှာ မတ်တပ်ရပ်နေခဲ့ပါတယ်။ ကလေးက ခေါင်းကိုနောက်လှန်ပြီး ဓါတ်လှေကားထဲမှာရှိနေတဲ့ အခြားသူတွေရဲ့ အာရုံစိုက်မှုနဲ့ စာနာမှုကို ရယူဖို့ အကျယ်ကြီးအော်ငိုနေပါတယ်၊ ထိုအချိန်မှာ ရေချယ်ဟာ ငိုချင်နေပေမယ့် မိဘတစ်ယောက်အနေနဲ့ ချုပ်တည်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ သူမဟာ ကလေးငယ်ရှေ့မှာ ဒူးထောက်ထိုင်ပြီး အေးဆေးငြိမ်သက်စွာပြောလိုက်ပါတယ်။ ဓါတ်လှေကားပွင့်သွားတဲ့အခါ သူမက တခြားသူတွေအား ပြုံးပြလိုက်ပါတယ်။ သူ့သားကို ကြမ်းပြင်ကနေ ကောက်ပွေ့ပြီး ဓါတ်လှကားထဲမှ ထွက်လာခဲ့ပါတယ်။””

ဒီလိုကိစ္စမျိုးက သင်နဲ့ အကျွမ်းတဝင်ဖြစ်နေရင် သင့်ကလေးဟာ ခေါင်းမာတတ်ပြီး ဇွဲကောင်းတဲ့ ကလေးတစ်ယောက် ဖြစ်နိုင်ပါတယ်။ ခေါင်းမာတဲ့ ကလေးရှိခြင်းက ပင်ပန်းရပေမယ့် ကံကောင်းတယ်လို့ ယူဆလိုက်ပါ။ သင့်အနေနဲ့ သူတို့ကို ဘယ်လိုလမ်းညွှန်ရမလဲ? ဆိုတာသာ သိဖို့လိုအပ်ပါတယ်။

ဘယ်သူတွေက ခေါင်းမာတဲ့ ကလေးတွေလဲ?

- Advertisement -

သူတို့ဆန္ဒရှိတာကိုဖြစ်အောင်လုပ်တတ်တဲ့ ၊ ခေါင်းမာတဲ့ ကလေးတွေဟာ ကိုယ့်ဘဝကိုယ် ထိန်းချုပ်လိုတဲ့ ဆန္ဒရှိသူတွေဖြစ်ကြပါတယ်။ သူတို့ကို ရာဇသံပေးမယ်၊ အာဏာနဲ့ အမိန့်ပေးမယ်ဆိုရင် ပုန်ကန်ရတာ၊ စည်းမျဉ်းစည်းကမ်းတွေကို စိန်ခေါ်ရတာ နှစ်သက်ပါတယ်။ သူတို့လုပ်ချင်တာကို မလုပ်ရဘူးဆိုရင် ဒေါသထွက်ကြပါလိမ့်မယ်။

သင်ဟာ ခေါင်းမာတဲ့ ကလေးကို ဘယ်လိုခွဲခြားသိနိုင်မလဲ? သူတို့မှာ ဘယ်လိုလက္ခဏာတွေ ရှိသလဲ? အောက်မှာ ခေါင်းအမာဆုံးကလေးတွေမှာ တွေ့ရလေ့ရှိတဲ့ ထူးခြားသော လက္ခဏာတွေကို ဖော်ပြထားပါတယ်။

“ခေါင်းမာတဲ့ ကလေးငယ်တွေမှာ အတွေ့ရအများဆုံး လက္ခဏာများ”

၁။ သူတို့က ဆရာလုပ်တတ်ကြပါတယ်

တခြားကလေးတွေနဲ့ မတူဘဲ ကိုင်တွယ်ရခက်တဲ့ ကလေးတွေဟာ စိတ်ကူးကို လက်တွေ့အဖြစ်ပြောင်းလဲဖို့ နည်းလမ်းတွေကို မကြာခဏ စဉ်းစားလေ့ရှိပြီး ဘယ်လိုအခြေအနေတွေ ဖြစ်သင့်တယ်ဆိုတာနဲ့ ပတ်သတ်ပြီး သူတို့စိတ်ထဲမှာ အမြင်တစ်ခုရှိပါတယ်။ သူတို့ကိုယ်တိုင် လက်တွေ့လေ့လာမှ ယုံကြည်တဲ့သူတွေ ဖြစ်ကြသလို သူတို့က လူကြီးတွေကိုတောင် ဘာလုပ်ရမလဲဆိုတာ ပြောဖို့ မရှက်တတ်ကြပါဘူး။

၂။ သူတို့ မလုပ်ချင်တာတွေကို လုပ်ခိုင်းရင် ငြင်းဆန်ကြပါတယ်

strong-willed ကလေးငယ်ကို သူမလုပ်ချင်တဲ့ အရာတစ်ခုခု လုပ်ဖို့စည်းရုံးရင် သင့်စွမ်းအင်နဲ့ အချိန်ကို ဖြုန်းတီးရုံသက်သက်သာ ဖြစ်ပါလိမ့်မယ်။ သူတို့လုပ်ချင်လာစေဖို့ ဖန်တီးမှုနဲ့ ဆန်းသစ်တီထွင်မှုနည်းလမ်းတွေကို ရှာဖို့သာ လိုအပ်ပါတယ်။

၃။ သူတို့မှာ ပြင်းထန်တဲ့ ဒေါသပေါက်ကွဲမှုတွေ ရှိကြပါတယ်

ကလေးငယ်လေးတွေ အားလုံးက ဝုန်းဒိုင်းကြဲတတ်ကြပေမယ့် strong willed ကလေးတစ်ယောက်ကတော့ လွယ်လွယ်နဲ့ မပြေနိုင်တဲ့ ပြင်းထန်သော ဒေါသတွေ ပြသနိုင်ပါတယ်။ သူတို့မှာ သည်းခံစိတ်နည်းပြီး လူမှုရေးအရ သင့်လျော်တဲ့ ဟန်ပန်ဖြင့် သူတို့ရဲ့ ဒေါသကို ထုတ်ပြဖို့ အားထုတ်ကြပါတယ်။

၄။ သူတို့က စိတ်မရှည်တတ်ကြပါဘူး

ဒီကလေးတွေဟာ ကုန်စုံစတိုးဆိုင်မှာ တန်းစီရမှာတို့၊ သွားဆရာဝန်ရဲ့ ရုံးခန်းမှာ ထိုင်စောင့်ရမှာတို့၊ ကစားတဲ့အခါ သူတို့အလှည့်စောင့်ရမှာတို့ဆိုရင် မုန်းကြပါတယ်။ သူတို့က အရမ်းစိတ်မရှည်တဲ့သူတွေဖြစ်ပြီး အရာအာလုံးကို သူတို့စိတ်တိုင်းကျ မြန်မြန် လုပ်ချင်ကြပါတယ်။

၅။ သူတို့ဟာ ကိုယ်ပိုင်စည်းကမ်းတွေ ထုတ်ချင်ကြပါတယ်

သူတို့က သင့်ရဲ့ထင်မြင်ချက်ကို နားမထောင်ချင်ပါဘူး။ အဲ့ဒီအစား သူတို့နည်းလမ်းအတိုင်း လုပ်ဖို့ အပြင်းအထန် တောင်းဆိုတတ်ကြပါတယ်။ သူတို့ဟာ ကိုယ်ပိုင်ဂိုက်လိုင်း၊ စည်းမျဉ်းတွေ ချမှတ်ရတာ နှစ်သက်ပါတယ်။

၆။ သတိပေးချက်တွေကို လျစ်လျူရှုတတ်ကြပါတယ်

Strong willed ကလေးတွေဟာ အကြားအာရုံကောင်းပြီး သူတို့လိုအပ်ချက်၊ အလိုဆန္ဒနဲ့ မကိုက်ညီတဲ့အရာတွေကို ညှိနိုင်ကြပါတယ်။

၇။ သူတို့ရဲ့ ကိုယ်ပိုင်အရှိန်အဟုန်မှာ ရွေ့လျားရတာ ကြိုက်ပါတယ်

စိတ်အားထက်သန်တဲ့ ကလေးတွေဟာ မြန်မြန်ပြော၊ မြန်မြန်စားတတ်ကြပေမယ့် သူတို့စိတ်မဝင်စားတဲ့အရာကို လုပ်ခိုင်းရင် ခရုလိုနှေးသွားတတ်ကြပါတယ်။

၈။ သူတို့လိုချင်တာကို ရချင်ကြပါတယ်

သူတို့လေးတွေဟာ လိုအပ်ချက်နဲ့ လိုအင်ဆန္ဒကြား ခြားနားချက်ကို နားလည်ကြပါတယ်၊ သူတို့မိုးရေထဲမှာ ကစားချင်တာပဲဖြစ်ဖြစ်၊ မနက်စာ ဒိုးနပ်စားချင်တာပဲဖြစ်ဖြစ် သူတို့ဖြစ်ချင်တဲ့အရာကို ရသင့်တယ်လို့ အတင်းအကျပ် တောင်းဆိုပါလိမ့်မယ်။

၉။ ဘာ့ကြောင့်လဲဆိုတာ သိဖို့ အမြဲတောင်းဆိုကြပါတယ်

strong willed ကလေးတွေနဲ့ ပတ်သတ်ပြီး မကောင်းတဲ့အရာတွေနဲ့ ကောင်းတဲ့အရာတစ်ခုက “သင်ဘာ့ကြောင့် တစ်ချို့ကန့်သတ်ချက်တွေ ချသလဲ” (သို့) “သူတို့ ဘာ့ကြောင့်ဒါကို လုပ်လို့မရဘူးလဲ” ဆိုတာ သိချင်ကြပါတယ်။ သူတို့က သင့်ဆုံးဖြတ်ချက်တွေ၊ စည်းမျဉ်းတွေကို မေးခွန်းထုတ်ပါလိမ့်မယ်။

၁၀။ သူတို့က အမြဲတမ်း ငြင်းခုန်နိုင်ပါတယ်

ဒီကလေးတွေက အလွယ်တကူ လက်မလျှော့တတ်ကြပါဘူး၊ သူတို့ဟာ အာဏာလွန်ဆွဲမှုတွေမှာ စစ်ထိုးရတာကို နှစ်သက်ပြီး သူတို့ရဲ့ ခေါင်းမာတဲ့ဇွဲက တခြားသူတွေကို ပင်ပန်းနွမ်းနယ်စေတာကြောင့် သူတို့အတွက်တော့ အလုပ်ဖြစ်ပါတယ်။ ထောက်ချောက်ထဲ မကျမိအောင် ကြိုးစားပါ။

ယခုအချိန်မှာ strong willed ကလေးတစ်ယောက်ဟာ ခွဲဖို့ ခက်တဲ့ အခွံမာသီးဖြစ်ကြောင်း ရှင်းနေပါတယ်။ ဒါ့ကြောင့် သူတို့လေးအတွက် မိဘအုပ်ထိန်းမှု နည်းဗျူဟာ လိုအပ်ပါတယ်။

“ခေါင်းမာတဲ့ ကလေးတစ်ယောက်ကို ငြိမ်းချမ်းစွာ ပြုစုပျိုးထောင်ဖို့ သိကောင်းစရာများ”

သင့်နည်းဗျူဟာက ထူးထူးခြားခြားမဟုတ်ရင် မဖြစ်နိုင်ပါဘူး။ သင့်ကလေးကို စောင့်ကြည့်ပြီး သင့်ရဲ့ချဉ်းကပ်မှုကို စိတ်ကြိုက်ပြုပြင်ပါ။

၁။ လေးစားမှုပေးပါ၊ စာနာပါ

ဒီလိုခေါင်းမာတတ်တဲ့ ကလေးတွေဟာ လေးစားမှုအတွက် တိုက်ပွဲဝင်တတ်ကြပါတယ်။ သူတို့ကို လေးစားမှုပေးရင် သူတို့ရဲ့ ရပ်တည်ချက်ကို ကာကွယ်ဖို့ တိုက်ခိုက်မှာမဟုတ်ပါဘူး။

၂။ သူ့စကားကို နားထောင်ပေးပါ

လူကြီးတစ်ယောက်အနေနဲ့ ကျွန်မတို့ဟာ အကောင်းဆုံးကို သိတယ်လို့ ယူဆမိနိုင်ပါတယ်။ သို့သော် ဒီလိုကလေးတစ်ယောက်မှာ သူ့ရပ်တည်ချက်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားတဲ့ ရှု့ထောင့်တစ်ခုရှိပြီး သူ့အတွက် အရေးကြီးတဲ့အရာကို ကာကွယ်ဖို့ ကြိုးစားတတ်ပါတယ်။ သူ့စကားကို နားထောင်ပေးပြီး သူပြောလိုတဲ့ အချက်ကို နားလည်ပေးခြင်းအားဖြင့်သာ ဘယ်အရာတွေက သူ့ကို ဆန့်ကျင်စေသလဲဆိုတာ သိပါလိမ့်မယ်။ သူ့ကို အကဲဖြတ်ခြင်းမရှိတဲ့ သိလိုစိတ်နဲ့ အမြဲတမ်းနားထောင်ပေးပြီး အသိအမှတ်ပြုပေးပါ။

၃။ ကလေးကို ရွေးချယ်မှုတွေပေးပါ

သူ့ကို အမိန့်ပေးမယ်ဆိုရင် မျက်နှာထား ကိုယ်အမူအရာ တင်းသွားတာကို တွေ့ပါလိမ့်မယ်။ သူ့ကို ရွေးချယ်စရာတစ်ခု ကမ်းလှမ်းပါက သူဟာ သူ့ကိုယ်ပိုင်ကံကြမ္မာရဲ့ သခင်လို ခံစားရပါလိမ့်မယ်။ သင်ကိုင်တွယ်နိုင်တဲ့ ရွေးချယ်မှုတွေကိုသာ ကမ်းလှမ်းပါ။ သင့်ရဲ့အာဏာကို လက်လွှတ်ရလို့လည်း မကျေမနပ်မဖြစ်ပါနဲ့။

၄။ စိတ်အားထက်သန်တဲ့ ကလေးတွေဟာ အတွေ့အကြုံရှိ သင်ယူသူတွေ ဖြစ်ကြပါတယ်

သင်က ပျက်စီးမှာ၊ ပြင်းထန်တဲ့ ဒဏ်ရာရမှာကို စိုးရိမ်ပူပန်နေတယ်ဆိုရင် သူတို့ကို အတွေ့အကြုံတွေကနေ တဆင့် လေ့လာသင်ယူခွင့်ပေးပါ။ စိတ်ဓါတ်တက်ကြွတဲ့ ကလေးငယ်တွေဟာ သင့်ရဲ့ကန့်သတ်ချက်တွေကို အမြဲတမ်းစစ်ဆေးဖို့ မျှော်လင့်နိုင်ပါတယ်။

၅။ အာဏာလွန်ဆွဲမှုတွေကို ရှောင်ပါ

ကလေးရဲ့ ဆန္ဒကို ချိုးဖောက်ဖို့၊ သင့်အမြင်ကို လိုက်နာစေဖို့ အတင်းအကျပ် မလုပ်သင့်ပါဘူး၊ ကလေးက သင်ဖြစ်ချင်တာကို လုပ်ဖို့ လိုပေမယ့် သူ့ရဲ့အမြင်နဲ့ ချဉ်းကပ်မှုကို ခွင့်ပြုထားသင့်ပါတယ်။

၆။ အရာအားလုံးထက် ပိုကျွမ်းကျင်တတ်ကြပါတယ်

တတ်နိုင်သမျှ သူရဲ့လုပ်ဆောင်မှုတွေကို တာဝန်ယူပါစေ။ “ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူး”ဆိုတာ နားပူနားဆာ သွားမလုပ်ပါနဲ့။ သူ့ကိုယ်သူ တာဝန်ရှိတယ်၊ လွတ်လပ်မှုရှိတယ်လို့ ခံစားရရင် ဆန့်ကျင်လိုစိတ် နည်းသွားပါလိမ့်မယ် ။ ခေါင်းမာတတ်တဲ့ ကလေးတွေဟာ သူတို့ဘဝကို စောစောစီးစီး တာဝန်ယူတတ်ကြပါတယ်။

Strong willed ကလေး (သို့) ကိုယ့်ဆန္ဒကို ခေါင်းမာစွာ လုပ်တတ်တဲ့ ကလေးငယ်တွေကို ကိုင်တွယ်ရတာက စိန်ခေါ်မှုတစ်ခုဖြစ်သော်လည်း နေ့စဉ်တိုက်ပွဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ နည်းလမ်းများစွာရှိပါတယ်။ ဒါ့ကြောင့် မေမေတို့အနေနဲ့ ဒီနည်းလမ်းတွေကိုသာ သိထားဖို့ လိုပါတယ်။

Chit_MayMay

LM_Nandar

Source-momjunction

Chit MayMay မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here