အစီအစဉ်များ

Image 0
Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 0
Image 1
Image 2
Image 3
Image 4
Image 5
Image 6

မေမေနဲ့

ကလေးတိုင်းအတွက်

ကဏ္ဍစုံအစီအစဉ်ပေါင်းများစွာ

ချစ်မေမေမိုဘိုင်းအက်ပ်မှာ မေမေတွေအတွက် ကလေးထိန်းကျောင်းနည်း၊ ပြုစုပျိုးထောင်နည်းများ၊ ဟင်းချက်နည်းများနဲ့ ကလေးတွေအတွက် ပုံပြင်လေးတွေ၊ ကောမစ်လေးတွေနဲ့ ကာတွန်းဗီဒီယိုလေးတွေစတဲ့ ကဏ္ဍစုံအစီအစဉ်ပေါင်းများစွာ ပါဝင်ပါတယ်။

ချိတ်ဆက်

ဆက်သွယ် လုံခြုံစိတ်ချရတဲ့

Chat ကမ္ဘာငယ်

Hello!
Hello!

ချစ်မေမေမိုဘိုင်းအက်ပ်ဟာ မေမေနဲ့ကလေးတို့အတွက် သီးသန့် Platform လေးဖြစ်တာကြောင့် မေမေတို့အချင်းချင်း လုံခြုံစိတ်ချစွာတိုင်ပင်ဆွေးနွေးနိုင်ဖို့ ချစ်မေမေ Chat ကို ထည့်သွင်းပေးထားပါတယ်။ ချစ်မေမေ Chat ကို end-to-end encryption ဖြင့် အသုံးပြုထားတာကြောင့် မေမေတို့အချင်းချင်း လုံခြုံစိတ်ချစွာ စကားပြောခြင်း၊ အဖွဲ့ဖွဲ့ခြင်းနှင့် တိုင်ပင်ဆွေးနွေးခြင်းများကို ပြုလုပ်နိုင်ပါတယ်။

Learn More
Game Background

ဂိမ်းတွေဆော့ပြီး

ဗဟုသုတွေ၊ ဆုလက်ဆောင်တွေ

ရယူကြမယ်။

ချစ်မေမေ မိုဘိုင်းအက်ပလီကေးရှင်းတွင် ကလေးငယ်များအတွက် ပညာရေး၊ ဗဟုသုတ၊ ဉာဏ်စမ်း ဂိမ်းများစွာပါဝင်တာကြောင့် မေမေတို့ရဲ့ သားသားမီးမီးလေးတွေ စိတ်ချလက်ချကစားနိုင်ပြီး ချစ်မေမေရဲ့ ဂိမ်းလေးတွေဟာ ထက်မြက်ပျော်ရွှင်တဲ့ကလေးငယ်တွေဖြစ်ဖို့ များစွာအထောက်အကူပြုပါတယ်။ ချစ်မေမေအက်ပ်မှာ နောက်ထပ်လည်း ကလေးများအတွက် အကျိုးရှိစေမယ့် ဂိမ်းတွေကိုထည့်သွင်းပေးသွားဖို့ ရည်ရွယ်ထားပါတယ်။

ချစ်မေမေအက်ပ် သုံးစွဲသူများ၏

စကားသံများ

'Review by' Thoon Chit Wyne

ဂျူနီယာယမ်းလေး ကို ထူးချွန်ထက်မြက်တဲ့ကလေးလေးဖြစ်စေချင်လို့ အခုကတည်းက ပျိုးထောင်ဖို့နည်းလမ်းကောင်းတွေကို Parenting Application တစ်ခုသုံးပြီးဖတ်ထားတယ်လေ၊ ကိုယ်ကျန်းမာရေးအတွက်ကျ ဆရာဝန်ကဏ္ဍနဲ့ စိတ်ကျန်းမာရေးအတွက် စိတ်ဒဏ်ရာကင်းစင်စေဖို့ ပညာပေးဇာတ်လမ်းတွေလည်းပါသေးတယ်..Application လေးကတော့ Chit May Mayတဲ့။ Chit May Mayမှာဆိုရင် အာဟာရပြည့်ဝတဲ့ မုန့်လုပ်နည်းတွေ စိတ်ဝင်စားစရာ comicတွေ ဗဟုသုတရစေမယ့် ပုံပြင်တွေ သွက်လက် ထူးချွန်စေမယ့် ချန်ပီယံလေးတို့ရဲ့ ချဲလန့်လေးတွေလည်းပါသေးတယ်နော်၊ ဘေဘီတို့ကိုပိုမို လွယ်ကူပြီး မှန်ကန်တဲ့နည်းလမ်းတွေနဲ့ပြုစုပျိုးထောင်နိုင်ဖို့ အထောက်အကူပြုတဲ့ Chit May May application လေးပါ။

Thoon Chit Wyne

'Review by' Htoo Darli Wine

"သားလေးက အိပ်ရာဝင်ပုံပြင် နားထောင်ချင် ဒီမေမေက မပြောပြတတ်နဲ့ ညညဆိုတိုင်တွေပတ်တာပေါ့။ အခုတော့ ချစ်မေမေအက်ပ်က တော်တော်လေးကိုအဆင်ပြေစေတဲ့ Parenting app ပါပဲ။ အက်ပ်ထဲမှာလည်း ကလေးလေးတွေအတွက် ပုံပြင်တိုလေးတွေပါတော့ ညညဆို ဖွင့်ပြလိုက်ရုံပဲ။ ကိုယ်တိုင်ဖန်တီးထားတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ comic တွေလည်းဖတ်လို့ရတယ်။ ပြီးတော့ မေမေတို့ ဗဟုသုတရဖို့ ပြုစုပျိုးထောင်ဖို့နည်းလမ်းကောင်းတွေလည်းနေ့စဉ်ဆောင်းပါးမှာ ဖတ်လို့ရသေးတယ်။ ပြီးတော့ ဒီ Application က ကျမလို မေမေအသစ်တွေအတွက်ဆိုလည်း တော်တော်အသုံးဝင်လို့ ကြိုက်တယ်။

Htoo Darli Wine

'Review by' ယွန်းယွန်းလေးမာမီ

ယွန်းလေးအတွက် screentime ပေးတဲ့အခါကျရင် အမြဲတမ်းအကျိုးရှိတဲ့ ချစ်မေမေ အက်ပ်ထဲက အပျင်းလည်းပြေ ဗဟုသုတလည်းရစေမယ့်ပုံပြင်တွေကို ပေးနားထောင်တယ် ယွန်းလေး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကလေးတွေရဲ့ challenge Vedioတွေလည်းဖွင့်ပြဖြစ်တယ်၊ အပျင်းပြေအောင် Comics တွေလည်းဖတ်ပြတယ်။ စုံလင်တဲ့ကဏ္ဍတွေ ပါဝင်တဲ့ local Parenting appလေးမလို့မေမေတွေအတွက် တော်တော်အဆင်ပြေပါတယ်။

ယွန်းယွန်းလေးမာမီ

'Review by' Yoon's Diary

Application ထဲဝင်​လေ့လာကြည့်​တော့ ​မေ​မေတို့အတွက် လို​နေတာ လိုအပ်တာ​လေး​တွေ တစ်​နေရာထဲနဲ့ အဆင်​ပြေ​အောင်ဖန်တီး​ပေးထားတာ​တွေ့ရပါတယ်။ ​အရင်ကဆို မေ​မေတို့မှာ မအားလပ်တဲ့ကြားက ​ဘေဘီအိပ်ချိန်ဆို ဖုန်း​လေးတစ်လုံး၊ စာအုပ်မျိုးစုံနဲ့ အရမ်းအလုပ်ရှုပ်ရပါတယ်။ ခုတော့ ဒီapp​လေးကို​ ဖုန်း​လေးထဲထည့်ထားရုံနဲ့ က​လေး​လေးနဲ့ပတ်သက်တဲ့ကျန်းမာ​ရေး​​ဆောင်းပါး​လေးရှာမလား၊​ဘေဘီကိုအဟာရ စုံလင်စွာ​ကျွေးဖို့ချက်နည်း​လေးရှာမလား အရမ်းအဆင်​ပြေ​နေပါတယ်။ ​ဘေဘီ​လေးတို့ အတွက် ဘာ activity ​လေး​တွေလုပ်​ပေးရမလည်း ဘယ်လိုကစားနည်း​လေး​တွေ ဖန်တီး​ပေးရမလဲပါ app​လေးကို ဖွင့်ရှာရုံပါပဲ။ ပုံပြင်​လေး​တွေလည်းပါ​သေး​​နော်။ ​အိပ်ယာဝင်ချိန် ​မေ​မေ​ရော ​ဘေဘီ​ရော အဆင်​ပြေ​နေ​ပါတယ်။

Yoon's Diary

'Review by' Mommy K Diary

Mommy K လို အလုပ်များတဲ့ မိခင်တစ်ယောက်အနေနဲ့ ဘေဘီခြူးလေးကို screen time ပေးမိတဲ့အခါ ဒီ app ထဲက ဗီဒီယိုကာတွန်းလေးတွေ ဖွင့်ပေးဖြစ်တယ်။ ပညာပေးဗီဒီယိုလေးတွေမို့ မိဘတွေသင်တာထက် ပိုပြီးလိမ္မာလွယ်၊ နားဝင်လွယ်တယ်လို့လဲ ခံစားရတယ်။ ပြီးတော့ ညဘက်ဆို ပုံပြင်နားထောင်ပြီး အိပ်ချင်တဲ့ ဘေဘီခြူးအတွက် ၊ Mommy K က ပုံပြင်မပြောပြတတ်တော့ ဒီ app လေးက အရမ်းအသုံးဝင်တယ်။ အသံလေးဖွင့် ဘေဘီခြူးကို မျက်လုံးလေးမှိတ်ပြီး နားထောင်ခိုင်းလိုက်ရင်… တချိုးတည်း အိပ်ပျော်သွားပါလေရော။

Mommy K Diary

'Review by' Moh Moh Myat Aung

ကိုယ်ဝန်​ဆောင်​မေ​မေတို့နဲ့ က​လေး​​ဖေ​ဖေ က​လေး​မေ​မေမေ​မေတို့အတွက် အဆင်​ပြေမယ့် App ​လေးမလို့တော်တော်အဆင်ပြေပါတယ်။App ​လေးကိုသုံးကြည့်ပြီးကြိုက်သွားလို့ပါ။ ပုံပြင်မ​ပြောပြတတ်တဲ့ဒီ​မေ​မေအတွက် အရမ်းကိုအဆင်​ပြေ​ပြီး၊ က​လေး​တွေကိုလုပ်ကျွေးဖို့ မုန့်လုပ်နည်း​လေး​တွေကလည်းကိုယ့်အကြိုက်ပဲမို့ တော်တော်အဆင်ပြေပါတယ်။App ​လေးထဲက ကဏ္ဍလေးတွေက မိဘတွေအတွက် ကြည့်ရှု ဖတ်မှတ်​လေ့လာလို့လည်းရပါတယ် အဆင်ပြေတယ်။ App ​လေးကို free လည်းသုံးနိုင်သလို app ​လေးထဲကဗီဒီယိုအစီအစဥ်​ပေါင်းများစွာနဲ့ ​ကောမစ်စာအုပ်​လေး​တွေကို အကန့်အသတ်မဲ့ကြည့်ရှုနိုင်ဖို့ ၁ လစာ ၊ ၃ လစာ ၊ ၆ လစာ ၊ ၁၂ လစာ ဆိုပြီး ကိုယ်ဝယ်ယူဖို့အဆင်​​ပြေရာ လအလိုက်​ကို CBpay ၊ KBZpay တို့က​နေလည်း ​ငွေ​ပေး​ချေပြီးဝယ်ယူကြည့်ရှုလို့အဆင်ပြေပါတယ်။

Moh Moh Myat Aung

မျိုးဆက်သစ် မိဘမဲ့ဂေဟာသို့ သွားရောက်လှူတန်းခဲ့ကြသည့်် ချစ်မေမေ အက်ပလီကေးရှင်းအဖွဲ့၏အလှူ
Oct 27, 2023

မျိုးဆက်သစ် မိဘမဲ့ဂေဟာသို့ သွားရောက်လှူတန်းခဲ့ကြသည့်် ချစ်မေမေ အက်ပလီကေးရှင်းအဖွဲ့၏အလှူ

ရွှေပြည်သာ၊ ရန်ကုန်၊ (၆ ၊ မေလ၊ ၂၀၂၃)ချစ်မေမေ၏ ၂၀၂၃ ခုနှစ်အတွက် CSR လှုပ်ရှားမှု တစ်ခုအနေဖြင့် 6.5.2023 ရက်နေ့တွင် မျိုးဆက်သစ် မိဘမဲ့ဂေဟာသို့ မနက်စာ၊ နေ့လည်စာနဲ့ အလှူတချို့ သွားရောက်လှူဒါန်းခဲ့ပါသည်။ ဒီအကြိမ်ဟာ ချစ်မေမေအဖွဲ့အစည်း၏ ဒုတိယအကြိမ်မြောက်သွားရောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် ဧပြီလတွင် ပထမဆုံးတစ်ကြိမ

Read More

DKMads Co., Ltd. မှ မိခင်နဲ့ကလေးတိုင်းအတွက် အကျိုးရှိစေမယ့် ချစ်မေမေမိုဘိုင်းအက်ပ်ကို စတင်မိတ်ဆက်ခြင်း
Oct 25, 2023

DKMads Co., Ltd. မှ မိခင်နဲ့ကလေးတိုင်းအတွက် အကျိုးရှိစေမယ့် ချစ်မေမေမိုဘိုင်းအက်ပ်ကို စတင်မိတ်ဆက်ခြင်း

စမ်းချောင်းမြို့နယ်၊ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃ : မြန်မာနိုင်ငံတွင် ထိပ်တန်းဒစ်ဂျစ်တယ်ကုမ္ပဏီတစ်ခုဖြစ်သည့် DKMads Co., Ltd. သည် မိခင်နှင့်ကလေးများအတွက် မိုဘိုင်းအက်ပ်ဖြစ်သည့် Chit MayMay Mobile App ကို မိတ်ဆက်ကြေညာခဲ့သည်။ Chit MayMay မိုဘိုင်းအက်ပ်သည် ကလေးသူငယ်များနှင့် ခေတ်သစ်မိသားစုများ၏ ထူးခြားသောမိဘအုပ

Read More