Fort Worth ရဲအရာရှိ Damon Cole ဆိုသူဟာ သူ့ရဲ့ကျည်ကာအကျီ ၤမှာအမြဲ စူပါမန်းရဲ့ အမှတ်တံဆိပ်ကို တတ်ထားပါတယ်။ ရဲတစ်ယောက်အနေနဲ့ ဘာလို့ ဒီစူပါမန်တံဆိပ်ကြီးတပ်တပ်လာတာလဲလို့ မေးတဲ့အခါ Damon Cole ဟာ သူရဲ့အားလပ်အချိန်တွေဆို ဒီလို စူပါဟီးရိုးဝတ်စုံဝတ်ပြီး နာမကျန်ဖြစ်နေတဲ့ကလေးငယ်တွေကို အားပေးစောင့်ရှောက်ခြင်း၊ ကူညီခြင်းတို့ကိုပြုမူပါတယ်လို့ဆိုပါတယ်။ နာမကျန်းဖြစ်နေတဲ့ ကလေးငယ်တွေအတွက် စိုးရိမ်မှုမရှိအောင်၊ အားတက်အောင်လို့ သူတို့ အထင်ကြီးအားကျတဲ့ စူပါဟီးရိုးတွေရဲ့ဝတ်စုံကို ဝတ်ဆင်ပြီး သွားရောက်စောင့်ရှောက်ပေးတာက သာမန်ထက်ပိုပြီး ကလေးတွေကို မြန်မြန်နေကောင်းစေပါတယ်လို့ဆိုပါတယ်။
Damon Cole ဟာ၂၀၁၂ခုနှစ် Dallas မြို့မှာ တာဝန်ကျတဲ့အခါ အနီးနားက ဆေးရုံဆေးခန်တွေမှာရှိတဲ့ကလေးငယ်တွေကို စူပါမန်းဝတ်စုံဝတ်ပြီး ပြုစုစောင့်ရှောက်မှုတွေပြုလုပ်ခဲ့ပါတယ်။
၂၀၁၅ခုနှစ်မှာလည်း မိမိအလုပ်အားတဲ့အခါ အီလီနွိုက်ပြည်နယ်မှာရှိတဲ့ ကင်ဆာရောဂါခံစားနေရသော ၇နှစ်အရွယ်ကောင်လေးကို စူပါမန်းဝတ်စုံဝတ်ပြီး ၁၁နာရီကြာတဲ့အထိ ကားလည်ပတ်မောင်းပြီး ထိုကလေးကို ပျော်ရွှင်အောင် ပြုစုစောင့်ရှောက်မှုတွေပြုလုပ်ခဲ့ပါတယ်။
Iron Man ဝတ်စုံဝတ်ပြီး ထိုကလေးနေတဲ့ ကျောင်းကိုလည်း သွားရောက်လည်ပတ်ခဲ့ပါတယ်။
Bat man စီးတဲ့ကားလို သူစီးတဲ့ Doge ကားကိုလည်း စူပါမန်းဒီဇိုင်းပြောင်းပြီး စိတ်ကြိုက်ပြုပြင်ထားတယ်လို့လည်း သိရပါတယ်။
Cole ဟာ တစ်ချိန်က သူ့သမီး Savannah နေမကောင်းတဲ့အခါ ခုလိုမျိုးနည်းနဲ့ ပြုစုစောင့်ရှောင်ရင် ကလေးတွေအတွက် ဒီလိုနည်းလေးနဲ့စောင့်ရှောင်ဖို့အကြောင်းပြချက်ဖြစ်လာတယ်လို့ အင်တာဗျူးတစ်ခုမှာပြောပြခဲ့ပါတယ်။
Damon Cole ရဲ့ ရည်ရွယ်ချက်ဟာ အရွယ်နဲ့မလိုက်အောင် ရောဂါကြီးတွေ ခံစားနေရတဲ့ကလေးငယ်တွေအတွက် စိတ်ဓာတ်ခွန်အားတွေရရှိစေဖို့နဲ့ သူတို့အသက်ရှင်နေတဲ့ အချိန်အတောအတွင်းမှာ စိတ်ချမ်းချမ်းသာသာနဲ့ နေသွားနိုင်အောင် စေတနာဝန်ထမ်းအဖြစ် အခမဲ့လိုက်ပြီး ကူညီပေးနေတာပဲဖြစ်ပါတယ်။ ကလေးတွေအရမ်းကို လေးစားပြီး ကြိုက်နှစ်သက်တဲ့ စူပါဟီးရိုးများစွာရဲ့ သဏ္ဍာန်ကိုယူပြီး ကလေးငယ်တွေရဲ့ ဘဝကိုစိတ်ချမ်းသာအောင် ပြုစုစောင့်ရှောင်ပေးနေတဲ့ ဒီလိုရဲဝန်ထမ်းတစ်ယောက်ရဲ့စိတ်ဓာတ်ကတော့ တကယ့်ကို လေးစားစရာကောင်းလှပါတယ်။
Lifestyle_Myanmar
Thar_Nage
Zawgyi Font
Superhero ဝတ်စုံဝတ်ပြီး ဝေဒနာခံစားနေရတဲ့ ကလေးငယ်တွေကို အားပေးစောင့်ရှောင့်နေတဲ့ ဦဦးရဲကြီး
Lifestyle_Myanmar
Thar_Nage