Winnicott ရဲ့ အဆိုအရ ပြည့်စုံသော မိခင်ကောင်းဆိုတာ

0
171
- Advertisement -

မိခင်တစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ ကလေးရဲ့ စိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအပိုင်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ သို့ပေမယ့် ဘယ်လိုမိခင်မျိုးမဆို ပြီးပြည့်စုံတဲ့ မိခင်တစ်ယောက်ဖြစ်ဖို့ မျှော်လင့်ခြင်းကတော့ လက်တွေ့မကျပါဘူး။ နောက်ပြီး မရှိမဖြစ်လည်း မလိုအပ်ပါ။

Donald Winnicott ဆိုတာ ကလေးအထူးကုဆရာဝန်တစ်ဦးဖြစ်ပြီး မိခင်နှင့် ကလေးအကြားနှောင်ကြိုးကို နားလည်စေဖို့ အရေးကြီးသော ပံ့ပိုးမှုတွေပေးနေတဲ့ စိတ်ပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ မိခင်တစ်ဦးရဲ့ စွမ်းဆောင်ရည်ဟာ ကလေးရဲ့ စိတ်ခံစားမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဩဇာလွှမ်းမိုးမှုတွေရှိကြောင်း ပြသခဲ့သူလည်းဖြစ်ပါတယ်။ ကလေးတစ်ဦးရဲ့ လုံခြုံမှုဟာ ကလေးရဲ့ ပထမအဆင့် အစပိုင်းအခြေအနေတွေအပေါ် မူတည်ပါတယ်။

မိခင်တစ်ဦးရဲ့ လုပ်ဆောင်ချက်များ

- Advertisement -

ကလေးဟာ ကောင်းကောင်းဖွံ့ဖြိုးတိုင်ဖို့အတွက် မိခင်က ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုအခန်းကဏ္ဍကို ဖြည့်စွက်ပေးရပါမယ်။ ဥပမာ – ကလေးငယ်ကို ကျွေးမွေးဖို့၊ သန့်ရှင်းဖို့နှင့် အဝတ်ဆင်ပေးဖို့၊ ကာကွယ်ဖို့လိုအပ်ပါတယ်။ သူတို့ကို သင်မကြာခဏရုပ်ပိုင်းဆိုင်ရာ ချစ်ခင်ပေးဖို့ လိုအပ်ပါတယ်။ ဆိုလိုတာက ခန္ဓာကိုယ်ဘာသာစကားနဲ့ ချစ်ပေးဖို့ဖြစ်ပါတယ်။ ကလေးရဲ့ လိုအပ်ချက်တွေကို ထုတ်ဖော်ပြီး အဲ့ဒီ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခြင်းနှင့် ၎င်းတို့အတူရှိနေမယ်ဆိုရင် ဘယ်လိုဒုက္ခကိုမဆို ကာကွယ်နိုင်ပါတယ်။

တစ်ဆက်တည်းမှာပဲ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုပေးဖို့ အရေးကြီးပါတယ်။ ဥပမာအားဖြင့် သူတို့ရဲ့ ပွင့်လင်းတဲ့ စိတ်ခံစားချက်တွေကို လက်ခံသင့်တာ လက်ခံပြီး သင့်လျော်စွာ ကုသဖို့ လိုအပ်ပါတယ်။ မိခင်တစ်ဦးဆိုတာ ကလေးရဲ့ အပြုသဘောဆောင်သော ခံစားချက်တွေ၊ အပြုံးတွေနှင့် ကစားစရာတွေနဲ့ ပေါင်းသင်းရပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ ငိုခြင်း၊ စိုးရိမ်ခြင်းနှင့် ပြောင်းလွယ်ပြင်လွယ်လွန်းတဲ့ စိတ်ရဲ့ အပျက်သဘောစိတ်ခံစားချက်တွေကို ကိုင်တွယ်ဖို့ လိုလိုချင်ချင်ရှိရပါမယ်။

မိခင်ကပေးတဲ့ ထောက်ပံ့မှုနဲ့ ကလေးငယ်ဟာ သုခချမ်းသာ၊ ချစ်ခြင်းနှင့် နားလည်မှုကို ခံစားရလိမ့်မယ်။ သို့မှလည်း သူတို့ဟာ လုံခြုံမှုကို ခံစားရဖို့ သင်ယူကြရပါလိမ့်မယ်။ အချိန်ကြာလာတာနဲ့အမျှ မိခင်နှင့် အတူတူမရှိတော့ဘူးဆိုရင်တောင် လွတ်လွတ်လပ်လပ်နေထိုင်တတ်ကြပါလိမ့်မယ်။

လုံလောက်သော မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့

သို့ပေမယ့် မိခင်တစ်ဦးဟာ အမြဲတမ်းပြည့်စုံနေဖို့ မျှော်လင့်ချက်ခြင်းက တကယ်လက်တွေ့မကျပါဘူး။ သင့်ကလေးရဲ့ ငိုသံ၊ အမူအယာနှင့် အဆင်မပြေမှုတွေကို တစ်ခါတလေမှာ နားမလည်နိုင်ဖြစ်ပြီး ပြဿနာကို ချက်ချင်းဖြေရှင်းဖို့ ခက်ခဲပါလိမ့်မယ်။ လူသားတစ်ဦးအနေနဲ့ တစ်ခါတရံကျရှုံးနိုင်ပြီး ၎င်ကလည်း သဘာဝကျပါတဘ်။ တစ်ဖက်မှာလည်း မိခင်တစ်ဦးအနေနဲ့ ကလေးကို ပြစုစောင့်ရှောက်ဖို့နှင့် ထိန်းသိမ်းဖို့ ပျက်ကွက်ပါမယ်ဆိုရင် ကလေးတွေအတွက် အန္တရာယ်ရှိနိုင်သော အကျိုးဆက်တွေရှိနိုင်ပါတယ်။ ကလေးငယ်တွေရဲ့ ယုံကြည်စိတ်ချရနိုင်မှု အနေအထားတွေပျောက်ဆုံးနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုဖြစ်လာတယ်ဆိုရင် မိခင်တွေဟာ သူမတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပြသပြီး ပျက်စီးမှုကို ပြန်လည်ပြုပြင်ပြီးတဲ့အခါ ပိုမိုကောင်းမွန်တဲ့ နှောင်ကြိုးတစ်ခုတည်ဆောက်ဖို အရေးကြီးပါတယ်။

Chit_May_May

Nyein_Thu

Ref- youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here