Toxic Family ကနေ ကြီးပြင်းလာတဲ့ လူတွေသာ နားလည်နိုင်မယ့် ရုန်းကန်မှု (၃) ခု

0
108
- Advertisement -

Toxic Family ကနေ ကြီးပြင်းလာခြင်းမှာ ၎င်းရဲ့ ကိုယ်ပိုင်အခက်အခဲတွေနှင့် ရုန်းကန်မှုတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးတဲ့ လူတွေကသာ ကောင်းကောင်းနားလည်ကြပါလိမ့်မယ်။

ဟိုအရင်အချိန်တွေကတည်းက မိသားစုဖွဲ့စည်းပုံတွေဟာ လူအဖွဲ့အစည်းရဲ့ အရေးအပါဆုံးစံနှုန်းတွေအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သို့ပေမယ့် ဒီနေ့ခတ်မှာတော့ မိသားစုရဲ့ ဖွဲ့စည်းပုံဟာ တဖြည်းဖြည်းပြိုလဲလာနေပါတယ်။ အဆိပ်အတောက်အမျိုးမျိုးဟာလည်း မိသားစုဖွဲ့စည်းပုံတွေထဲ ဝင်ရောက်လာခဲ့ပါတယ်။ မိသားစုတိုင်းအတွက် နာကျင်မှုနှင့် ဝေဒနာတွေခံစားရနိုင်ပါတယ်။ အရေးကြီးဆုံးကတော့ အဆိပ်သင့်မှုခံနေရတဲ့ မိသားစုဝင်တွေဟာ စိတ်ဖိစီးမှုနဲ့ တစ်ဘဝလုံးစာလုံးလုံးအဆိပ်အတောက်တွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒီတော့ သူတို့မှာ ဘယ်လိုပြဿနာတွေရှိမလဲ? လေ့လာကြည့်ရအောင်။

၁။ ဆက်သွယ်ရေးခက်ခဲခြင်း

တကယ်လို့ သင်ဟာ အဆိပ်သင့်မိသားစုကနေ ကြီးပြင်းလာသူဖြစ်တယ်ဆိုရင် တစ်ခြားလူတွေနှင့် ဆက်သွယ်ဖို့ အင်မတန်ခက်ခဲလိမ့်မယ်ဆိုတာ သေချာပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ?

ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဆက်သွယ်ပြောဆိုတဲ့ နည်းလမ်းတွေဟာ မိသားစုရဲ့ ဆက်သွယ်မှုတွေမှာ လုံးလုံးမူတည်ပါတယ်။ ဥပမာ လူသားတွေဟာ မိသားစု (အိမ်) မှာတောင်မှ ဆက်သွယ်ရေး/ဆက်ဆံရေးဟာ ပြတ်တောက်ပြတ်တောက်ဆိုရင် အိမ်အပြင်ဘက်မှာရှိတဲ့ ဆက်သွယ်ရေးဟာ ဘယ်တော့မှ ကောင်းကောင်းတည်ဆောက်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အိမ်ထဲမှာ သင်ကြုံတွေ့ရတဲ့ အရာတွေဟာ အပြန်အလှန်ဆက်သွယ်မှုအားလုံးကို ထိခိုက်စေနိုင်ပါတယ်။

ဒါ့ကြောင့် အဆိပ်အတောက်ဖြစ်စေတဲ့ မိသားစုကနေ လာတဲ့လူတွေဟာ သူတို့ရဲ့ ပုံမှန်အတွေးတွေနှင့် ခံစားချက်တွေကို ဖွင့်ပြောလေ့မရှိပါဘူး။ တစ်ယောက်တည်းပဲ ခံစားကြပါတယ်။ ၎င်းက သူတို့ရဲ့ ကိုယ်ရေးကိုယ်တာဘဝမှာ ပရမ်းပတာတွေ သေချာပေါက်ကို ဖြစ်လာပါလိမ့်မယ်။

၂။ မလိုအပ်တဲ့ စိုးရိမ်ပူပန်မှု

ကလေးတွေဟာ အလွန်စိတ်စွဲလွယ်ပြီး နေ့စဉ်ဘဝတစ်သက်တာရဲ့ စိုးရိမ်ပူပန်မှုတွေဖြစ်ဟာ အဆိပ်သင့်မိသားစုကနေ လာတတ်ပါတယ်။ ဆိုလိုတာက သူတို့ဟာ အမြဲတမ်းစိုးရိမ်ပူပန်နေပြီး စိုးရိမ်စရာမလိုတဲ့အကြောင်းအရာတွေကအစ စိုးရိမ်ခြင်းတွေဖြစ်နေပြီး ကိုယ့်ကိုယ်ကိုယ်နားမလည်နိုင်တာမျိုးတွေ ကြုံတွေ့ရပါလိမ့်မယ်။ အကြောင်းရင်းကတော့ ကလေးဘဝမှာ သူတို့ရဲ့ မိသားစုအခြေအနေနှင့် နေ့စဉ်အသေးအဖွဲကိစ္စတွေကို သူတို့အမြဲလိုလိုစိုးရိမ်ပူပန်ခဲ့ကြတာကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီခံစားချက်တွေဟာလည်း သူတို့နဲ့ အမြဲတမ်းရှိနေပြီး စိုးရိမ်ပူပန်မှုဆိုတာကလည်း ပုံမှန်လာနေကျဧည့်သည်လို ဖြစ်နေကြပါတယ်။

၃။ ဆက်ဆံရေးတစ်ဘဝစာ ဝေဒနာခံစားရခြင်

ကျွန်မတို့ဟာ ဒီအရာကို နားလည်သဘောပေါက်ခြင်းမရှိပေမယ့် လူတစ်ယောက်ဟာ Toxic Family ကနေ ရောက်လာတယ်ဆိုရင် သူတို့ဟာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ထာဝရဖျက်ဆီးခြင်းခံကြရပါတယ်။ မိသားစုတွေဟာ များသောအားဖြင့် ပထမဦးဆုံး ကျွန်မတို့ယုံကြည်ကိုးစားရတဲ့ နေရာဖြစ်ပါတယ်။ ဒီလိုပထမဆုံးယုံကြည်မှုတွေကို မရခဲ့ဘူးဆိုတော့ တစ်ခြားလူတစ်ယောက်ကို ယုံကြည်ဖို့ အင်မတန်ခက်ခဲကြောက်ရွံ့သွားတာမျိုးပါ။

‘ငါ့ကို မိသားစုလိုပဲ သဘောထား’ ‘ကိုယ့်ရဲ့ ညီအစ်ကိုမောင်နှမတွေလို အကူအညီတောင်းနိုင်တယ်’ တို့ကြားရတဲ့အခါ ပတ်ဝန်းကျင်က အဲ့ဒီ့လူတွေဟာ ငါ့ကို လိမ်နေတာပဲလို့ ခံစားလာကြရပါတယ်။ ဒီလိုယုံကြည်မှုမျိုးကို တစ်စုံတစ်ဦးကို ထပ်ပြီး ပေးဖို့ တကယ်ခဲယဉ်းပါတယ်။ ဒါ့ကြောင့် အနာဂတ်ဆက်ဆံရေးအားလုံးကို အဆိပ်သင့်မိသားစုရဲ့ ပြဿနာက သွားပြီးသက်ရောက်ပါတယ်။ ဒါဟာ အချစ်ဇာတ်လမ်းတွေတင်မကလဲ သူငယ်ချင်းဆက်ဆံရေးတွေအထိပါပဲ။

Chit_May_May

Nyein_Thu

Ref- themindjournal

LEAVE A REPLY

Please enter your comment!
Please enter your name here